Dr. Phyo Paing

https://yec.company

ကျွန်တော်လက်ကိုင်ထားတဲ့
အတွေးအခေါ်တစ်ခု

အားကိုးမရှိပဲ ဘဝကို ဖြတ်သန်းလာတော့ အရာရာ ကိုယ်တိုင်ကြိုစီမံရတယ်။ ကျောင်းမပြီးခင်ကတည်းက ကျောင်းပြီးအလုပ်ရဖို့ ကြိုစဥ်းစားရတယ်။ ရပ်တည်နိုင်အောင် ကြားအလုပ်လေးတွေနဲ့အလွတ်တန်းပညာရှင်အဖြစ်ငွေရှာရတယ်။ ကိုယ့်ဘဝရဲ့ မအေးအေးဝင်းကလဲကိုယ်တိုင်ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်လက်ကိုင်ထားတဲ့အတွေးအခေါ်တစ်ခုရှိတယ်။ဒါကတော့ “အနာဂတ်ပြဿနာတွေအတွက်ကြိုတင် အဖြေရှာပါ” ပဲဖြစ်ပါတယ်။ အိမ်ကိုကတိပေးထားတဲ့အတိုင်းဆရာဝန်ဘွဲ့ရအောင်တက်ပေးမယ်။အဲ့အချိန် ဆေးကျောင်းတက်နေတုန်းက ကျောင်းပြီးဘွဲ့ရတဲ့အခါ စီးပွားရေးလုပ်မယ်စဥ်းစားထားတော့ကျောင်းပြီးတဲ့အခါ မြန်မြန်ဆန်ဆန်လေ့လာလို့ရအောင်စာမြန်မြန်ဖတ်နည်း၊ မှတ်ဥာဏ်ကောင်းနည်းAccelerated learning တွေကြိုတင်လေ့ကျင့်ထားလိုက်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့နည်းပညာအပြောင်းအလဲရိုက်ခတ်မှုတွေကြောင့်တစ်နှစ်နဲ့ တစ်နှစ် လုပ်ရကိုင်ရတဲ့ပုံစံမတူကြဘူး။ ၂၀၁၂ ဂျန်နဝါရီလမှာ ဘွဲ့ရတော့ဖေဖော်ဝါရီမှာ ရန်ကုန်သွားတယ်။ RC-2 မှာ အိန္ဒိယနဲ့တွဲသင်တဲ့HR သင်တန်းသွားတက်တယ်။Bus ကားလေးနဲ့သွားတယ်။တချို့ကိုယ်ပိုင်ကားနဲ့လာတဲ့သူတွေကကိုယ့်ကို စကားမပြောဘူး။ပြန်စဥ်းစားကြည့်တယ်။ ငါ့ဘဝ အပြောင်းအလဲဖြစ်ဖို့ကိုယ်တိုင်ကားဝယ်ဖို့ social mobility အတွက်ဘာတွေ လုပ်ဖို့လိုမလဲ။ အဆောင်နေတယ်။ ဘေးအခန်းက သူက ကိုယ့်ပိုက်ဆံခိုးသွားတယ်။ အလုပ်တွေ တစ်ခုပြီးတစ်ခုလိုက်လျှောက်တယ်။မရဘူး။ June လမှာ မန္တလေးပြန်လာတယ်။ […]

ကျွန်တော်လက်ကိုင်ထားတဲ့
အတွေးအခေါ်တစ်ခု
Read More »

နေ့စဉ်လေ့လာဖို့လိုတယ်။

ရလဒ်ရဖို့ အလုပ်လုပ်ရတယ်။ရလဒ်ကောင်းရတဲ့ အလုပ်လုပ်ဖို့သေချာစဉ်းစား ကြံစည်ရတယ်။ထိရောက်တဲ့ အကြံအစည်ဖြစ်ဖို့အတွေးကောင်းရတယ်။ကောင်းမွန်တဲ့ အတွေးကောင်းဖြစ်ဖို့ဖတ်မှုလေ့လာရတယ်။ အတွေး၊ အကြံ၊ အလုပ်ကောင်းဖို့နေ့စဉ်လေ့လာဖို့လိုတယ်။ လေ့လာမှု မပြုနေရင်တိရစ္ဆာန်သာသာဦးနှောက်နဲ့ဘဝဖြတ်သန်းနေရမှာပဲ။ Phyo Paing @ Derek

နေ့စဉ်လေ့လာဖို့လိုတယ်။ Read More »

လူကြောနပ်ဖို့ လိုတယ်။

ဘယ်နေရာရောက်ရောက်လူတွေ ကိုယ့်ကိုကူညီစေချင်ရင်အထာနပ်ဖို့လိုတယ်။လူတိုင်းက လူတွေရဲ့အကူအညီလိုတာပဲ။ ပြောတဲ့စကားလုံး။လေယူလေသိမ်း၊ကိုယ်နေဟန်ထား၊ယဉ်ကျေးမှုနဲ့ အထာအထူးအရေးကြီးတယ်။ လူတွေကြား လူဝင်ဆံ့ဖို့တော်တော်ကြိုးစားရပြန်တယ်။ Phyo Paing @ Derek

လူကြောနပ်ဖို့ လိုတယ်။ Read More »

တိုးတက်ရေး

တိုးတက်ရေးဆိုတာ အသက်ရှင်မှ လုပ်လို့ရတာ။ အသက်ရှင်အောင်အရင်လုပ်။ပြီးရင် ကျန်းမာအောင်လုပ်။ အသက်ရှင်၊ ကျန်းမာမှလန်းဖြာ၊ ဝမ်းသာ၊ ချမ်းသာဖို့ဘဝကို ဗရမ်းဗတာမနေပဲတိုးတက်ရေးလုပ်လို့ရမှာ။ Phyo Paing @ Derek

တိုးတက်ရေး Read More »

အရှိန်နဲ့လုပ်ဖို့ ပြင်ဆင်နေရမှာပဲ။

ကံတက်တဲ့ချိန် မာန်တက်တတ်ပြီး၊ကံကျတဲ့အချိန် မာန်ချတတ်တယ်။ ကံဆိုတာ အလုပ်တဲ့။ကံကောင်းတယ်ဆိုတာ အလုပ်လုပ်လို့ကောင်းတာ။ ကံကောင်းပြီးအလုပ်မလုပ်ရင်လဲကောင်းသင့်သလောက်ကောင်းမှာ မဟုတ်ဘူး။ ကံမကောင်းလို့ အလုပ်မကောင်းတဲ့ဆောင်းညဆိုရင်တော့နေပြန်ထွက် ကံကောင်းချိန်အရှိန်နဲ့လုပ်ဖို့ ပြင်ဆင်နေရမှာပဲ။ Phyo Paing @ Derek

အရှိန်နဲ့လုပ်ဖို့ ပြင်ဆင်နေရမှာပဲ။ Read More »

ဘဝမှာ အချိန်တွေရှိတုန်း
ဘာတွေ လုပ်မလဲ။

အများကြီးမစဥ်းစားနဲ့။ လက်ရှိအခြေအနေကိုသာတစ်ရက်တာအတွက်၊တစ်ပတ်အတွက်၊ တစ်လအတွက်အကောင်းဆုံး ဘယ်လို optimize လုပ်လို့ရမလဲသာစဥ်းစားကြည့်။ တကယ်တမ်း ၂၀ နဲ့ ၄၀ ကြားလောက်သာနုပျိုနေတာ။ ၄၀ ကျော်ရင် ဇရာက မျက်နှာမှာစပြပြီ။ ၆၀၊ ၇၀ ကျော်ရင် ကျန်းမာရေးသေချာမလုပ်ဘဝကို ဖြစ်သလိုနေရင်ကျန်းမာရေးကိစ္စဖြစ်လာပြီ။ လူတိုင်းက တသားမတ်ထဲ ဘဝကို ဖြတ်သန်းရမှာ မဟုတ်ဘူး။ ကျွန်တော်တို့ရထားတဲ့အချိန်တွေကသိပ်တန်ဖိုးရှိတယ်။ကိုယ်တကယ်ပိုင်တာ အချိန်ပဲ။ ဒီအချိန်အတွေကို နေ့စဥ်ဘယ်လိုအသုံးချမလဲဆိုတာ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပဲ။ တစ်ရက်အတွက်၊ တစ်ပတ်အတွက်၊တစ်လအတွက် အကောင်းဆုံးဖြစ်ဖို့နေ့စဥ် မပျက်မကွက် ဘာတွေလုပ်မလဲ။ ဘဝမှာ အချိန်တွေရှိတုန်းဘာတွေ လုပ်မလဲ။ Phyo Paing @ Derek

ဘဝမှာ အချိန်တွေရှိတုန်း
ဘာတွေ လုပ်မလဲ။
Read More »

အရေးမပါတာတွေကို
အရာမပေးပါနဲ့။

နေ့စဥ် အရေးအကြီးဆုံးက “အာရုံ စီမံခန့်ခွဲမှု”။ ဒီနေ့ခေတ် အလုပ်က ကိုယ်ကာယသုံးရတဲ့အလုပ်တဖြည်းဖြည်း နည်းလာပြီ။ အလုပ်ရဲ့သဘောတရားအဆင့်မြင့်လာလေဦးနှောက်ပိုသုံးလာရလေ။ ဒီလို ဦးနှောက်သုံးတဲ့ အလုပ်လုပ်ဖို့ အာရုံကို ဘယ်နားစိိုက်ရမယ်၊ဘာကို လျစ်လျူရှုရမယ် အရေးကြီးတယ်။ လူကို အာရုံထွေပြားစေမည့်အရာတွေရှောင်ရှားဖို့လိုတယ်။ အာရုံကို အရေးပါတဲ့အရာတွေမှာအာဏာကုန်ထည့်ဖို့လိုတယ်။ အရေးမပါတာတွေကို အရာမပေးပါနဲ့။ Phyo Paing @ Derek

အရေးမပါတာတွေကို
အရာမပေးပါနဲ့။
Read More »

နေ့စဥ်

၁။ စိတ်ငြိမ်းချမ်းဖို့ နံပတ်တစ်၂။ ကိုယ့်အာရုံကိုယ်ထိန်းနိုင်ဖို့ နံပတ်နှစ်၃။ ကိုယ့်ဘဝရဲ့ အနာဂတ်အမြင်ပုံဖော်၄။ နေ့စဥ် အပျက်မကွက်လုပ်မည့်အလုပ်တွေလုပ်၅။ ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့အလုပ်တွေလုပ်၆။ ဒီနေ့အတွက် လျှို့ဝှက်ချက်သစ်ရှာဖွေ၇။ ကိုယ့်ဘဝသွားနေတဲ့လမ်းကြောင်း ပြန်သုံးသပ် Phyo Paing @ Derek

နေ့စဥ် Read More »

လူတွေကို နားလည်ချင်ရင်

သူတို့ ငယ်ဘဝ ဖြတ်သန်းမှုကို ပြန်ကြည့်။ ကြမ်းတမ်းတဲ့ဘဝ ဖြတ်သန်းလာတာချင်းတူရင်တောင် အဓိပ္ပာယ်ဖွင့်ဆိုမှုချင်းမတူကြဘူး။ ဘယ်အရာက ကွာသွားစေသလဲ။ သူတို့ရဲ့ ရှင်သန်မှု မဟာဗျူဟာ။ တချို့တွေက လိုချင်တာရဖို့လူတွေအပေါ် nice ဖြစ်ရတယ်။ဆက်ဆံရေးကောင်း လူတွေလိုအပ်ချက်နားလည်ရတယ်။ဒီတော့ social ကောင်းသူကြီးတွေဖြစ်လာတယ်။ တချို့က လူတွေအပေါ်ကောင်းလို့မရဘူး။ချီကျမှ ရတယ်။ ညစ်မှ ရတယ်။ လွယ်လွယ်နဲ့ ပေးမှာ မဟုတ်ဘူး။အညစ်ကြီးတွေ ဖြစ်လာတယ်။ တချို့က လိုချင်တာရဖို့ တခြားသူတွေကို ဂရုအရမ်းစိုက်နေရင်ခံစားချက်တွေများပြီး အလုပ်မလုပ်နိုင်ဘူး။ကိုယ့်ဘဝ ကိုယ်တိုင်တည်ဆောက်မှရတာ။ တချို့က သတင်းတွေ ထိန်းချန်ထားမှရတာ။အကုန်ပေးမသိနဲ့။ မလိမ့်တပတ်လုပ်။ တချို့က တောက်ပထူးချွန်ပြမှရမှာ။ဒါမှ လူတွေငါလိုချင်တာပေးမှာ။ တချို့က ကိုယ်က စိတ်ဓာတ်ကျပြမှလူတွေ ဂရုစိုက်မှာ။ တချို့က လူတွေကို ကူညီမှ လူတွေကို ကိုယ့်ကိုချစ်မှာ။ လူတွေက ဘဝဂိမ်းကို မတူညီတဲ့ မဟာဗျူဟာတွေနဲ့ ပလေးနေကြတယ်။

လူတွေကို နားလည်ချင်ရင် Read More »

ဘယ်နေရာရောက်ရောက်မျက်နှာမငယ်ချင်ရင်

ဘယ်နေရာရောက်ရောက်မျက်နှာမငယ်ချင်ရင်နေ့စဥ် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်။ မွေးလာတဲ့နေရာ၊ဖြစ်တည်လာတဲ့ လူမျိုး၊ကြီးလာတဲ့ အသိုင်းအဝိုင်း၊သင်လာခဲ့တဲ့ပညာရေးဒါတွေကို ပြောင်းလို့မရဘူး။ ဒါပေမယ့် ပစ္စုပ္ပန်တိုင်းမှာနေ့စဥ် ဘာလုပ်မလဲဆိုတာရွေးချယ်လို့ရတယ်။ စိတ်၊ ခန္ဓာ၊ နှလုံးသားဒီသုံးခုကို နေ့တိုင်းတည်ဆောက်။ စိတ်ကို တည်ဆောက်ဖို့ စာဖတ်။တရားထိုင်၊ ဂျာနယ်ရေး။ခန္ဓာကိုယ်တည်ဆောက်ဖို့အစားနဲ့လေ့ကျင့်ခန်းဂရုစိုက်လုပ်။နှလုံးသားကို တည်ဆောက်ဖို့ကိုယ်မစဥ်းစားပဲမနေနိုင်တဲ့အလုပ်တွေကိုလုပ်။လူတွေကို ပြန်လည်မျှဝေပေး။ Phyo Paing @ Derek

ဘယ်နေရာရောက်ရောက်မျက်နှာမငယ်ချင်ရင် Read More »