ဘဝကို အထာကျကျဖြတ်သန်းဖို့
structure လိုတယ်။
လူတွေက လိုချင်တာရတာမဟုတ်ဘူး။ကိုယ်နဲ့ ထိုက်တန်တာပဲရတာ။ကိုယ်နဲ့မထိုက်တန်တဲ့အချိန်ရှိထားတာတွေတောင်အဝေးရောက်သွားမှာပဲ။ ကိုယ်လိုချင်တာတွေနဲ့ ထိုက်သန်သူဖြစ်ဖို့ကိုယ့်ဖက်က လုပ်သင့်တာတွေလုပ်နေလားပြန်မေးကြည့်ဖို့လိုတဲ့အချိန်တွေရှိတယ်။ အလုပ်အကိုင်၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊အချစ်ရေး၊ အပေါင်းအသင်း အကုန်လုံးပဲ။ကိုယ် IQ ပုရင် ပုတဲ့သူနဲ့ပဲတွေ့မှာပဲ။ ကိုယ်က အရာရာကိုဆွဲငင်နေတဲ့သံလိုက်တုံးကြီးပဲ။ဘာတွေကို ဘဝထဲရောက်လာစေချင်လဲ။အဲ့ဒါတွေ ဘဝထဲရောက်လာဖို့တစ်ရက်တာကို ဘယ်လိုပြုမူနေထိုင်လဲဒါကို ပြန်သုံးသပ်ရမယ်။ နေသလိုဖြစ်တဲ့ ဘဝမှာဖြစ်သလိုနေရင်ဖြစ်သလိုပဲ ဖြစ်နေမှာပဲ။ ဘဝကို အထာကျကျဖြတ်သန်းဖို့structure လိုတယ်။ လူ့အဖွဲ့အစည်းတစ်ခု မယိုင်လဲသွားအောင်monogamy တစ်လင်တစ်မယားစနစ်၊အလုပ်အကိုင်တွေအတွက်skill level classification နဲ့life cycle segmentation နဲ့political system တွေနဲ့social structure ကြီးတည်ဆောက်ထားတာ။ ဗရမ်းဗတာ structure အတွင်းမှာဗရမ်းဗတာ ရလဒ်ပဲရတာပဲ။ ဒီ structure ရှိမှာဘဝကို ဖြတ်သန်းမည့် strategy ကိုစဥွးစားရတာ။ လူအများစုက တစ်ရက်တာကိုဘယ်လို ဖြစ်သန်းမလဲ structureမတည်ဆောက်ထားကြဘူး။အမူအကျင့်ဆိုတာ structure ပဲ။Habit […]
