Dr. Phyo Paing

https://yec.company

Relationship က ကိုယ့်ဘဝရဲ့
အရည်အသွေးပဲ။

အချစ်ရေးတင်မဟုတ်ဘူး။မိဘနဲ့ သားသမီးကြားဆက်ဆံရေးလဲပါတယ်။ဘဝ အရည်အသွေးတစ်ခုပဲ။ ကိုယ့်ကိုနားလည်တဲ့မိဘနဲ့ကိုယ့်ကိုနားမလည်တဲ့မိဘနှစ်ယောက်ကြားဖြတ်သန်းရတဲ့ဘဝပုံစံကတူမှာမဟုတ်ဘူး။ ကိုယ်က လောကုတ္တရာမှာ တရားမရသေးဘူး၊တစ်ယောက်တည်းနေ၊တစ်စိတ်တည်းမထားတတ်သေးဘူးဆိုရင်လူတွေနဲ့ဆက်ဆံရမှာပဲ။လူတွေနဲ့ပေါင်းသင်းဆက်ဆံမှုမပြုရရင်အထီးကျန်မှာပဲ။ Relationship ဆက်ဆံရေးတိုင်းကတစ်ယောက်နဲ့ တစ်ယောက်နားလည်မှုရှိရင် အရာရာဆိုပြေတယ်။ အရင်က ဒီ relationship လျှို့ဝှက်ချက်codes တွေကို မရှာဖွေနိုင်စဥ်ကနှစ်ပေါင်းများစွာ တိုင်ပတ်ခဲ့တယ်။ Relationship ဆိုတာ လူတွေနဲ့ဆက်ဆံရေးတည်ဆောက်ရတာဖြစ်တဲ့အတွက်လူ့အကြောင်း၊ လူ့သဘောမနော၊ ဖြတ်သန်းကြီးပြင်းလာတဲ့ ယဥ်ကျေးမှု၊ကမ္ဘာကြီးကိုမြင်တဲ့ပုံစံ mental model တန်ဖိုးထားမှု values နဲ့ တွန်းအားပေးတဲ့ motivation ခေါင်းထဲထည့်ထားတဲ့အတွေးအခေါ်၊ ယုံကြည်မှု၊ တုန့်ပြန်မှု ဒါတွေ အကုန်လုံးသိထားဖို့လိုနိုင်တယ်။တပြိုင်တည်းမှာ မိဘ၊ သားသမီး၊ သမီးရည်းစား၊ လင်မယားကတန်ဖိုးထားမှု၊ လောကအမြင်တွေတူရင်ဘယ်လောက်ခက်ခဲတဲ့ ဒုက္ခကြားဖြစ်ဖြစ်ဘဝအရည်အသွေး quality of life က ကောင်းနေမှာပဲ။ The quality of your relationship isthe quality of

Relationship က ကိုယ့်ဘဝရဲ့
အရည်အသွေးပဲ။
Read More »

အသက်အရွယ်တစ်ခုရောက်ရင်

ဟိုစပ်စပ် ဒီစပ်စပ်လိုက်လုပ်တာထက်တစ်ခုကို ဇောက်ချလုပ်ဖို့လိုလာတယ်။ လေဆာလို အာရုံစိုက်မှုလိုတယ်။ ဇွဲနဲ့ စည်းကမ်းလိုတယ်။ စိတ်ဓာတ်ခိုင်မာမှုလိုတယ်။ အတွေးအခေါ်ရှင်းလင်းဖို့လိုတယ်။ဒူပေဒါပေခံဖို့လိုတယ်။စူးစမ်းလိုစိတ်လိုတယ်။အမြဲသင်ယူနေဖို့လိုတယ်။ ကိုယ်နောက်ဆုံးသင်ယူခဲ့တဲ့ အတွေးအခေါ်အသစ်က ဘယ်တုန်းကလဲ။ Phyo Paing @ Derek

အသက်အရွယ်တစ်ခုရောက်ရင် Read More »

ဘဝမှာ ရုန်းကန်တာ ထုံးစံပါပဲ။

လူတွေက လောကကြီးကို တစ်သက်လုံးနေရမယ်အထင်နဲ့အဖြစ်အပျက်တွေကို စိတ်ညစ်တတ်ကြတယ်။စားသောက်ပုံနဲ့ ခေါင်းထဲထည့်တဲ့အတွေးအခေါ်မတူရင်တောင်တစ်ပတ်နဲ့တစ်ပတ် ပုံစံမတူတော့တဲ့ဘဝကြီး။ လူတိုင်းဟာ တစ်နေ့သေမှာပါ။ စောစောသေမှာနဲ့ နောက်ကျသေမှာပဲရှိတယ်။ သေမှာထက်ကြီးတဲ့ ပြဿနာ၊ မသေခင်လုပ်ချင်တဲ့အရာတွေ မကောင်းအထည်မဖော်ဘဲ သေသွားမည့်ပြဿနာလောက်ကြီးတာ မရှိဘူးလို့ထင်မိတယ်။ ရှင်သန်ခြင်းမှာ အဓိပ္ပာယ်တွေရှိတယ်။ ရုန်းကန်ခြင်းမှာ အဓိပ္ပာယ်တွေရှာဖို့လိုတယ်။ ဘဝဆိုတာ ဒုက္ခဆိုရင်ဘယ်ဒုက္ခကို ကိုယ်ဖြေရှင်းရတာကြိုက်လဲရွေးချယ်ရမှာပဲ။ ဘဝက Choose your struggle ပဲ။ဘယ်မှာ၊ ဘာကို၊ ဘယ်သူတွေနဲ့ ဘယ်လိုရုန်းကန်ကြမလဲ။ ဘဝမှာ ရုန်းကန်တာ ထုံးစံပါပဲ။ Phyo Paing @ Derek

ဘဝမှာ ရုန်းကန်တာ ထုံးစံပါပဲ။ Read More »

အများနဲ့မတူညီရဲဖို့လိုတယ်။

၁၀၀ လုပ်ပြီး ၁၀ ရတာထက်၁၀ လုပ်ပြီး ၁၀၀ ရတာပိုစိတ်ဝင်စားမိတယ်။၁၀ လုပ်ပြီး ၁၀၀ ရနိုင်တာကိုLeverage အားယူအသုံးချမှုလို့ခေါ်တယ်။ အချိန်နဲ့ငွေနဲ့ဘဲ လဲလို့ရတယ်။ငွေကို ငွေနဲ့ ပြန်ရှာလို့ရတယ်။ ငွေကို နည်းပညာနဲ့ ပိုရှာလို့ရတယ်။ငွေကို မီဒီယာအားအသုံးပြုရှာလို့ရတယ်။ငွေကို ဥာဏ်သုံးရှာလို့ရတယ်။ငွေကို တခြားသူတွေရဲ့လုပ်အား၊ဥာဏ်အားသုံးရှာလို့ရတယ်။ငွေကို ဒါတွေအကုန်ပေါင်းသုံးရှာလို့ရတယ်။ ၁၀ လောက်လုပ်ပြီး ၁၀၀ ဖြစ်နိုင်တာကိုဘဲရှာတဲ့အခါ စိတ်ရှည်ဖို့လိုတယ်။စူးစမ်းလေ့လာဖို့လိုတယ်။ရွေးချယ်တတ်ဖို့လိုတယ်။အများနဲ့မတူညီရဲဖို့လိုတယ်။ Phyo Paing @ Derek

အများနဲ့မတူညီရဲဖို့လိုတယ်။ Read More »

ကြိုးစားရတာ မခက်ဘူး။

လမ်းဖောက်ရတာ၊လမ်းရှာရတာပဲခက်တာ။ဒါကြောင့်လူအများစုကဖောက်ပြီးသားလမ်းပဲ ကြိုးစားလုပ်ဆောင်ချင်ကြတာ။မပြိုင်ဘဲနိုင်ဖို့ကလမ်းသစ်ရှာ၊ လမ်းသစ်ဖောက်ဖို့အချိန်ပိုပေးရမယ်လို့ထင်တယ်။ Phyo Paing @ Derek

ကြိုးစားရတာ မခက်ဘူး။ Read More »

အရေးကြီးတာ လက်မလျော့ဖို့ပဲ။

အလုပ်ဖြစ်ပြီး ဝုန်းဒိုင်းကြီးသွားဖို့၁ လ နဲ့လဲဖြစ်တယ်။အဲ့ ၁ လ အတွက် လျှို့ဝှက်ချက်တွေမြေပြင်အနေအထားကိုလေ့လာရတာ၁၀ နှစ်လဲ ဖြစ်နိုင်တယ်။အရေးကြီးတာ လက်မလျော့ဖို့ပဲ။ Phyo Paing @ Derek

အရေးကြီးတာ လက်မလျော့ဖို့ပဲ။ Read More »

ဘဝက စာအုပ်တစ်အုပ်ပဲ။

ပေးထားချက်နဲ့ မေးထားချက်ရှိတယ်။ ဘဝရဲ့ပေးထားချက်က ပြင်မရတဲ့ မွေးဖွားရာဒေသ၊မိသားစု၊ ငယ်ဘဝဖြတ်သန်းမှု။ မေးထားချက်က ကိုယ့်ရဲ့စူပါပါဝါကို ဘယ်လိုရှာမလဲ။ဘယ်လို ပျိုးထောင်မလဲ။ဘယ်လိုအသုံးချပြီးကိုယ်ဖြစ်ချင်တာတွေကို အကောင်အထည်ဘယ်လိုဖော်မလဲ။ ပေးထားချက်တိုင်းမှာ အဓိပ္ပာယ်တွေ အများကြီးပါတယ်။ ချမ်းချမ်းသာသာမွေးလာတိုင်းလဲတစ်သက်လုံးဒီအတိုင်းဖြစ်သွားတာမဟုတ်သလိုဆင်းဆင်းရဲရဲ မွေးလာတိုင်းလဲတစ်သက်လုံး ဒီအတိုင်းဖြစ်သွားတာမဟုတ်ဘူး။ လူတိုင်းမှာ ရွေးချယ်မှုတွေရှိတယ်။ ထိုင်နေမှိုင်နေပြီး လူအများလုပ်နောက်တွေနောက်ဟိုယိုင်ဒီယိုင် ယိမ်းယိုင်နေလို့ရတယ်။ ဘေးထိုင်ဘုပြော၊ စိတ်ဓာတ်ကျအားငယ်နေလို့ရတယ်။ ဘဝကို ထုံးစံအတိုင်း အခက်အခဲကြုံရင်ရုန်းကန်ပြီး အဖြစ်အပျက်တိုင်းကအဓိပ္ပာယ်ရှာပြဿနာတွေကျော်လွှားပြီးနောက်တစ်ဆင့်တက်လို့ရတယ်။ ဘဝကို Pro ပရိုကျကျ ဖြတ်သန်းဖို့ပေးထားချက်ကိုအသုံးပြုပြီးမေးထားချက်ကို သေချာနားလည်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝက စာအုပ်တစ်အုပ်ပဲ။ Read More »

တွေ့ရှိချက်တွေကို နေ့စဥ်မျှဝေရင်း
ဘဝကို ဖြတ်သန်းနေပါတယ်။

အမှန်တော့ မော်တီဗေးရှင်းလိုတာမဟုတ်ဘူး။Philosophical Alignment လိုတာ။ “အတွေးအခေါ် ဖြေဆေး”လိုတာ။ ကိုယ့်ဦးနှောက်မှာ ဘေးချော်နေတဲ့ အတွေးအခေါ်တွေ တည့်အောင်ချိန်ငြိိဖို့လိုတာ။ အတွေးမရှင်းရင် ရှုပ်တယ်။ရှုပ်ရင် အလုပ် လုပ်လို့မလွယ်ဘူး။ အမှိုက်တွေနဲ့ ထွေပြားဝေဝါးနေတယ်။ လူတွေက မေးခွန်းရှိပြီးအဖြေ”ကောင်းကောင်း” မရှိတဲ့အခါကိုယ်မှာရှိထားတဲ့ အဖြေကို အမှန်လို့ထင်ပြီးကိုယ်ထင်ထားတဲ့ အဖြေမှန်ကကိုယ့်အမှိုက်တွေကို ရှင်းမပေးနိုင်တဲ့အခါပိုရှုပ်လာတတ်တယ်။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ ကျွန်တော်လဲ အတွေးအခေါ်ဖြေဆေး လိုက်ရှာရင်းတွေ့ရှိချက်တွေကို နေ့စဥ်မျှဝေရင်းဘဝကို ဖြတ်သန်းနေပါတယ်။ Phyo Paing @ Derek

တွေ့ရှိချက်တွေကို နေ့စဥ်မျှဝေရင်း
ဘဝကို ဖြတ်သန်းနေပါတယ်။
Read More »

အလုပ်လုပ်လို့ရတုန်းလုပ်ထား။

သူများတော့ မသိဘူး။ ကိုယ်တော့ လုပ်သင့်တဲ့အချိန်လုပ်သင့်တဲ့အလုပ်ကို သေချာလုပ်ကြိုးစားလုပ်ခဲ့လို့နောင်တရလိုက်တာဆိုတာတော့မရှိသေးဘူး။ အလုပ်ဆိုတာ လုပ်ချင်တိုင်းလုပ်လို့ရတာမှ မဟုတ်တာ။စျေးကွက်က အနားပေးတဲ့အချိန်ခဏ ဖြေးဖြေးလုပ်ထိုင်နားနေရတတ်တယ်။ အလုပ်လုပ်လို့ရတုန်းလုပ်ထား။အဲ့လိုပဲ စဥ်းစားမိတယ်။ မှားရင်လဲ မှားလိမ့်မယ်။ Phyo Paing @ Derek

အလုပ်လုပ်လို့ရတုန်းလုပ်ထား။ Read More »

တော်ပျော်ပွားပေး

ကိုယ်တစ်ရက်တစ်ရက်တန်ဖိုးရှိသွားတယ်။ အလုပ်ပြီးသွားတယ်။ အကျိုးရှိသွားတယ်လို့ခံစားရတဲ့အလုပ်တွေ လုပ်နေဖို့လိုတယ်။မဟုတ်ရင် အသုံးမကျတဲ့သူလိုခံစားလာရနိုင်တယ်။ ဒီအလုပ်က ကိုယ့်ကိုတော်စေ၊ ပျော်စေ၊ ဝင်ငွေပွားစေ၊ တခြားသူတွေကိုအကျိုးရှိစေတဲ့အရာဖြစ်ဖို့လိုတယ်။ဒါကြောင့် တော်ပျော်ပွားပေးလို့အတိုချုံ့ထားလိုက်တယ်။ Phyo Paing @ Derek

တော်ပျော်ပွားပေး Read More »