productivity

ဒီသုံးခုကို ပေါင်းစပ်ကြည့်ပါ

Work Hard မလုပ်ခင်Work Smart လုပ်Work Smart မလုပ်ခင်Work Wise. ရှင်းပြပါရစေ။ Work Hard ဆိုတာအလုပ်ကြိုးစားတာ။ Work Smart ဆိုတာရလဒ်ရဖို့ ဘယ်အရာက အရေးကြီးလဲဆိုတာသိပြီးအရေးကြီးတာကို အဓိကလုပ်တာ။ Work Wise ဆိုတာဘယ်အရာက ဒီနေ့နဲ့ အနာဂတ်အတွက်ကိုယ့်စိတ်ချမ်းသာဖို့အရေးပါသလဲ ကြည့်ပြီးအရေးမပါတာကို အရာမပေးပဲအရေးပါတာကိုပဲ အရာပေးတာ။ ဒါကြောင့် Work Wise, Work Smart,Work Hard ဒီသုံးခုကို ပေါင်းစပ်ကြည့်ပါအားတီ၊ အားမေတို့။ Phyo Paing @ Derek

ဒီသုံးခုကို ပေါင်းစပ်ကြည့်ပါ Read More »

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့

အသက်ကို ပြင်းပြင်းရှူသွင်းကြည့်။ အာရုံလေးစိုက်ပြီး ပြန်ရှူထုတ်ကြည့်။ ဝင်သက်ထွက်သက်တိုင်းမှာ သတိလေးထားပြီး ပစ္စုပ္ပန်ကို အာရုံစိုက်နိုင်ရင်ငြိမ်းချမ်းမှုဆိုတာရှိတယ်။ တရုတ်အတွေးအခေါ်မှာ “သဟဇာတ” ကျဖို့Taoism ဆိုတာရှိတယ်။ လောကမှာ အရာရာကို အဖိုနဲ့ အမYin and Yang ခွဲနှစ်ခုမျှဖို့လိုတယ်။ အသက်ရှူသွင်းတာရှိသလို၊ အသက်ရှူထုတ်တာ ရှိတယ်။ ဘဝမှာ အဆိုးတွေရှိသလိုအကောင်းတွေလဲ ရှိတယ်။ ဘဝကို အထာကျကျနဲ့ သဟဇာတရှိရှိဖြစ်သန်းဖို့ အတွေးအခေါ်တစ်ခုနဲ့ ဘဝကို နေထိုင်ကြည့်တယ်။ ဒါကို Master Your Flow လို့နာမည်ပေးလိုက်တယ်။ သားရေကွင်းက ဆွဲလွန်းရင်လဲပြတ်တယ်။ အလားတူပဲ စွမ်းဆောင်ရည်အမြင့်ဆုံးPeak Productivity သွားတဲ့အခါဇွတ်အတင်းလုပ်တဲ့အခါအရုပ်ကြိုးပြတ်သွားနိုင်တယ်။ အချစ်ရေးမှာလဲ အလားတူပဲ။ရူးသွပ်မှုကို အခြေခံရင်ကြေကွဲမှု နောက်ကလိုက်လာမယ်။ အရာရာကို ညင်ညင်သာသာ Flow ရေစီးကြောင်းထဲ ဝင်အောင်လုပ်ဖို့လိုတယ်။ ဘဝရဲ့ ရေစီးကြောင်းကိုတွေ့တဲ့အခါရေဆန်ပြီး ရုန်းကန်နေရတာပျောက်သွားလိမ့်မယ်။ အထာကျကျ

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
Read More »

အနုပညာရှင် artist လိုနေ။

စွမ်းဆောင်ရည်မြင့်ချင်ရင်စက်ရုပ်လိုနေ။ ဘဝအနှစ်သာရ ခံစားချင်ရင်အနုပညာရှင် artist လိုနေ။ ဒီနှစ်ခုကိုပေါင်းစပ်ပြီးတစ်ရက်တာ လုပ်မည့်အလုပ်တွေကိုစက်ရုပ်လို စနစ်ချပြီး၊အထဲမှာ လုပ်ဆောင်တဲ့ ဖန်တီးမှုတွေကိုအနုပညာလိုလုပ်။ ကိုရီးယားကိုပဲ ကြည့်လေ။ K-pop ယဥ်ကျေးမှုက ဒီလိုလုပ်ထားတာ။ တစ်ကမ္ဘာလုံးကို လွမ်းမိုးလာတာလဲမပြောနဲ့။ ကိုယ်တိုင်က K-pop ခရေဇီ မဟုတ်ပေမယ့်ကိုယ်တွေလဲ ဆောင်ဦးရွက်ကြွေချစ်သက်သေကစလို့2NE1 နဲ့ Blackpink တွေထိပဲမဟုတ်လား။ အောင်မြင်တဲ့အနုပညာရှင်တွေကြည့်။ Feel လာမှ လုပ်တဲ့သူတွေမဟုတ်ဘူး။ Feel မလာလဲ ဖန်တီးဖို့ Feel လာအောင်လုပ်ပြီးအနုပညာတွေ ချပြတဲ့သူတွေ။ ဒါကတော့ အမြင်လေးတစ်ခုပါ။မှန်တယ်၊ မမှန်တယ် စဥ်းစားကြည့်ကြည့်ပေါ့။အမြင်ဆိုတော့ opinionတကယ့်အမှန်တရား fact မဟုတ်ဘူး။ ဒီစနစ်နဲ့တော့ ဘဝကို စမ်းသပ်နေတာ သုံးနှစ်ရှိတော့မယ်။ Phyo Paing @ Derek

အနုပညာရှင် artist လိုနေ။ Read More »

ဖြစ်နိုင်စွမ်းတွေ မြင့်တက်အောင်လို့

အယူအဆတစ်ခုကို ပြောပြမယ်နော်။မှန်မမှန်တော့စဥ်းစားကြည့်။ ဘာကြောင့် ပညာတွေသင်သလဲ။ဘာကြောင့် စာအုပ်တွေများများဖတ်သလဲ။ဘာကြောင့် ပိုက်ဆံတွေရှာသလဲ။ ဖြစ်နိုင်စွမ်းတွေ မြင့်တက်အောင်လို့။ စာအုပ်များများဖတ်ရင်မတူညီတဲ့ ရှုထောင့်က များများမြင်နိုင်တယ်။ဖြစ်နိုင်ခြေတွေ အများကြီးစဥ်းစားလို့ရတယ်။ ပညာများများတတ်ရင်များများအသုံးချ၊ များများတီထွင်နိုင်တယ်။ဒီဇိုင်းပညာ မတတ်ပဲဒီဇိုင်းကို လျှောက်ထွင်လို့မရဘူး။​ဂီတအခြေခံ၊ ပညာမတတ်ပဲလျှောက်ထွင်လို့မရဘူး။ပညာဆိုတာ လူသားတွေနှစ်ထောင်ပေါင်းများစွာ ပြုစုပြီးစနစ်တကျ လက်ဆင့်ကမ်းလာတာ။​အပြောင်းအလဲလုပ်ချင်ရင်အခြေခံက စတင်ဖို့တော့လိုတယ်။ လောကီမှာနေနေသမျှတော့လောကီပညာကို အကောင်းဆုံးအသုံးချပြီးလိုချင်တာရအောင်လုပ်ရမှာပဲ။ I’m going to discuss a belief.Consider whether it is correct or not. Why do we pursue education?Why do we read numerous books?Why do we seek to earn money? It’s to enhance our

ဖြစ်နိုင်စွမ်းတွေ မြင့်တက်အောင်လို့ Read More »

ငွေရှာနိုင်တာ ဂုဏ်ယူစရာ

ငွေရှာတာခြင်းတူပေမယ့်သိက္ခာရှိတာ၊ မရှိတာ ကွာနိုင်တယ်။သမာအာဇီဝနဲ့ သိက္ခာရှိရှိငွေရှာနိုင်တာ ဂုဏ်ယူစရာတစ်ခုပါ။ Phyo Paing @ Derek

ငွေရှာနိုင်တာ ဂုဏ်ယူစရာ Read More »

Peak Productivity တည်ဆောက်လို့ရတယ်။

ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်မြင့်ဖော်မြူလာကတော့ ရှင်းရှင်းလေး။ Physiology + Psychology + Philosophy = Productivity စားချင်တာတွေစားသောက်ချင်တာသောက်ပြီးဇီဝကမ္မဖြစ်စဥ် ကို ဂရုမစိုက်ပဲ စွမ်းဆောင်ရည်မြင့်အောင်လုပ်လို့မလွယ်ဘူး။ အားကစားသမားတွေ ကြည့်ကြည့်။ သူတို့ရဲ့ ဇီဝကမ္မဖြစ်စဥ်ဖြစ်တဲ့ physiology ကို ဘယ်လောက်အရေးထားလဲ။ အစား၊ အသောက်၊ အအိမ်၊ ကျန်းမာရေးကိုဂရုအထူး စိုက်ကြတယ်။ စိတ်ပညာမသိပဲ အမူအကျင့်တည်ဆောက်ဖို့ မလွယ်ဘူး။ ဘူကောင်တွေနဲ့ တွေ့တဲ့အခါကိုယ့်ကိုကိုယ် မဘူအောင်လုပ်တတ်ကိုင်တတ်တွေ့တတ်ဖို့က စိတ်ပညာသိဖို့လိုတယ်။ ဒေါသဖြေနည်း၊ အဆိပ်အတောက်အတွေးအခေါ်တွေကိုအာပတ်ဖြေနည်း၊ လူတွေရဲ့စိတ်အလုပ်လုပ်ပုံဒါတွေသိထားမယ်ဆိုရင် ကိုယ့်ရဲ့ စွမ်းဆောင်ရည်တိုးတက်အောင်အများကြီး ကူညီပေးနိုင်တယ်။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ဒါက Philosophy ပဲ။ ဥာဏ်ပညာကို ချစ်မြတ်နိုးတာကိုအတွေးအခေါ် ပညာလို့ခေါ်တယ်။ ကိုယ့်ရဲ့ အတွေးအခေါ်က ကိုယ့်ရဲ့ ခံစားမှုနဲ့ လုပ်ရပ်အပေါ်သက်ရောက်မှုရှိတယ်။ ဒီသုံးခုကို သေချာဒီဇိုင်းလုပ်အသုံးပြုနိုင်ရင်စွမ်းဆောင်ရည်မြင့် နောက်တစ်ဆင့်အတွက်Peak Productivity

Peak Productivity တည်ဆောက်လို့ရတယ်။ Read More »

တိုးတက်မှုဆိုတာ နေ့စဥ် တကူးတကလုပ်နေရတဲ့အရာမျိုး။

ဘဝဆိုတာ တိုက်ပွဲဆိုပြီးမိုက်ဆွဲပြီး ခေါင်းထဲက ဒသနတွေကို တူးဆွအိုင်ဒီယာတချို့က ကိုယ့်ကိုမြူးကြွစေတဲ့အချိန်တွေ မနည်းဘူး။ တိုးတက်မှုဆိုတာ နေ့စဥ် တကူးတကလုပ်နေရတဲ့အရာမျိုး။ Phyo Paing @ Derek

တိုးတက်မှုဆိုတာ နေ့စဥ် တကူးတကလုပ်နေရတဲ့အရာမျိုး။ Read More »

Survival, Social, Spiritual

ဘဝမှာ ရှင်သန်ဖို့ ထမင်းစားဖို့အတွက်အလုပ်လုပ် ပိုက်ဆံရှာရတယ်။ နောက်ပေါင်းသင်းဆက်ဆံရေးလူမှုအသိုင်းအဝိုင်းထဲဝင်ဆန့်ဖို့လုပ်ရပြန်တယ်။ နောက်စိတ်ငြိမ်းချမ်းမှုအတွက်ဘဝအဓိပ္ပာယ်ရှာရပြန်တယ်။ ဒါကြောင့် အကြွေးတွေဝိုင်းနေပြီးတရားထိုင်လို့မရတာဟာ ရှင်သန်မှု Survival မှာ စာမေးပွဲမအောင်ပဲ စိတ်ငြိမ်းချမ်းမှု Spiritual ကိုအဆင့်တက်လို့ဖြစ်တယ်။ ဒါကြောင့် ဖြစ်နိုင်သမျှ တစ်ကိုယ်ရည်အကြွေး personal debt ကိုတတ်နိုင်သမျှ ရှောင်ဖို့အရေးကြီးတယ်။ Personal နဲ့ Business ငွေခွဲထားဖို့အရေးကြီးတယ်။ အကြွေးတွေ ပတ်လည်ဝိုင်းနေပြီးစိတ်ဒုက္ခတွေရောက်နေရင်productivity စွမ်းဆောင်ရည်အပေါ်လဲသက်ရောက်မှုရှိသလို သွားချင်တဲ့ Spiritual လဲရောက်ဖို့မလွယ်ဘူး။ Phyo Paing @ Derek

Survival, Social, Spiritual Read More »

အရေးကြီးတာ ကိုယ့်ရဲ့ New Version

ဗုဒ္ဓက နှစ်ဆယ့်ကိုးနှစ်မှာနမိတ်ကြီးလေးပါးတွေ့ပြီးအရာရာကို စွန့်လွတ် တောထွက်တရားကျင့်ရင်းသဗ္ဗေညုတ ဉာဏ်တော်ရှင်ဖြစ်ခဲ့တယ်။ လူတိုင်းက မတူညီတဲ့ version ဖြစ်နေအုံးမှာပဲ။နောက် ငါးနှစ်၊ ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာဖြစ်လာမည့် version နဲ့ ကိုယ့်ဘေးကပေါင်းသင်းဆက်ဆံ၊ တွေ့နေတဲ့သူတွေကကွာကောင်းကွာသွားနိုင်တယ်။ ပုထုဇဉ်လူသား လောကီမှာ အဝိဇ္ဇာနှင့် တဏှာ တွန်းအားနဲ့ သံသရာဒုက္ခကို သုခလို့ ယူဆထားတဲ့ဒီနေ့ version ကလဲတချိန်ပြောင်းရင်ပြောင်းသွားမှာပဲ။ အရေးကြီးတာ ကိုယ့်ရဲ့ New Version ကိုယ့်ရဲ့ Next Version ကကိုယ့်ရဲ့ Ex Version ထက် ကောင်းလာဖို့ပဲ။ Phyo Paing @ Derek

အရေးကြီးတာ ကိုယ့်ရဲ့ New Version Read More »

သံဓိဋ္ဌာန်

ကုန်ပစ္စည်းတစ်ခု စထုတ်တုန်းကလိုအပ်ချက်တွေ အများကြီးရှိမယ်။ဘယ်လိုစလဲ ဆိုတာထက်တဖြည်းဖြည်းတိုးတက်လာဖို့ပဲ။အတိတ်ကို ပြန်ကြည့်ရင် ဂုဏ်ယူနေဖို့လိုတယ်။ Phyo Paing @ Derek

သံဓိဋ္ဌာန် Read More »