Dr. Phyo Paing

https://yec.company

“ကိုယ်” က စတင်တယ်။

ဘယ်အချိန်ဖြစ်ဖြစ်အကောင်းဆုံးရင်းနှီးမြုပ်နှံမှုလုပ်သင့်တဲ့နေရာက ကိုယ့်ကိုယ်ကိုယ်ပဲ။ ကိုယ်၊ စိတ်၊ နှလုံး၊ ဥာဏ် မှာရင်းနှီးမြုပ်နှံနိုင်လေကောင်းလေ။ ကိုယ်ကျန်းမာကြံ့ခိုင်ရေး၊ စိတ်အေးချမ်းရေး၊ဘယ်လိုလောကဓံဖြစ်ဖြစ်စိတ်ကိုစီမံနိုင်ရေး၊နှလုံးသားအဟာရကိုယ့်အတွက်အဓိပ္ပာယ်ရှိတဲ့ အလုပ်၊ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့အရာ၊ ဥာဏ ပိုင်းဆိုင်ရာစဥ်းစားနိုင်စွမ်း၊တွေးမြင်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ကောင်းချနိုင်စွမ်း။ ဘာသာစကား၊ နည်းပညာအသုံးပြုနိုင်မှု။ အပြောင်းအလဲအားလုံး“ကိုယ်” က စတင်တယ်။ Phyo Paing @ Derek

“ကိုယ်” က စတင်တယ်။ Read More »

စိတ်မလုံခြုံမှု

လူတိုင်းမှာ စိတ်မလုံခြုံမှုအနည်းနဲ့ အများရှိကြတယ်။အများစုက လူတွေငါ့ကိုဘယ်လိုထင်နေမလဲကလာတယ်။ လှည့်ဖြားတတ်သူအများစုကဒီ စိတ်မလုံခြုံမှုကို အသုံးပြုပြီးသူတို့ထိန်းချုပ်မှုရောက်အောင်လုပ်ကြတယ်။ Phyo Paing @ Derek

စိတ်မလုံခြုံမှု Read More »

ဆက်လိမ့်နေရမှာပဲ။

အခက်အခဲ တိုင်းကအခွင့်အခါ ပဲ။အခွင့်အခါဆိုတာ ခေတ်ကောင်းရင်တစ်ခါ၊ခေတ်ပျက်ရင်တစ်ခါ။ တရုတ်မှာ ကျိန်စာတိုက်ရင်May you live in interesting times.စိတ်ဝင်စားစရာကောင်းတဲ့အချိန်မှာနေရပါစေတဲ့။ အဘိုးအဘွားခေတ်က ဒုတိယကမ္ဘာစစ်၊ယဉ်ကျေးမှုတော်လှန်ရေး။အဖေ၊ အမေခေတ်က ပြည်သူပိုင်သိမ်း။ ကိုယ့်ခေတ်က ကိုဗစ်နဲ့ ကိုစစ်။ အခက်အခဲတိုင်းကို စိတ်ညစ်နေမည့်အစားကိုယ်ပြောင်းဖို့၊ ပိုကောင်းဖို့အခွင့်အခါ လို့ပဲ နှလုံးသွင်းပြီးဆက်လိမ့်နေရမှာပဲ။အရှိန်ရရင် ပျံသန်းကြမယ်။ Phyo Paing @ Derek

ဆက်လိမ့်နေရမှာပဲ။ Read More »

လိမ့်နေဖို့လိုတယ်။

လောကကို ကျောချကတည်းကမောရတယ်။ငိုရတယ်။ချော့တော့ ရယ်ရပြန်တယ်။ငိုလိုက်၊ ရယ်လိုက်။ဝမ်းနည်းလိုက်၊ ဝမ်းသာလိုက်။အားငယ်လိုက်၊ အားတတ်လိုက်။မျက်နှာမွဲဖြစ်လိုက်၊ ဂုဏ်ယူလိုက်။နာကျင်လိုက်၊ သာယာလိုက်။ ဘဝက အစွန်းနှစ်ဖက်ကြားမှာလမ်းလျှောက်ကြရတယ်။ သေချာတာတစ်ခုကလူတွေက တုန့်ပြန်တတ်တဲ့သားကောင်ဖြစ်တယ်။ပြုံးပြရင် ခင်မင်မယ်။မဲ့ပြရိုင်းပြရင် စိတ်ဆိုးမယ်။ ဘဝရဲ့ စိတ်ဆိုးစရာတွေကိုတိတ်တခိုးလေး ဖြေဖျောက်ပြီးဘဝရဲ့ အရိပ်ဆိုးတွေကိုထားပြီးကိုယ့်ရဲ့အနာဂတ်အတွက်ကောင်းမွန်တဲ့ စေတသိတ်တွေနဲ့ဆက် rolling လုပ်လိမ့်နေဖို့လိုတယ်။ လိမ့်ရင်းအရှိန်ရ ပျံသန်းကြတာပေါ့။ Phyo Paing @ Derek

လိမ့်နေဖို့လိုတယ်။ Read More »

ပိုကောင်းတဲ့ အနာဂတ်အတွက်
ပစ္စုပ္ပန်ကို ပေးဆပ်ရင်းနှီးမြုပ်နှံရဲလာတယ်။

ယောကျာ်းတစ်ယောက်မှာကိုယ့်ရဲ့သမိုင်းပေးတာဝန်ရှိသွားသိသွားတဲ့အခါအရင်လို မဟုတ်တော့ဘူး။ဘဝက ပိုပြတ်သားလာတယ်။သွားရမည့်လမ်းပိုရှင်းလင်းလာတယ်။ရွေးချယ်မှုကောင်းတွေ ပိုလုပ်လာနိုင်တယ်။စွန့်လွှတ်ရဲတာတွေ စွန့်လွှတ်တတ်လာတယ်။ပိုကောင်းတဲ့ အနာဂတ်အတွက်ပစ္စုပ္ပန်ကို ပေးဆပ်ရင်းနှီးမြုပ်နှံရဲလာတယ်။အမျိုးသမီးတွေ၊ ဘယ်သူမဆိုတူတူပဲလို့ ထင်တယ်။ Phyo Paing @ Derek

ပိုကောင်းတဲ့ အနာဂတ်အတွက်
ပစ္စုပ္ပန်ကို ပေးဆပ်ရင်းနှီးမြုပ်နှံရဲလာတယ်။
Read More »

တစ်နေ့တစ်နေ့ အလုပ်အများကြီးမလုပ်ဘူး။ဒီဆယ်ခုပဲလုပ်တယ်။

၁။ အင်္ဂလိပ်လို အသံသွင်းလေ့ကျင့်၊ article ပြန်ထုတ် (၁၅ မိနစ်)၂။ ဂျာနယ်ရေးပြီး ကိုယ့်ကိုယ်ကိုယ်လေ့လာ (၁၅ မိနစ်)၃။ စာဖတ်ပြီးမှတ်စုထုတ် (၁ နာရီ)၄။ ဗီဒီယိုရိုက် (မိနစ် ၂၀) ၅။ သတင်းအချက်တွေရှာဖွေ သုတေသနလုပ် (၁ နာရီ နဲ့ ၂ နာရီကြား)၆။ Content ဖန်တီး (၃၀ မိနစ် – ၁ နာရီ) ၇။ အကြံပေး (၁ နာရီခွဲမှ ၃ နာရီ) တစ်ပတ် ငါးရက် ၈။ လေ့ကျင့်ခန်းလုပ် ၉။ တရားထိုင် (နှစ်ခုပေါင်း ၂ နာရီ) ၁၀။ စာသင် (၃ နာရီ) တစ်ပတ် ၂ ရက်။ သေချာလေး

တစ်နေ့တစ်နေ့ အလုပ်အများကြီးမလုပ်ဘူး။ဒီဆယ်ခုပဲလုပ်တယ်။ Read More »

ဥာဏ်ရှိပြီး ပညာမရှိလို့မရဘူး။

ဒီနေ့ခေတ်က စီးပွားရေးတွေပြိုင်ကြတာမဟုတ်တော့ဘူး။ သတင်းအချက်အလက်ပေါ်မူတည်ပြီးဥာဏ်ပညာတွေ ပြိုင်ကြတာ။ အရင်လို Mindset စိတ်နေသဘောထားတစ်ခုတည်းနဲ့ မရတော့ဘူး။ မလိုချင်သင့်တာ မလိုချင်အောင်လိုချင်တာ ရအောင်လုပ်နိုင်တာ ဥာဏ်ပညာပဲ။ နိုင်ငံတွေမှာ လူဦးရေနည်းလဲဥာဏ်ပညာရှိတဲ့လူတွေများရင်အဲ့နိုင်ငံကတိုးတက်တာပဲ။ ဥာဏ်ရှိပြီး ပညာမရှိလို့မရဘူး။ဒါကြောင့် ဥာဏ်ရှိတဲ့သူတွေပညာနဲ့ပေါင်းတဲ့အခါဦးဆောင်နိုင်စွမ်း၊ လုပ်နိုင်စွမ်းတွေ ဖြစ်လာတယ်။ Phyo Paing @ Derek

ဥာဏ်ရှိပြီး ပညာမရှိလို့မရဘူး။ Read More »

ပြန်မရနိုင်တာ အချိန်။

ကိုယ့်ဘဝကြီးကို ဒီလိုပဲနေတော့မှာလား။ကိုယ့်ကိုယ်ကိုယ် အမြဲမေးတဲ့မေးခွန်းတစ်ခုဖြစ်ပြီးအခုအရွယ် ၂၀၊ ၃၀၊ ၄၀ ကျော်အရွယ်ဆိုတာ ဘဝတစ်ခုရဲ့ အကောင်းဆုံးရွှေခေတ်။ သန်တုန်း၊ မြန်တုန်းမှာ ဥာဏ်တုံးပြီး အချိန်မဖြုန်းမိဖို့လိုတယ်။ ပြန်မရနိုင်တာ အချိန်။ Phyo Paing @ Derek

ပြန်မရနိုင်တာ အချိန်။ Read More »

သာမညဘဝက ရုန်းထွက်ဖို့
ဥာဏကို မြင့်ဖို့လိုတယ်။

နေ့တိုင်း ဥာဏကိုမြင့်နေလား။ ဥာဏစွမ်းအားတိုးတက်လာရင်အမြင်တွေ ရှင်းလာမယ်။အတွေးတွေရှင်းလာမယ်။ခံစားချက်တွေရှင်းလာမယ်။ဘာလုပ်ရမလဲ ရှင်းလာမယ်။ဘဝနေထိုင်ရတာ ရှင်းလာမယ်။ ဆုံးဖြတ်ချက်တွေ ချတာမှန်လာမယ်။အလုပ်လုပ်တာ မြန်လာမယ်။လေ့လာနိုင်စွမ်း သန်မာလာမယ်။ ဘဝက ပိုတော်လာမယ်။ဘဝက ပိုပျော်လာမယ်။ဘဝက ဝင်ငွေပိုပွားလာမယ်။ဘဝမှာ လူတွေအတွက် ပိုပေးနိုင်မယ်။ Phyo Paing @ Derek

သာမညဘဝက ရုန်းထွက်ဖို့
ဥာဏကို မြင့်ဖို့လိုတယ်။
Read More »

ကျွန်တော့်မှာ သီအိုရီတစ်ခုရှိတယ်။

ခန္ဓာကိုယ်ရဲ့ ခေါင်းအစခြေအဆုံး နေရာတိုင်းမှာ နေ့စဥ်ဘဝဖြတ်သန်းမှုကပေးတဲ့ဒဏ်တွေ ရှိတယ်။ ဒါကို မာဆယ် မှတ်ဥာဏ်အနေနဲ့မှတ်ထားတယ်။ ဒီဒဏ်တွေက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်ဆိုင်ရာကြောင့်ဖြစ်တဲ့ဒဏ်တွေဖြစ်တယ်။ ပုံမှန် အညောင်းပြေ၊ အညာပြေ နှိပ်ရုံနဲ့မရဘူး။ စိတ်နဲ့ ကိုယ်ရဲ့ ဒဏ်ကိုခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ စုထားတဲ့ အမှိုက်တွေကို လိုက်ရှင်းဖို့ ဒါလေးလုပ်ကြည့်။ မျက်စိမှိတ်ပြီး ခန္ဓာကိုယ်ကိုဦးခေါင်းထိပ်ကစပြီး နှဖူး၊မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ လျှာ၊ပါးပြင်၊ လည်ပင်း၊ ပုခုံးနှစ်ဖက်၊ ရင်ဘတ်၊ နှလုံး၊ အဆုပ်၊ အစာအိမ်၊ကျောက်ကပ်၊ အူလမ်းကျောင်းတစ်လျှောက်၊တင်ပါး၊ ဆီးခုံ၊ ပေါင်နှစ်ဖက်၊ ဒူး၊ ခြေထောက်နှစ်ဖက်စလုံးကနေခြေဖဝါးနဲ့ ခြေချောင်းမှာ ရှိတဲ့အကြောတွေ အကုန်လျော့လိုက်။ နောက်ပြီး စကြာဝဠာထဲက အလင်းတန်းဖြူတစ်ခုက ဦးခေါင်းထိပ်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကိုဖြတ်ပြီး ခြေဖဝါးက ထွက်သွားတာကိုပုံဖော်ကြည့်။ ဖြတ်သွားတိုင်းမှာ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့အမှိုက်တွေကို ရေဆေးထုတ်သွားသလို ယူသွားတယ်လို့ မြင်ယောက်ကြည့်။

ကျွန်တော့်မှာ သီအိုရီတစ်ခုရှိတယ်။ Read More »