ကိုယ်ရောက်နေတဲ့အဆင့် ကိုယ်သိဖို့လိုတယ်။
သိတာနဲ့ နားလည်တာ၊နားလည်တာနဲ့ သဘောပေါက်တာ၊သဘောပေါက်တာနဲ့ အသုံးချတတ်တာ၊အသုံးချတတ်တာနဲ့ ဖန်တီးတတ်တာ၊ဖန်တီးတတ်တာနဲ့ ဆန်းသစ်တီထွင်တတ်မတူဘူး။ ကြားဖူးနားဝကြောင့် သိတာရှိတယ်။ သေချာလေ့လာလို့ နားလည်တာရှိတယ်။ပြန်ရှင်းပြတတ်လို့ သဘောပေါက်တာရှိတယ်။လက်တွေ့လုပ်ဆောင် အသုံးချတတ်တာရှိတယ်။ကိုယ်တိုင်ကိုယ်တွေ့ ဖန်တီးတတ်တာရှိတယ်။မတူညီကွဲပြားတဲ့အသစ် ဆန်းသစ်တီထွင်တတ်တာရှိတယ်။ ပညာရပ်တစ်ခု လေ့လာတဲ့အခါကိုယ်ရောက်နေတဲ့အဆင့် ကိုယ်သိဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ်ရောက်နေတဲ့အဆင့် ကိုယ်သိဖို့လိုတယ်။ Read More »