self-love

လူတွေက ဘာလို့ အချစ်လိုအပ်သလဲ?

လူတစ်ယောက်မှာရှိတဲ့လိုအပ်ချက် ငါးခုစလုံးကိုအချစ်က ရနိုင်လို့ဆိုတဲ့အယူအဆတစ်ခု စဥ်းစားကြည့်တယ်။ ၁။ Physiological Needဇီဝကမ္မဖြစ်စဥ် လိုအပ်မှု ၂။ Safety Needလှုံခြုံမှု (ကိုယ်၊ စိတ်ပိုင်းဆိုင်ရာ) ၃။ Belongingness Needအထီးမကျန်ချင်တာ၊ပြောဆိုဆက်ဆံမှု ၄။ Self-esteem Needဂုဏ်ယူဖို့ ၅။ Self-actualization Needကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေမှုတိုးတက်မှု။​ ဒီငါးခုစလုံးကို ပြည့်စေရင်ခိုင်မြဲတာပဲ။ Just a thought experimentဒါကတော့ Maslow’s Hierarchy of Needs ကလူတွေရဲ့ လိုအပ်ချက် ငါးခု။​ Phyo Paing @ Derek

လူတွေက ဘာလို့ အချစ်လိုအပ်သလဲ? Read More »

လူတွေရဲ့ ချစ်တဲ့ပုံစံမတူကြဘူး

အချစ်နှစ်မျိုးရှိတယ်တဲ့။ တစ်ခုက D love.နောက်တစ်ခုက B love တဲ့။ D ဆိုတာ Deficiency လိုအပ်မှုကိုဖြည့်ဆည်းဖို့ချစ်တာ။ ကိုယ့်ရဲ့မပြည့်တဲ့လိုအပ်ချက်ပေးနိုင်တဲ့သူကိုချစ်တာ။ ဒါကို D love တဲ့။ နောက်တစ်ခု B ကတော့ Beingဖြစ်တည်မှုလေးကို ချစ်တာ။ လူတွေရဲ့ ချစ်တဲ့ပုံစံမတူကြဘူး။ Phyo Paing @ Derek

လူတွေရဲ့ ချစ်တဲ့ပုံစံမတူကြဘူး Read More »

မြင်ယောင်ကြည့်၊
ကြားယောင်ကြည့်၊
ခံစားကြည့်ကြည့်

မှန်ထဲမှာကြည့်တိုင်း မြင်နေတဲ့ကိုယ်ကဒီနေ့ကိုယ်ပဲ။မျက်စိမှိတ်ထားပြီးကိုယ့်ကိုကိုယ်ပုံဖော်ကြည့်။အဲ့ဒါက အနာဂတ်ကိုယ်ဖြစ်နိုင်တယ်။ အနာဂတ်ကို စဉ်းစားကြည့်ရင်ဘယ်တွေမြင်လဲ၊ဘာတွေကြားလဲ၊ဘယ်လိုခံစားရသလဲ၊မြင်ယောင်ကြည့်၊ကြားယောင်ကြည့်၊ခံစားကြည့်ကြည့်။ Phyo Paing @ Derek

မြင်ယောင်ကြည့်၊
ကြားယောင်ကြည့်၊
ခံစားကြည့်ကြည့်
Read More »

ကိုယ့်ကိုကိုယ် ချစ်တတ်အောင်
အရင်ကြိုးစားဖို့လိုတယ်

ကိုယ့်ကိုကိုယ် ချစ်တတ်အောင်အရင်ကြိုးစားဖို့လိုတယ်။ဘယ်သူပဲဖြစ်ဖြစ် ဂရုဖိုတိုရိုက်ပြီးရင်တောင်ကိုယ့်ပုံကိုယ် အရင်ကြည့်ကြတာမဟုတ်လား။ကိုယ့်ကိုကိုယ်ချစ်တတ်ရင်ကိုယ်ဒုက္ခရောက်တဲ့အရာတွေမလုပ်တော့ဘူး။ကိုယ့်ကိုကိုယ်ချစ်တတ်ရင်ကိုယ့်ကို ရေရှည်မှာစိတ်ညစ်စေတဲ့အရာမလုပ်ဘူး။ ကိုယ့်ကိုကိုယ် တန်ဖိုးထားမယ်။တွေ့ကရာလူနဲ့ မပေါင်းတော့ဘူး။စားချင်တာ တဖြဲနှစ်ဖြဲရှောက်မစားတော့ဘူး။လေ့ကျင့်ခန်းပုံမှန်လုပ်လာမယ်။ကိုယ့်ကိုကိုယ် တိုးတက်အောင်အားထုတ်လာမယ်။ဘူကောင်တွေကိုရှောင်လာမယ်။ရှောင်လို့မရတဲ့ အမျိုးတွေဆိုလူပေါင်းစိတ်ခွါ လုပ်တတ်လာမယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ချစ်တတ်အောင်
အရင်ကြိုးစားဖို့လိုတယ်
Read More »

ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့လိုတယ်။

ကိုယ့်ကိုကိုယ် တကယ်ချစ်ရင်ကိုယ်ဒုက္ခရောက်မည့်အရာတွေမလုပ်တော့ဘူး။ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်လာမယ်။မကောင်းတဲ့ အစားအသောက်တွေမစားတော့ဘူး။မကောင်းတဲ့ အမူအကျင့်တွေမလုပ်တော့ဘူး။ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့လိုတယ်။ Read More »

လွှတ်ချလိုက်တာက
အကောင်းဆုံးရွေးချယ်မှု
ဖြစ်ကောင်းဖြစ်နေနိုင်တယ်

ဘဝမှာ တချို့အရာတွေကို လက်လွတ်လိုက်တာနဲ့ပိုကောင်းတဲ့အရာတွေ ရောက်လာတတ်တယ်။ တခါတလေ အဆင်မပြေပေမည့်လဲသူနဲ့ သည်းခံပြီး ပြုပြင်ဖို့ နှစ်ပေါင်းများစွာကြိုးစားတဲ့အခါတွေလူတိုင်းမှာရှိတတ်ကြတယ်။ ဒါကို သမီး၊ ရည်းစား၊ လင်မယားကစလို့မိဘ၊ ဝန်ထမ်းလူအမျိုးမျိုးမှာဖြစ်နိုင်တယ်။ စတင်ခဲ့တဲ့ project တစ်ခုကို သံယောဇဉ်နဲ့ စိတ်မဖြတ်ရဲတာမျိုးလဲဖြစ်တတ်ကြတယ်။ ဒီအရာတွေကို ခြေထောက်ကိုသံကြိုးခတ်ထားသလို မွန်းကြပ်မှုတွေကို ပေးတယ်။ ရှေ့သွားတိုင်းမရောက်။အနောက်ကို ပြန်ပြန်ကြည့်နေရပြီးကြည့်တိုင်း အားမရ စိတ်ညစ်ရတတ်တယ်။ ဒါကြောင့် တချို့အချိန်တွေမှာ letting go ဆိုတဲ့ စကားကအကောင်းဆုံးဖြစ်တတ်တယ်။ Phyo Paing @ Derek

လွှတ်ချလိုက်တာက
အကောင်းဆုံးရွေးချယ်မှု
ဖြစ်ကောင်းဖြစ်နေနိုင်တယ်
Read More »

ကိုယ့်ကိုကိုယ် ချစ်ပါ။

ကိုယ့်ကိုကိုယ် ခွင့်လွတ်ပါ။ကိုယ့်ကိုကိုယ် တန်ဖိုးထားပါ။ကိုယ့်ကိုကိုယ် ပျော်အောင်ထားပါ။ကိုယ့်ကိုကိုယ် မညင်းဆဲပါနဲ့။ ကိုယ့်ကိုကိုယ် ချီးမွန်းပါ။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ကိုယ့်ကိုကိုယ် အကောင်းဆုံးဖြစ်အောင်တည်ဆောက်ပါ။ ကိုယ့်အကြောင်းကို အချိန်အများစုတွေးပါ။ တခါတလေ ကိုယ့်ကိုကိုယ်ချစ်ဖို့ လူအများစုမေ့နေတတ်ကြတယ်။တစ်သက်မှာ တခါလူလာဖြစ်တာကိုယ့်ကိုကိုယ် ပျော်အောင်ထားပါ။ လူတိုင်းက တစ်ကိုယ်ကောင်းဆန်ကြတယ်ဆိုတာစဥ်းစားကြည့်လေလေ သိလေလေ ဖြစ်လိမ့်မယ်။များတာနဲ့ နည်းတာပဲကွာတယ်။ကိုယ့်ကိုကိုယ် ချစ်တာ တစ်ကိုယ်ကောင်းဆန်တယ်မဟုတ်ဘူး။ကိုယ့်ကိုကိုယ်တကယ်ချစ််မှတခြားသူတွေကို မေတ္တာစစ်စစ်ကိုလိပ်ပြာသန့်သန့်နဲ့ ပေးနိုင်မှာ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ချစ်ပါ။ Read More »