August 2026

မတူရင် ရင်ဘတ်ချင်းမနီးဘူး။

ကြီးပျင်းလာတဲ့နေရာမတူ၊ မိသားစုမတူ၊ ဘာသာစကားမတူ၊ လူမျိုးမတူ၊နိုင်ငံမတူ၊ အလုပ်အကိုင်မတူ၊ကြည့်တဲ့ မီဒီယာအတူလူတွေစဥ်းစားပုံမတူတတ်ကြဘူး။ မတူရင် ရင်ဘတ်ချင်းမနီးဘူး။ ရင်ဘတ်ချင်းနီးပြီးစကားပြောလို့ရတဲ့မိတ်ဆွေတွေရှိတာကပျော်ရွင်မှုတစ်ခုတဲ့။ အခုကတည်းက အသက်ကြီးအထီးမကျန်ဖို့နဲ့တစ်ယောက်တည်းနေတစ်စိတ်တည်းမထားနိုင်တဲ့အခါရင်ဘတ်ချင်းနီးတဲ့မိတ်ဆွေတွေနဲ့ဘဝကို ဆက်ဖို့မိတ်ဆွေတွေနဲ့ ဆက်ဆံရေးတည်ဆောက်တာကလဲရင်းနှီးမြုပ်နှံမှုတစ်ခုပဲ။ Phyo Paing @ Derek

မတူရင် ရင်ဘတ်ချင်းမနီးဘူး။ Read More »

အလုပ်ဖြစ်တာကို ချဲ့ထွင်တာက
အနိုင်ရဖို့ နည်းလမ်းတစ်ခု ဖြစ်လာပြီ။

ရှုံးသွားရင်တောင် နိုင်နေမယ့်အလုပ်လုပ်ပါ။ လုပ်ငန်းမှာ အများစုက… နိုင်ရင် အများကြီးနိုင်မယ်။ရှုံးရင် အကုန်ရှုံးမယ်။ ဆိုတဲ့ လောင်းကစားမျိုးကို လုပ်နေကြတယ်။ ဒါပေမယ့် ကမ္ဘာ့အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ လုပ်ငန်းရှင်တချို့ကတော့… Asymmetric Bets ကို ရွေးတယ်။ အဓိပ္ပာယ်က—ရှုံးရင် ဆုံးရှုံးမှု နည်းနည်းပဲရှိမယ်။နိုင်ရင် ရလဒ်က အဆပေါင်းများစွာ ရနိုင်မယ်။ ဥပမာ…Content တစ်ပုဒ်ရေးတာက အချိန်နည်းနည်းပဲကုန်တယ်။ ဒါပေမယ့် Client အသစ်တွေ ရနိုင်တယ်။Product Prototype တစ်ခု စမ်းသပ်တာက ကုန်ကျစရိတ်နည်းတယ်။ ဒါပေမယ့် အောင်မြင်ရင် လုပ်ငန်းတစ်ခုလုံး ပြောင်းသွားနိုင်တယ်။AI ကို လေ့လာဖို့ အချိန်နည်းနည်း ရင်းနှီးမြှုပ်နှံတာက ရှုံးစရာ မရှိသလောက်ပဲ။ ဒါပေမယ့် အလုပ်လုပ်ပုံတစ်ခုလုံး ပြောင်းသွားနိုင်တယ်။ ဒီနေ့ခေတ်မှာ… သေးသေးလေး စမ်းသပ်၊မြန်မြန်တိုင်းတာ၊အလုပ်ဖြစ်တာကို ချဲ့ထွင်တာကအနိုင်ရဖို့ နည်းလမ်းတစ်ခု ဖြစ်လာပြီ။ အလုပ်တစ်ခု

အလုပ်ဖြစ်တာကို ချဲ့ထွင်တာက
အနိုင်ရဖို့ နည်းလမ်းတစ်ခု ဖြစ်လာပြီ။
Read More »

အရင်အထာနဲ့ အရာမထင်တော့ဘူး။

မနေ့ကပဲ AI မှာ သြဇာတိက္ကမကြီးမားတဲ့Andrew Ng ကတက္ကသိုလ်တွေက ၂၀၂၂ အလုပ်တွေအတွက်ပြင်ဆင်ပေးနေတာတဲ့။ တက္ကသိုလ်တွေက ၂၀၂၆ အလုပ်ကိုပြင်ပေးရမှာမဟုတ်ဘူး။ ၂၀၃၀ နဲ့အလွန်အလုပ်တွေ အတွက်ပြင်ပေးရမှာတဲ့။ ပိုက်ဆံရှိမိဘတွေက သားသမီးတွေပညာရေးကိုတချို့ ချမ်းသာပြီးတော်တဲ့ မိသားစုကတော့ဟားဘတ်တို့၊ Yale တို့လို Ivy league တွေသွားစေချင်တယ်။တချို့က အနောက်တိုင်းတက္ကသိုလ်မှာ တက်စေချင်တယ်။ ဒီ တက္ကသိုလ်တွေ ကိုယ်တိုင်ရင်ဆိုင်နေရာကအေအိုင်ရဲ့တိုးတက်မှုက တစ်ပတ်နဲ့ တစ်ပတ်ကို မတူတော့၂၀၃၀ မှာ ဘာဖြစ်မလဲ ခန့်မှန်းဖို့မလွယ်ဘူး။ ဒါကို သုံးနှစ်အတွင်း curriculum ဆွဲ ကြိုတင်ဖို့မလွယ်ဘူး။ ပညာရေးအပြောင်းအလဲမှာဆို Education 1.0 → အချက်အလက်များကို အလွတ်ကျက်မှတ်ခြင်းEducation 2.0 → သဘောတရားကို နားလည်ခြင်းEducation 3.0 → ပြဿနာများကို ဖြေရှင်းခြင်းEducation 4.0 →

အရင်အထာနဲ့ အရာမထင်တော့ဘူး။ Read More »

ဘဝကို ပြောင်းတာက အပြင်က မစဘူး။

လူနှစ်ယောက်။တူညီတဲ့ ပြဿနာ။ တစ်ယောက်က အခွင့်အလမ်း မြင်တယ်။တစ်ယောက်က အဆုံးသတ် မြင်တယ်။ ဘာကြောင့်လဲ။ ဖြစ်ရပ်ကြောင့် မဟုတ်ဘူး။ဖြစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ပုံကြောင့်ပါ။ Stoic ပညာရှိ Epictetus က ပြောခဲ့ဖူးတယ်။လူတွေကို ဒုက္ခပေးတာ ဖြစ်ရပ်တွေ မဟုတ်ဘူး။ဖြစ်ရပ်တွေအပေါ် သူတို့ရဲ့ အမြင်တွေ။ ဒီအမြင်ဆိုတာကလည်းရုတ်တရက် ပေါ်လာတာ မဟုတ်ဘူး။ မျိုးရိုးဗီဇ။ဦးနှောက်ရဲ့ ဓာတုဗေဒ။ဘဝအတွေ့အကြုံ။အသိပညာ။ယုံကြည်ချက်။ပတ်ဝန်းကျင်။စိတ်ခံစားချက်။အာရုံစိုက်နေတဲ့အရာ။ ဒါတွေအားလုံး ပေါင်းစပ်ပြီးဖြစ်ရပ်တစ်ခုကိုဘယ်လို အဓိပ္ပာယ်ဖွင့်မလဲဆိုတာကိုဆုံးဖြတ်ပေးနေတာ။ ဗုဒ္ဓက ဒါကို ပဋိစ္စသမုပ္ပါဒ်လို့ ခေါ်တယ်။ဘာမှ သူ့ဘာသာသူ မဖြစ်ဘူး။အကြောင်းတွေ စုပြီးမှ အကျိုးဖြစ်တယ်။ အတွေးလည်း ဒီသဘောပဲ။ အဓိပ္ပာယ်ဖွင့်ပုံက အတွေးကို ဖန်တီးတယ်။အတွေးက ဆုံးဖြတ်ချက်ကို ဖန်တီးတယ်။ဆုံးဖြတ်ချက်က လုပ်ရပ်ကို ဖန်တီးတယ်။လုပ်ရပ်က ရလဒ်ကို ဖန်တီးတယ်။ရလဒ်က ယုံကြည်ချက်အသစ်ကို ထပ်ဖန်တီးတယ်။ ယုံကြည်ချက်ကနေ ရလဒ်။ရလဒ်ကနေ ယုံကြည်ချက်။ ဒီစက်ဝိုင်းကနေ့တိုင်း လည်ပတ်နေတယ်။ကိုယ်သတိမထားမိဘဲနဲ့။

ဘဝကို ပြောင်းတာက အပြင်က မစဘူး။ Read More »

အရေးအကြီးဆုံးက အချစ်ရေးမှာ
value တန်ဖိုးထားမှုတူဖို့ထက်
တန််ဖိုးထားမှု compatible ဖြစ်ဖို့
ကိုက်ညီဖို့လိုတယ်။

အမျိုးသားတွေက ကိုယ့်စိတ်ကူးထဲမှာရှိတဲ့ အမေပုံစံအမျိုးသမီးတွေကိုချစ်တတ်ကြပြီး၊ အမျိုးသမီးတွေက စိတ်ကူးထဲမှာရှိတဲ့ အဖေပုံစံကို ချစ်တတ်ကြတယ်တဲ့။ နောက် ငယ်ငယ်က ကိုယ့်အချစ်ဆုံးမိဘအဖေသို့ အမေရဲ့အချစ်ကိုရဖို့ပြုမူနေထိုင်ခဲ့ရတဲ့ love strategy ရှိတယ်။ တချို့က သားလိမ္မာ၊ သမီးလိမ္မာပုံစံစကားနားထောင်တာ။ တချို့က ကလန်ကဆန်လုပ်တယ်။လိုအပ်တဲ့အချိန်ကူညီပေးတယ်။ တချို့က ဂရုစိုက်မှုကိုရဖို့ မသိချင်ယောင်ဆောင်တယ်။ တချို့က ထိုင်ငြီးတာမျိုး။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာပရိုဂရမ်တွေက အသက်ကြီးတဲ့ထိပါလာတတ်ကြတယ်။ တချို့က coaching တို့၊ therapy တို့၊ တရားထိုင်ခြင်းတို့နဲ့ ပိုကောင်းအောင်အားထုတ်ကြတယ်။ တချို့ကျတော့ မှန်ကန်တဲ့သူကိုမှန်ကန်တဲ့အချိန်right person, right time မှာတွေ့လို့love strategy ပြန်တည့်အဆင်ပြေသွားတယ်။ အရေးအကြီးဆုံးက အချစ်ရေးမှာvalue တန်ဖိုးထားမှုတူဖို့ထက်တန််ဖိုးထားမှု compatible ဖြစ်ဖို့ ကိုက်ညီဖို့လိုတယ်။ပါတနာတစ်ယောက်က ထိန်းချုပ်ချင်တဲ့သူဆို ကိုယ်က diplomatic ဖြစ်ရင်ကျန်တာအဆင်ပြေသွားရော။ လူတွေရဲ့ စိတ်ခံစားမှုတွေကရှုပ်ထွေးသလိုနဲ့ အင်မတန်ရိုးရှင်းတယ်။

အရေးအကြီးဆုံးက အချစ်ရေးမှာ
value တန်ဖိုးထားမှုတူဖို့ထက်
တန််ဖိုးထားမှု compatible ဖြစ်ဖို့
ကိုက်ညီဖို့လိုတယ်။
Read More »