မဂ္ဂင်ရှစ်ပါးရဲ့ သမ္မာသမာဓိပဲ။
ကိုယ့်အာရုံကို အမှိုက်သရိုက်တွေပေါ်မစိုက်ဘဲ လျစ်လျူရှုနိုင်ပြီးကိုယ့်အလုပ်ပေါ်ကိုယ် အာရုံစိုက်နိုင်တာမဂ္ဂင်ရှစ်ပါးရဲ့ သမ္မာသမာဓိပဲ။ Phyo Paing @ Derek
ကိုယ့်အာရုံကို အမှိုက်သရိုက်တွေပေါ်မစိုက်ဘဲ လျစ်လျူရှုနိုင်ပြီးကိုယ့်အလုပ်ပေါ်ကိုယ် အာရုံစိုက်နိုင်တာမဂ္ဂင်ရှစ်ပါးရဲ့ သမ္မာသမာဓိပဲ။ Phyo Paing @ Derek
ဘယ်သူ့ကိုမဆို ရေရှည်အတွက် အဆင်မပြေရင်ဘဝထဲက ထုတ်ပစ်ဖို့ ဝန်မလေးဘူး။ ဒါကြောင့် တစ်ခုခုဆို ကိုယ့်အတွက်လဲ တန်ဖိုးမရှိအာရုံနောက်တာနဲ့ ပြန်ရတာ မကိုက်ရင်ဘဝထဲက ထုတ်လိုက်တယ်။ ကိုယ့်အတွက် တန်ဖိုးမရှိတဲ့သူတွေကို ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေမပေးလိုက်နဲ့။ ဘဝကို ယုတ္တိကျကျပဲစဥ်းစားဖြတ်သန်းတဲ့အချိန်ကစပြီးအရမ်းလွယ်ကူလာတယ်။ Phyo Paing @ Derek
သာမန်လူလိုမဖြစ်ချင်ရင်ကိုယ့်ရဲ့ တစ်ရက်တာကို သာမန်လူလို မဖြတ်သန်းနဲ့။ သာမန်လူအများစုက အဆင်ပြေရင် အဆင်ပြေတဲ့အတိုင်းနေတယ်။ရှိတာ အကုန်သုံးတယ်။ အနာဂတ်အတွက် ကြိုတင်တမင်တကာ စီမံတာနည်းတယ်။ ကျန်းမာ ကြံ့ခိုင်ရေး ဂရုမစိုက်ဘူး။အသိဥာဏ်ဖွံ့ဖြိုးတိုးတက်အောင်မလေ့လာ နေဘူး။ သာမန်ထက် စွမ်းဆောင်ရည်မြင့်တိုးတက်ချင်ရင် တစ်ရက်တာကို သေချာတည်ဆောက်။ ကိုယ့်အချိန်တွေကို အလဟသ မဖြုန်းနဲ့။ အသိဥာဏ်တိုးတက်အောင် တည်ဆောက်။ လူနဲ့ တိရစ္ဆာန်ကွာစေတာ အသိဥာဏ်ပဲ။ ကျန်းမာကြံ့ခိုင်ရေးကို ဂရုစိုက်။ မိတ္တဗလတည်ဆောက်။ အနာဂတ်အတွက် ကြိုပြင်။ Phyo Paing @ Derek
ပိုက်ဆံဘာလို့ရှာလဲဆိုပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စတွေကို ခေါင်း မကိုက်အောင်လို့။ ကိုယ့်အတွက် ဖြေရှင်းရမည့်ပြဿနာကပိုက်ဆံ မဖြစ်အောင် အလုပ်အကိုင်နဲ့ စီးပွားကို ရွေးရတာပေါ့။ မဟုတ်ရင် ကိုယ့်ဘဝရပ်တည်ဖို့ မလုပ်ချင်တဲ့အလုပ်ကိုလုပ်ကျန်တဲ့ အချိန်မှာ အိပ်မက်ကို တည်ဆောက်ဖို့ကျတော့အားအင် ကုန်ခမ်းနေပြီ။ ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စခေါင်းမခြောက်အောင်ငွေကို လွယ်လွယ်မဖြုန်းနဲ့။ နောက် ငွေကြောင့် ဘဝကိုပေးဆပ်တာမဖြစ်ရအောင်အချိန်မတန်ခင် ဇိမ်မခံနဲ့။ အဲ့လိုပဲ စဥ်းစားမိတယ်။ Phyo Paing @ Derek
ကိုယ်လုပ်ချင်တာလုပ်ပြီးပိုက်ဆံမရှာဘဲလာအောင်လုပ်လို့မရဘူးလား။ တခါတလေ တစ်ခုကို အကောင်အထည်ဖော်ပြီးကျန်တာတွေလုပ်စရာမလိုတော့တာမဟာဗျူဟာပဲ။ ပြိုင်ဖက်တွေထက်သာအောင်ဘာလုပ်ရမလဲ။ဒီမေးခွန်းအစားပြိုင်စရာမလိုတော့ဘဲနိုင်အောင် ဘယ်လိုလုပ်ရမလဲ။ ဒီမေးခွန်းက လိုချင်တာလဲရမယ်။မလိုချင်တာကိုလဲ ရှောင်ရှားနိုင်မယ်။ မဟာဗျူဟာမြောက်စဉ်းစားဖို့မြင်ကွင်းကျယ်ကျယ်ထားဖို့လိုတယ်။ မေးခွန်းကောင်းမေးတတ်ဖို့လိုတယ်။ Phyo Paing @ Derek
လိုချင်တာကို လွယ်လွယ်မရတဲ့ငယ်ဘဝကို ပိုင်ဆိုင်တာ ကောင်းတဲ့အချက်ပဲ။ လိုချင်တာ လွယ်လွယ်မရတဲ့အခါလိုချင်တာ ရဖို့ “ကြံတတ်၊ ဖန်တတ်” လာတယ်။ ဒီနေ့ခေတ်ကလေးတွေကခြေမွေးမီးမလောင် လက်မွေးမီးမလောင်လိုချင်တာ အကုန်အလွယ်တကူရခြင်းကအကောင်းဆုံးပြုစုပျိုးထောင်မှုမဟုတ်ဘူးလို့ထင်တယ်။ အန္တရာယ်ရေးရာပိုင်းလေ့လာတဲ့ ဆရာကြီးNassim Nicholas Taleb နဆင်းနီကိုးလပ်တဲလက်ကဥပမာ သုံးခုနဲ့ပြတယ်။ ဖိအားရှိတဲ့အခါ ကွဲတဲ့ပစ္စည်း။ ဥပမာ ဝိုင်ခွက်ဖိအားကြောင့် ဘာမှမဖြစ်တဲ့ပစ္စည်း။ ဥပမာ ရာဘာဘောဖိအားကြောင့် ပိုကောင်းလာနိုင်တဲ့အရာ။ ဥပမာ ကြွက်သား စနစ်တွေရဲ့ ပုံစံက မတူကြဘူး။ လူဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့ စနစ်တစ်ခုပဲ။လုပ်ငန်းဆိုတာ မတူညီတဲ့လုပ်ငန်းဆောင်တာနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ ဒီအဖွဲ့အစည်းတွေက အခက်အခဲအပြင်ကလာတဲ့ ပြဿနာတွေကို ကောင်းမွန်စွာတုန့်ပြန်နိုင်တဲ့အခါ“ကိုယ့်ကို မသေစေတဲ့အရာတွေကပိုသန်မာလာစေတယ်တဲ့။” ဒီ အိုင်ဒီယာကို antifragility လို့ခေါ်တယ်။ Fragile ဖြစ်တယ်ဆိုတာ ကျိုးပျက်လွယ်တာ။ အခုလို အသက်အရွယ်မှာ နိုင်ငံရေး၊ စီးပွားရေး ပြဿနာပေါင်းစုံကြုံတွေ့ရခြင်းကို ကျော်လွှားနိုင်ရင်နောက်
တခါတလေ ကိုယ့်ထက် ဝင်ငွေအရမ်းပိုကောင်းတဲ့သူတွေနဲ့တွေ့တဲ့အခါ ငါလုပ်နေတာ မှားများမှားနေပြီလားဒီလို စိတ်ဝင်တတ်တယ်။ အထူးသဖြင့်လုပ်ငန်းရှင်တွေ။ အမှန်တော့ ကိုယ့်ရဲ့အနာဂတ်အမြင်ကိုယုံကြည်ပြီးကိုယ်ရွေးချယ်တဲ့အလုပ်ကို ဆက်တိုက်လုပ်သွားရင်ရွေးချယ်မှုလဲမှန်ရင်နောက် ဆယ်နှစ်၊ ဆယ့်ငါးနှစ်ကိုယ်လဲ ဒီထက်မကမတိုးတက်သွားဘူးလို့ မပြောနိုင်ဘူး။ ကိုယ့်အနာဂတ်အမြင်ကိုယုံကြည်ဖို့လိုတယ်။ Phyo Paing @ Derek
ရောင်းတာဝယ်တာ တတ်တဲ့သူကအရောင်းအဝယ်နဲ့ ငွေရှာတယ်။လူကြောနပ်လွန်းတဲ့သူကအပေါင်းအသင်းနဲ့ ငွေရှာတယ်။ ချိပ်ဆက်တတ်သူက ပွဲစားလုပ် ငွေရှာတယ်။ အသစ်တွေ ဖန်တီးတတ်သူကဖန်တီးမှုနဲ့ ငွေရှာတယ်။ လူတိုင်းမှာ အရင်းအနှီးအတွေရှိတယ်။ ငွေကြေးအရင်းအနှီး။မိတ္တဗလအရင်းအနှီး။ဥာဏ အရင်းအနှီး။ ကိုယ်က ဘယ်အရင်းအနှီးတွေသုံးနေလဲ။ သုံးနေတဲ့ အရင်းအနှီးကို ပိုကြီးအောင်လုပ်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek
အချိန်ကိုပဲ မစီမံနဲ့။ စိတ်ကို စီမံ။ စိတ်ညစ်နေရင် အလုပ်ကောင်းကောင်းလုပ်ဖို့အလွယ်ဘူး။ စိတ်ရှုပ်နေရင်ရှင်းရှင်းလင်းလင်းတွေးတောဖို့မစွမ်းဆောင်နိုင်ဘူး။ စိတ်လေနေရင် အလုပ်စတင်ဖို့ မလွယ်ဘူး။ စိတ်ထောင်းကိုယ်ကျေဆိုတဲ့အတိုင်းစိတ်က အခရကျတယ်။ ဗုဒ္ဓက စိတ်ဆိုတာ “အာရုံကိုသိ” ခြင်းလို့ဆိုတယ်။ စိတ်ဆိုတဲ့ အဖြူထည်လေးမှာ စေတသိက်တွေလွမ်းမိုးခြယ်လည်တယ်။ ကောင်းမွန်တဲ့ စေတသိက်တွေလွမ်းမိုးဖို့အာရုံကို ကောင်းတဲ့နေရာမှာ စိတ်ထားနိုင်ဖို့လိုတယ်။ နေ့စဥ် ပျော်စရာ၊ရင်ခုန်စရာ၊ဂုဏ်ယူစရာ၊ မဖြစ်မနေလုပ်ဆောင်မည့်အရာ၊ကိုယ်နှစ်သက်ပျော်ရွင်တဲ့အလုပ်၊ကျေးဇူးတင်တဲ့အရာ၊ ကိုယ်မေတ္တာထားချစ်ရသူတွေ၊ချစ်ရတဲ့အရာတွေပေါ်အာရုံထားမေတ္တာပွားမျှဝေရင်စိတ်က ကောင်းနေမှာ။ အချိန်ပဲ မစီမံပါနဲ့။ စိတ်ကိုလဲ စီမံပါ။ စိတ်ကို စီမံဖို့အာရုံကို စီမံပါ။ နက်နဲတဲ့အလုပ်တွေလုပ်ဖို့ သမာဓိ အာရုံစူးစိုက်မှုလိုပါတယ်။ Phyo Paing @ Derek
ဒုက္ခနဲ့ best friend ဖြစ်လာတဲ့အခါ သုခအစားဒုက္ခရဲ့အရသာကလဲမဆိုးဘူးဆိုတာ နားလည်လာမယ်။ လိုချင်ပြီးမရတာ ဒုက္ခ။ရထားပြီးမလိုချင်တာလဲ ဒုက္ခ။ ဖြစ်ချင်ပြီး မဖြစ်တာ ဒုက္ခ။မဖြစ်ချင်ပဲ ဖြစ်တာ ဒုက္ခ။ လိုချင်ပြီး မရတဲ့အခါဖြစ်လာတဲ့ ဒေါသတွေ၊ လောဘတွေ၊ မောဟတွေနဲ့စိုးရိမ်သောက ဗျာပါဒတွေများတယ်။ ဘဝရဲ့ တိုးတက်ရေးဖြစ်စဥ်မှာ ဒုက္ခနဲ့ best friend အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ဖို့လိုတယ်။ လူတိုင်းက ပိုကောင်းတဲ့အနာဂတ်ကို လိုချင်တယ်။ အနာဂတ်ဆိုတာ မဖြစ်လာသေးဘူး။မဖြစ်လာသေးတာကို လိုချင်ပြီး မရသေးတဲ့အတွက်ဒေါသတွေ ဖြစ်နေတာစိတ်အလိုမကျဖြစ်နေတာဒုက္ခကို မကိုင်တွယ်တတ်လို့။ ဒုက္ခဆိုတာ ဘဝမှာ သဘာဝပဲ။ ဒုက္ခနဲ့ နေသားကျလာရင်စိတ်ထားတတ်လာမယ်။ စိတ်ထားတတ်လာရင် ဒုက္ခကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းတွေမြင်လာမယ်။ လုပ်ချင်တာ မလုပ်ရရင်ဒုက္ခ။မလုပ်ချင်တာ လုပ်ရရင်ဒုက္ခ။သွားချင်တဲ့နေရာမသွားရရင် ဒုက္ခ။မသွားချင်တဲ့နေရာ သွားရတာလဲဒုက္ခ။ ဒီဒုက္ခတွေနဲ့ best friend ဖြစ်လာရင်သူ့ကို ကိုင်တွယ်တတ်လာမယ်။ ဒုက္ခကို