Dr. Phyo Paing

https://yec.company

Earn + Learn + Fun ဖြစ်နေဖို့လိုနိုင်တယ်။

စီးပွားရေးဆိုတာ ရေရှည်ကစားရမည့်ဂိမ်းတစ်ခုပဲ။ လုပ်ငန်းရှင်တစ်ယောက်ကို သူနဲ့ သက်တမ်းအရှည်ဆုံးလုပ်ခဲ့တဲ့သူတွေကို မေးကြည့်။အဲ့လူတွေရဲ့ အရည်အချင်းကိုကြည့်။ဒါက လုပ်ငန်းရှင်ရောက်နေတဲ့အရည်အချင်းတစ်ခုဖြစ်နိုင်တယ်။ ဒီအရည်အချင်းက တိုးတက်အောင်လုပ်လို့ရတယ်။ ကိုယ်နဲ့အလုပ်လုပ်တဲ့သူတွေကိုယ်နဲ့ ကိုယ့်အဖွဲ့အစည်းသွားနေတဲ့အနာဂတ်အမြင်ကို ယုံကြည်ရင်သူတစ်ယောက်တည်းရေရှည်လုပ်တာထက်ကိုယ်လက်ရှိလုပ်နေတဲ့အဖွဲ့အစည်းမှာလုပ်ရင်ရေတိုမဟုတ်ရင်တောင် ရေရှည်ပို တော်၊ ပိုပျော်၊ ဝင်ငွေပိုပွား၊ ကိုယ်စေတနာရှိသူတွေကို ပိုပေးနိုင်မယ်ယုံကြည်ရင်ဒီအလုပ်မှာ လုပ်နေမှာပဲ။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ကိုယ့်အလုပ်ကလဲ ကိုယ့်လုပ်ငန်းအတွက် အခရာကျသူတွေEarn + Learn + Fun ဖြစ်နေဖို့လိုနိုင်တယ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

Earn + Learn + Fun ဖြစ်နေဖို့လိုနိုင်တယ်။ Read More »

ဘဝမှာ ရွေးချယ်မှုက
ကြိုးစားမှု မတိုင်ခင် အရင်လာတယ်။

တစ်ခုခုမလုပ်ခင် ကိုယ်ဘာလိုချင်တာလဲအမြဲတမ်းမေးကြည့်တယ်။ ဥပမာစာမေးပွဲအောင်ချင်ရင်စာမေးပွဲမေးနိုင်တဲ့ အရေးကြီးတဲ့အရာတွေ အရင်လေ့လာဖို့လိုသလိုပေါ့။ ဘာပြန်ရမလဲကြည့်ပြီးရင်ဒါရဖို့ “အခရာကျတဲ့ အလုပ်” တွေကိုရွေးချယ်လုပ်ဆောင်ဖို့ လိုတယ်။ ဘဝမှာ ရွေးချယ်မှုက ကြိုးစားမှု မတိုင်ခင် အရင်လာတယ်။ Phyo Paing @ Derek

ဘဝမှာ ရွေးချယ်မှုက
ကြိုးစားမှု မတိုင်ခင် အရင်လာတယ်။
Read More »

အရေးမပါတာကို
အရာမပေးဖို့လိုတယ်။

စဥ်းစားတာရှင်းတယ်။အရေးပါလား။ အရေးမပါလားခွဲတယ်။အရေးပါတာကို အာရုံစိုက်တယ်။ ကိုယ့်အတွက်အရေးပါတာ၁။ တော်စေ၂။ ပျော်စေ၃။ ငွေပိုပွားစေ၄။ ပိုပေးချင်တာကို ပေးချင်သူတွေကို ပေးစေဒီအလုပ်တွေက ကိုယ့်အတွက်အရေးပါတယ်။ ကိုယ့်ကို မတော်စေ။မပျော်စေ။ငွေမပွားစေ။ကိုယ်မပေးချင်တဲ့သူတွေကိုမျှဝေပေးနေရတာ အရေးမပါဘူး။ အရေးမပါတာကို အရာမပေးဖို့လိုတယ်။ ကိုယ့်အတွက် အရေးပါတဲ့အလုပ်ကိုလုပ်။အရေးပါတဲ့သူတွေနဲ့တွေ့။အရေးပါတဲ့ နေရာမှာနေ။အရေးပါတဲ့ အရာတွေကိုမျှဝေ။ Phyo Paing @ Derek

အရေးမပါတာကို
အရာမပေးဖို့လိုတယ်။
Read More »

ဘဝမှာ အချိန်အများကြီးမရဘူး။

ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်၊ တော်အောင်၊ ငွေများများကို သမာအာဇီဝရှာနိုင်အောင်၊မိသားစုကို ပြန်လည်ထောက်ပံ့နိုင်အောင်အရင်တည်ဆောက်။ ပြီးမှ ကျန်တာဆက်လုပ်။ အဲ့လိုပဲ စဥ်းစားတယ်။ ဘဝမှာ အချိန်အများကြီးမရဘူး။ Phyo Paing @ Derek

ဘဝမှာ အချိန်အများကြီးမရဘူး။ Read More »

တုံ့ပြန်မှု တွေကိုလေ့လာပါ။

တုံ့ပြန်မှုတွေရဲ့ တန်ဖိုးကို နားလည်ဖို့ လိုတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်မှုတွေရှိတယ်။ လုပ်ဆောင်ချက်တိုင်းမှာလဲတုံ့ပြန်မှုတွေရှိတယ်။ ဒီတုံ့ပြန်မှုတွေကိုသေချာအလေးပေးသင်ယူလေ့လာမယ်ဆို ဘဝအတွက် အကျိုးများစေတယ်။ ငယ်ငယ်ကိုယ့်အဖေ၊ အမေနဲ့စကားပြောတဲ့အခါဘယ်စကားပြောရင် ဘာဖြစ်မလဲ ဘယ်လိုတုံ့ပြန်မှုကိုရမလဲသေချာလေ့လာထားရင်လိုချင်တဲ့ တုံ့ပြန်မှုရဖို့ ဘယ်လို ပြောဆိုမှုလုပ်ရမယ်ဆိုတာ သိလာမယ်။ ဘဝထဲရောက်လာတော့ မတူတဲ့သူတွေကို မတူညီတဲ့ပုံစံတွေနဲ့ဆက်ဆံတဲ့အခါ မတူညီတဲ့ တုံ့ပြန်မှုတွေရတာသတိထားလေ့လာတဲ့အခါလူကြောနပ်တဲ့သူတစ်ယောက်ဖြစ်လာမယ်။ လုပ်နေကျအတိုင်းလုပ်နေပြီးမတူညီတဲ့ရလဒ်ကို မျှော်မှန်းနေတာ ရူးသွပ်မှုလို့ အိုင်စတိုင်းကဆိုခဲ့ဖူးတယ်။ ဒါကြောင့် တုံ့ပြန်မှု တွေကိုလေ့လာပါ။ လိုချင်တဲ့ တုံ့ပြန်မှုရဖို့ ကိုယ့်ရဲ့ အတွေး၊ အကြံ၊ အလုပ်ကိုအက်ဒိတ် update လုပ်စရာရှိ လုပ်ပါ။ Phyo Paing @ Derek

တုံ့ပြန်မှု တွေကိုလေ့လာပါ။ Read More »

အမူအကျင့်ကောင်းတွေ တည်ဆောက်ပါ။

ဆုတောင်းတာတွေ တကယ်ဖြစ်လာဖို့အမူအကျင့်ကောင်းတွေ တည်ဆောက်ပါ။ ဘာကြောင့်လဲဆိုတော့လူတိုင်းက ကိုယ့်အမူအကျင့်ရဲ့ရလဒ်ပါပဲ။ ကိုယ်တွေးတဲ့၊ ကြံစည်တဲ့၊ လုပ်ဆောင်နေကျအမူအကျင့်တွေရဲ့သားကောင်ပဲ။ ကိုယ်နေ့စဥ်မပျက်မကွက်လုပ်နေတဲ့အမူအကျင့်ကောင်းတွေရှိလားပြန်စဥ်းစားကြည့်ပါ။ ငယ်ငယ်က ကိုယ်သိထားတာတွေပြန်သင်ပေးတဲ့ သူတစ်ယောက်ဖြစ်ချင်တယ်။ အထူးသဖြင့် စီးပွားရေးနဲ့ မားကတ်တင်းပညာကိုပြန်သင်ပေးနိုင်ရင် တော်တော်လေး ကောင်းမယ်လို့ထင်တယ်။ ဒီလိုလုပ်ဖို့ နေ့စဥ်စာဖတ်၊ကိုယ်တိုင်ဆိုင်ဖွင့်ကြည့်၊လုပ်ငန်းတွေလုပ်ကြည့်၊နေ့တိုင်း အချိန်ပိုင်းစာသင်တဲ့အလုပ်ကိုလုပ်ဒီအမူအကျင့်ရဖို့ ကြိုးစားကြည့်တယ်။ အိပ်မက်တွေရှိပြီး အကောင်အထည်မဖော်နိုင်တာ အမူအကျင့်ကောင်း သေချာ မတည်ဆောက်လို့။ Phyo Paing @ Derek

အမူအကျင့်ကောင်းတွေ တည်ဆောက်ပါ။ Read More »

သုညကပြန်စရမယ်ဆိုရင်

၁။ ကိုယ့်ကိုယ်ပညာသင်ပေးမည့်နေရာမှာ စားဖို့သောက်ဖို့လောက်ရင်ကိုတစ်နှစ်လောက် အလုပ်လုပ်ပြီးလေ့လာမယ်။၂။ အတွေ့အကြုံ၊ အချိတ်အဆက်၊ ထပ်လုပ်လို့ရမည့်အိုင်ဒီယာတွေရှာမယ်။၃။ အလုပ်ချိန်ပြင်ပြမှာ နောက်အလုပ်တစ်ခု၊ နှစ်ခု ထပ်လုပ်မယ်။၄။ အလုပ်ချိန်ပြင်ပက အလုပ်ကကိုယ့်ကို အလွတ်တန်းပညာရှင်ဖြစ်အောင်လုပ်ပေးနိုင်တဲ့အရည်အချင်းရှိစေရမယ်။၅။ ပြင်ပက အလုပ်က ဝင်ငွေပိုရတဲ့အခါဒါကို အဓိကအလုပ်အဖြစ်ပြောင်းမယ်။ ၆။ ပထမအလုပ်ကရခဲ့တဲ့အတွေ့အကြုံအချိတ်အဆက်တွေကို ပြန်အသုံးပြုမယ်။ ၇။ အခုလုပ်နေတဲ့အလုပ် အခြေကျရင်အရင်လုပ်ခဲ့တဲ့အလုပ်ကို နည်းလမ်းအသစ်နဲ့ ပြန်ချဲ့မယ်။ ၂၀၁၃ မှာ ၁။ ဆေးကုမ္ပဏီမှာလုပ်တယ်။၂။ ဒုတိယအလုပ်က တစ်နာရီ ၆ ထောင်နဲ့စီးပွားရေး၊ မားကတ်တင်းနဲ့ မဟာဗျူဟာအပိုင်းယူကေ ဒီပလိုမာအတွက်သင်ပေးတယ်။ ၃။ အပြင်မှာ software တွေ တစ်နိုင်တစ်ပိုင်လုပ်ပေးတယ်။ Software တွေလုပ်ပေးတဲ့ဝင်ငွေကဆေးကုမ္ပဏီလုပ်တဲ့ဝင်ငွေထက်ကျော်သွားတော့အလုပ်ထွက်လိုက်တယ်။ဆိုင်ဖွင့်တယ်။ Part-time စာသင်နေသေးတယ်။ တစ်နှစ်နေတော့ ဆိုင်က ကိုယ်မလိုဘဲထားခဲ့လို့ရတော့သင်တန်းကျောင်းစတယ်။ ၂၀၁၃ Jan က ၂၀၁၆ Jan ထိသုံးနှစ်လောက်တော့အချိန်ပေးရတယ်။

သုညကပြန်စရမယ်ဆိုရင် Read More »

ဘဝကို အထာကျကျ ဖြတ်သန်းနိုင်ဖို့လိုတယ်။

ဘဝမှာ ဘယ်သူမှမရှိလဲနေနိုင်အောင် ကိုယ့်ကိုယ်ကိုယ် train ထားဖို့လိုတယ်။ ကိုယ့်ကို ပျော်စေတဲ့အရာတွေကတစ်နေ့ကိုယ့်ကို ပြန်စိတ်ဆင်းရဲစေနိုင်တယ်။ ဒါကြောင့် တစ်ခုခုဆို စိတ်ချမ်းသာလို့ရတယ်။ပျော်လို့ရတယ်။စွဲလမ်းပြီး လွတ်ပျော်လို့မရဘူး။ စိတ်ဆင်းရဲတာလဲ အလားတူပဲ။ ဗုဒ္ဓက မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဥ်ကျင့်တဲ့။ မကြိုးစားနဲ့ လို့ဟောကြားခဲ့တာမဟုတ်ဘူး။ မဇ္ဈိမပဋိပဒါ ဖြစ်တဲ့လောဘအစွန်းနဲ့ ဒေါသအစွန်းရဲ့အလယ်မှာ ဘဝကို အထာကျကျ ဖြတ်သန်းနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝကို အထာကျကျ ဖြတ်သန်းနိုင်ဖို့လိုတယ်။ Read More »

ကိုယ်ရောက်နေတဲ့အဆင့် ကိုယ်သိဖို့လိုတယ်။

သိတာနဲ့ နားလည်တာ၊နားလည်တာနဲ့ သဘောပေါက်တာ၊သဘောပေါက်တာနဲ့ အသုံးချတတ်တာ၊အသုံးချတတ်တာနဲ့ ဖန်တီးတတ်တာ၊ဖန်တီးတတ်တာနဲ့ ဆန်းသစ်တီထွင်တတ်မတူဘူး။ ကြားဖူးနားဝကြောင့် သိတာရှိတယ်။ သေချာလေ့လာလို့ နားလည်တာရှိတယ်။ပြန်ရှင်းပြတတ်လို့ သဘောပေါက်တာရှိတယ်။လက်တွေ့လုပ်ဆောင် အသုံးချတတ်တာရှိတယ်။ကိုယ်တိုင်ကိုယ်တွေ့ ဖန်တီးတတ်တာရှိတယ်။မတူညီကွဲပြားတဲ့အသစ် ဆန်းသစ်တီထွင်တတ်တာရှိတယ်။ ပညာရပ်တစ်ခု လေ့လာတဲ့အခါကိုယ်ရောက်နေတဲ့အဆင့် ကိုယ်သိဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်ရောက်နေတဲ့အဆင့် ကိုယ်သိဖို့လိုတယ်။ Read More »

လူတွေ ရယ်ပါစေ။

ငပေါလို့ မြင်တာခံနိုင်ရင်ရူးကြောင်ကြောင်နိုင်တယ်ဆိုတာ ခံနိုင်ရင်နောက် ကိုယ်ရွေးတဲ့လမ်းကိုအာရုံစူးစိုက် ဇွဲနဲ့လုပ်ဥာဏ်နဲ့ စဥ်းစားအတ္တကိုဖယ်ပြီး ပြင်သင့်တာပြင်ရင်လမ်းသစ်တွေ တွေ့လာမှာပဲ။ အဲ့ဒီ အတ္တက တချို့လူတွေကို နောက်တစ်ဆင့်ရောက်ဖို့ အတားအဆီးတစ်ခုဖြစ်နိုင်တယ်။ လစာကောင်းတဲ့အလုပ်ကိုထွက်ပြီးဆိုင်ဖွင့်တဲ့အခါ၊ စာစသင်တဲ့အခါ၊သင်တန်းကျောင်းစဖွင့်တဲ့အခါ၊ နည်းပညာထုတ်ကုန်စထုတ်တဲ့အခါInsidernote စလုပ်တုန်းက အဲ့လိုပဲ ဖြစ်ခဲ့တာပဲ။ Phyo Paing @ Derek

လူတွေ ရယ်ပါစေ။ Read More »