စိတ်ရဲ့ပျင်းရိခြင်း
စိတ်ရဲ့ပျင်းရိခြင်းကိုဥာဏ်နဲ့ ကျော်နိုင်ဖို့လိုတယ်။စိတ်ကို ရေရှည်ခိုင်းနိုင်ရင်ဝိရိယ ဖြစ်တယ်။ Phyo Paing @ Derek
စိတ်ရဲ့ပျင်းရိခြင်းကိုဥာဏ်နဲ့ ကျော်နိုင်ဖို့လိုတယ်။စိတ်ကို ရေရှည်ခိုင်းနိုင်ရင်ဝိရိယ ဖြစ်တယ်။ Phyo Paing @ Derek
စတင်တဲ့ Day One နဲ့အနာဂတ်မှာဖြစ်မည့် One Dayခံစားချက်တွေ မတူနိုင်ပါတယ်။ Day One မှာ ခက်ခဲကောင်းခက်ခဲလိမ့်မယ်။Day 10 မှာ ပိုခက်ခဲနိုင်တယ်။Day 100, Day 1000 ဆိုလွယ်သွားနိုင်တယ်။ လူရှေ့သူရှေ့စကားစပြောတဲ့Day One မှာ မျက်နှာငယ်ခဲ့ရတယ်။လုပ်ငန်းစတင်တဲ့Day One မှာ ဘာတွေဖြစ်မလဲစိုးရိမ်မှု ရင်ခုန်မှုနဲ့ စတင်ခဲ့တယ်။ပညာရပ်အသစ်လေ့လာတဲ့Day One မှာ ခေါင်းခြောက်မှုပေါင်း များစွာနဲ့။ကျန်းကျန်းမာမာ စတင်စားသောက်တဲ့Day One က မအီမသာခက်ခဲတယ်။အားကစားစလုပ်တဲ့Day One က အင်မတန်ပင်ပန်းတယ်။ ဒါပေမယ့် Day One နဲ့အနာဂတ်မှာ ခံစားရမည့် One Day ကမတူပါဘူး။ Day One မှာ ခက်ခဲလို့စိတ်မညစ်လိုက်ပါနဲ့။One Day မှာ လွယ်သွားပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့ပဲ
စတင်တဲ့ Day One နဲ့အနာဂတ်မှာဖြစ်မည့် One Dayခံစားချက်တွေ မတူနိုင်ပါတယ် Read More »
လူတိုင်းအတွက် No.1ဖြစ်စရာမလိုဘူး။ လူတစ်စုအတွက် No.1ဖြစ်ရင် ရပြီ။ အကြီးဆုံး မားကတ်တင်းသင်တန်း၊အကြီးဆုံး စီးပွားရေးသင်တန်း၊အကြီးဆုံး စွမ်းဆောင်ရည်မြင့်သင်တန်း၊အကြီးဆုံး Online Learning Platformအကြီးဆုံး Software companyအကြီးဆုံး Digital Book Libraryဖြစ်စရာမလိုဘူး။ဖြစ်လဲ မဖြစ်ချင်ဘူး။ ဘဝမှာ ရည်မှန်းချက်ကြီးဥာဏ်ရည်မြင့်ပြီးတကယ်နားလည်ချင်တယ်။သင်ယူမယ်။လုပ်မယ်။ ချမယ်။သင်ခန်းစာယူမယ်။အောင်မြင်အောင်ဆက်လုပ်မယ်။ဒီလိုလူတွေအတွက် No.1 ဖြစ်ရင်ရပြီ။ လူတိုင်းအတွက် အလုပ်လုပ်စရာမလိုဘူးလို့နက်နက်ရှိုင်းရှိုင်း ယုံကြည်ခံယူထားတယ်။ မတူတဲ့သူတွေမှာ မတူညီတဲ့ရသာခံ အာရုံနဲ့ ဦးနှောက်လှိုင်းတွေရှိတယ်။အုတ်ရောရော ကျောက်ရောရောလုပ်လို့မရဘူး။ ဒါကြောင့် နောက်ပိုင်းလူတိုင်းကို ရောင်းဖို့ ဘယ်တော့မှ မကြိုးစားဘူး။ Phyo Paing @ Derek
ဘဝမှာ လမ်းမပျောက်ဖို့ အလုပ်အကိုင်သေချာရွေးချယ်ဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လုပ်တဲ့အလုပ်က ကျွန်တော်တို့ ဘယ်သူဖြစ်တယ်ဆိုတဲ့Identity ပေါ် သက်ရောက်မှုကြီးမားတဲ့အတွက်ဖြစ်တယ်။ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ရွေးချယ်တဲ့အခါတချို့က ကံကောင်းပြီး ကိုယ်လုပ်တဲ့အလုပ်နဲ့တခါတည်း တသားကျသွားတဲ့သူတွေရှိတယ်။တချို့က ကိုယ်လုပ်တဲ့အလုပ်နဲ့ တစ်သားတည်းမကျဘူး။ ဘဝဆိုတာ တိုတိုလေး။ နေရတဲ့ခဏတာမှာ ကိုယ်နဲ့ကိုက်ညီတဲ့သဟဇာတဖြစ်တဲ့အလုပ်လုပ်နိုင်ရင်အလုပ်လုပ်ရင်းပိုပျော်နေမယ်။ ပိုတော်နေမယ်။ဝင်ငွေ ပိုတိုးပွားနေမယ်။တခြားသူတွေကို ပိုမျှဝေပိုပေးနိုင်မယ်။ ဒီလိုလုပ်ဖို့ အဆင့် သုံးဆင့်ကိုရိုးရိုးရှင်းရှင်းဖန်တီးထားတာရှိပါတယ်။ ၁။ ရှာ Search လူတွေရဲ့ ဘဝဖြတ်သန်းမှု၊ကြီးပြင်းလာမှု၊ စိတ်ဝင်စားမှု၊ဦးနှောက်အလုပ်လုပ်တဲ့ အားသာချက်မတူကြပါဘူး။တချို့က ဖန်တီးတာကိုကြိုက်တယ်။တချို့က ဆက်သွယ်တာကို ကြိုက်တယ်။တချို့က ပူးပေါင်းအလုပ်လုပ်ရတာကြိုက်တယ်။တချို့က အသေးစိတ်စစ်ဆေးရတာကြိုက်တယ်။ ဒီလို ကိုယ်ချစ်တဲ့အလုပ်တွေ့ဖို့ မတူညီတဲ့ အလုပ် အနည်းဆုံးများများလုပ် စမ်းကြည့်ပါ။ ဒီလိုလုပ်ဆောင်ဖို့ အကောင်းဆုံးနည်းတစ်ခုကအလုပ်ခွင်မှာ ပျော်နေတဲ့ လူ ၁၂ ယောက်လောက်နဲ့လိုက် အင်တာဗျူးကြည့်ပါ။ “အလုပ်ခွင်မှာ ပျော်နေတဲ့ ဆိုတဲ့ အချက်” အရေးကြီးပါတယ်။ သူတို့
အတိတ်ကို ပြန်ကြည့် နောက်တရပြီး၊အနာဂတ်ကိုကြည့် စိတ်ပူနေတာ ကောင်းတဲ့အချက်မဖြစ်နိုင်ဘူး။ အတိတ်ကို ပြန်ကြည့်စိတ်ကျေနပ်မှုရပြီး၊အနာဂတ်ကိုကြည့် ရင်ခုန်မှုရဖို့လိုတယ်။ ဒီလိုလုပ်ဖို့ ပတ်ဝန်းကျင်၊ တွေ့နေတဲ့သူတွေ၊ကိုယ်တွေးနေတဲ့အတွေး၊ အကြံ၊ အလုပ်တွေကို ချိန်ငြိဖို့လိုနိုင်တယ်။ ဖြစ်ချင်တာ ဖြစ်အောင်လုပ်ရင်ကြည်နူးမှုရမယ်။ဖြစ်လာမှာကို စဥ်းစားနေ့တိုင်းလုပ်ရင်ရင်ခုန်တက်ကြွမှုရမယ်။ Phyo Paing @ Derek
လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲရေးမှာ Trauma တွေက Drama ထာရမာကနေ ဒရာမာ မဖြစ်ဖို့လိုတယ်။ ဒါကြောင့် ကျွန်တော် ကျင့်သုံးခဲ့တဲ့ အဆင့် ၃ ဆင့်နဲ့ မျှဝေပေးချင်တယ်။ ၁။ Release ရှင်းထုတ် လူတိုင်း ငယ်ဘဝဖြတ်သန်းမှုသမိုင်းမှာအမှိုက်တွေ တွယ်ကပ်လာတတ်တယ်။ ဒီအရာတွေက စိတ်ပိုင်းဆိုင်ရာဗိုင်းရပ်တွေလိုတစ်ချက်တစ်ချက် ဝင်ဒုက္ခပေးတတ်တယ်။ ဒီ အပျက်စိတ်၊ အငုံစိတ်၊ ကြောက်စိတ်၊ခွင့်လွတ်စရာ၊ စိတ်ဒဏ်ရာ၊ ဝမ်းနည်း၊ ကြေကွဲ၊ ယူကြုံးမရဒါတွေကို ဖြစ်စေတဲ့ ဘဝမှာကြုံခဲ့တဲ့အဖြစ်အပျက် significant emotional events (SEE) တွေကိုပြန်လည်ကုသဖို့လိုတယ်။ ဒီလို လုပ်ဖို့ ဒီအဖြစ်အပျက်တွေကို အဓိပ္ပာယ်ပြောင်းဖို့လိုတယ်။ ဒီအဖြစ်အပျက်တွေကို နားလည်ပေးလိုက်ဖို့လိုတယ်။ဒီလို အဓိပ္ပာယ်ပြောင်းဖို့ သင်ခန်းစာယူဖို့လိုတယ်။ တချို့က Therapy နဲ့ လုပ်တယ်။ အကောင်းဆုံးနည်းကတော့ self-therapy ဖြစ်နိုင်တယ်။ ဒီလို
ဘာမှန်းမသိပဲရောက်လာတယ်။ဝဝလင်လင်နေဖို့ အလုပ်လုပ်ရတယ်။ဘောင်ဝင် လူဝင်ဆန့်ဖို့ လူ့ဘောင်မှာနေတတ်ရတယ်။ဘဝင်လေဟပ် အောင်မြင်မှုဆုတံဆိပ်တွေအတွက် ကြိုးစားရပြန်တယ်။ဘာဝနာပွားပြီး သံသရာက ထွက်ရမယ်။ Phyo Paing @ Derek
အချစ်ခံ၊ ချီးကျူးခံ၊အားပေးခံ၊ဖော်ရွေခံ ရပြီးဒါကိုအရမ်းခံစားနေရင်တနေ့ အချစ်မခံရတော့တဲ့အခါ၊ချီးကျူးမခံရတော့တဲ့အခါ၊အားပေးမခံရတော့တဲ့အခါ၊မဖော်ရွေမခံ လျစ်လျူရှုခံရတဲ့အခါခံစားရလိမ့်မယ်။ ဒါကြောင့် အကောင်းဆုံးကလူတွေရဲ့ အပြူအမူလူတွေ ကိုယ့်ကိုဆက်ဆံတဲ့အပေါ်အရမ်းခံစားမနေပဲကိုယ့်ရဲ့ အဓိက က ဘာလဲ။ဒါကို အဓိက စဥြးစားလုပ်ဆောင်တာပိုကောင်းနိုင်တယ်။ ကိုယ်နဲ့အမြဲတမ်းရှိနေတဲ့အရာကကိုယ့်ရဲ့ ကျန်းမာရေး၊အလုပ်မှာ ကျွမ်းကျင်မှုနဲ့ ဥာဏ်ပညာ၊ငွေကိုအမြဲပွားနေစေနိုင်မည့် စကေး၊ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲပြီးစိတ်အေးချမ်းမှု။ ကိုယ်အကောင်းဆုံးပေးနိုင်တာကိုပေးလိုက်။ကျန်တဲ့အရာတွေကိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်ထား။ လောကဓံရှစ်ပါးကို နှလုံးသွင်း။ (၁) လာဘ – လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း၊(၂) အလာဘ – လာဘ်နည်း၍ညှိုးငယ်တုန်လှုပ်ခြင်း။(၃)ယသ – အခြံအရံများ၍တက်ကြွတုန်လှုပ်ခြင်း၊(၄) အယသ – အခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း၊(၅) ပသံသာ – ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း၊(၆) နိန္ဒ – အကဲ့ရဲ့ခံရ၍ဝမ်းနည်း တုန်လှုပ်ခြင်း၊(၇) သုခ – ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း၊(၈) ဒုက္ခ – ဆင်းရဲကိုစွဲ၍
တခြားသူတွေကို ကယ်ချင်ရင်ကိုယ့်ကိုယ်ကိုယ် အရင်ကယ်။ နေ့စဥ်နေ့တိုင်း ကိုယ့်ဆီလူတွေ အမှိုက်လာပစ်လိမ့်မယ်။ ကိုယ်က ဒီအမှိုက်တွေယူပြီးဒေါသတွေထွက်၊ မောဟအနေနဲ့ပြောင်းသွားတယ်။ ဒီအမှိုက်တွေကို ခြေဖျက်နိုင်တဲ့ စွမ်းအားလိုတယ်။တချို့က မေတ္တာနဲ့ ခြေဖျက်တယ်။တချို့က မှန်တာပဲလုပ်တယ်။ဘယ်သူဘာပြောပြောမမှုဘူးဆိုတဲ့ သစ္စာနဲ့လုပ်တယ်။တချို့က ဘူကောင်တွေကိုရှောင်တယ်။ဥပက္ခာနဲ့လုပ်တယ်။တချို့က လုပ်ပါစေ။ငါအနစ်နာခံလိုက်မယ်ဆိုတဲ့ အနစ်နာနဲ့လုပ်တယ်။တချို့က အတွေးအခေါ် ဒဿနနဲ့အမှိုက်ကို ရွှေပြန်ပြောင်းတယ်။ နေ့စဥ် လူတွေ အမှိုက်လာပစ်လိမ့်မယ်။တချို့က အနီးဆုံးသူတွေဆီကလာတယ်။တချို့က အလုပ်ခွင်ထဲက။တချို့က လူမှုကွန်ယက်က။ ဒီလို အမှိုက်လာပစ်တဲ့အခါခြေဖျက်နိုင်တဲ့ စူပါပါဝါရှိထားမှဘဝက နေပျော်ပျော်၊ မပျော်ပျော်အနေတော် ဖြစ်မှာ။ Phyo Paing @ Derek
တခြားသူတွေကို ကယ်ချင်ရင်ကိုယ့်ကိုယ်ကိုယ် အရင်ကယ်။ Read More »
ကိုယ်နဲ့ခင်နေတဲ့သူတွေရုတ်တရက် စိမ်းသွားတာ ကြုံဖူးလား။ တခါတလေ ဘဝကအဲ့လိုပဲ။ဘာနဲ့တူလဲဆိုရထားတစ်စင်းတူတူသွားနေတာနဲ့တူတယ်။တချို့က တခြားလမ်းတွေသွားဖို့ဆင်းသွားတယ်။တချို့က တခြားခရီးဆက်တယ်။ ကိုယ်နဲ့ စိမ်းသွားတာကိုယ့်ကို မခင်တော့လို့မဟုတ်ဘူး။ကိုယ်က အသုံးမကျလို့မဟုတ်ဘူး။ပေါင်းသင်းဆက်ဆံရေးမကောင်းလို့လဲမဟုတ်သလိုအထင်လွဲတာလဲ ဟုတ်ချင်မှဟုတ်မယ်။လိုသုံးလုပ်သွားတာလဲ ဟုတ်ချင်မှဟုတ်မယ်။ လာရာတွေတူလဲလားရာမတူရင်ရင်းနှီးမှု မတူကြတော့ဘူး။ Phyo Paing @ Derek
ကိုယ်နဲ့ခင်နေတဲ့သူတွေရုတ်တရက် စိမ်းသွားတာ ကြုံဖူးလား။ Read More »