Dr. Phyo Paing

https://yec.company

ဘဝ

ဘဝက ဖြစ်နိုင်စွမ်းနဲ့ ဖြစ်နိုင်ခြေကြားမှာ ချိန်ငြိပြီး သွားနေရတယ်။ ဘာလုပ်ဘာဖြစ်မယ်။ဘယ်သွားဘယ်ရောက်နိုင်တယ်။ ဖြစ်နိုင်စွမ်းက သေချာမှုတစ်ခုကိုပေးတယ်။ ဘာလုပ်ရင် ဘာဖြစ်မယ်သေချာမသိသေးဘူး။ဘယ်သွားရင် ဘယ်ရောက်မယ်လဲ မရေရာသေးဘူး။စမ်းကြည့်ရင် လမ်းရှိတာ သိသွားတဲ့အခါလုပ်နိုင်တဲ့ အသစ်တွေ အများကြီးတွေ့လာမယ်။ ဘဝဆိုတာကို  ဖြစ်နိုင်ခြေကိုလဲလုပ်ရင်ဖြစ်နိုင်စွမ်းကိုလဲ များအောင်လုပ်တဲ့ကစားကွက်နဲ့သွားတာ အန္တရာယ်လဲနည်းသလိုအနာဂတ်အတွက် တိုးတက်နိုင်စွမ်းလဲရှိတယ်။ Phyo Paing @ Derek

ဘဝ Read More »

ဘဝမှာ လိုချင်တာလုပ်မရတိုင်း
“နှစ်လမ်းသွားမဟာဗျူဟာ” သုံးကြည့်တယ်။

ဘဝမှာ လိုချင်တာလုပ်မရတိုင်း“နှစ်လမ်းသွားမဟာဗျူဟာ” သုံးကြည့်တယ်။ ၂၀၀၅ ဒီဇင်ဘာမှာ ဆေးကျောင်းပထမနှစ်စတက်တယ်။ ၂၀၀၇ မှာ ဆေးရုံစသွားရတော့ဆေးကုတဲ့အပိုင်းစိတ်မဝင်စားတာစသိပြီ။ နှစ်လမ်းသွားမဟာဗျူဟာကဆေးကျောင်းမှာ စာမေးပွဲအောင်ဖို့လဲလုပ်တယ်။ကျောင်းပြီးရင် အသက်မွေးဝမ်းကျောင်းစဖို့အနာဂတ်ပြဿနာအဖြေရှာတာကိုလဲစလုပ်တယ်။ သေချာတာတစ်ခုက ဘွဲ့ရပြီးရင်နောက်အသက်မွေးပညာရပ်တစ်ခုကိုထပ်လေ့လာရမယ်။ ဒီနေ့အတွက်လဲ အကျိုးရှိမယ်။အနာဂတ်ပြဿနာကိုလဲ ဖြေရှင်းပေးနိုင်မည့်အရာကိုလိုက်ရှာကြည့်တော့Accelerated Learning Techniques နဲ့ Productivity ပိုင်းဖြစ်တာတွေ့ရတယ်။ ဒါနဲ့ မြန်နှုန်းမြင့်သင်ယူခြင်းဖြစ်တဲ့ မှတ်ဥာဏ်ကောင်းအောင်လုပ်ခြင်း၊ စာဖတ်မြန်အောင်လုပ်ခြင်း၊ ဦးနှောက်ကို မြန်ဆန်အောင်လုပ်ခြင်းနည်းလမ်းတွေ နေ့တိုင်းလေ့ကျင့်ဖြစ်တယ်။နောက် စွမ်းဆောင်ရည်မြင့်ဖို့ စိတ်ပညာပိုင်းတွေ လေ့လာဖြစ်တယ်။ ဒါကြောင့် ကျောင်းပြီးတော့ အသက်မွေးပညာပြောင်းတဲ့အခါအရမ်းလွယ်ကူသွားသလို အချိန်တွေ အများကြီးချုံ့ပေးလိုက်နိုင်တယ်။ ၂၀၁၃ ဂျန်နဝါရီတစ်ရက်မှာ Roche Pharmaceuticals မှာ အလုပ်စဝင်တယ်။ တစ်နေ့ ဝန်ထမ်းလုပ်နေရာက အလုပ်ထွက်ခဲ့သည်ရှိသော်ကိုစဥ်းစားမိတယ်။ အလုပ်ချိန်ပြင်ပမှာ MBA တက်တယ်။ဖုန်းဆော့ဝဲလုပ်ပေးတယ်။ Part-time စာသင်တယ်။ ၂၀၁၄ မတ်လမှာ ဖုန်းဆိုင်စဖွင့်ဖြစ်တယ်။ တစ်နှစ်လောက်အချိန်ပေးကိုယ်မပါပဲ

ဘဝမှာ လိုချင်တာလုပ်မရတိုင်း
“နှစ်လမ်းသွားမဟာဗျူဟာ” သုံးကြည့်တယ်။
Read More »

ဘဝမှာ ခပ်ကြီးကြီး
တစ်ခါပဲအောင်မြင်ဖို့လိုတယ်။

ဘဝမှာ ခပ်ကြီးကြီးတစ်ခါပဲအောင်မြင်ဖို့လိုတယ်။ အောင်မြင်တယ်ဆိုတာ ကြိုတင်ပြင်ဆင်မှုနဲ့ အခွင့်အလမ်းလှိုင်းလုံးနဲ့ချိပ်ဆက်မိတာ။ ဒီ Timing အချိန်ကိုက်ဖြစ်ဖို့လူတိုင်းပြင်ဆင်နေကြတယ်။ ကြိုးစားတိုင်းအောင်မြင်တာတော့မဟုတ်ဘူး။ကြိုးစားမှုနဲ့ အခွင့်အလမ်းအချိန်ကိုက်ဖြစ်တာကလူတွေကို နောက်တစ်ဆင့်တိုးတက်သွားစေတာ။ တချို့က ကံကောင်းပြီး အချိန်ကိုက်ဖြစ်သွားတာရာခိုင်နှုန်းတစ်ခုရှိတယ်။အချိန်တော်တော် များများ အချိန်ကိုက်ဖြစ်ချင်ရင်တွက်ချက်ရတာမျိုးလုပ်ရတယ်လို့ထင်တယ်။ ကြိုးစားတိုင်းမရဘူး။တွက်ချက်ပြီး ကြိုးစားရတယ်လို့ယူဆတယ်။ Phyo Paing @ Derek

ဘဝမှာ ခပ်ကြီးကြီး
တစ်ခါပဲအောင်မြင်ဖို့လိုတယ်။
Read More »

ရုန်းကန်တာ ထုံးစံပါပဲ။

လူတိုင်းက ရုန်းကန်ရမှာပဲ။ဘာအလုပ် လုပ်မယ်။ဘယ်သူတွေနဲ့လုပ်မယ်။ဘာပြဿနာဖြေရှင်းမယ်။ဘယ်မှာနေမယ်။ ရုန်းကန်ရမှာပဲ။ဘဝရဲ့ ကိုယ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှု ကြားမှာ ပျော်အောင်၊နေတတ်အောင်နေရမှာပဲ။လောကီ၊ လောကုတ္တရာလွတ်မြောက်ဖို့ရုန်းကန်တာ ထုံးစံပါပဲ။ Phyo Paing @ Derek

ရုန်းကန်တာ ထုံးစံပါပဲ။ Read More »

နေ့ရက်တိုင်းက ရင်ခုန်စရာပဲ။

နေ့စဥ်ရင်ခုန်ဖို့ကောင်းတာ မနက်ဖြန်ဖြစ်လာတဲ့ ကိုယ်ပဲ။ ကိုယ်လုပ်ချင်တဲ့ အလုပ်လေးလုပ်ဖို့ခြောက်နှစ်၊ ခုနှစ်နှစ်လောက်သည်းခံစောင့်ဆိုင်းရင်း ကြိုးစားပြင်ဆင်ခဲ့ဖူးတယ်။ဘဝမှာ သည်းမခံနိုင်တဲ့အရာတွေကိုအပြုံးအမပျက် ရင်ဆိုင်ပြီးဖြတ်ကျော်ခဲ့ဖူးတယ်။ ဘဝမှာ လစဥ်အတိုးတွေပေးဖို့အလုပ်တွေ လုပ်ခဲ့ဖူးတယ်။ တစ်လတစ်လ အရမ်းကျေအောင်ရုန်းကန်ကြိုးစားခဲ့ဖူးတယ်။ ကတိမတည်တဲ့လူတွေကြောင့်လူတွေအကြောင်းနားလည်ခဲ့ဖူးတယ်။ကိုယ်အထောက်အပံ့ပေးသလို ဖြစ်စေချင်သလို ဖြစ်မလာတဲ့အတွက်လူတွေကို စိတ်ကုန်ခဲ့ဖူးတယ်။ သံကြိုးကြီးခြေထောက်မှာတပ်ပြီးရှေ့ကိုပြေးပေမည့် ခရီးမတွင်တဲ့အချစ်ရေးမှာ ဆယ်စုနှစ်ဝက်နီးပါးဖြတ်သန်းခဲ့ဖူးတယ်။ ဘဝကို စိတ်ကုန်လို့ ဖြစ်သလိုနေရင်းနေသလိုဖြစ် ပေါင် ၁၉၀ ကျော် ၂၀၀ နီးပါးနဲ့ဘဝကြီးဖြစ်ခဲ့ဖူးတယ်။ ဘဝရဲ့သင်ခန်းစာတွေကို ကျေညက်လာတဲ့အခါဘာက အဓိက ဘယ်အရာက သာမညလဲ နားလည်လာတယ်။ အမြင်တွေမှန်လာတဲ့အခါအမှန်တွေ မြင်လာတယ်။ ဘဝအတွက်ထားရမည့် အမြင်တွေရှင်းလာတယ်။ကျန်းမာကြံ့ခိုင်ရေး တစ်။အလုပ်၊ စီးပွားနဲ့ ငွေကြေးနှစ်။ အချစ်နဲ့မိသားစု သုံး။ စိတ်ငြိမ်းချမ်းမှု လေး။ အပေါင်းအသင်းရောင်းရင်း ငါး။ ဘဝရဲ့ သင်ခန်းစာတွေလေ့လာရင်း မနက်ဖြန်ဖြစ်လာတဲ့ ကိုယ်က ရင်ခုန်ဖို့ကောင်းတယ်။ဒီနေ့ဖြစ်နေတဲ့ ကိုယ်အတွက်အတိတ်က အားထုတ်မှုတွေအတွက်ကျေးဇူးတင်မိတယ်။

နေ့ရက်တိုင်းက ရင်ခုန်စရာပဲ။ Read More »

“လေ့လာအဖြေရှာ”

ဒုက္ခကြုံတိုင်း၊ လမ်းသစ်ရှာတိုင်းလုပ်ဆောင်လို့ရတာ “လေ့လာအဖြေရှာ”တာပဲ။ လူသစ်တွေနဲ့တွေ့၊စာအုပ်တွေဖတ်၊ သတင်းအချက်အလက်ရှာဖွေ၊သင်တန်းတွေတက်၊ ခရီးတွေသွား၊ ကျွမ်းကျင်မှုအသစ်တွေသင်၊ ပညာရပ်အသစ်တွေ လေ့လာ၊ကိုယ်တိုင်စမ်းသပ်ကြည့်။ ဒီလိုလုပ်နိုင်ဖို့ ဘဝမှာ ငွေကြေးစီမံတဲ့အဆင့် ငါးဆင့်လိုတယ်။ငါးနှစ်၊ ဆယ်နှစ်လောက်အချိန်ပေးပြီးဒီအဆင့် ငါးဆင့်ကို တည်ဆောက်ကြည့်။ ၁။ နောက်နှစ် သုံးလေးငါးဆယ်အတွက်ရင်းနှီးမြုပ်နှံထားမှု။ Retirement fund၂။ ပြဿနာတစ်ခုခုဖြစ် အရင်လိုသုံးဖို့ငွေEmergency fund ၃။ လစဥ်ဝင်ငွေရှာပေးနေတဲ့ရင်းနှီးမြုပ်နှံမှု Fund for monthly Cash flow ၄။ အဆောင်ထားဖို့ငွေEnergy fund ၅။ လစဥ်အသုံးငွေ Monthly income/ expense budget ကျန်မာရေး၊အလုပ်နဲ့ စီးပွား၊ ငွေကြေးပိုင်ဆိုင်မှု၊ အချစ်နဲ့ မိသားစု၊ စိတ်အေးချမ်းမှုဒါတွေအဆင့်လိုက်လာတယ်။ ဘဝမှာ ကိုယ့်ကိုယ်ကိုယ်မကယ်တင်ရင်လာကယ်တင်မည့်သူ မရှိသလောက်ရှားတယ်။ Phyo Paing @ Derek

“လေ့လာအဖြေရှာ” Read More »

ဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့။

အနာဂတ်မရှိတဲ့ သူတွေနဲ့ မပေါင်းနဲ့။အနာဂတ်မရှိတဲ့ အလုပ်မလုပ်နဲ့။အနာဂတ်မရှိတဲ့နေရာ မနေနဲ့။ဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့။ Phyo Paing @ Derek

ဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့။ Read More »

ဘဝမှာ လမ်းနဲ့ ပတ်သက်တဲ့
relationship နှစ်မျိုးရှိတယ်။

ပထမတစ်ခုက“လမ်းဖောက်”တာ။ဒုတိယတစ်ခုက“လမ်းလျှောက်”တာ။ “လမ်းပျောက်”တယ်ဆိုတာ“လမ်းဖောက်”ဖို့လိုလို့။ ဆယ်တန်းကျောင်းပြီးတဲ့အချိန်၊ဘွဲ့ရတဲ့အချိန်၊ အလုပ်ကထွက်လိုက်တဲ့အချိန်၊ကိုယ်တိုင်လုပ်ငန်းစရတဲ့အချိန်၊နိုင်ငံရေး၊ စီးပွါးရေးကမောက်ကမဖြစ်တဲ့အချိန်၊ဒါက လမ်းသစ်ဖောက်ရမည့်အချိန်တွေပဲ။ Phyo Paing @ Derek

ဘဝမှာ လမ်းနဲ့ ပတ်သက်တဲ့
relationship နှစ်မျိုးရှိတယ်။
Read More »

ကိုယ်ယူဆတဲ့ အယူအဆတစ်ခု

ကိုယ့်ဘဝအပြောင်းအလဲဖြစ်ဖို့အိုင်ဒီယာသစ်တစ်ခု၊ အချိတ်အဆက်တစ်ခု၊ အကူညီတစ်ခု၊ သတင်းအချက်အလက်တစ်ခု၊ တွေးခေါ်တဲ့အမြင်ပုံစံတစ်ခု အပြောင်းအလဲပဲလိုနိုင်တယ်။ အဲ့ဒီတစ်ခု ဆိုတဲ့အရာကမှန်ကန်ပြီး တကယ်လိုက်လုပ်ရင်တစ်ဆင့်တစ်ဆင့် အပြောင်းအလဲဖြစ်သွားမယ်။ ကမ္ဘာပေါ်မှာ လူအများစုက မပျော်ဘူး။ကမ္ဘာပေါ်က တချို့နေရာကလူအများစုရဲ့ခန္ဓာကိုယ်ပုံစံ ကြံ့ခိုင်မနေဘူး။ကမ္ဘာပေါ်မှာ တချို့နေရာကလူအများစု ကိုယ့်ဘဝကိုကိုယ်စိတ်တိုင်းကျမနေဘူး။ သေချာတာ လူအများစုနောက်လိုက်နေလို့ မရဘူး။ လူအများစုနောက်လိုက်ရင်လူအများစုလိုပဲဖြစ်ဖို့များနိုင်တယ်။ ဒါကတော့ ကိုယ်ယူဆတဲ့အယူအဆတစ်ခုပဲ။ ကိုယ့်အတွက်တော့ မှန်တယ်။တခြားသူအတွက်တော့ မှန်ချင်မှမှန်မယ်။ Phyo Paing @ Derek

ကိုယ်ယူဆတဲ့ အယူအဆတစ်ခု Read More »