Dr. Phyo Paing

https://yec.company

ဘဝမှာ တဆစ်ချိုးပြောင်းလဲချိန်ရှိတယ်။

ဘဝမှာ တဆစ်ချိုးပြောင်းလဲချိန်ရှိတယ်။ လေ့ကျင့်နေရင် ရုတ်တရက်ကျွမ်းကျင်မှု၁၀ ဆ မက တိုးတက်သွားတာမျိုး။ စီးပွားရေးမှာဆို ယက်ကန်ယက်ကန်ဖြစ်ရင်းရုတ်တရက် အချိန်ကောင်းနဲ့အဆက်သွယ်ကောင်း၊အခွင့်အလမ်းကောင်း၊စွမ်းဆောင်ရည်အလင်းပွင့်လို့၁၀ ဆ မက တိုးတက်သွားတာမျိုး။ တစ်လ ၁ သိန်းဝင်နေရာက၁ သိန်း ခွဲ၊ ၂ သိန်း မဟုတ်ပဲ၁၀ သိန်းဖြစ်သွားတဲ့ လိုမျိုး။​ ဒီလို အဖြစ်အပျက်တွေကို ယုံကြည်ဖို့လိုသလိုThe Power of Compounding ကိုယုံကြည်ဖို့လိုတယ်။ တစ်ရက်၊​ တစ်လ၊ တစ်နှစ်နဲ့တော့သိသာချင်မှ သိတာမယ်။လေးငါး၊ ဆယ်နှစ် တကယ်လုပ်ရင်တကယ်ဖြစ်နိုင်တယ်။ စိတ်ရှည်ဖို့လိုတယ်။နေ့စဥ် ကိုယ့်ရဲ့ magic ကိုတိုးတက်အောင်လေ့ကျင့်နေဖို့လိုနိုင်တယ်။အလုပ်အပေါ်တန်ဖိုးထားချစ်မြတ်နိုးမှုလိုနိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ တဆစ်ချိုးပြောင်းလဲချိန်ရှိတယ်။ Read More »

ကိုယ့်ကို ဘယ်လို treat လုပ်ရမလဲဆိုတာကြိုတင်သတ်မှတ်ထားဖို့လိုတယ်။

ကိုယ့်ကို ဘယ်လို treat လုပ်ရမလဲဆိုတာကြိုတင်သတ်မှတ်ထားဖို့လိုတယ်။ လူတွေ ကိုယ့်ကို ဆက်ဆံတဲ့အခါမကြိုက်တဲ့ ပုံစံတွေ ရှိတတ်တယ်။ကျွန်တော်တို့ကို ဘယ်လို treat လုပ်ရမယ်ဒီ အထာတွေ ရှိတယ်။ တခါတလေ လူမှုရေးအရသတိမပြုမိတဲ့ သူတွေရှိတတ်တယ်။​ ကိုယ်မကြိုက်တဲ့အရာဆိုချက်ချင်း အားမနာပဲ ပြောဖို့လိိိုတတ်တယ်။“ချက်ချင်း” ဆိုတာ အရေးကြီးတယ်။ရင်ထဲမှာ မအောင်းထားဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကို ဘယ်လို treat လုပ်ရမလဲဆိုတာကြိုတင်သတ်မှတ်ထားဖို့လိုတယ်။ Read More »

ဒုက္ခတွေနဲ့ ပျော်နေတတ်ပြီ။

ဒုက္ခတွေနဲ့ ပျော်နေတတ်ပြီ။ ကျွန်တော်တို့အားလုံးစိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းသိထားနှလုံးသွင်းထားကြတယ်။ ဒါကတော့ဘဝဆိုတာ ဒုက်ခ။ ဘဝဆိုတာလမ်းပေါ်သွားနေတဲ့ ယာဥ်တစ်စီးဆိုဖောက်ပြန် ပျက်စီးနိုင်တယ်။ဘီးပေါက်နိုင်တယ်။အဲကွန်းပျက်နိုင်တယ်။လမ်းတွေ ပျက်နေတာမျိုးကြုံရနိုင်တယ်။လမ်းမှားသွားမိတာမျိုးကြုံရနိုင်တယ်။ဒါတွေကို ကျွန်တော်တို့အားလုံးဗုဒ္ဓအဆုံးအမကြောင့်ကြိုသိခဲ့ကြတယ်။ ဒုက္ခသစ္စာ ဆိုတာ“ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည်အမှန်တကယ်ရှိသည်။” တဲ့။ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလို့သာဒီနေ့ ဒီလိုအခြေကိုသွေးမပျက် ဖြတ်သန်းနိုင်တာ။ ဒီလို ဒုက္ခကို ဒုက္ခမှန်းသိအမှန်ကို အမှန်၊မှန်ကန်တဲ့အမြင်ထားနိုင်တဲ့အတွက်အဝိဇ္ဇာအဆင့်ကို ကျော်ဖြတ်နိုင်တယ်။ပုထုဇဥ်ဖြစ်နေသေးတာရယ်လောကီရေးရာဖြတ်သန်းမှုကြောင့်ရယ်ကြောင့်ကိလေသာတွေ ငြိတွယ်နေသေးတာကတော့သဘာဝပေမယ့်တဏှာကို တဏှာမှန်းသိအထူးမငြိတွယ်မိတဲ့ခြင်းမှာဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့သမုဒယသစ္စာကြောင့်ဆို မမှားဘူး။ သမုဒယသစ်စာ – သမုဒယ (တဏှာ၊ အဝိဇ်ဇာ)သည် ‘ဒုက္ခ’ကို ဖြစ်စေသောအကြောင်းအရင်း အမှန်ဖြစ်သည်။ သံသရာရန်ရှာတဲ့အခါအဖန်တရာမက ကြိုးစားလဲဒုက္ခပင်လယ်တွေ ဖြစ်တတ်တာအားလုံး မျက်မြင်ကိုယ်တွေ့ပဲ။ကိလေသာမီးငြိမ်းမှဖုယောင်းတိုင်မီးကိုလေမှုတ်ငြိမ်းလိုက်သလိုငြိမ်းသွားမယ်။ဒီသံသရာကို Sayonara ဘိုင်းဘိုင်လုပ်နိုင်မယ်။ ကံကောင်းတာတစ်ခုကဒီလို သံသရာထဲကလွတ်မြောက်ခြင်း၊ချုပ်ငြိမ်းခြင်းကို ဗုဒ္ဓကနိဗ္ဗာန်ဆိုပြီး ကျွန်တော်တို့ကိုလမ်းပြခဲ့တယ်။ဒါကတော့ နိရောဓသစ္စာ။“ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည်အမှန်တကယ်ရှိသည်” တဲ့။ ဒီတော့ သံသရာကို စိတ်ကုန်တဲ့သူတွေအတွက်ဒါက မျှော်လင့်ချက်ရောင်ခြည်ပဲ။တွေ့၊ ဆုံ၊

ဒုက္ခတွေနဲ့ ပျော်နေတတ်ပြီ။ Read More »

Winning formula

အလုပ်ဖြစ်တာကို ဖိလုပ်။ လူတိုင်းမှာ Winning formula ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး။ သူများတော့ မသိဘူး။ ကျွန်တော့်ရဲ့ Winning formula ကတော့ ၁။ လေ့ကျင့်၊ လေ့လာ (Practice and Learn) ၂။ စမ်းသပ်၊ လုပ်ဆောင်၊ တွေ့ရှိ (Experiment and Execute) ၃။ ရေးသား၊ အကြံပေး၊ သင်ကြား (Share, Advise and Teach) ဒီသုံးခုကို နေ့တိုင်း၊ ဘယ်နေရာရောက်ရောက်ထပ်ခါထပ်ခါ  repeat လုပ်တယ်။ Phyo Paing @ Derek

Winning formula Read More »

3 M

လူတိုင်းအတွက် အသုံးကျချင်မှကျလိမ့်မယ်။ ကျွန်တော့်အတွက်တော့ အသုံးကျပြီးကိုယ့်အတွက်ကိုယ် ထုတ်ထားတဲ့ ဘဝကို အထာကျကျနေဖို့ ဘဝတည်ဆောက်ရေး 3M conceptual framework လေးအကြောင်းပြောပြချင်တယ်။ ၁။ Mastery တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှု ဘဝမှာ လမ်းမပျောက်ဖို့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို ထုတ်ပြလိုက်ရင်လူတွေ wow ခနဲဖြစ်သွားတဲ့ magic လိုတယ်။ဒီလို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုကို Mastery လို့ခေါ်ပါတယ်။ ဒီစာလေးကို ဖတ်နေတဲ့သူမှာ၊လူတိုင်းမှာ စူပါပါဝါရှိပြီးသားဖြစ်ပါတယ်။ဒါကို သိအောင်ရှာဖွေဖို့နဲ့ပျိုးထောင်ရင် တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့Mastery တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ၂။ Marketing မားကတ်တင်း တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ အလုပ်ရှိပြီးငွေကြေး ချို့တဲ့တဲ့ဘဝ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လိုနိုင်ငံမှာပါ။ ဒီလို မဖြစ်ဖို့အတွက် ကိုယ့်ဖန်တီးမှု၊ ကိုယ့်ကျွမ်းကျင်မှုကို လူတွေအားပေးဖို့လိုပါတယ်။ ကိုယ့်ကို မသိသေးတဲ့ သူစိမ်းတွေကို သိအောင်၊သိတဲ့သူတွေကို ဝယ်အောင်၊ ဝယ်တဲ့သူတွေကို

3 M Read More »

လူတစ်ယောက်ကို စဉ်းစားနေတဲ့အချိန်သူ့ဆီက ဖုန်းဝင်လာတာမျိုး

ဒီလိုကြုံဖူးလား။လူတစ်ယောက်ကို စဉ်းစားနေတဲ့အချိန်သူ့ဆီက ဖုန်းဝင်လာတာမျိုး။စိတ်ထဲမှာ ဒါလေးဖြစ်တော့မလားမသိဘူးဆိုတဲ့အချိန်ဖြစ်သွားတာမျိုး။တစ်ခုခုစဉ်းစားနေတုန်းဒီအကြောင်းကို သူငယ်ချင်းကပြောလိုက်သလိုမျိုး။ကိုယ့်အတွက် ယူနီဗာ့ကလမ်းခင်းပေးထားသလိုမျိုးအချက်တွေပြတတ်တယ်။ဒါကို synchronicity လို့ခေါ်ပြီးစိတ်ပညာရှင် Carl Jung က နာမည်ပေးခဲ့တယ်။ ဒီခံစားမှုမျိုးကို တချို့ကspiritual experience လို့ဆိုတယ်။မနက်ခေါင်းထဲပေါ်လာတဲ့အရာကညနေမှာ ဖြစ်လာသလိုမျိုး။ဘာလုပ်ရမယ်ဆိုတာ အိမ်မက်ပေးသလိုမျိုး။ ဒီလို အတွေ့အကြုံမျိုးခံစားဖူးလား။ (P.S တချို့က ဒါကိုConfirmation bias လို့ခေါ်ပြီးတချို့က apopheniaဘက်လိုက်တွေးလို့ခေါ်တယ်။) Phyo Paing @ Derek

လူတစ်ယောက်ကို စဉ်းစားနေတဲ့အချိန်သူ့ဆီက ဖုန်းဝင်လာတာမျိုး Read More »

တခုခုလုပ်မယ်ကြံရင်Plan ပဲ မလုပ်နဲ့။Schedule လုပ်

တခုခုလုပ်မယ်ကြံရင်Plan ပဲ မလုပ်နဲ့။Schedule လုပ်။ဒါက အမူအကျင့်ပြုပြင်ရေးမှာအရေးကြီးတဲ့အချက်ဖြစ်ပြီးစွမ်းဆောင်ရည်မြင့်သူတိုင်းသုံးကြတဲ့နည်းဖြစ်တယ်။ Plan က ငါဒါလုပ်မယ်လို့စီမံကိန်းချတာ။Schedule က ဘယ်နေ့ဘယ်အချိန်မှာ၊ ဘယ်လိုတဆင့်ချင်းလုပ်မယ်ကိုအစီအစဉ်ဆွဲတာ။ အားကစားလုပ်မှာလား၊စာဖတ်မှာလား၊ကျန်းမာတဲ့အစားအစာစားမှာလား၊Content တွေ စလုပ်မှာလား၊လုပ်ငန်းစနစ်ချမှာလားPlan မလုပ်နဲ့ Schedule လုပ်။ Phyo Paing @ Derek

တခုခုလုပ်မယ်ကြံရင်Plan ပဲ မလုပ်နဲ့။Schedule လုပ် Read More »

ကိုယ်ဝါသနာပါချစ်တာကိုလုပ်နေရရင်Passion တဲ့

ကိုယ်မလုပ်ချင်တာကို လုပ်နေရရင်Stressကိုယ်ဝါသနာပါချစ်တာကိုလုပ်နေရရင်Passion တဲ့။အမှန်တော့ ကိုယ့်ပျင်းတာဟုတ်ချင်မှ ဟုတ်မှာ။အလုပ်နဲ့ဘဝ တစ်သားတည်းမကျသေးတယ်လဲဖြစ်နိုင်တယ်။တချို့က အလုပ်ကိုရွေးချယ်ခွင့်ရတယ်။တချို့က ရွေးချယ်ခွင့်မရှိသေးဘူး။ Phyo Paing @ Derek

ကိုယ်ဝါသနာပါချစ်တာကိုလုပ်နေရရင်Passion တဲ့ Read More »

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲရတာအခက်ခဲဆုံးပဲ

သူများအတွက်တော့မသိဘူး။ကိုယ့်အတွက်တော့ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲရတာအခက်ခဲဆုံးပဲ။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းစီမံခန့်ခွဲနိုင်ရင်စည်းကမ်းရှိအောင်လုပ်လို့ရတယ်။ကိုယ်တွေးချင်တဲ့အတွေးတွေးခိုင်းလို့ရတယ်။​ကိုယ်တတ်စေချင်တဲ့ ပညာတွေလေ့လာခိုင်းလို့ရတယ်။​ကိုယ်လိုချင်တဲ့ အပြုအမူထည့်ပေးလို့ရတယ်။ ကိုယ့်မှာရှိတဲ့ နတ်ဆိုးကကိုယ့်ကို ထိန်းချုပ်တာနည်းသွားမယ်။ လူတိုင်းမှာ နတ်ဆိုးရှိတယ်။တချို့က ဒါကို အမှောင်ဖက်ခြင်းdark side လို့ခေါ်တယ်။ ဒီ နတ်ဆိုးနဲ့ ချစ်ကြည်ရေးယူပြီးသူလိုချင်တာကို ကိုယ်လိုချင်တာနဲ့တူညီဖို့ ဖျောင်းပြရတာ မလွယ်ဘူး။ နတ်ဆိုးက ပျင်းစေချင်တယ်။ဘဝကို ဖြစ်သလို နေစေချင်တယ်။အကြောက်တရားတွေ ဝင်စေချင်တယ်။လောဘတွေကြီးစေချင်တယ်။အားငယ်စေချင်တယ်။မနာလိုမှုကို ဖြစ်စေချင်တယ်။​ကိုယ့်အတ္တကိုထိတာနဲ့အမှုန့်ချေစေချင်တယ်။ ဘဝက နတ်ဆိုးကိုလူကောင်းသူကောင်းဖြစ်အောင်ဖျောင်းပြနားချ ပြုပြင်ရတာမလွယ်ဘူး။ ဒါက တစ်ဘဝလုံးရဲ့ ခရီးစဥ်ပဲ။ အဲ့ဒီ မာရ်နတ် ကိုကျော်နိုင်တဲ့အရည်အချင်းရှိမှဘဝက ကြိုးကိုင်ခြင်းမခံရမှာ။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲရတာအခက်ခဲဆုံးပဲ Read More »

ပညာတတ်တတ် မတတ်တတ်ပိုက်ဆံရှာ စီးပွားလုပ်လို့ရတယ်

ပညာတတ်တတ် မတတ်တတ်ပိုက်ဆံရှာ စီးပွားလုပ်လို့ရတယ်။ပညာတတ်လေလေအဆင့်မြင့်စီးပွားလုပ်နိုင်လေလေ။ပညာတတ်တွေကိုဦးဆောင်နိုင်လေလေ။ဒါကြောင့် ပညာသင်ကြတယ်။ သားသမီးတွေကို ပညာတတ်ဖြစ်အောင်ပြုစုပျိုးထောင်ဖို့ ငွေကုန်ခံကြတယ်။“တကယ်” ပညာတတ်လေလေအဆင့်မြင့်တဲ့ အလုပ်လုပ်နိုင်လေလေ။ ခေတ်၊ စနစ်နဲ့ တတ်တဲ့ပညာအံဝင်ဂွင်ကျဖြစ်ဖို့တော့ အရေးကြီးနိုင်တယ်။နိုင်ငံသေးလေးမှာ အာကာသသွားချင်လို့မရဘူး။တတိယနိုင်ငံလိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ပထမနိုင်ငံမှာလိုအပ်တဲ့ ကျွမ်းကျင်မှုမတူဘူး။နိုင်ငံသေးလေးမှာလိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့နိုင်ငံကြီးမှာ လိုအပ်တဲ့ကျွမ်းကျင်မှုလဲ မတူပြန်ဘူး။​ ခေတ်၊ စနစ်နဲ့ စကေး ဒီသုံးခုအံဝင်ဂွင်ကျဖြစ်ဖို့လဲလိုနိုင်တယ်။ ကိုယ့်အတတ်ပညာက တစ်နေရာမှာသုံးမရရင်သုံးလို့ရတဲ့နေရာ သွားရမှာကယုတ္တိကျတဲ့အရာတစ်ခု ဖြစ်နိုင်တယ်။ Phyo Paing @ Derek

ပညာတတ်တတ် မတတ်တတ်ပိုက်ဆံရှာ စီးပွားလုပ်လို့ရတယ် Read More »