ကိုယ်ဖြစ်ချင်တာတွေဖြစ်ဖို့
မလုပ်ချင်တာတွေလုပ်ရတဲ့အခိုက်အတန့်တွေရှိမယ်။ပြီးရင် ကိုယ့်ကိုကိုယ်ကျေးဇူးပြန်တင်နေလိမ့်မယ်။Phyo Paing @ Derek
မလုပ်ချင်တာတွေလုပ်ရတဲ့အခိုက်အတန့်တွေရှိမယ်။ပြီးရင် ကိုယ့်ကိုကိုယ်ကျေးဇူးပြန်တင်နေလိမ့်မယ်။Phyo Paing @ Derek
Goalကိုရောက်ဖို့ Growth လိုတယ်။ တိုးတက်နေဖို့ ၁.ကိုယ်အတော်ဆုံးဖြစ်နေတဲ့ အသိုင်းအဝိုင်းကို ရှောင်ပါ။၂.အမြဲ ကိုယ့်အရည်အချင်းကို challenge လုပ်ပါ။၃.အရှုံးတွေကို ရင်ဆိုင်နိုင်အောင် အသင့်ပြင်ထားပါ။၄.တိုးတက်မှုရှိနေတဲ့ ပတ်ဝန်းကျင်ကိုရွေးပါ။၅.ကိုယ့်ကိုဆွဲတင်ပေးမည့်သူတွေရှိတဲ့နေရာမှာနေပါ။၆.ဆရာတင်ရမှာ မရှက်ပါနဲ့။ (လူတိုင်းအကုန်မသိနိုင်ပါ။) Phyo Paing @ Derek
မနက်ဖြန်တွေထက်မနေ့ကအကြောင်းတွေကခေါင်းထဲမှာ နေရာပိုယူနေသ၍ပိုကောင်းတဲ့အနာဂတ်တွေတည်ဆောက်နိုင်ဖို့ မလွယ်ဘူး။Vision က Memory ထက်ပို Strongဖြစ်ဖို့လိုမယ်။ Phyo Paing @ Derek
ခေါင်းထဲထည့်တဲ့ အတွေးအခေါ်နဲ့လုပ်ရပ်ပေါ်မူတည်ပြီး ဘဝတွေကွာသွားတယ်။Phyo Paing @ Derek
အစားအသောက်နဲ့ လေ့ကျင့်ခန်းပေါ်မူတည်ပြီး ခန္ဓာကိုယ်ပုံစံကွာသွားသလို Read More »
ကိုယ်နဲ့ဆိုင်တဲ့အလုပ်နဲ့ အကြောင်းပဲခေါင်းထဲရှိတဲ့လူကအလုပ်မှာနေရာရောက်တယ်။အားရင် ကိုယ်နဲ့မဆိုင်တဲ့သူများအကြောင်းပဲစဥ်းစားတဲ့သူကရောက်သင့်သလောက်မရောက်ဘူး။ Phyo Paing @ Derek
အောင်မြင်တဲ့သူတိုင်းကတော့ တော်တယ်။ မအောင်မြင်ခင် တော်ဖို့အရင်လုပ်ဖို့လိုတယ်။Million နောက်မလိုက်ခင်Mastery နောက်လိုက်ဖို့လိုတယ်။ Phyo Paing @ Derek
စီးပွားရေးဆိုတာအပျော်လုပ်တာမဟုတ်ပါဘူး။ခက်ခဲကြမ်းတမ်းမှုတွေခေါင်းခြောက်စရာတွေရှိမယ် ရဲဘော်တို့။Phyo Paing @ Derek
ပြဿနာ ဖြေရှင်းမှ ငွေရမယ်။ ဒါမှ လုပ်ငန်းအလုပ်ရမယ်။ ဝါသနာပါတဲ့ အနောက်လိုက်ရင် ပျော်ရွင်မယ်။ ကံကောင်းရင် ငွေရမယ်။ တကယ်လို့ ကိုယ်က Rich Kid မဟုတ်ရင်စားဝတ်နေရေးအတွက် စဉ်းစားနေရသေးရင်Passion ရှိမှ အလုပ်လုပ်မယ်လို့မစဉ်းစားသင့်ပါ။ စားဝတ်နေရေးအတွက် ပြဿနာ ဖြေရှင်းဖို့စဉ်းစားပါ။ ကိုယ်တိုင်လုပ်ငန်းလုပ်မှ ပြဿနာ ဖြေရှင်းတာမဟုတ်ပါဘူး။ဝန်ထမ်းဆိုရင်လည်း ဒါ လုပ်ငန်းရှင်ရဲ့ ပြဿနာကို ဖြေရှင်းပေးတာပဲ။ Stop finding your passion. Start solving problems. Garyvee ပြောသလို ငွေရှာတာနဲ့ပတ်သက်လို့ romantic အရမ်းမဆန်ပါနဲ့။ Phyo Paing @ Derek
သင်္ချာပုစ္ဆာတစ်ပုဒ်ကို နားမလည်ပဲတွက်တဲ့အခါ မှားတတ်ပါတယ်။ နားလည်ပြီးတွက်ရင်တောင်မှ မှားနိုင်ပါသေးတယ်။ တွက်ဖူးတဲ့ပုစ္ဆာထပ်တွက်တဲ့အခါ သတိမထားမိရင်လည်းမှားတတ်ပါသေးတယ်။ ဒါပေမယ့် ဒီ ပုစ္ဆာနဲ့ ရင်းနှီးလာတဲ့အခါ အမှန်တွေများလာပါမယ်။ ဘဝမှာ ဘယ်ပုစ္ဆာတွေ၊ ဘယ်ပြဿနာတွေကို အဓိကဖြေရှင်းမလဲစဉ်းစားပါ။ ဒီပြဿနာတွေဖြေရှင်းစဉ်မှာ အမှားလုပ်မိတာတွေကို အပြစ်မတင်ပါနဲ့။ Phyo Paing @ Derek
ကျွန်တော်ယုံကြည်တဲ့အရာတွေရှိတယ်။ ဒီအရာတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိစေသလို အခက်အခဲမှန်သမျှကို ကျော်လွှားသွားစေတယ်။ ၁. အရာရာပိုကောင်းဖို့ဖြစ်လာတာပါ။ ဖြစ်ချင်တာက ဆန္ဒဖြစ်လာတာ ဘဝလို့ပြောတတ်ကြတယ်။ တချို့အိမ်မက်တွေ ဖြစ်လာပြီး မဖြစ်လာတဲ့အိမ်မက်တွေကိုတော့ အရာရာပိုကောင်းဖို့ဖြစ်လာတာပါ ဒီယုံကြည်မှုနဲ့ရှေ့ဆက်ခဲ့တယ်။ ၂. လူကြောဆိုတာ ရွှေကြော ချမ်းသာဖို့၊ အောင်မြင်ဖို့ ကိုယ့်ကို ကူညီပေးနိုင်တာ လူတွေပါ။ ဒါကြောင့်ကိုယ့်ရဲ့ဖောက်သည်တွေကို အရေးထားပါ။ ၃. ဘာပဲဖြစ်ဖြစ်တာဝန်ယူပါ။ အပြစ်ပုံချရတာလွယ်တယ်။ တာဝန်ယူဖို့ခက်တယ်။ ပြဿနာဖြစ်လာတိုင်း ကိုယ့်ကိုကိုယ်ပြန်မေးတယ်။ ငါဘယ်လိုတာဝန်ယူနိုင်မလဲ။ ၄. အရှုံးဆိုတာ မရှိဘူး။ ရလဒ်တွေပဲရှိတယ်။ မှန်တယ်။ အသစ်စရမှာ မကြောက်ပါနဲ့။ မလုပ်ဖူးတဲ့ ကောင်းမွန်တဲ့အရာတွေကို စတင်ရမှာ မကြောက်ပါနဲ့။ အရှုံးဆိုတာ မရှိပါဘူး။ ရလဒ်တွေပဲရှိတယ်။ လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။ ၅. ပြုလွယ် ပြင်လွယ် ပျော့ပြောင်းပါစေ။ ပန်းတိုင်ရောက်ဖို့ နည်းလမ်းပြောစုံနဲ့သွားလို့ရတယ်။