sales

သင့်ရောင်းအားကို ချက်ချင်း
တိုးတက်စေနိုင်တဲ့ အချက် ငါးချက်

သင့်ရောင်းအားကို ချက်ချင်းတိုးတက်စေနိုင်တဲ့ အချက် ငါးချက် ၁။ ကိုယ့်လုပ်ငန်းအတွက် နေ့စဥ် post တင်ပါ။ ၂။ တင်သမျှ ကိုယ့်အလားအလာရှိတဲ့ဖောက်သည်တွေအတွက် အကျိုးရှိစေဖို့ အဓိကထားပါ။ ၃။ ကြော်ငြာရေးနည်း၊ စာရေးနည်း လေ့လာပါ။ ၄။ ကိုယ့်လုပ်ငန်းအပေါ်ထားတဲ့ အတွေးအခေါ်ကို ပြောပြပါ။ ၅။ အလားအလာရှိတဲ့ ဖောက်သည်တွေသိချင်တဲ့ မေးခွန်းတွေကိုဖြေပေးပါ။ Guerrilla Marketing Coach – Myanmar Here are five tips to improve your sales immediately: 1. Post daily for your business. Consistency is key.2. Focus your content on how it […]

သင့်ရောင်းအားကို ချက်ချင်း
တိုးတက်စေနိုင်တဲ့ အချက် ငါးချက်
Read More »

အရောင်းသမားတစ်ယောက်က
အရောင်းအတွက် မဖြစ်မနေ
Pre-call planning ဆိုတာလုပ်ရတယ်။

ဖောက်သည်ဝန်ဆောင်မှုပေးတဲ့သူတစ်ယောက်ကလဲဖောက်သည်နဲ့မတွေ့ခင် role play တွေအကြိမ်ကြိမ်အခါခါ လုပ်ရတယ်။ အရောင်းသမားတစ်ယောက်ကလဲရောင်းချခြင်းစနစ်ထဲမှာသွားဖို့မင်္ဂလာပါအစ်ကို၊ အစ်မကစလို့ဝယ်ပြီး ပြန်တဲ့အထိ စနစ်တကျသွားရတယ်။ ဒီလိုတွေဖြစ်အောင် လုပ်ငန်းတွင်း၊လုပ်ငန်းပြင်ပ Trainer တွေခေါ်ပြီးသင်တန်းပေးကြတယ်။ ဘာကြောင့်လဲ?စနစ်ကျအောင်၊ စံမိဖို့စီမံခန့်ခွဲမှုကောင်းအောင်။ အရောင်းသမားတွေတောင်ပလန်နဲ့ စနစ်တွေလုပ်နေရင်လုပ်ငန်းကြီးကို ဦးဆောင်နေတဲ့မန်နေဂျာ သို့မဟုတ် လုပ်ငန်းရှင်က ပလန်နဲ့ စနစ်လိုမလားစဉ်းစားကြည့်ရင် သိနိုင်တယ်။ ကုန်ပစ္စည်းတွေမှာတဲ့အခါInventory Planning လိုမယ်။ကုန်ပစ္စည်းတွေပြန်စစ်ဖို့စနစ်လိုမယ်။ အလိုလိုပေါက်တာ မြက်ပင်ပဲရှိတယ်။ ပလန်နဲ့ စနစ်မလိုရင်မန်းနေ့မန့်ဆရာတွေလဲ မလိုတော့ဘူး။ ဒီရက်ပိုင်းလုပ်ဖြစ်တဲ့ Training တွေပြီးတော့စဉ်းစားမိတာလေးများ။ Phyo Paing @ Derek

အရောင်းသမားတစ်ယောက်က
အရောင်းအတွက် မဖြစ်မနေ
Pre-call planning ဆိုတာလုပ်ရတယ်။
Read More »

Marketing နဲ့ Sales

Marketing ဆိုတာ ဘာလဲ။Sales နဲ့ ဘာကွာသလဲ။ Marketing ရဲ့ တာဝန်က Sales ကို လွယ်ကူအောင်လုပ်ပေးတာဖြစ်တယ်။ Marketing ရဲ့ တာဝန်က ကိုယ့်ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့ စိတ်ဆန္ဒကို နှစ်ဦးနှစ်ဖက် အကျိုးရှိရှိ ဖြည့်ဆည်းပေးတာလို့ ဆိုခဲ့ကြတယ်။ လူတွေ လိုအပ်တာ၊ လိုချင်တာတွေက အမြဲအပြောင်းအလဲဖြစ်နေတဲ့အတွက် ဒီ definition က ပိုပိုပြီး ကျယ်ပြန့်လာတယ်။ မားကတ်တင်းဆိုတာ သတင်းအချက်အလက်ကို ပြန့်အောင်လုပ်တဲ့ game တစ်ခုဖြစ်တယ်။​ ဒီလို ပြန့်အောင် ကြော်ငြာတွေလုပ်ကြတယ်။ လူတွေဝယ်ချင်အောင် promotion တွေလုပ်ကြတယ်။​ မသိသေးတဲ့သူတွေဆီသွား မိတ်ဆက်ပြီးရောင်းချမှုမျိုးလုပ်ခဲ့ကြတယ်။ တစ်ဆင့်စကားတစ်ဆင့်နားပြန့်အောင် ကိုယ့်လုပ်ငန်းအကြောင်း ပြောပေးပါအုံးဆိုတဲ့ခေတ်ကနေ check-in ဝင်ရင် ဘာ promotion ပေးမယ်ဆိုတာမျိုး၊ ကိုယ့်ဝက်ဝက်ကွဲ ပုရိသတ်တွေပျော်အောင် ပွဲတွေ စီစဉ်ပေးတာမျိုးပါလုပ်ကြတယ်။

Marketing နဲ့ Sales Read More »

အရောင်းဆိုတာ

အရောင်းဆိုတာ မားကတ်တင်းရဲ့အစိတ်အပိုင်းတစ်ခုပါ။မားကတ်တင်းကောင်းရင်တွန်းရောင်းစရာမလိုတာတချို့ အမှတ်တံဆိပ်တွေကြည့်ရင်သိနိုင်ပါတယ်။ကြော်ငြာ၊ ပရိုမိုးရှင်း၊ အရောင်း၊ပီအာ လူထုဆက်ဆံရေး၊တိုက်ရိုက်ရောင်းချခြင်းစနစ်တွေဟာမားကတ်တင်းဆက်သွယ်ရေးထဲကအခွဲတွေပါ။ #GMC #Sapwar

အရောင်းဆိုတာ Read More »

လူတိုင်းက နေ့စဥ်ရောင်းချခြင်းကို
လုပ်နေရတယ်။

ဘာအလုပ် လုပ်နေနေ ရောင်းနေရပါတယ်။ ဒါကြောင်း သမာအာဇီဝနဲ့ စျေးရောင်းတာ ရှက်စရာမဟုတ်ဘူးလို့ အမြဲ ယူဆပါတယ်။

လူတိုင်းက နေ့စဥ်ရောင်းချခြင်းကို
လုပ်နေရတယ်။
Read More »

ကိုယ်ဘယ်လိုရောင်းမလဲအရေးကြီးတယ်။

ငယ်ငယ်က လူတွေကိုယ့်ကုန်ပစ္စည်း ကြွေအောင်ပြောနိုင်ရင် ကုန်ပစ္စည်းရောင်းရတယ်။ လူတွေကိုယ့်ကိုကြွေရင် ကိုယ်ရောင်းတဲ့ပစ္စည်းတော်တော်များများရောင်းရနိုင်တယ်။ လူတွေအရမ်းလိုအပ်နေတဲ့ပစ္စည်းကို ရှာဖွေရောင်းချနိုင်ရင်လဲရောင်းရတယ်။ လူတွေ မလိုအပ်တဲ့ပစ္စည်းကို လိုချင်အောင်လုပ်ဆောင်နိုင်ရင်လဲရောင်းရတယ်။ ကိုယ်က ဘယ်လိုရောင်းမှာလဲ အရေးကြီးတယ်။ ကိုယ်တိုင် တစ်ယောက်ချင်းရောင်းမှာလား။ ကိုယ်တိုင် တစ်ယောက်ကနေ လူတစ်စုကို ရောင်းမှာလား။ ကိုယ့်ကိုကိုယ်စား တခြားသူတွေကို ကော်မရှင်ပေးပြီး ရောင်းခိုင်းမှာလား။ ကိုယ့်ဖောက်သည်တွေက ကိုယ့်ကိုယ်စားရောင်းပေးမှာလား။ ကိုယ့်ရိုက်ထားတဲ့ ဗီဒီယိုက ကိုယ့်ကိုကိုယ်စားရောင်းပေးမှာလား။ ကိုယ်ရေးထားတဲ့ စာက ကိုယ့်ကိုကိုယ်စားရောင်းပေးမှာလား။ နည်းပညာ၊ website နဲ့ app က ကိုယ့်ကိုယ်စားရောင်းပေးမှာလား။ ကိုယ်ဘယ်လိုရောင်းမလဲအရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ်ဘယ်လိုရောင်းမလဲအရေးကြီးတယ်။ Read More »

Marketing နဲ့ Branding ဆိုတာ

Marketing ဆိုတာ ဘာလဲ။ Sales နဲ့ ဘာကွာသလဲ။ Marketing ရဲ့ တာဝန်က Sales ကို လွယ်ကူအောင်လုပ်ပေးတာဖြစ်တယ်။ Marketing ရဲ့ တာဝန်က ကိုယ့်ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့ စိတ်ဆန္ဒကို နှစ်ဦးနှစ်ဖက် အကျိုးရှိရှိ ဖြည့်ဆည်းပေးတာလို့ ဆိုခဲ့ကြတယ်။ လူတွေ လိုအပ်တာ၊ လိုချင်တာတွေက အမြဲအပြောင်းအလဲဖြစ်နေတဲ့အတွက် ဒီ definition က ပိုပိုပြီး ကျယ်ပြန့်လာတယ်။ မားကတ်တင်းဆိုတာ သတင်းအချက်အလက်ကို ပြန့်အောင်လုပ်တဲ့ game တစ်ခုဖြစ်တယ်။​ ဒီလို ပြန့်အောင် ကြော်ငြာတွေလုပ်ကြတယ်။ လူတွေဝယ်ချင်အောင် promotion တွေလုပ်ကြတယ်။​ မသိသေးတဲ့သူတွေဆီသွား မိတ်ဆက်ပြီးရောင်းချမှုမျိုးလုပ်ခဲ့ကြတယ်။ တစ်ဆင့်စကားတစ်ဆင့်နားပြန့်အောင် ကိုယ့်လုပ်ငန်းအကြောင်း ပြောပေးပါအုံးဆိုတဲ့ခေတ်ကနေ check-in ဝင်ရင် ဘာ promotion ပေးမယ်ဆိုတာမျိုး၊ ကိုယ့်ဝက်ဝက်ကွဲ ပုရိသတ်တွေပျော်အောင် ပွဲတွေ

Marketing နဲ့ Branding ဆိုတာ Read More »

Sales နဲ့ Marketing ကွာခြားချက်က

Marketing က leverage လုပ်လို့ရတာပဲ။ ဘာတွေကို marketing လုပ်လို့ရလဲ?သာမာန်လူအများစုကတော့Product နဲ့ service ကို လုပ်တယ်။ နောက်တစ်ဆင့်တက်သွားရင်Philosophy, Personalities ကိုလုပ်တယ်။ Elon Musk ဘာကို Marketing လုပ်သလဲ။ Xiaomi ရဲ့ Li Jun ဘာကို Marketing လုပ်သလဲ။ Philosophy နဲ့ Peronality ကိုMarketing လုပ်ဖို့က lighthouse identity ဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

Sales နဲ့ Marketing ကွာခြားချက်က Read More »

လူတိုင်းကို ရောင်းချင်စိတ်ဖျောက်ပါ။

လုပ်ငန်းစတင်တဲ့အချိန်တုန်းက Customer is King တို့Queen တို့တွေနဲ့ ရင်းနှီးနဲ့လာတော့လူတိုင်းရဲ့ အလိုကိုဖြည့်ဆည်းချင်ခဲ့တယ်။လူ့အလို နတ်တောင်မလိုက်နိုင်တာကိုယ်လဲ လူတိုင်းရဲ့အလိုကို လိုက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် marketing မှာ ဒီနောက်ပိုင်း ဆိုရိုးစကားတစ်ခုလိုဖြစ်လာတာChoose your clients, Choose your future ပါ။ပြောတဲ့သူက Seth Godin. ဘူကောင်တွေကို serve လုပ်ပြီး အကြည်ဓာတ် ရှိဖို့ မစဉ်းစားနဲ့။ ဘူကောင်တွေက အမြဲနှိုင်းယှဉ်နေတတ်ကိုယ့်ဘဝကို စိတ်တိုင်းမကျတတ်တဲ့အတွက်ဘယ်သူတွေကို service ပေးမလဲသေချာရွေးချယ်တတ်ဖို့ ပညာဖြစ်လာတယ်။ လူတိုင်းကိုယ် customer မဟုတ်တာနားလည်ပါ။လူတိုင်းကို မရောင်းပါနဲ့။ လူတိုင်းရဲ့ အလို ဆန္ဒကို ဖြည့်ဆည်းဖို့ မကြိုးစားပါနဲ့။ Phyo Paing @ Derek

လူတိုင်းကို ရောင်းချင်စိတ်ဖျောက်ပါ။ Read More »