toetet

ကိုယ့်ရဲ့ အဓိက က ဘာလဲ။

အချစ်ခံ၊ ချီးကျူးခံ၊အားပေးခံ၊ဖော်ရွေခံ ရပြီးဒါကိုအရမ်းခံစားနေရင်တနေ့ အချစ်မခံရတော့တဲ့အခါ၊ချီးကျူးမခံရတော့တဲ့အခါ၊အားပေးမခံရတော့တဲ့အခါ၊မဖော်ရွေမခံ လျစ်လျူရှုခံရတဲ့အခါခံစားရလိမ့်မယ်။ ဒါကြောင့် အကောင်းဆုံးကလူတွေရဲ့ အပြူအမူလူတွေ ကိုယ့်ကိုဆက်ဆံတဲ့အပေါ်အရမ်းခံစားမနေပဲကိုယ့်ရဲ့ အဓိက က ဘာလဲ။ဒါကို အဓိက စဥြးစားလုပ်ဆောင်တာပိုကောင်းနိုင်တယ်။ ကိုယ်နဲ့အမြဲတမ်းရှိနေတဲ့အရာကကိုယ့်ရဲ့ ကျန်းမာရေး၊အလုပ်မှာ ကျွမ်းကျင်မှုနဲ့ ဥာဏ်ပညာ၊ငွေကိုအမြဲပွားနေစေနိုင်မည့် စကေး၊ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲပြီးစိတ်အေးချမ်းမှု။ ကိုယ်အကောင်းဆုံးပေးနိုင်တာကိုပေးလိုက်။​ကျန်တဲ့အရာတွေကိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်ထား။ လောကဓံရှစ်ပါးကို နှလုံးသွင်း။​ (၁) လာဘ – လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊(၂) အလာဘ – လာဘ်နည်း၍ညှိုးငယ်တုန်လှုပ်ခြင်း။(၃)ယသ – အခြံအရံများ၍တက်ကြွတုန်လှုပ်ခြင်း၊(၄) အယသ – အခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း၊(၅) ပသံသာ – ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း၊(၆) နိန္ဒ – အကဲ့ရဲ့ခံရ၍ဝမ်းနည်း တုန်လှုပ်ခြင်း၊(၇) သုခ – ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း၊(၈) ဒုက္ခ – ဆင်းရဲကိုစွဲ၍ […]

ကိုယ့်ရဲ့ အဓိက က ဘာလဲ။ Read More »

ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့ဒီဖြစ်နိုင်စွမ်းက နေ့စဉ်နဲ့အမျှတိုးတက်လာရမယ်

ဖြစ်နိုင်ခြေနဲ့ ဖြစ်နိုင်စွမ်းမတူဘူး။ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ခြေရှိတယ်။ဖြစ်နိုင်စွမ်းကတော့ ၅၀% ဖြစ်ချင်ဖြစ်မယ်။၁၀% လဲ ဖြစ်ချင်ဖြစ်မယ်။၀.၁% လဲ ဖြစ်ရင်ဖြစ်မယ်။ ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့ဒီဖြစ်နိုင်စွမ်းက နေ့စဉ်နဲ့အမျှတိုးတက်လာရမယ်။ ၁။ သတင်းအချက်အလက်၂။ လူ၊ အဆက်အသွယ်၃။ ကျွမ်းကျင်မှု၄။ အခွင့်အလမ်း၅။ အသိပညာ ဒါတွေက ဖြစ်နိုင်စွမ်းကို တိုးတက်စေတယ်။ ဖြစ်နိုင်စွမ်းတိုးဖို့စာအုပ်ကြီး ထိုင်ဖတ်လို့မရသလိုအင်တာနက်မှာပဲရှာလို့မရဘူးလူတွေပဲ လိုက်တွေ့လို့လဲ မရဘူး။ ဒါတွေပေါင်းစပ်လုပ်နိုင်မှအခွင့်အလမ်းလာတဲ့အခါအနံ့ခံနိုင်စွမ်းရှိပြီးလိုအပ်တဲ့ ကျွမ်းကျင်မှု၊ အသိနဲ့အချက်အဆက် ကွက်တိဖြစ်မှာ။ နေ့စဉ် ဖြစ်နိုင်စွမ်းကိုတိုးတက်အောင် လုပ်နေလား။ဒီမေးခွန်းအရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့ဒီဖြစ်နိုင်စွမ်းက နေ့စဉ်နဲ့အမျှတိုးတက်လာရမယ် Read More »

အပြစ်မတင်နဲ့ အဖြေရှာ

Master Your Flow အပြစ်မတင်နဲ့ အဖြေရှာ။ပေးထားချက်နဲ့ အရေးထားချက်ကို တွဲ။ သင်၊ မြင်၊ ပြင်။အတွေး၊ အကြံ၊ အလုပ်။ Noise များရင် Voice မကြားပဲ Choice မှားမယ်။အရေးမပါတာတွေကို အရာမပေးနဲ့။နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေနဲ့။ မပြိုင်ပဲ နိုင်အောင်လုပ်။အဟဇာတက ဘဝရဲ့ အလှပဲ။တစ်သားတည်းဖြစ်နေဖို့ လိုတယ်။ တံတားလေး တစ်စင်းပဲလိုတယ်။ (သတင်းအချက်အလက်)စာဖတ်တိုင်း ဓားသွေးတာပဲ။ပြဿနာတွေကို ခုတ်ထစ်မှအောင်မြင်တယ်။နားထောင်မှ နားလည်မယ်။ နားလည်မှ နားချ (nurture) လို့ရမယ်။ အတွေးအခေါ် ဘေးချော်ရင် အရေးပေါ်ပြင်ဖို့လိုတယ်။အမြင်မမှန်ရင် အမှန်မမြင်ဘူး။See မှ ပွားမယ်။ စီးပွား။ တစ်ရက်တာအတွက် မနက်အခါက အရေးကြီးတယ်။အမြင့်မတူရင် အမြင်မတူပြန်ဘူး။လာရာမတူလဲ လားရာတူရင် တူတူသွားလို့ရတယ်။ မရှာနဲ့ လာအောင်လုပ်။ Phyo Paing @ Derek

အပြစ်မတင်နဲ့ အဖြေရှာ Read More »

ဘဝမှာ ကျေးဇူးအတင်ဆုံးက

ဘဝမှာ ကျေးဇူးအတင်ဆုံးကကိုယ်ရေးတဲ့စာ လူတွေနားလည်တာပဲ။ ကိုယ့်ကိုယ်ကို ဖတ်ရင်တောင်တော်တော် နားလည်ဖို့ကြိုးစားရတာ။ Toe Tet InsiderNote လုပ်တော့လဲကိုယ်နားလည်တဲ့အတိုင်းပြန်ပြောတာလူတွေနားလည်ပါ့မလား စဉ်းစားခဲ့ရတာ။YouTube မှာ တချို့တင်ကြည့်တော့မှအော် တော်သေးတယ်လို့စဉ်းစားမိတယ်။ Phyo Paing @ Derek

ဘဝမှာ ကျေးဇူးအတင်ဆုံးက Read More »

Outliers

တော်တိုင်းမအောင်မြင်ဘူး။ IQ မြင့်တိုင်း မအောင်မြင်ဘူး။စမတ်ဖြစ်တိုင်း မအောင်မြင်ဘူး။ ကိုယ်စမတ်ဖြစ်တာကို လူကြောနပ်မှုနဲ့ပေါင်းစပ်မှ အောင်မြင်မှုဆိုတာဖြစ်လာတယ်။ ဒါကတော့ ကမ္ဘာကျော်စာအုပ်တွေဖြစ်တဲ့Blink တို့၊ Tipping points တို့ကိုရေးတဲ့ Outliers ရဲ့ စာရေးဆရာ Malcolm Gladwell ရဲ့ နာမည်ကျော်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Chris Langan ဆိုတဲ့ မြင်းမွေးမြူရေးလုပ်ပြီးကိုယ့်ဖာကိုယ်ပညာလေ့လာတဲ့ ပုဂ္ဂိုလ်ဆိုရင်IQ 195–210 လောက်ရှိပြီးကမ္ဘာ့ IQ အမြင့်ဆုံးလူထဲမှာပါတယ်။ သူက အက်တမ်ဗုံး atomic bomb တီထွင်တဲ့ရူပဗေဒပညာရှင်ဖြစ်တဲ့ Robert Oppenheimer လိုတော်တာပဲ ဘာကွာသွားလဲဆိုရင်ရှုပ်ထွေးပွေလီတဲ့ လူ့လောကမှာ တော်ရုံနဲ့ မရဘူး၊ လူကြောနပ်ဖို့လဲလိုတယ်။ ကိုယ့် အသိပညာ၊ အတတ်ပညာ၊ ဥာဏ်မပညာကို အသုံးချ leverage လုပ်တတ်မှုလိုတယ်။ သမ္မာကျမ်းစာမှာ Matthew Effect ဆိုတာရှိပြီး“to those

Outliers Read More Âť

ကွက်လပ်ဖြည့်ကြည့်ပါ။

လိုချင်တာတွေ ရဖို့ ခြားနေတဲ့တံတားလေးတစ်စင်းက _________. ဝင်ငွေ တစ်လ ______ဝင်ချင်တယ်။လုပ်ငန်းကို ဒီထက် _______ တိုးတက်ချင်တယ်။ခန္ဓာကိုယ် ဝိတ် _______ ကျချင်တယ်။ အလုပ်တွေ ဒီထက်ပိုပြီးချင်တယ်။ မှတ်ဥာဏ်ဒီထက်ပိုကောင်းချင်တယ်။ လုပ်ငန်းကို ဒီထက်ပို စနစ်ကျချင်တယ်။မားကတ်တင်းကျွမ်းကျင်မှု ဒီထက်ပိုကျွမ်းကျင်ပြီး ဝင်ငွေပိုကောင်းချင်တယ်။ပိုပျော်ချင်တယ်။ ဒီတိုးတက်ချင်တယ်။ ဘာတွေလိုမလဲ။ မှန်ပါတယ်။ အဖြေကတော့ စကားလုံး လေးလုံးပါ။ ဒီစကားလုံးလေးလုံးက ကျွန်တော်တို့လုပ်ဆောင်တဲ့အတွေး၊ အကြံအစည်နဲ့ အလုပ်တွေကို လွမ်းမိုးနေပါတယ်။ ခေါင်းထဲကို အမှိုက်ထည့်ရင် အမှိုက်ထွက်ပြီးအဖိုးတန်တဲ့ ______ တွေထည့်ရင် အဖိုးတန်အတွေး၊ အကြံအစည်၊ အလုပ်ထွက်ပါတယ်။ ဒါကတော့ idea အိုင်ဒီယာပါ။ ကမ္ဘာကျော်စာအုပ်တွေထဲက အိုင်ဒီယာကောင်းတစ်ခုဟာ ကိုယ့်ဘဝသွားနေတဲ့ လမ်းကြောင်းကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ ကိုယ့်ရဲ့ အတွေး၊ အကြံ၊ အလုပ်ကို အပြောင်းအလဲကြီးဖြစ်သွားစေနိုင်ပါတယ်။ ကိုယ့်ကို ကျန်းမာရေးပိုကောင်းအောင်

ကွက်လပ်ဖြည့်ကြည့်ပါ။ Read More »

ငွေဆိုတာ ဝင်လေ၊ သုံးမိလေ

အချိန်ကိုပဲ ရောင်းလို့ချမ်းသာတဲ့သူဆိုတာတော်တော်လေးရှားတယ်။ ငွေကြေးကြွယ်ဝမှုကိုတည်ဆောက်ဖို့လုပ်ငန်း၊ အမှတ်တံဆိပ်၊ ပိုင်ဆိုင်မှုတစ်ခုလိုတယ်။ဒီပိုင်ဆိုင်မှုက ကိုယ့်ကိုငွေရှာပေးနေရမယ်။ ဒါက ချမ်းသာကြွယ်ဝမှုရဲ့ အခြေခံပဲ။ဒါဆို အချိန်မရောင်းရဘူးလားဆိုတော့မဟုတ်ပြန်ဘူး။ ကိုယ့်ကိုယ် ပညာသင်ပေးနေရင်၊ကိုယ့်ကို တိုးတက်နေစေတယ်ဆိုရင်၊ကိုယ့်အချိန်နဲ့ ကိုက်ညီတဲ့ငွေရှာပေးနေတယ်ဆိုရင်၊ကိုယ့်ကို ပျော်နေစေတယ်ဆိုရင်၊ကိုယ့်အနာဂတ်မှာ လုပ်မည့်အလုပ်တွေအတွက်ပြင်ဆင်မှုဖြစ်နေစေတယ်ဆိုရင်လုပ်သင့်တာပေါ့။ ငွေဆိုတာ ဝင်လေ၊ သုံးမိလေပဲ။ ချမ်းသာကြွယ်ဝမှုတည်ဆောက်ဖို့ငွေရှာပေးနေတဲ့အမှတ်တံဆိပ်၊ စီးပွားရေး၊ပိုင်ဆိုင်မှုလိုအပ်တယ်။ Phyo Paing

ငွေဆိုတာ ဝင်လေ၊ သုံးမိလေ Read More »

နေ့စဉ်တိုးတက်နေဖို့လိုတယ်။

အုပ်ရေ ၇၀၀ လဲ ပြည့်ပြီ။ဒီရက်ပေါင်း ၇၀၀ အတွင်းအပြောင်းအလဲဖြစ်စဉ်တွေကတော်တော်ကြီး ကြီးတယ်။ ဘာ သင်ခန်းစာတွေရလိုက်လဲဆိုရင် ၁။ လူတွေ မဖြစ်နိုင်ဘူးပြောတာတွေကို မယုံပါနဲ့။ ၂။ ဇွဲဆိုတာ ကြွက်သားလိုပဲ တည်ဆောက်လို့ရတယ်။ ၃။ မပြီးသေးတာကို စဉ်းစားပြီး အားမလျော့လိုက်နဲ့။ပြီးသွားတာကို ကြည့်ပြီးအားယူ။ ၄။ စနစ်မရှိပဲ ဘာမှ ကြီးကြီးမားမားလုပ်လို့မရဘူး။စာမြန်မြန်ဖတ်နည်းစနစ်။မှတ်စုမှတ်နည်း။Video ရိုက်နည်း။တည်းဖြတ်နည်း။အင်တာနက်ပေါ်တင်နည်း။အချိန်စီမံခန့်ခွဲမှုစနစ်။နည်းစနစ်က အလုပ်တွေပြီးမြောက်မှုကို မြန်စေတယ်။ ၅။ ရေရှည်ကို စဉ်းစား။အုပ် ၁၀၀ ပြီးတဲ့ထိ subscriber က ၁၀၀ မပြည့်ဘူး။ဒါပေမယ့် အုပ် ၇၀၀ ပြည့်တဲ့အချိန်ကိုယ်ထင်ထားတာထက် subscriber ပိုများသွားပြီ။ ၆။ သိထားတဲ့ အသိပညာ၊ အတတ်ပညာကိုချက်ချင်းပြန်အသုံးချ။ ၇။ စာအုပ်ကောင်းတစ်အုပ်ထဲကစာလေးတစ်ကြောင်းက ဘဝကိုအကြီးအကျယ် အပြောင်းအလဲဖြစ်စေနိုင်တယ်။ ကိုယ်စိတ်ကူးထားတဲ့အရာတွေကိုလူတွေကခက်ခဲပြီး မဖြစ်နိုင်ဘူးပြောတာကိုလျစ်လျူရှုပြီး ဖြစ်အောင်လုပ်။ နေ့စဉ်တိုးတက်နေဖို့လိုတယ်။

နေ့စဉ်တိုးတက်နေဖို့လိုတယ်။ Read More »

ကျွန်တော် အကြိုက်ဆုံး စာအုပ်ငါးအုပ်စီ
စဉ်းစားကြည့်မယ်။

ToeTet – တိုးတက် ရဲ့ philosophy က Personal, Professional, Business Developmentတစ်ဆင့်ချင်းသွားတယ်ဆိုတော့ကျွန်တော် အကြိုက်ဆုံး စာအုပ်ငါးအုပ်စီစဉ်းစားကြည့်မယ်။ Personal Development အတွက်အကြိုက်ဆုံး စာအုပ်ငါးအုပ်ဆို ၁။ 5 AM Club၂။ Atomic Habits၃။ Unlimited Power ၄။ Productivity Project၅။ The Courage to be disliked Marketing အတွက်ဆိုရင်တော့၁။ Dentsu Way၂။ Brainfluence၃။ Cashvertising ၄။ Ask method ၅။ Duct Tape Marketing Professional Development အတွက်ဆိုရင်၁။ So good they can’t ignore you၂။ Reinventing

ကျွန်တော် အကြိုက်ဆုံး စာအုပ်ငါးအုပ်စီ
စဉ်းစားကြည့်မယ်။
Read More Âť

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲမှုလုပ်တယ်ဆိုတာ

လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲမှုလုပ်တယ်ဆိုတာကိုယ့်ဘဝကို တီထွင်ဆန်းသစ်တာပဲ။Personal Innovation ပဲ။ လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲတာကိုအင်္ဂလိပ်လိုဆို Innovate Yourself. Phyo Paing @ Derek

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲမှုလုပ်တယ်ဆိုတာ
Read More Âť