Dr. Phyo Paing

https://yec.company

ခံယူချက်အရေးကြီးတယ်။

မတတ်ရင် သင်လို့ရတယ်။မသိရင် ဖတ်လို့ရတယ်။နားမလည်ရင် မေးလို့ရတယ်။မကျွမ်းကျင်ရင်လေ့ကျင့်လို့ရတယ်။မရှိရင် ရှာလို့ရတယ်။ မအောင်မြင်ရင် ပြင်လို့ရတယ်။ ဒီအတွေးအခေါ်က ကိုယ့်ဘိုးဘေးတွေရဲ့ဆိုဆုံးမမှုနဲ့ သူတို့ရဲ့လုပ်ဆောင်မှုတွေကိုကြည့်ပြီးသင်ယူလာခဲ့တာပဲ။ လူတစ်ယောက်ရဲ့ ခံယူချက်အရေးကြီးတယ်။ခံယူချက်ကောင်းမှ ခံစားချက်တွေရဲ့သားကောင်ဘဝကကျော်လွှားနိုင်မှာ။  Phyo Paing @ Derek

ခံယူချက်အရေးကြီးတယ်။ Read More »

ဗုဒ္ဓစကားနားထောင်ပါ။

နေ့တိုင်းဘဝကို အထာကျကျဖြတ်သန်းချင်ရင်ဗုဒ္ဓစကားနားထောင်ပါ။ လူတစ်ယောက်ရဲ့ အခြေခံအကျဆုံး ကျွမ်းကျင်မှုက “အာရုံ” စီမံခန့်ခွဲမှုပဲ။ စိတ်ဆိုတာ အဖြူထည်လေး။အာရုံထားတဲ့ နေရာကို စိတ်က ရောက်တယ်။စေတသိတ်တွေကခြယ်လှယ်တယ်။ အလိုမကျမှုတွေကို အာရုံစိုက်ရင်အားငယ်စိတ်တွေကို အာရုံစိုက်ရင်ကြောက်စိတ်တွေကို အာရုံစိုက်ရင်မတရားသဖြင့်ရယူလိုစိတ်တွေထားရင် လောဘ၊ ဒေါသ၊ မောဟ၊ သောကဒီစေတသိတ်တွေ လွမ်းမိုးပြီးနေ့စဥ်ဘဝက လောဘ၊ ဒေါသ၊ မောဟ၊ သောက၊ ဗျာပါဒ တွေများနေမယ်။ တခြားသူနဲ့နှိုင်းယှဉ်ပြီး စိတ်မကျေမချမ်းဖြစ်နေရင်သသင်္ခါရိကအုပ်စုဝင် စေတသိက်တွေလွမ်းမိုးပြီးစိတ်မရွင်မသာ ဖြစ်နေလိမ့်မယ်။ ကိုယ့်စိတ်ရဲ့အဖြစ်အပျက်တွေကို နေ့စဥ် ဂရုပြုရှုမယ်ဆိုရင်ဖြစ်ပြီးပျက်တဲ့ သဘောတရား။ ဒီရေလှိုင်းလို တက်လိုက်ကျလိုက်သဘောတရားကို သတိပြုမိလိမ့်မယ်။ သဗ္ဗစိတ္တသာဓာရဏစေတသိက် တွေလွမ်းမိုးလိမ့်မယ်။ Self-awareness ပိုရှိလာမယ်။ ဒါကြောင့်လဲ ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာသမ္မာသတိ မှန်သော အောက်မေ့ နှလုံးသွင်းမှု၊ သမ္မာသမာဓိ မှန်သော တည်ကြည် စူးစိုက်မှုရှိဖို့ဟောကြားခဲ့တာ။ ကိုယ့်ရဲ့အိပ်မက်တွေပေါ်အာရုံပြုမယ်။အတိတ်ရဲ့ဂုဏ်ယူစရာတွေပြန်စဥ်းစားပီတိဖြစ်မယ်။ဝီရိယထားပြီး အလုပ်လုပ်ကိုင်မယ်။ကိုယ့်အတွေးအကြံအလုပ်ကို သေချာဂရုပြုမယ်။ဒါဆို

ဗုဒ္ဓစကားနားထောင်ပါ။ Read More »

စီးပွားရေးဆိုတာ spiritual pursuit ပဲ။

စီးပွားရေးဆိုတာ spiritual pursuit ပဲ။ ပိုက်ဆံရှာတာတစ်ခုထက်ပိုတယ်။ အခြေခံပထမအဆင့်က ပိုက်ဆံရှာတယ်။ဒုတိယ အဆင့်က အဓိပ္ပာယ်ရှာတာ။ Money ပြီးရင် Meaning လာတယ်။ ကိုယ်လုပ်တဲ့လုပ်ငန်းက ကိုယ်ဖြစ်ချင်တာ၊ ဘဝနေထိုင်ချင်တဲ့ပုံစံ၊ ကိုယ့်ဘဝနေထိုင်မှုကိုအထောက်အပံ့ပြုပုံနဲ့လောကအကျိုးပြန်သယ်ပိုးချင်တဲ့ပုံအကုန်လုံး တစ်သားတည်းကျalignment  ဖြစ်မှပဲဘဝမှာ အလုပ်လုပ်နေရင်းနေပျော်မှာ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်သိဖို့လိုတယ်။ပြီးမှ စျေးကွက်ပြဿနာဖြေရှင်းတာဒုတိယအဆင့်။ စီးပွားရေးမှာ ကိုယ်လုပ်တဲ့လုပ်ငန်းအကြောင်းသေချာနားလည်ရင် အမြတ်ထွက်အောင်လုပ်ရတာသိပ်မခက်ပေမယ့်အလုပ်လုပ်နေရင်း ပျော်ဖို့ကဖြစ်ချင်တဲ့ဘဝပုံစံနဲ့ ဖြစ်နေတဲ့ဘဝပုံစံ ထပ်တူကျနေဖို့လိုတယ်။ဒီလိုဖြစ်ဖို့ကလဲ နှစ်ပေါင်းများစွာပြုစုပျိုးထောင်ပေးရတယ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

စီးပွားရေးဆိုတာ spiritual pursuit ပဲ။ Read More »

ပျော်ဖို့ပဲလိုတယ်။

ဘဝမှာ အရေးအကြီးဆုံးကပျော်ဖို့ပဲ။ တချို့က တခြားသူတွေကိုပေးဆပ်တာက ပျော်ရွင်မှုရတယ်။တချို့က လိုချင်တာရတဲ့အခါပျော်ရွင်မှုရတယ်။တချို့က ကိုယ်နေထိုင်ချင်တဲ့ဘဝနေထိုင်မှုရတဲ့အခါ ပျော်ရွင်တယ်။တချို့က လုပ်ချင်တာလုပ်နေရရင်ပျော်ရွင်တယ်။ တချို့က တိုးတက်နေရင်ပျော်တယ်။ ဘဝမှာ အရေးအကြီးဆုံးကသမာအာဇီဝကျကျအသက်မွေးပြီးပျော်ဖို့။ တခြားသူတွေလုပ်တာ လိုက်လုပ်စရာမလိုဘူး။ပျော်ဖို့ပဲလိုတယ်။ Phyo Paing @ Derek

ပျော်ဖို့ပဲလိုတယ်။ Read More »

လူတိုင်းနဲ့ မတူချင်ဘူး။

ဘဝမှာ မဖြစ်ချင်ဆုံးက တခြားသူနဲ့ ချွတ်စွပ်တူတာ။ အကြံဥာဏ်ကောင်းရဖို့ လေ့လာတာဖြစ်ကောင်းဖြစ်မယ်။ကိုယ့်ဘဝ ကိုယ်ပုံစံအတိုင်းပဲဖြတ်သန်းချင်တယ်။ ဘဝမှာ လူအများစုသတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ ကိုယ်နဲ့မတူသလို၊တွေးတဲ့ပုံတွေက ကိုယ်နဲ့တော်တော်လေး အံမဝင်ဂွင်မကျဖြစ်နေတယ်။ လူအများသွားတဲ့လမ်းမရွေးတော့ကြောင်တောင်တောင်ဖြစ်နေတယ်။ ဆယ်စုနှစ် နှစ်ခုကျော်တော့ကိုယ်ပုံစံနဲ့ ကိုယ် ဘဝဖြတ်သန်းလို့ရလာတယ်။ ကျွန်တော်ကတော့ ဘဝကြီးကို စမ်းသပ်တဲ့နေရာနဲ့ လူသားအတွေ့အကြုံ ယူကြနေရာလို့ထင်တယ်။ ရူးရူးမူးမူ ချစ်ဖူးတယ်။ဘဝပျက်မတတ်လဲ ကြေကွဲဖူးတယ်။စိတ်ဓာတ်လဲကျဖူးသလို စမာန်တွေလဲတက်ဖူးတယ်။ အရမျးလဲဝဖူးသလို ပြန်ပြီးလဲ ထိန်းဖူးတယ်။ ကိုယ့်ဘဝ ကိုယ့်စိတ်ကြိုက်နဲ့ကိုယ့် playbook အတိုင်းသွားပျော်နေဖို့ အရေးကြီးတယ်။ လူတိုင်းနဲ့ မတူချင်ဘူး။ လူတိုင်းနဲ့ မပြိုင်တော့ဘူး။ ကိုယ်ဖန်တီးထားတဲ့ ကစားကွက်၊ ကိုယ်ကစားနေတဲ့ ဂိမ်းကလူတွေနဲ့ မပြိုင်ဘဲနိုင်လို့ရတယ်လို့ယုံကြည်တယ်။ Phyo Paing @ Derek

လူတိုင်းနဲ့ မတူချင်ဘူး။ Read More »

လုပ်ငန်းစတင်တဲ့အခါ ဒီ ၇ ချက်လုပ်

၁။ ကိုယ့်ရဲ့အားသာချက်တွေချရေး၂။ ဖြေရှင်းချင်တဲ့စျေးကွက်ပြဿနာချရေး၃။ တခြားသူတွေ စျေးကွက်ပြဿနာဘယ်လိုဖြေရှင်းနေလဲချရေး၄။ ကိုယ်က မတူညီကွဲပြားအောင် ဘယ်လိုဖြေရှင်းပေးမလဲချရေး၅။ ကိုယ်ဖြေရှင်းပေးတဲ့ပုံကို စျေးကွက်ကကြိုက်မကြိုက်သိအောင် ဘယ်လိုလုပ်မလဲချရေး၆။ သေချာပြီဆို ဒီထုတ်ကုန် စတင်ဖြန့်ချီဖို့ဘာတွေလိုအပ်မလဲချရေး၇။ တကယ်စတင်လုပ်ဆောင်။ စျေးကွက်ရလဒ်ပေါ်မူတည်ပြီး ပြောင်းလဲသွား။ Akyanpayကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

လုပ်ငန်းစတင်တဲ့အခါ ဒီ ၇ ချက်လုပ် Read More »

ဘဝ

ဘဝက ဖြစ်နိုင်စွမ်းနဲ့ ဖြစ်နိုင်ခြေကြားမှာ ချိန်ငြိပြီး သွားနေရတယ်။ ဘာလုပ်ဘာဖြစ်မယ်။ဘယ်သွားဘယ်ရောက်နိုင်တယ်။ ဖြစ်နိုင်စွမ်းက သေချာမှုတစ်ခုကိုပေးတယ်။ ဘာလုပ်ရင် ဘာဖြစ်မယ်သေချာမသိသေးဘူး။ဘယ်သွားရင် ဘယ်ရောက်မယ်လဲ မရေရာသေးဘူး။စမ်းကြည့်ရင် လမ်းရှိတာ သိသွားတဲ့အခါလုပ်နိုင်တဲ့ အသစ်တွေ အများကြီးတွေ့လာမယ်။ ဘဝဆိုတာကို  ဖြစ်နိုင်ခြေကိုလဲလုပ်ရင်ဖြစ်နိုင်စွမ်းကိုလဲ များအောင်လုပ်တဲ့ကစားကွက်နဲ့သွားတာ အန္တရာယ်လဲနည်းသလိုအနာဂတ်အတွက် တိုးတက်နိုင်စွမ်းလဲရှိတယ်။ Phyo Paing @ Derek

ဘဝ Read More »

ဘဝမှာ လိုချင်တာလုပ်မရတိုင်း
“နှစ်လမ်းသွားမဟာဗျူဟာ” သုံးကြည့်တယ်။

ဘဝမှာ လိုချင်တာလုပ်မရတိုင်း“နှစ်လမ်းသွားမဟာဗျူဟာ” သုံးကြည့်တယ်။ ၂၀၀၅ ဒီဇင်ဘာမှာ ဆေးကျောင်းပထမနှစ်စတက်တယ်။ ၂၀၀၇ မှာ ဆေးရုံစသွားရတော့ဆေးကုတဲ့အပိုင်းစိတ်မဝင်စားတာစသိပြီ။ နှစ်လမ်းသွားမဟာဗျူဟာကဆေးကျောင်းမှာ စာမေးပွဲအောင်ဖို့လဲလုပ်တယ်။ကျောင်းပြီးရင် အသက်မွေးဝမ်းကျောင်းစဖို့အနာဂတ်ပြဿနာအဖြေရှာတာကိုလဲစလုပ်တယ်။ သေချာတာတစ်ခုက ဘွဲ့ရပြီးရင်နောက်အသက်မွေးပညာရပ်တစ်ခုကိုထပ်လေ့လာရမယ်။ ဒီနေ့အတွက်လဲ အကျိုးရှိမယ်။အနာဂတ်ပြဿနာကိုလဲ ဖြေရှင်းပေးနိုင်မည့်အရာကိုလိုက်ရှာကြည့်တော့Accelerated Learning Techniques နဲ့ Productivity ပိုင်းဖြစ်တာတွေ့ရတယ်။ ဒါနဲ့ မြန်နှုန်းမြင့်သင်ယူခြင်းဖြစ်တဲ့ မှတ်ဥာဏ်ကောင်းအောင်လုပ်ခြင်း၊ စာဖတ်မြန်အောင်လုပ်ခြင်း၊ ဦးနှောက်ကို မြန်ဆန်အောင်လုပ်ခြင်းနည်းလမ်းတွေ နေ့တိုင်းလေ့ကျင့်ဖြစ်တယ်။နောက် စွမ်းဆောင်ရည်မြင့်ဖို့ စိတ်ပညာပိုင်းတွေ လေ့လာဖြစ်တယ်။ ဒါကြောင့် ကျောင်းပြီးတော့ အသက်မွေးပညာပြောင်းတဲ့အခါအရမ်းလွယ်ကူသွားသလို အချိန်တွေ အများကြီးချုံ့ပေးလိုက်နိုင်တယ်။ ၂၀၁၃ ဂျန်နဝါရီတစ်ရက်မှာ Roche Pharmaceuticals မှာ အလုပ်စဝင်တယ်။ တစ်နေ့ ဝန်ထမ်းလုပ်နေရာက အလုပ်ထွက်ခဲ့သည်ရှိသော်ကိုစဥ်းစားမိတယ်။ အလုပ်ချိန်ပြင်ပမှာ MBA တက်တယ်။ဖုန်းဆော့ဝဲလုပ်ပေးတယ်။ Part-time စာသင်တယ်။ ၂၀၁၄ မတ်လမှာ ဖုန်းဆိုင်စဖွင့်ဖြစ်တယ်။ တစ်နှစ်လောက်အချိန်ပေးကိုယ်မပါပဲ

ဘဝမှာ လိုချင်တာလုပ်မရတိုင်း
“နှစ်လမ်းသွားမဟာဗျူဟာ” သုံးကြည့်တယ်။
Read More »

ဘဝမှာ ခပ်ကြီးကြီး
တစ်ခါပဲအောင်မြင်ဖို့လိုတယ်။

ဘဝမှာ ခပ်ကြီးကြီးတစ်ခါပဲအောင်မြင်ဖို့လိုတယ်။ အောင်မြင်တယ်ဆိုတာ ကြိုတင်ပြင်ဆင်မှုနဲ့ အခွင့်အလမ်းလှိုင်းလုံးနဲ့ချိပ်ဆက်မိတာ။ ဒီ Timing အချိန်ကိုက်ဖြစ်ဖို့လူတိုင်းပြင်ဆင်နေကြတယ်။ ကြိုးစားတိုင်းအောင်မြင်တာတော့မဟုတ်ဘူး။ကြိုးစားမှုနဲ့ အခွင့်အလမ်းအချိန်ကိုက်ဖြစ်တာကလူတွေကို နောက်တစ်ဆင့်တိုးတက်သွားစေတာ။ တချို့က ကံကောင်းပြီး အချိန်ကိုက်ဖြစ်သွားတာရာခိုင်နှုန်းတစ်ခုရှိတယ်။အချိန်တော်တော် များများ အချိန်ကိုက်ဖြစ်ချင်ရင်တွက်ချက်ရတာမျိုးလုပ်ရတယ်လို့ထင်တယ်။ ကြိုးစားတိုင်းမရဘူး။တွက်ချက်ပြီး ကြိုးစားရတယ်လို့ယူဆတယ်။ Phyo Paing @ Derek

ဘဝမှာ ခပ်ကြီးကြီး
တစ်ခါပဲအောင်မြင်ဖို့လိုတယ်။
Read More »