ကိုယ့်လမ်းကိုယ်ရှာ။
ကိုယ့်လမ်းကိုယ်ရှာ။ လူတိုင်းမှာဘဝမေးထားချက်နဲ့မေးထားချက် ပုစ္ဆာတွေမတူဘူး။ ဖြစ်နေတဲ့ဘဝနဲ့ဖြစ်ချင်တဲ့ဘဝတွေမတူဘူး။ လောကကိုမြင်တဲ့အမြင်မတူသလိုရောက်နေကြတဲ့အမြင့်လဲမတူဘူး။ တက္ကသိုလ်ကျောင်းသားအတွက်အလုပ်ဖြစ်တာကမူလတန်းကျောင်းသားအတွက်အလုပ်ဖြစ်တာတွေရှိသလိုမဖြစ်တာတွေလဲအများကြီးရှိနိုင်တယ်။ ဒါကြောင့်အများသူငါသွားနေတဲ့လမ်း။တခြားသူတွေသွားတဲ့ သူ့လမ်း။ကိုယ့်လျှောက်မည့် ကိုယ့်လမ်း။တူချင်လဲတူမယ်။တူချင်မှလဲ တူလိမ့်မယ်။ သေချာတာကတော့တစ်ပုံစံတည်းဖြစ်နေမှာမဟုတ်ဘူး။ လိုချင်တာရဖို့ တစ်လမ်းထဲရှိတောတော့လဲ မဟုတ်ဘူး။အများလမ်း။သူ့လမ်း။ကိုယ့်လမ်း။ ကိုယ့်လမ်းကိုယ်ရှာ။ကိုယ့်လမ်းကိုယ်ဖောက်။ကိုယ့်လမ်းကိုယ်လျှောက်ဖို့ပဲ။ Phyo Paing @ Derek
ကိုယ့်လမ်းကိုယ်ရှာ။ Read More »