Dr. Phyo Paing

https://yec.company

ပြန်မရနိုင်တာ အချိန်ပဲ။

နေ့ရက်တိုင်းက ကိုယ့်ဘဝကိုအပြောင်းအလဲအကြီးအကျယ်ဖြစ်သွားစေနိုင်တယ်။ ဒီလို အပြောင်းအလဲဖြစ်ဖို့ နေ့တိုင်း ကိုယ့်ရဲ့အသိပညာ၊ကျွမ်းကျင်မှု၊ တွေးခေါ်နိုင်မှု၊ဘာသာစကား၊ပေါင်းသင်းဆက်ဆံပြောဆိုနိုင်စွမ်းကိုလေ့ကျင့်ပျိုးထောင်ထားရင်အပြောင်းအလဲဖြစ်ဖို့ ၁။ လူတစ်ယောက်နဲ့တွေ့ဖို့၂။ အကြံဥာဏ်သစ်တစ်ခုရဖို့၃။ ပတ်ဝန်းကျင်အသစ်တစ်ခုရောက်ဖို့၄။ ပလက်ဖောင်းတစ်ခုတွေ့ဖို့ပဲလိုတယ်။ နေ့ရက်တိုင်း ကိုယ့်ဘဝအကြီးအကျယ် အပြောင်းအလဲဖြစ်သွားနိုင်တယ်။ တစ်လဝင်ငွေက တချိန် တစ်နာရီဝင်ငွေလဲဖြစ်သွားနိုင်တယ်။ ပြန်မရနိုင်တာ အချိန်ပဲ။ Phyo Paing @ Derek

ပြန်မရနိုင်တာ အချိန်ပဲ။ Read More »

၂၄ နာရီ တစ်ရက်။

စိတ်နဲ့ ခန္ဓာ ကျန်းမာရေးအတွက် ၂ နာရီ။ဖတ်မှတ်လေ့လာဖို့အတွက် ၂ နာရီ။အလုပ်အတွက် ၈ နာရီ။အိပ်ချိန် ၈ နာရီ။ လုပ်ချင်တာလုပ် ၄ နာရီ။၂၄ နာရီ တစ်ရက်။ ဘဝရဲ့ သုံးပုံတစ်ပုံအိပ်။သုံးပုံတစ်ပုံ အလုပ်။ အလုပ်မှာ ပျော်နေ၊ အဓိပ္ပာယ်ရှိနေမှဘဝက အရသာရှိမှာ။ Phyo Paing @ Derek

၂၄ နာရီ တစ်ရက်။ Read More »

ဘယ်နေရာရောက်ရောက်

၁။ ဘာသာစကားလိုတယ်။၂။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမယ်။၃။ လူရှေ့သူရှေ့ အိုင်ဒီယာချပြရမယ်။၄။ နည်းပညာအသုံးပြုရမယ်။ ၅။ ပိုက်ဆံရှာရမယ်။ ၆။ လူတွေကို အုပ်ချုပ်ဦးဆောင်နိုင်ရမယ်။၇။ အချိန်စီမံခန့်ခွဲနိုင်ရမယ်။ ၈။ အသစ်တွေ မြန်မြန်သင်ယူနိုင်ရမယ်။ Phyo Paing @ Derek

ဘယ်နေရာရောက်ရောက် Read More »

“အဖြေရှာဖို့”

အချစ်ရေးမှာ ဒုက္ခတွေကြိမ်ကြိမ်ရောက်တယ်။စာအုပ်တွေထဲက အဖြေရှာတယ်။ အချစ်ရေးအဆင်ပြေသွားတယ်။ ဝိတ်အကြိမ်ကြိမ်ချတယ်။မကျဘူး။ စာအုပ်တွေထဲက အဖြေရှာတယ်။နောက်ပိုင်း အပြောင်းအလဲဖြစ်သွားတယ်။ ငွေကြေးနဲ့ ကိုယ်နဲ့က အတူမနေဘူး။ငွေကြေးအကြောင်းအဖြေရှာတယ်။ ဘဝမှာ ငွေကြောင့်စိတ်မညစ်ရတော့ဘူး။ ဝန်ထမ်းတွေ စီမံခန့်ခွဲရတာပြဿနာ အကြိမ်ကြိမ်တက်တယ်။ စာအုပ်တွေဖတ်ပြီး အဖြေလိုက်ရှာတယ်။အရာရာလွယ်ကူချောမွေ့သွားတယ်။ မှတ်ဥာဏ်မကောင်းလို့ စိတ်ညစ်တယ်။စာအုပ်တွေထဲ အဖြေရှာတယ်။ မြန်နှုန်းမြင့်လေ့လာလို့ရလာတယ်။ လောကမှာ အဖြေရှာဖို့ ကိုယ်တိုင် သုတေသနလုပ်နေစရာမလိုတဲ့အပိုင်းတွေရှိတယ်။ နေ့တိုင်းတစ်ရက်တစ်အုပ်လေ့လာလာတာသုံးနှစ်တိတိ ပြည့်တော့မယ်။ ဒီသုံးနှစ်အတွင်း သိထား၊ တတ်ထားတာတွေနဲ့လူတွေကို ကူညီခွင့်ရတဲ့အတွက်လဲကျေးဇူးတင်မိတယ်။ ပြဿနာအဖြေရှာဖို့ စာဖတ်ဖို့လိုတယ်။ စာအုပ်ကောင်းတွေက အမြင်ပြောင်းပေးတယ်။တွေးပုံပြောင်းပေးတယ်။တွေးတာပြောင်းရင် ကြံစီတာလဲပြောင်းပြီလုပ်ဆောင်တာလဲပြောင်းပြီ။ဘဝရလဒ်လဲပြောင်းပြီ။ ဘာကြောင့် စာအုပ်ဖတ်သလဲ?“အဖြေရှာဖို့”။ Phyo Paing @ Derek

“အဖြေရှာဖို့” Read More »

ကိုယ့်ကိုယ်ကိုယ် သိအောင်
ကြိုးစားဖို့လိုတယ်လို့ထင်တယ်။

Insight ကို မြန်မာလို“ထိုးထွင်းသိမြင်မှု”။တရုတ်လို “洞察力” တုန့်ချာလိ။ တရုတ်စကားလုံးမှာ 洞 (dòng): တုန့်ဆိုတာ “ထိုးသွင်းသိမြင်မှု”察 (chá): ချာဆိုတာ “စစ်ဆေးနိုင်စွမ်း”力 (lì): လိဆိုတာ “ပါဝါ၊ အစွမ်းအစ”။ အင်္ဂလိပ်လိုဆို In: အတွင်းပိုင်း Sight: မြင်နိုင်စွမ်း။ Idea နဲ့ Insight အိုင်ဒီယာနဲ့ ထိုးထွင်းသိမြင်မှုမတူဘူး။ သိတိုင်းမမြင်ဘူး။ မြင်တိုင်းလဲ မြင်တဲ့လယ်ဗယ်မတူဘူး။ ဘဝတွေပြောင်းလဲဖို့  ထိုးသွင်းသိမြင်နိုင်စွမ်းအရေးကြီးတယ်။ ဝိပသနာ ကို Vipassana orInsight meditation လို့ခေါ်ကြတယ်။တရားထိုင်တယ်ဆိုတာလဲကိုယ့်ကိုယ်ကိုယ် ထိုးထွင်းသိမြင်ဖို့။ ကိုယ့်ကိုယ်ကိုယ် သိအောင်ကြိုးစားဖို့လိုတယ်လို့ထင်တယ်။ အလွယ်ဆုံးက journaling ရေးတာ။ စိတ်ပညာလေ့လာတာ။ကိုယ့်ရဲ့စဥ်းစားပုံ mental model လေ့လာတာကစလို့တရားထိုင်တာ အဆုံး။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကိုယ် သိအောင်
ကြိုးစားဖို့လိုတယ်လို့ထင်တယ်။
Read More »

ဒုက္ခတွေကြား ပျော်နိုင်ဖို့ပဲ
ကြိုးစားဖို့ ဆုံးဖြတ်လိုက်တယ်။

ဟားဗတ်တက္ကသိုလ်စိတ်ပညာ ပရော်ဖက်ဆာဒယ်နီရယ်ဂါးဗတ်က သုတေသနတွေ့ရှိချက်တွေအရလူတွေပျော်ဖို့ ၃ ချက်လိုတယ်တဲ့။ ၁။ ကိုယ်လုပ်တဲ့အလုပ်ကိုချစ်တာ။Enjoyment က ပျော်စေတယ်။ ၂။ ဖြစ်ချင်တာ၊ ရချင်တာရရင်စိတ်ကျေနပ်ပြီး Satisfied ဖြစ်ပျော်စေတယ်တဲ့။ တတိယတစ်ခုက စိတ်ဝင်စားဖို့ကောင်းတယ်။ ၃။ အဓိပ္ပာယ်ရှိခြင်း meaning ကလဲ ပျော်စေတယ်တဲ့။ ကိုယ့်ရဲ့ဒုက္ခ၊ အဖြစ်အပျက်တိုင်းရဲ့နောက်ကွယ်မှာ အဓိပ္ပာယ်တစ်ခုရှိတယ်ဆိုရင်လဲပျော်စေတယ်တဲ့။ ဒုက္ခတွေထဲမှာ ပျော်ဖို့အဖြစ်အပျက်တိုင်းက အဓိပ္ပာယ်ရှာလိုက်တယ်။ Phyo Paing @ Derek

ဒုက္ခတွေကြား ပျော်နိုင်ဖို့ပဲ
ကြိုးစားဖို့ ဆုံးဖြတ်လိုက်တယ်။
Read More »

No Brain, No Gain

မွေး၊ နေ၊ သေတဲ့ ဘဝမှာမွေးတာနဲ့ သေတာကို ရွေးချယ်လို့ ရချင်မှရမယ်။ နေတာကိုတော့ ရွေးချယ်လို့ရနိုင်တယ်။ ဘဝကို ဖြတ်သန်းနေထိုင်တဲ့အခါမှီခိုအားကိုး၊ လွတ်လပ်၊ သံဝေဂဘဝကို သုံးပိုင်းခွဲကြည့်တယ်။ မှီခိုတဲ့အဆင့်မှာ စားဖို့၊ နေဖို့၊ကျောင်းတက်ဖို့၊ ပြုစုပျိုးထောင်ဖို့မိဘ ဒါမှမဟုတ် အမျိုးတွေကိုမှီခိုရတယ်။ ဒီကမှတဆင့် လွတ်လပ်တဲ့အဆင့်ရောက်တယ်။လူတွေရဲ့ အစွမ်းအစအလိုက်ဘာအလုပ်လုပ်မယ်၊ဘယ်သူတွေနဲ့တွေ့မယ်၊ဘယ်မှာနေမယ်၊ဘဝကို ဘယ်လိုပုံဖော်မယ် ကွာသွားတယ်။ နောက်တဆင့်က ဘဝမှာစိတ်သွားတိုင်း ကိုယ်သိပ်မပါတော့တဲ့အဆင့်။ငယ်စဥ်ဘဝဖြတ်သန်းခဲ့တာတွေကြည့်ပြီးသံဝေဂ ရတဲ့အချိန်။ ငယ်ဘဝကိုတော့ ရွေးချယ်လို့မရဘူး။ဒါက ဘဝရဲ့ပေးထားချက်။ လွတ်လပ်တဲ့ဘဝကိုတော့ ရွေးချယ်လို့ရတယ်။လူတွေရဲ့ စူပါပါဝါက “ဦးနှောက်”။ ကြံနိုင်စွမ်း၊ ဖန်နိုင်စွမ်း၊ပြဿနာဖြေရှင်းနိုင်စွမ်း၊မှားနေရင် မှားတာသိပြီးပြင်နိုင်စွမ်း။ ကိုယ်လိုချင်တာကို ရအောင်တဆင့်ချင်းယူနိုင်စွမ်း။ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်စွမ်းဒါတွေက အရေးကြီးသွားပြီ။ ကံမရှိဥာဏ်ရှိတိုင်းမွဲဆိုတာမှန်နိုင်သလိုဥာဏ်မရှိ ကံရှိတိုင်းလဲ မွဲနိုင်တယ်။ ဒါကြောင့် No Pain, No Gain ဆိုတာထက်No Brain, No

No Brain, No Gain Read More »

ကျွန်တော်လက်ကိုင်ထားတဲ့
အတွေးအခေါ်တစ်ခု

အားကိုးမရှိပဲ ဘဝကို ဖြတ်သန်းလာတော့ အရာရာ ကိုယ်တိုင်ကြိုစီမံရတယ်။ ကျောင်းမပြီးခင်ကတည်းက ကျောင်းပြီးအလုပ်ရဖို့ ကြိုစဥ်းစားရတယ်။ ရပ်တည်နိုင်အောင် ကြားအလုပ်လေးတွေနဲ့အလွတ်တန်းပညာရှင်အဖြစ်ငွေရှာရတယ်။ ကိုယ့်ဘဝရဲ့ မအေးအေးဝင်းကလဲကိုယ်တိုင်ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်လက်ကိုင်ထားတဲ့အတွေးအခေါ်တစ်ခုရှိတယ်။ဒါကတော့ “အနာဂတ်ပြဿနာတွေအတွက်ကြိုတင် အဖြေရှာပါ” ပဲဖြစ်ပါတယ်။ အိမ်ကိုကတိပေးထားတဲ့အတိုင်းဆရာဝန်ဘွဲ့ရအောင်တက်ပေးမယ်။အဲ့အချိန် ဆေးကျောင်းတက်နေတုန်းက ကျောင်းပြီးဘွဲ့ရတဲ့အခါ စီးပွားရေးလုပ်မယ်စဥ်းစားထားတော့ကျောင်းပြီးတဲ့အခါ မြန်မြန်ဆန်ဆန်လေ့လာလို့ရအောင်စာမြန်မြန်ဖတ်နည်း၊ မှတ်ဥာဏ်ကောင်းနည်းAccelerated learning တွေကြိုတင်လေ့ကျင့်ထားလိုက်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့နည်းပညာအပြောင်းအလဲရိုက်ခတ်မှုတွေကြောင့်တစ်နှစ်နဲ့ တစ်နှစ် လုပ်ရကိုင်ရတဲ့ပုံစံမတူကြဘူး။ ၂၀၁၂ ဂျန်နဝါရီလမှာ ဘွဲ့ရတော့ဖေဖော်ဝါရီမှာ ရန်ကုန်သွားတယ်။ RC-2 မှာ အိန္ဒိယနဲ့တွဲသင်တဲ့HR သင်တန်းသွားတက်တယ်။Bus ကားလေးနဲ့သွားတယ်။တချို့ကိုယ်ပိုင်ကားနဲ့လာတဲ့သူတွေကကိုယ့်ကို စကားမပြောဘူး။ပြန်စဥ်းစားကြည့်တယ်။ ငါ့ဘဝ အပြောင်းအလဲဖြစ်ဖို့ကိုယ်တိုင်ကားဝယ်ဖို့ social mobility အတွက်ဘာတွေ လုပ်ဖို့လိုမလဲ။ အဆောင်နေတယ်။ ဘေးအခန်းက သူက ကိုယ့်ပိုက်ဆံခိုးသွားတယ်။ အလုပ်တွေ တစ်ခုပြီးတစ်ခုလိုက်လျှောက်တယ်။မရဘူး။ June လမှာ မန္တလေးပြန်လာတယ်။

ကျွန်တော်လက်ကိုင်ထားတဲ့
အတွေးအခေါ်တစ်ခု
Read More »

နေ့စဉ်လေ့လာဖို့လိုတယ်။

ရလဒ်ရဖို့ အလုပ်လုပ်ရတယ်။ရလဒ်ကောင်းရတဲ့ အလုပ်လုပ်ဖို့သေချာစဉ်းစား ကြံစည်ရတယ်။ထိရောက်တဲ့ အကြံအစည်ဖြစ်ဖို့အတွေးကောင်းရတယ်။ကောင်းမွန်တဲ့ အတွေးကောင်းဖြစ်ဖို့ဖတ်မှုလေ့လာရတယ်။ အတွေး၊ အကြံ၊ အလုပ်ကောင်းဖို့နေ့စဉ်လေ့လာဖို့လိုတယ်။ လေ့လာမှု မပြုနေရင်တိရစ္ဆာန်သာသာဦးနှောက်နဲ့ဘဝဖြတ်သန်းနေရမှာပဲ။ Phyo Paing @ Derek

နေ့စဉ်လေ့လာဖို့လိုတယ်။ Read More »

လူကြောနပ်ဖို့ လိုတယ်။

ဘယ်နေရာရောက်ရောက်လူတွေ ကိုယ့်ကိုကူညီစေချင်ရင်အထာနပ်ဖို့လိုတယ်။လူတိုင်းက လူတွေရဲ့အကူအညီလိုတာပဲ။ ပြောတဲ့စကားလုံး။လေယူလေသိမ်း၊ကိုယ်နေဟန်ထား၊ယဉ်ကျေးမှုနဲ့ အထာအထူးအရေးကြီးတယ်။ လူတွေကြား လူဝင်ဆံ့ဖို့တော်တော်ကြိုးစားရပြန်တယ်။ Phyo Paing @ Derek

လူကြောနပ်ဖို့ လိုတယ်။ Read More »