Dr. Phyo Paing

https://yec.company

အဲ့အယူအဆပဲထားတယ်။

ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးတွေနဲ့ထိုက်တန်တယ်လို့ ယုံကြည်ထားဖို့လိုတယ်။ခေါင်းထဲမှာ ယုံကြည်တဲ့အတိုင်းအပြင်လောက ဖြစ်လာတာပဲ။ ကိုယ်ကတော့ အဲ့အယူအဆပဲထားတယ်။ ကိုယ့်မိသားစု၊ ဝန်ထမ်း၊ client နဲ့ စီးပွားရေးပါတနာအကောင်းဆုံးကို အကောင်းဆုံးပေးသလို ကိုယ်ကလဲ အကောင်းသူတွေhigh quality people နဲ့ပဲထိုက်တန်တယ်လို့အကြွင်းမဲ့ယုံကြည်ထားတယ်။ Phyo Paing @ Derek

အဲ့အယူအဆပဲထားတယ်။ Read More »

ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့
ဥာဏ်ပညာလိုတယ်။

ဆင်တွေက လူထက်အင်အားပိုကြီးတယ်။မြင်းတွေက အပြေးပိုမြန်တယ်။လူတွေက တိရစ္ဆာန်တွေကြားမှာ ဥာဏ်ပိုကောင်းတယ်။ ဥာဏ်ဆိုတဲ့နေရာမှာ ပြဿနာအဖြေရှာနိုင်စွမ်း။ပြဿနာအဖြေရှာတဲ့နေရာမှာ တွက်ချက်မှုကစလို့၊ ပြောဆိုပေါင်းသင်းမှု၊ ပူးတွဲအလုပ်လုပ်ဆောင်နိုင်မှု၊ ပြန်လည်ဆန်းစစ်ပြီးအနာဂတ်ကို ကြိုတင်စီမံနိုင်မှုတွေပါဝင်တယ်။ ဒီဥာဏ်ကို အသုံးပိုပြုနိုင်အောင်ဘိုးဘေးဘီဘင်ကတဆင့်အသိပညာတွေကို လက်ဆင့်ကမ်းခဲ့ကြတယ်။ဒါတွေကို စာအုပ်အနေနဲ့ရေးခဲ့ကြတယ်။ဒါကို စနစ်တကျပြန်သင်ပေးဖို့ကျောင်းတွေ ဖွင့်ကြတယ်။တက္ကသိုလ်တွေ ဖြစ်လာတယ်။ လိုချင်တာရဖို့ ပြဿနာဖြေရှင်းဖို့လိုတယ်။ ဥာဏ်ဆိုတာ ပြဿနာဖြေရှင်းဖို့။ ဥာဏ်ကို တိုးတက်ဖို့ ပညာသင်တယ်။ ကမ္ဘာကြီးကို မပြောင်းလဲနိုင်ရင်တောင်ကိုယ့်ရပ်ကိုယ့်ရွာကို မပြောင်းလဲနိုင်ရင်တောင်ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့ ဥာဏ်ပညာလိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့
ဥာဏ်ပညာလိုတယ်။
Read More »

လမ်းစဥ်လိုတယ်။

ကိုယ်ပိုင်ချမှတ်ထားတဲ့လမ်းစဥ်က “လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲပါ။”“နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေပါနဲ့။”“ဘူကောင်တွေကိုရှောင်။”“ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ပါ။”“အိပ်နေလဲငွေဝင်နိုင်တဲ့ လုပ်ငန်းတည်ဆောက်ပါ။”“ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေ နေ့စဥ်လုပ်ပါ။”“လုပ်ရင်းသိသွားလိမ့်မယ်။”“အတွေးအခေါ်ဘေးချော်ရင် အရေးပေါ်ပြင်ဖို့လိုတယ်။”“မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။”“ဘဝမှာ အရေးအကြီးဆုံးက စိတ်ချမ်းသာဖို့။”“အတွေး၊ အကြံ၊ အလုပ်ကို ဂရုစိုက်။”“အရေးမပါတာတွေကို အရာမပေးနဲ့။”“အမြင်မတူရင် အမြင့်မတူနိုင်ဘူး။”“ဘဝဆိုတာ စမ်းသပ်မှုတွေလုပ်တဲ့နေရာတစ်ခုပဲ။”“ကိုယ်ထိန်းချုပ်နိုင်တဲ့ ၂၄ နာရီပဲ။ ဒါကိုဂရုစိုက်။”“ကိုယ့်ဘဝကို ကန့်သတ်ထားတာ ကိုယ်ပဲ။”“ကိုယ့်စိတ်ကိုပြောင်းနိုင်ရင် ကျန်တာလွယ်သွားပြီ။”“ခံယူချက်က ခံစားချက်ကိုကျော်နိုင်ဖို့လိုတယ်။” လမ်းမြင်ဖို့ လမ်းစဥ်လိုတယ်။မြန်မာလိုဆို လောကနီတိရှိတယ်။အင်္ဂလိပ်လိုဆို principle လို့ခေါ်ပြီးတရုတ်လိုဆို “道理” (Dàolǐ) သောက်လီလို့ခေါ်တယ်။ သူက လူတစ်ယောက်ရဲ့ ကမ္ဘာလောကကြီးကိုအဓိပ္ပာယ်ဖွင့်ဆိုမှုအပေါ် လွမ်းမိုးထားတယ်။ ဥပမာ လောကနီတိမှာဆို အတတ်နှင့်တူသော ဥစ္စာသည်မရှိ။ အတတ်ကိုခိုးသူတို့သည် မယူနိုင်ကုန်။သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖက်ရာ၏။ သူယုတ်တို့နှင့် ပေါင်းသင်းခြင်းကို စွန့်လော့။ ဒါကိုတော့ စတုရင်္ဂဗလ အမတ်ကြီးရေးခဲ့တယ်။ အနောက်တိုင်းမှာ ယုတ္တိကျကျစဥ်းစားတွေးတောတတ်ဖို့  Rationalism. လူတစ်ယောက်ရဲ့လွတ်လပ်မှု Individualism. ကျားမလိင်အင်္ဂါမရွေးတန်းတူ Equality. တရုတ်မှာတော့ ကိုယ့်မိဘဘိုးဘေးကိုစောင့်ရှောက်ဖို့

လမ်းစဥ်လိုတယ်။ Read More »

ခံယူချက်အရေးကြီးတယ်။

မတတ်ရင် သင်လို့ရတယ်။မသိရင် ဖတ်လို့ရတယ်။နားမလည်ရင် မေးလို့ရတယ်။မကျွမ်းကျင်ရင်လေ့ကျင့်လို့ရတယ်။မရှိရင် ရှာလို့ရတယ်။ မအောင်မြင်ရင် ပြင်လို့ရတယ်။ ဒီအတွေးအခေါ်က ကိုယ့်ဘိုးဘေးတွေရဲ့ဆိုဆုံးမမှုနဲ့ သူတို့ရဲ့လုပ်ဆောင်မှုတွေကိုကြည့်ပြီးသင်ယူလာခဲ့တာပဲ။ လူတစ်ယောက်ရဲ့ ခံယူချက်အရေးကြီးတယ်။ခံယူချက်ကောင်းမှ ခံစားချက်တွေရဲ့သားကောင်ဘဝကကျော်လွှားနိုင်မှာ။  Phyo Paing @ Derek

ခံယူချက်အရေးကြီးတယ်။ Read More »

ဗုဒ္ဓစကားနားထောင်ပါ။

နေ့တိုင်းဘဝကို အထာကျကျဖြတ်သန်းချင်ရင်ဗုဒ္ဓစကားနားထောင်ပါ။ လူတစ်ယောက်ရဲ့ အခြေခံအကျဆုံး ကျွမ်းကျင်မှုက “အာရုံ” စီမံခန့်ခွဲမှုပဲ။ စိတ်ဆိုတာ အဖြူထည်လေး။အာရုံထားတဲ့ နေရာကို စိတ်က ရောက်တယ်။စေတသိတ်တွေကခြယ်လှယ်တယ်။ အလိုမကျမှုတွေကို အာရုံစိုက်ရင်အားငယ်စိတ်တွေကို အာရုံစိုက်ရင်ကြောက်စိတ်တွေကို အာရုံစိုက်ရင်မတရားသဖြင့်ရယူလိုစိတ်တွေထားရင် လောဘ၊ ဒေါသ၊ မောဟ၊ သောကဒီစေတသိတ်တွေ လွမ်းမိုးပြီးနေ့စဥ်ဘဝက လောဘ၊ ဒေါသ၊ မောဟ၊ သောက၊ ဗျာပါဒ တွေများနေမယ်။ တခြားသူနဲ့နှိုင်းယှဉ်ပြီး စိတ်မကျေမချမ်းဖြစ်နေရင်သသင်္ခါရိကအုပ်စုဝင် စေတသိက်တွေလွမ်းမိုးပြီးစိတ်မရွင်မသာ ဖြစ်နေလိမ့်မယ်။ ကိုယ့်စိတ်ရဲ့အဖြစ်အပျက်တွေကို နေ့စဥ် ဂရုပြုရှုမယ်ဆိုရင်ဖြစ်ပြီးပျက်တဲ့ သဘောတရား။ ဒီရေလှိုင်းလို တက်လိုက်ကျလိုက်သဘောတရားကို သတိပြုမိလိမ့်မယ်။ သဗ္ဗစိတ္တသာဓာရဏစေတသိက် တွေလွမ်းမိုးလိမ့်မယ်။ Self-awareness ပိုရှိလာမယ်။ ဒါကြောင့်လဲ ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာသမ္မာသတိ မှန်သော အောက်မေ့ နှလုံးသွင်းမှု၊ သမ္မာသမာဓိ မှန်သော တည်ကြည် စူးစိုက်မှုရှိဖို့ဟောကြားခဲ့တာ။ ကိုယ့်ရဲ့အိပ်မက်တွေပေါ်အာရုံပြုမယ်။အတိတ်ရဲ့ဂုဏ်ယူစရာတွေပြန်စဥ်းစားပီတိဖြစ်မယ်။ဝီရိယထားပြီး အလုပ်လုပ်ကိုင်မယ်။ကိုယ့်အတွေးအကြံအလုပ်ကို သေချာဂရုပြုမယ်။ဒါဆို

ဗုဒ္ဓစကားနားထောင်ပါ။ Read More »

စီးပွားရေးဆိုတာ spiritual pursuit ပဲ။

စီးပွားရေးဆိုတာ spiritual pursuit ပဲ။ ပိုက်ဆံရှာတာတစ်ခုထက်ပိုတယ်။ အခြေခံပထမအဆင့်က ပိုက်ဆံရှာတယ်။ဒုတိယ အဆင့်က အဓိပ္ပာယ်ရှာတာ။ Money ပြီးရင် Meaning လာတယ်။ ကိုယ်လုပ်တဲ့လုပ်ငန်းက ကိုယ်ဖြစ်ချင်တာ၊ ဘဝနေထိုင်ချင်တဲ့ပုံစံ၊ ကိုယ့်ဘဝနေထိုင်မှုကိုအထောက်အပံ့ပြုပုံနဲ့လောကအကျိုးပြန်သယ်ပိုးချင်တဲ့ပုံအကုန်လုံး တစ်သားတည်းကျalignment  ဖြစ်မှပဲဘဝမှာ အလုပ်လုပ်နေရင်းနေပျော်မှာ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်သိဖို့လိုတယ်။ပြီးမှ စျေးကွက်ပြဿနာဖြေရှင်းတာဒုတိယအဆင့်။ စီးပွားရေးမှာ ကိုယ်လုပ်တဲ့လုပ်ငန်းအကြောင်းသေချာနားလည်ရင် အမြတ်ထွက်အောင်လုပ်ရတာသိပ်မခက်ပေမယ့်အလုပ်လုပ်နေရင်း ပျော်ဖို့ကဖြစ်ချင်တဲ့ဘဝပုံစံနဲ့ ဖြစ်နေတဲ့ဘဝပုံစံ ထပ်တူကျနေဖို့လိုတယ်။ဒီလိုဖြစ်ဖို့ကလဲ နှစ်ပေါင်းများစွာပြုစုပျိုးထောင်ပေးရတယ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

စီးပွားရေးဆိုတာ spiritual pursuit ပဲ။ Read More »

ပျော်ဖို့ပဲလိုတယ်။

ဘဝမှာ အရေးအကြီးဆုံးကပျော်ဖို့ပဲ။ တချို့က တခြားသူတွေကိုပေးဆပ်တာက ပျော်ရွင်မှုရတယ်။တချို့က လိုချင်တာရတဲ့အခါပျော်ရွင်မှုရတယ်။တချို့က ကိုယ်နေထိုင်ချင်တဲ့ဘဝနေထိုင်မှုရတဲ့အခါ ပျော်ရွင်တယ်။တချို့က လုပ်ချင်တာလုပ်နေရရင်ပျော်ရွင်တယ်။ တချို့က တိုးတက်နေရင်ပျော်တယ်။ ဘဝမှာ အရေးအကြီးဆုံးကသမာအာဇီဝကျကျအသက်မွေးပြီးပျော်ဖို့။ တခြားသူတွေလုပ်တာ လိုက်လုပ်စရာမလိုဘူး။ပျော်ဖို့ပဲလိုတယ်။ Phyo Paing @ Derek

ပျော်ဖို့ပဲလိုတယ်။ Read More »

လူတိုင်းနဲ့ မတူချင်ဘူး။

ဘဝမှာ မဖြစ်ချင်ဆုံးက တခြားသူနဲ့ ချွတ်စွပ်တူတာ။ အကြံဥာဏ်ကောင်းရဖို့ လေ့လာတာဖြစ်ကောင်းဖြစ်မယ်။ကိုယ့်ဘဝ ကိုယ်ပုံစံအတိုင်းပဲဖြတ်သန်းချင်တယ်။ ဘဝမှာ လူအများစုသတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ ကိုယ်နဲ့မတူသလို၊တွေးတဲ့ပုံတွေက ကိုယ်နဲ့တော်တော်လေး အံမဝင်ဂွင်မကျဖြစ်နေတယ်။ လူအများသွားတဲ့လမ်းမရွေးတော့ကြောင်တောင်တောင်ဖြစ်နေတယ်။ ဆယ်စုနှစ် နှစ်ခုကျော်တော့ကိုယ်ပုံစံနဲ့ ကိုယ် ဘဝဖြတ်သန်းလို့ရလာတယ်။ ကျွန်တော်ကတော့ ဘဝကြီးကို စမ်းသပ်တဲ့နေရာနဲ့ လူသားအတွေ့အကြုံ ယူကြနေရာလို့ထင်တယ်။ ရူးရူးမူးမူ ချစ်ဖူးတယ်။ဘဝပျက်မတတ်လဲ ကြေကွဲဖူးတယ်။စိတ်ဓာတ်လဲကျဖူးသလို စမာန်တွေလဲတက်ဖူးတယ်။ အရမျးလဲဝဖူးသလို ပြန်ပြီးလဲ ထိန်းဖူးတယ်။ ကိုယ့်ဘဝ ကိုယ့်စိတ်ကြိုက်နဲ့ကိုယ့် playbook အတိုင်းသွားပျော်နေဖို့ အရေးကြီးတယ်။ လူတိုင်းနဲ့ မတူချင်ဘူး။ လူတိုင်းနဲ့ မပြိုင်တော့ဘူး။ ကိုယ်ဖန်တီးထားတဲ့ ကစားကွက်၊ ကိုယ်ကစားနေတဲ့ ဂိမ်းကလူတွေနဲ့ မပြိုင်ဘဲနိုင်လို့ရတယ်လို့ယုံကြည်တယ်။ Phyo Paing @ Derek

လူတိုင်းနဲ့ မတူချင်ဘူး။ Read More »

လုပ်ငန်းစတင်တဲ့အခါ ဒီ ၇ ချက်လုပ်

၁။ ကိုယ့်ရဲ့အားသာချက်တွေချရေး၂။ ဖြေရှင်းချင်တဲ့စျေးကွက်ပြဿနာချရေး၃။ တခြားသူတွေ စျေးကွက်ပြဿနာဘယ်လိုဖြေရှင်းနေလဲချရေး၄။ ကိုယ်က မတူညီကွဲပြားအောင် ဘယ်လိုဖြေရှင်းပေးမလဲချရေး၅။ ကိုယ်ဖြေရှင်းပေးတဲ့ပုံကို စျေးကွက်ကကြိုက်မကြိုက်သိအောင် ဘယ်လိုလုပ်မလဲချရေး၆။ သေချာပြီဆို ဒီထုတ်ကုန် စတင်ဖြန့်ချီဖို့ဘာတွေလိုအပ်မလဲချရေး၇။ တကယ်စတင်လုပ်ဆောင်။ စျေးကွက်ရလဒ်ပေါ်မူတည်ပြီး ပြောင်းလဲသွား။ Akyanpayကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

လုပ်ငန်းစတင်တဲ့အခါ ဒီ ၇ ချက်လုပ် Read More »