လူတွေကို မွဲစေတာ
အတွေးအခေါ်။
လူတွေကို ဒုက္ခရောက်စေတာအတွေးအခေါ်။ဒါကြောင့် ဗုဒ္ဓကသမ္မာဒိဋ္ဌိ မှန်သော အယူအမြင်ရှိဖို့လိုတယ်လို့ ဟောကြားခဲ့တယ်။ Phyo Paing @ Derek
လူတွေကို ဒုက္ခရောက်စေတာအတွေးအခေါ်။ဒါကြောင့် ဗုဒ္ဓကသမ္မာဒိဋ္ဌိ မှန်သော အယူအမြင်ရှိဖို့လိုတယ်လို့ ဟောကြားခဲ့တယ်။ Phyo Paing @ Derek
ဆယ်စုနှစ်တစ်ခုလောက်စိတ်ရှည်ရှည်အချိန်ပေးဖို့လိုနိုင်တယ်။ စိတ်ရှည်၊ သည်းခံ၊ လေ့လာရန်လိုတယ်။Year 1 နဲ့ Year 10 ပထမနှစ်နဲ့ နောက်ဆယ်နှစ် တူမှာမဟုတ်ဘူး။ ကျွန်တော်ကတော့ နေ့ရက်တိုင်းကို Iterative Process တွေလိုစဥ်းစားတယ်။ လတိုင်းကိုလဲ အလားတူပဲ။ ရှေ့ဆက်သွားမည့် မနက်ဖြန်တွေအတွက်နေ့ရက်တိုင်းက သင်ပေးလိုက်တဲ့ သင်ခန်းစာယူတယ်။ မဖြစ်သေးတဲ့ ပြဿနာတွေကို ကြိုတင်အဖြေရှာကြည့်မိတယ်။ လတိုင်းမှာလဲ အသစ်တွေသင်ယူဖို့လုပ်ကြည့်တယ်။နောက် ၂၀၃၄ မှာ အသက်ရှင်ကြအုံးမယ်ဆိုရင်ဘယ်လိုပုံစံနဲ့ ပြန်တွေ့ကြမလဲ ရင်ခုန်ဖို့ သိပ်ကောင်းတယ်။ Phyo Paing @ Derek
ဘဝကို သုံးလေးငါးနှစ်နဲ့
တည်ဆောက်လို့ ဘယ်လွယ်မလဲ။ Read More »
လူတွေခေါင်းထဲထည့်ထားတဲ့အတွေးအခေါ်မတူရင်လောကအမြင်မတူဘူး။ ဒီအတွေးအခေါ်တွေက နှစ်ပေါင်းများစွာ အသွေးအသားထဲစီးဆင်းနေတဲ့ ဘိုးဘွားဘီဘင်တွေရဲ့ဒီအန်အေကတွေ လာတာဖြစ်နိုင်တယ်။ဒီအတွေးအခေါ်ယုံကြည်မှုဟာ လူအမျိုးအလိုက်ကွာနိုင်တယ်။ နောက်နေထိုင်တဲ့နေရာတစ်ခုရဲ့ယဥ်ကျေးမှုပေါ်မူတည်ပြီးလဲကွာနိုင်တယ်။ နောက်ကိုးကွယ်ယုံကြည်မှု ဘာသာတရာကို “အဓိပ္ပာယ်”ဖွင့်ဆိုမှုပုံစံပေါ်မှာ မူတည်ပြီးလဲကွာနိုင်တယ်။ ပညာရေးပေါ်မူတည်ပြီးလဲကွာနိုင်တယ်။အဓိကအသုံးပြု လေ့လာဖတ်ရှုတဲ့ဘာသာစကားပေါ်မူတည်ပြီးလဲကွာနိုင်တယ်။ ကိုယ်ရည်ကိုယ်သွေးပေါ်မူတည်ပြီးလဲကွာနိုင်တယ်။လူတွေကြားထဲ ရှင်သန်ဖို့ကြိုးစားတဲ့အခါနေရာတစ်ခုရဖို့ အသုံးပြုတဲ့ မဟာဗျူဟာcoping mechanism ပေါ်မူတည်ပြီးလဲကွာနိုင်တယ်။ ဖတ်တဲ့စာ၊ လေးစားအားကျတဲ့သူတွေပေါ်မူတည်ပြီးလဲကွာနိုင်တယ်။ အလုပ်အကိုင်ပေါ်မှာလဲ မူတည်တယ်။ ခေါင်းထဲထည့်ထားတဲ့ အတွေးအခေါ်၊ယုံကြည်မှုနဲ့ အတွေ့အကြုံပေါ်မူတည်ပြီးလောကအမြင်တွေ မတူကြဘူး။လောကကို အဓိပ္ပာယ်ဖွင့်ပုံတွေ မတူကြဘူး။ Phyo Paing @ Derek
၁။ မလောနဲ့။ တချို့ ကိုယ်နဲ့အမြင်မတူလို့ရတယ်။ခံယူချက်မတူတဲ့သူတွေနဲ့ ကုမ္ပဏီတစ်ခုတည်းအလုပ်လုပ်တဲ့အခါလွယ်နေတာ ရှုပ်သွားတတ်တယ်။ဒါကြောင့် လုပ်ငန်းအလုပ်ခန့်မယ်ဆို ခံယူချက်တူတဲ့သူရှာ။ ၂။ အလွယ်တကူ မရောနဲ့။ စေတနာ ဝေဒနာဖြစ်တတ်တယ်။ပေးပဲပေးနေရင် တခါတလေ ငပေါကြီးဖြစ် တန်ဖိုးမထားတာခံရတတ်တယ်။ ကိုယ်က အခါ ၁၀ ခါ ကူညီပြီးသူများ ၁ ခါ ကူညီတာကို တခြားကို ကျေးဇူးတင်မဆုံးဖြစ်တာကြုံဖူးလိမ့်မယ်။ ၃။ မပေါနဲ့။ မလောနဲ့။ မရောနဲ့။ မပေါနဲ့။ Phyo Paing @ Derek
ရထားပြီး မလိုချင်ရင်လဲလေးလံမှုဖြစ်တယ်။ ရထားပြီး ရှုံးဆုံးမှာကြောက်ရင်ပူပန်မှုဖြစ်တယ်။ မဖြစ်သေးတဲ့အနာဂတ်ကိုတွေးပြီးကိုယ့်ကိုယ်ကို အပြစ်မပေးနဲ့။ ပြီးသွားတဲ့ အတိတ်ကိုပြင်ဆင်ဖို့ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်နဲ့။ ဘဝမှာ ရလိုက်တာ သင်ခန်းစာတွေပဲ။ သင်ခန်းစာတွေက အနာဂတ် အမြင်ခမ်းတာ၊ အမြင်ကန်းတာကို ကာကွယ်ပေးနိုင်တယ်။ အကောင်းဆုံးတည်ဆောက်ထားတဲ့ဘဝရဲ့ “အိမ်”က ကိုယ်ပဲ။ လုပ်သမျှ၊ ကြံသမျှ၊ တွေးသမျှကဒီအိမ်ကြီး ပိုကောင်းအောင်တည်ဆောက်နိုင်ဖို့ပဲ။ ကျက်သရေရှိရှိ အသက်ကြီးသွားဖို့အရေးကြီးတယ်။ Phyo Paing @ Derek
ဒီနေ့ခေတ်ကအလုပ်ချည်းပဲ ဇွတ်လုပ်နေလို့မရဘူး။အခြေနေလေးကြည့်။နည်းလမ်းသစ်လေးရှာလိုက်။လုပ်လိုက်။ဒီနေ့ခေတ် လမ်းတွေကကွေ့ကောက်တယ်။တချို့အရာတွေကလူတိုင်းလုပ်တာ လိုက်လုပ်စရာ မလိုဘူး။ Phyo Paing @ Derek
လူတိုင်းက တစ်ရက်တစ်ရက်အတွေးပေါင်းများစွာတွေးနေတယ်။အတွေးပေါင်း တစ်သောင်းခြောက်ထောင်ကြားဖူးလိမ့်မယ်။ ဒီအတွေးတွေက “အား” မဖြစ်စေရင်၊ဘဝကို အရသာ “ခါး” စေနိုင်တယ်။ တခါတလေ အလုပ်လုပ်လို့ ပင်ပန်းတာထက်အတွေးကြောင့် ပင်ပန်းတာ ပိုများတယ်။ အတွေးကြောင့် စိတ်ထောင်း၊စိတ်ထောင်းတော့ ကိုယ်ကြေဖြစ်တတ်တယ်။ အတွေးကို စီမံခန့်ခွဲနိုင်ဖို့ အတွေးကို supervise ကြီးကြပ်နိုင်ဖို့လိုတယ်။အတွေးကို သင်ကြားထိန်းကြောင်း train လုပ်ပေးဖို့လိုတယ်။အတွေးကို နေ့စဥ်ကောင်းအောင် လေ့ကျင့် practice လုပ်ဖို့လိုတယ်။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek
ရည်မှန်းချက်ရွေးချယ်မှု ကြိုးစားအားထုတ်မှုပြန်လည်ချိန်ဆပြင်ဆင်မှု။ ဒီလေးခုမှာ ကိုယ်ယုံကြည်ထားတာတစ်ခုက“ပျော်ရာမှာထက် တော်ရာမှာနေ”။ ကိုယ်ရည်မှန်းချက်ကို အမြန်ဆုံး၊အကောင်းဆုံး၊ အလွယ်ကူဆုံးအကောင်အထည်ဖော်ပေးနိုင်တဲ့နေရာမှာ နေဖို့လိုတယ်လို့ထင်တယ်။ ဘဝမှာ အချိန်တွေကုန်တာအရမ်းမြန်တယ်။ ဒီလိုပဲ အသက်တွေက ကြီးသွားတယ်။ ကိုယ့်အချိန်ကိုယ်ဖြုန်းနေတာကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့အတူတူပဲလို့ ယူဆထားတယ်။ ဘဝရဲ့ ပေးထားချက်ပေါ်မူတည်ပြီးပြဿနာတွေရဲ့ မေးထားချက်ကိုဖြေရှင်းသွားနိုင်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek
လောကမှာကိုယ့်ထက် ဒီနေ့မှာရှေ့ပိုရောက်နေတဲ့သူတွေနယ်ပယ်တစ်ခုမဟုတ်တစ်ခုမှာ တွေ့ရနိုင်တယ်။ အပြင်ကို ကြည့်ပြီးပဲနှိုင်းယှဥ်ပြီး စိတ်မညစ်လိုက်နဲ့။ ကိုယ့်ဘဝရဲ့ စိတ်အတွင်းပိုင်းကိုကြည့်။ကိုယ့်ဘဝက ဘာဖြစ်ချင်သလဲ။အပြင်လောက ပယောဂမပါပဲအပြင်က noise ဆူညံသံမပါပဲနှလုံးသားထဲကအသံ voice ကို ပြန်နားထောင်ကြည့်။ အဖြေရလိမ့်မယ်။ဒီအသံအတိုင်းသွားရင် ပျော်လိမ့်မယ်။ Phyo Paing @ Derek
ရှင်းပြ ပါရစေ။ တချို့က စာဖတ်ရင် တစ်အုပ်ထဲကိုပဲအထပ်ထပ် အခါခါ ဖတ်။ဒီလို အယူအဆရှိတယ်။တချို့က စာအုပ်ကိုမဖတ်နဲ့။လူတချို့ကိုပဲ လေ့လာ။တချို့က စိတ်ဝင်စားတာကိုပဲဖတ်။တချို့က ဖတ်လေ ကောင်းလေ။ ဘယ်လိုပဲ လုပ်လုပ်ပါ။ အားလုံးကကောင်းတယ်။ လူတိုင်းက ကိုယ်လုပ်နိုင်တာကိုယ်နဲ့ ကိုက်တာကိုအကြံပေးကြတယ်။ စာဖတ်တာက စာဖတ်တာတင်မဟုတ်ဘူး။ စိတ်ညစ်နေရင် စာဖတ်လို့မရဘူး။အာရုံတွေ ထွေပြားနေရင်လဲစာဖတ်လို့ မလွယ်ပြန်ဘူး။ စိတ်ညစ်နေရင်လဲ စိတ်မပါရင်စာဖတ်လို့ အဆင်မပြေပြန်ဘူး။ စာဖတ်တယ်ဆိုတာ ၁။ သိချင်တဲ့ အကြောင်းအရာကိုလေ့လာတာ၂။ အဖြေရှာတာ၃။ စိတ်ကို လေ့ကျင့်တာ ခန္ဓာကိုယ်အတွက် အားကစားလုပ်ရသလို၊စိတ်အတွက် အားကစားလဲလုပ်ရတယ်။ ဘာဖတ်ရမှန်းမသိရင် အရောင်းရဆုံး best-seller တွေဖတ်။ ကိုယ့်နယ်ပယ်မှာ အောင်မြင်တဲ့သူတွေပြောတဲ့စာအုပ်တွေ ဖတ်။သူတို့ပြောတာ ဖတ်လို့လဲ ကိုယ်က အလင်းပွင့်ချင်မှ ပွင့်မှာ။ကိုယ့်ရှိနေတဲ့ နေရာ၊ရောက်နေတဲ့ လယ်ဗယ်အလိုက်ပဲ မြင်နိုင်မှာ။ အလယ်တန်းကလေးကို PhD အဆင့်