တိုးတက်ရေး
တိုးတက်ရေးဆိုတာ အသက်ရှင်မှ လုပ်လို့ရတာ။ အသက်ရှင်အောင်အရင်လုပ်။ပြီးရင် ကျန်းမာအောင်လုပ်။ အသက်ရှင်၊ ကျန်းမာမှလန်းဖြာ၊ ဝမ်းသာ၊ ချမ်းသာဖို့ဘဝကို ဗရမ်းဗတာမနေပဲတိုးတက်ရေးလုပ်လို့ရမှာ။ Phyo Paing @ Derek
တိုးတက်ရေးဆိုတာ အသက်ရှင်မှ လုပ်လို့ရတာ။ အသက်ရှင်အောင်အရင်လုပ်။ပြီးရင် ကျန်းမာအောင်လုပ်။ အသက်ရှင်၊ ကျန်းမာမှလန်းဖြာ၊ ဝမ်းသာ၊ ချမ်းသာဖို့ဘဝကို ဗရမ်းဗတာမနေပဲတိုးတက်ရေးလုပ်လို့ရမှာ။ Phyo Paing @ Derek
ကံတက်တဲ့ချိန် မာန်တက်တတ်ပြီး၊ကံကျတဲ့အချိန် မာန်ချတတ်တယ်။ ကံဆိုတာ အလုပ်တဲ့။ကံကောင်းတယ်ဆိုတာ အလုပ်လုပ်လို့ကောင်းတာ။ ကံကောင်းပြီးအလုပ်မလုပ်ရင်လဲကောင်းသင့်သလောက်ကောင်းမှာ မဟုတ်ဘူး။ ကံမကောင်းလို့ အလုပ်မကောင်းတဲ့ဆောင်းညဆိုရင်တော့နေပြန်ထွက် ကံကောင်းချိန်အရှိန်နဲ့လုပ်ဖို့ ပြင်ဆင်နေရမှာပဲ။ Phyo Paing @ Derek
အများကြီးမစဥ်းစားနဲ့။ လက်ရှိအခြေအနေကိုသာတစ်ရက်တာအတွက်၊တစ်ပတ်အတွက်၊ တစ်လအတွက်အကောင်းဆုံး ဘယ်လို optimize လုပ်လို့ရမလဲသာစဥ်းစားကြည့်။ တကယ်တမ်း ၂၀ နဲ့ ၄၀ ကြားလောက်သာနုပျိုနေတာ။ ၄၀ ကျော်ရင် ဇရာက မျက်နှာမှာစပြပြီ။ ၆၀၊ ၇၀ ကျော်ရင် ကျန်းမာရေးသေချာမလုပ်ဘဝကို ဖြစ်သလိုနေရင်ကျန်းမာရေးကိစ္စဖြစ်လာပြီ။ လူတိုင်းက တသားမတ်ထဲ ဘဝကို ဖြတ်သန်းရမှာ မဟုတ်ဘူး။ ကျွန်တော်တို့ရထားတဲ့အချိန်တွေကသိပ်တန်ဖိုးရှိတယ်။ကိုယ်တကယ်ပိုင်တာ အချိန်ပဲ။ ဒီအချိန်အတွေကို နေ့စဥ်ဘယ်လိုအသုံးချမလဲဆိုတာ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပဲ။ တစ်ရက်အတွက်၊ တစ်ပတ်အတွက်၊တစ်လအတွက် အကောင်းဆုံးဖြစ်ဖို့နေ့စဥ် မပျက်မကွက် ဘာတွေလုပ်မလဲ။ ဘဝမှာ အချိန်တွေရှိတုန်းဘာတွေ လုပ်မလဲ။ Phyo Paing @ Derek
နေ့စဥ် အရေးအကြီးဆုံးက “အာရုံ စီမံခန့်ခွဲမှု”။ ဒီနေ့ခေတ် အလုပ်က ကိုယ်ကာယသုံးရတဲ့အလုပ်တဖြည်းဖြည်း နည်းလာပြီ။ အလုပ်ရဲ့သဘောတရားအဆင့်မြင့်လာလေဦးနှောက်ပိုသုံးလာရလေ။ ဒီလို ဦးနှောက်သုံးတဲ့ အလုပ်လုပ်ဖို့ အာရုံကို ဘယ်နားစိိုက်ရမယ်၊ဘာကို လျစ်လျူရှုရမယ် အရေးကြီးတယ်။ လူကို အာရုံထွေပြားစေမည့်အရာတွေရှောင်ရှားဖို့လိုတယ်။ အာရုံကို အရေးပါတဲ့အရာတွေမှာအာဏာကုန်ထည့်ဖို့လိုတယ်။ အရေးမပါတာတွေကို အရာမပေးပါနဲ့။ Phyo Paing @ Derek
၁။ စိတ်ငြိမ်းချမ်းဖို့ နံပတ်တစ်၂။ ကိုယ့်အာရုံကိုယ်ထိန်းနိုင်ဖို့ နံပတ်နှစ်၃။ ကိုယ့်ဘဝရဲ့ အနာဂတ်အမြင်ပုံဖော်၄။ နေ့စဥ် အပျက်မကွက်လုပ်မည့်အလုပ်တွေလုပ်၅။ ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့အလုပ်တွေလုပ်၆။ ဒီနေ့အတွက် လျှို့ဝှက်ချက်သစ်ရှာဖွေ၇။ ကိုယ့်ဘဝသွားနေတဲ့လမ်းကြောင်း ပြန်သုံးသပ် Phyo Paing @ Derek
သူတို့ ငယ်ဘဝ ဖြတ်သန်းမှုကို ပြန်ကြည့်။ ကြမ်းတမ်းတဲ့ဘဝ ဖြတ်သန်းလာတာချင်းတူရင်တောင် အဓိပ္ပာယ်ဖွင့်ဆိုမှုချင်းမတူကြဘူး။ ဘယ်အရာက ကွာသွားစေသလဲ။ သူတို့ရဲ့ ရှင်သန်မှု မဟာဗျူဟာ။ တချို့တွေက လိုချင်တာရဖို့လူတွေအပေါ် nice ဖြစ်ရတယ်။ဆက်ဆံရေးကောင်း လူတွေလိုအပ်ချက်နားလည်ရတယ်။ဒီတော့ social ကောင်းသူကြီးတွေဖြစ်လာတယ်။ တချို့က လူတွေအပေါ်ကောင်းလို့မရဘူး။ချီကျမှ ရတယ်။ ညစ်မှ ရတယ်။ လွယ်လွယ်နဲ့ ပေးမှာ မဟုတ်ဘူး။အညစ်ကြီးတွေ ဖြစ်လာတယ်။ တချို့က လိုချင်တာရဖို့ တခြားသူတွေကို ဂရုအရမ်းစိုက်နေရင်ခံစားချက်တွေများပြီး အလုပ်မလုပ်နိုင်ဘူး။ကိုယ့်ဘဝ ကိုယ်တိုင်တည်ဆောက်မှရတာ။ တချို့က သတင်းတွေ ထိန်းချန်ထားမှရတာ။အကုန်ပေးမသိနဲ့။ မလိမ့်တပတ်လုပ်။ တချို့က တောက်ပထူးချွန်ပြမှရမှာ။ဒါမှ လူတွေငါလိုချင်တာပေးမှာ။ တချို့က ကိုယ်က စိတ်ဓာတ်ကျပြမှလူတွေ ဂရုစိုက်မှာ။ တချို့က လူတွေကို ကူညီမှ လူတွေကို ကိုယ့်ကိုချစ်မှာ။ လူတွေက ဘဝဂိမ်းကို မတူညီတဲ့ မဟာဗျူဟာတွေနဲ့ ပလေးနေကြတယ်။
ဘယ်နေရာရောက်ရောက်မျက်နှာမငယ်ချင်ရင်နေ့စဥ် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်။ မွေးလာတဲ့နေရာ၊ဖြစ်တည်လာတဲ့ လူမျိုး၊ကြီးလာတဲ့ အသိုင်းအဝိုင်း၊သင်လာခဲ့တဲ့ပညာရေးဒါတွေကို ပြောင်းလို့မရဘူး။ ဒါပေမယ့် ပစ္စုပ္ပန်တိုင်းမှာနေ့စဥ် ဘာလုပ်မလဲဆိုတာရွေးချယ်လို့ရတယ်။ စိတ်၊ ခန္ဓာ၊ နှလုံးသားဒီသုံးခုကို နေ့တိုင်းတည်ဆောက်။ စိတ်ကို တည်ဆောက်ဖို့ စာဖတ်။တရားထိုင်၊ ဂျာနယ်ရေး။ခန္ဓာကိုယ်တည်ဆောက်ဖို့အစားနဲ့လေ့ကျင့်ခန်းဂရုစိုက်လုပ်။နှလုံးသားကို တည်ဆောက်ဖို့ကိုယ်မစဥ်းစားပဲမနေနိုင်တဲ့အလုပ်တွေကိုလုပ်။လူတွေကို ပြန်လည်မျှဝေပေး။ Phyo Paing @ Derek
ကိုယ့်ဘဝမှာ ဖြစ်ချင်တာတွေကိုယုံယုံကြည်ကြည်နဲ့ချရေးထားကြည့်။ဒီ ပါဝါကို လျော့မတွက်ပါနဲ့။ အလုပ်အချစ်ငွေကြေးကျန်းမာရေးလူမှုရေးနေချင်တဲ့နေရာ နေ့တိုင်း အတွေးတွေကို ထုတ်လွတ်။Frequency များများလွတ်။ အရေးကြီးတဲ့အပိုင်းက“ခံစားချက်”။“တွေးတိုင်းပျော်ဖို့လိုတယ်။” တချို့က အနာဂတ်ကိုတွေးရင်စိုးရိမ်နေတတ်တယ်။ကြောက်နေတတ်တယ်။မဖြစ်နိုင်ပါဘူးကွာ။ငါနဲ့ မထိုက်တန်ဘူးလို့ထင်တတ်တယ်။ ဒါတွေကို ကျော်လွှားဖို့အလေ့အကျင့်လုပ်ဖို့လိုနိုင်တယ်။ စဥ်းစားကြည့်ကြည့်ကိုယ့်ဘဝရဲ့ အကောင်းဆုံးအခြေအနေမှာဘယ်လိုပုံစံဖြစ်နေမလဲ။ဘယ်လို ထိုင်နေမလဲ။ဘယ်လိုအသက်ရှူနေမလဲ။ကိုယ့်ကိုယ်ကိုယ် ဘာစကားပြောနေမလဲ။ဘေးနားမှာဘယ်သူတွေရှိနေမလဲ။ဘယ်နေရာမှာရောက်နေမလဲ။ဘယ်သူတွေနဲ့ တွေ့နေမလဲ။ အဲ့ဒီ အတွေး၊ ခံစားချက်ကိုနေ့တိုင်းတွေး၊နေ့တိုင်းခံစား။ အကြံအစည်နဲ့ အလုပ်ကနောက်က အော်တိုလိုက်လာလိမ့်မယ်။ အရင်လုပ်ကြည့်။နောက်မှ ကျေးဇူးတင်။ Phyo Paing @ Derek
ကိုယ့်ဘဝမှာ ဖြစ်ချင်တာတွေကိုယုံယုံကြည်ကြည်နဲ့ချရေးထားကြည့် Read More »
ဘိတ်ဆုံးက ထိပ်ဆုံးရောက်ဖို့နေ့တိုင်း ကြိတ်ဝုန်းရတတ်တယ်။တခါတလေ စိတ်ပျက်ပြီးမိတ်ပျက်တာတွေ ကြုံရနိုင်တယ်။ဒါက အောင်မြင်မှုနဲ့စတင်မိတ်ဆက်တယ်လို့လဲဆိုလို့ရတယ်။ Phyo Paing @ Derek
လူတွေက ချုပ်နှောင်ခံထားရတယ်။ ပထမ အလွှာက ငွေ။ဒုတိယ အလွှာက စိတ်။တတိယ အလွှာက ခန္ဓာ။စတုတ္ထအလွှာက နှလုံးသား။ ၁။ ငွေ ငွေမရှိတဲ့ဆင်းရဲဒုက္ခကိုပထမအလွှာကို ချွတ်ဖို့အတတ်ပညာသင်တယ်။အတတ်ပညာရှိတော့အလုပ်ခွင်ဝင်ငွေရှာလို့ရတယ်။စီးပွားရေးလုပ်ပြီးငွေလာအောင်လုပ်တယ်။ဒီငွေကို စီမံခန့်ခွဲပွားအောင်လုပ်တယ်။ဒါက ပထမအလွှာကို ချွတ်တယ်။ ငွေပြတ်လပ်နေတဲ့အခါနဲ့ငွေရှိတဲ့ အခါ လမ်းလျှောက်တာခံစားချက်တောင်မတူဘူး။ဒါကြောင့် ပထမအလွှာငွေကြေးချုပ်နှောင်မှုကို ချွတ်ဖို့လိုတယ်။ ၂။ စိတ် အတိတ်က အရိပ်လို ဒုက္ခပေးတတ်တယ်။အတိတ်ရဲ့ မှတ်ဥာဏ်ကခံစားချက်တွေကို အရှင်လတ်လတ်ပစ္စုပ္ပာန်ကို ခေါ်ဆောင်လာတယ်။ရံဖန်ရံခါ ခံစားချက်တွေ ပြန်တက်တယ်။ဒီစိတ်ရဲ့ အတိတ်ရဲ့ အချုပ်အနှောင်ကိုပြန်ဖြေဖို့လိုတယ်။ခွင့်လွတ်ရမည့်သူ ခွင့်လွတ်။ကြေငြိမ်းစရာရှိ ကြေငြိမ်း။ ၃။ ခန္ဓာ နေ့စဥ် မရပ်မနားလည်ပတ်နေတယ်။အသက်ရှူနေတယ်။နှလုံးခုန်နေတယ်။သွေးလည်ပတ်နေတယ်။လက်သည်းခြေသည်းဆံပင်တွေရှည်နေတယ်။ဆဲလ်တွေ သေလိုက်၊ အသစ်ဖြစ်လိုက် ဖြစ်နေတယ်။ဒီခန္ဓာကိုယ်ကြီးရဲ့ ဝေဒနာအချုပ်အနှောင်ကိုလွတ်ဖို့အစားအသောက်၊ခန္ဓာကိုယ်လှုပ်ရှားမှု အထူးဂရုပြုပြီးသူ့အချုပ်အနှောင်က လွတ်ဖို့လုပ်ရတယ်။ ၄။ နှလုံးသား လူတွေ ငွေလဲရှိ၊ စိတ်လဲကျန်းမာ၊ကိုယ်ချမ်းသာပြီးရင် ဘာလုပ်ကြသလဲ။အလှူအတန်းလုပ်လေ့ရှိကြတယ်။ကိုယ့်ပတ်တန်းကျင်ကို ပြန်ပေးကြတယ်။ကိုယ့်မှာမရှိတဲ့အရာကို ပေးဖို့ခက်တယ်။ဒီနှလုံးသား အချုပ်အနှောင်ကကိုယ်၊