Dr. Phyo Paing

https://yec.company

အဆိုးဆုံးအရာတွေကအကောင်းဆုံးအရာတွေ ဖြစ်နိုင်တယ်

အဆိုးဆုံးအရာတွေကအကောင်းဆုံးအရာတွေ ဖြစ်နိုင်တယ်။ 1665-1666 ပလိပ်ရောဂါဖြစ်တော့အိမ်တွင်းမဖြစ်မနေအောင်းရတယ်။နယူတန်ရဲ့ သိပ္ပံတွေ့ရှိချက်တွေဖြစ်တဲ့ကဲကုလတ်နဲ့ ကမ္ဘာ့စွဲငင်အားဟာအဲ့နှစ်အတွင်းမှာ ဖြစ်လာခဲ့တယ်။ 1929 နှောင်းပိုင်းမှာကမ္ဘာ့စီးပွါးရေးပျက်ကပ်ဖြစ်တယ်။ရှင်သန်ဖို့အတွက် နည်းလမ်းရှာရင်းတီထွင်ဆန်းသစ်မှုသစ်တွေနဲ့ဒစ်စနီ နဲ့ HP ကုမ္ပဏီဖြစ်လာတယ်။ 1965 မှာ မလေးကနေစလုံးကို ဖယ်ထုတ်လိုက်တယ်။သောက်သုံးရေရှားပါး၊ရှင်သန်ဖို့ခက်ခဲနေတဲ့ ကျွန်းနိုင်ငံကနေကိုယ်တိုင်ရပ်တည်လို့ရတဲ့ နိုင်ငံဖြစ်လာတယ်။ တခါတလေ အဆိုးဆုံးတွေကလဲအကောင်းဆုံးဖြစ်နိုင်တယ်လို့စိတ်ညစ်မယ်ကြံတိုင်း စဉ်းစားမိတယ်။ Phyo Paing @ Derek

အဆိုးဆုံးအရာတွေကအကောင်းဆုံးအရာတွေ ဖြစ်နိုင်တယ် Read More »

ဆန္ဒတွေရဲ့ သဘောတရားကမီးနဲ့တူတယ်

ဆန္ဒတွေရဲ့ သဘောတရားကမီးနဲ့တူတယ်။လောင်စာထည့်လေလေမီးကြီးလာလေလေ။ ကိုယ့်ဆန္ဒက ကိုယ့်နေ့စဥ်နေထိုင်တဲ့ဘဝနွေးရုံလောက်ဆို ကောင်းတယ်။ ကိုယ့်ဆန္ဒက ကိုယ့်နေ့စဥ်နေထိုင်တဲ့ဘဝပူလောင်စေတယ်ဆို မကောင်းဘူး။​ ရည်မှန်းချက်ကြီးတာ ကောင်းတယ်။ရည်မှန်းချက်နဲ့ ကျွမ်းကျင်မှုအစွမ်းအစ ကိုက်ညီနိုင်ရင်ပိုကောင်းတယ်။ ကြီးမားတဲ့ ရည်မှန်းချက်တွေအတွက်အစွမ်းအစတွေကလဲ တိုးတက်နေမှရမှာ။ လူတွေက ကိုယ်လိုချင်တာရတာမဟုတ်ဘူး။လူတွေက ကိုယ်နဲ့ ထိုက်တန်တာပဲရတာ။အဲ့လို ပြောရင် မမှားဘူးထင်တယ်။ Phyo Paing @ Derek

ဆန္ဒတွေရဲ့ သဘောတရားကမီးနဲ့တူတယ် Read More »

တစ်ရက်ကို ကိုယ့်အတွက်၂ နာရီ ပေးမယ်ဆို

လေ့ကျင့်ခန်းလုပ်ဖို့ မိနစ် ၃၀၊တရားထိုင် ရေချိုး ၃၀ မိနစ်ဂျာနယ်ရေး၊ ကိုယ့်အသက်မွေးဝမ်းကြောင်းအတွက်လေ့လာ ၁ နာရီ။ တစ်ရက်ကို ကိုယ့်အတွက်၂ နာရီ ပေးမယ်ဆိုကျန်တဲ့ ၂၂ နာရီကအလုပ်၊ အိမ်၊ အစား၊ အပျော်လုပ်လို့ရနိုင်တယ်။ သူများအတွက်ပဲ ဖြစ်နေတဲ့ဘဝမှာကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ Phyo Paing @ Derek

တစ်ရက်ကို ကိုယ့်အတွက်၂ နာရီ ပေးမယ်ဆို Read More »

ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။

လေ့ကျင့်ခန်းလုပ်ဖို့ မိနစ် ၃၀၊တရားထိုင် ရေချိုး ၃၀ မိနစ်ဂျာနယ်ရေး၊ ကိုယ့်အသက်မွေးဝမ်းကြောင်းအတွက်လေ့လာ ၁ နာရီ။ တစ်ရက်ကို ကိုယ့်အတွက်၂ နာရီ ပေးမယ်ဆိုကျန်တဲ့ ၂၂ နာရီက အလုပ်၊ အိမ်၊ အစား၊ အပျော်လုပ်လို့ရနိုင်တယ်။ သူများအတွက်ပဲ ဖြစ်နေတဲ့ဘဝမှာ ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ Phyo Paing @ Derek

ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ Read More »

မော်တီဗေးရှင်း

အောင်မြင်ဖို့အတွက်မော်တီဗေးရှင်းလိုတာမဟုတ်ဘူး။အောင်မြင်မှုက မော်တီဗေးရှင်းပဲ။ ချမ်းသာတဲ့သူတွေက ပိုချမ်းသာတယ်။တော်တဲ့သူတွေက ပိုတော်တယ်။ခန္ဓာကိုယ်လှပသူတွေကို ပိုလှပအောင်အားထုတ်ကြတယ်။ ဘာကြောင့်လဲ။ အောင်မြင်မှုက အကြီးမားဆုံးမော်တီဗေးရှင်းတစ်ခုပဲ။ ကိုယ့်ဘဝရဲ့ ရခဲ့တဲ့အောင်မြင်မှုတွေကို နေ့တိုင်းပြန်စဥ်းစားဂုဏ်ယူ ခံစားကြည့်။ မရှိသေးရင် ပထမဆုံးတစ်ခု၊ နှစ်ခုရအောင်အရင်ကြိုးစားကြည့်။ ဆယ်တန်းအောင်တာကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။ မိဘတွေကို ကန်တော့နိုင်တာ ကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တာကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။ လုပ်ငန်းကို အောင်မြင်စွာစတင်နိုင်တာကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။ ကိုးဗစ်တွေနဲ့ မျိုးစုံကြိုးခုံနေတဲ့ကြားဒီနေ့ဒီအချိန်ထိ အိန္ဒြေမပျက်ရပ်တည်နေနိုင်တာကိုယ့်အတွက်အောင်မြင်မှုဖြစ်နိုင်တယ်။ အောင်မြင်မှုက အကြီးမားဆုံး မော်တီဗေးရှင်းပဲ။ Phyo Paing @ Derek

မော်တီဗေးရှင်း Read More »

နေ့စဥ် ကိုယ့်ဦးနှောက်ကို
လေ့ကျင့်နေဖို့လိုတယ်။

ဒါသိပြီးသားဖြစ်မှာပါ။ ဦးနှောက်က ခန္ဓာကိုယ်ရဲ့ ၂ ရာခိုင်နှုန်းပဲရှိတယ်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ စွမ်းအင် ၂၀ ရာခိုင်နှုန်းကို သုံးတယ်။ ဒါတောင် နားနေတဲ့အချိန်မှာ။ လူတွေမှာ ပိုင်ဆိုင်ထားတဲ့အရာတစ်ခုက“အချိန်” ပဲ။ ငွေဆိုတာ ကံကောင်းရင်မြန်မြန် ပြန်ရှာရလွယ်တယ်။ ဘာသာစကား၊ နည်းပညာ၊ အရသာရှိတဲ့ ဥာဏစွမ်းအားလှုံ့ဆောင်စေတဲ့အဆင့်မြင့်အာရုံခံစာပေ၊ အတွေးအခေါ်ကို ရသာရုံခံနိုင်စွမ်း တွေကို ခံစား အသုံးချနိုင်ဖို့ နေ့စဥ် ကိုယ့်ဦးနှောက်ကို လေ့ကျင့်နေဖို့လိုတယ်။ ကိုယ့်ဘဝမှာ ဘယ်တော့မှ နောင်တမရတဲ့ အရာတစ်ခုကတစ်ရက်တာကို ဘယ်တော့မှဖြစ်သလို မဖြတ်သန်းခဲ့တာလဲဖြစ်နိုင်တာပဲ။ Phyo Paing @ Derek

နေ့စဥ် ကိုယ့်ဦးနှောက်ကို
လေ့ကျင့်နေဖို့လိုတယ်။
Read More »

ဘဝကို ပိတ်မိနေတယ်ခံစားရသလားဒီ ငါးချက်ကို လုပ်ကြည့်ပါ

ဘဝကို ပိတ်မိနေတယ်ခံစားရသလားဒီ ငါးချက်ကို လုပ်ကြည့်ပါ။ ၁။ ကိုယ့်ရဲ့ရုန်းကန်မှုကိုအဓိပ္ပာယ်ရှိတဲ့ ပုံပြင်အဖြစ်ပြောင်းပါ။Creating meaningful story လူတွေရဲ့ ရုန်းကန်မှုတိုင်းမှာအဓိပ္ပာယ်လိုတယ်။ဒါကို Dr. Viktor Frankl ကစိတ်ပညာအခွဲတစ်ခုအဖြစ်Logotherapy ကို တီထွင်ခဲ့တယ်။ ၂။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးလိုက်နဲ့။ ကိုယ့်ကိုယ်ကိုယ် အထင်သေးရင်လုပ်ရပ်တွေကလဲ ပေါ့သွားမယ်။လူဖြစ်ဖို့ မလွယ်ဘူး။ကျန်းကျန်းမာမာ အနာကင်းကင်းမွေးဖို့ ပိုမလွယ်ပါဘူး။လူဖြစ်ရတာလဲ မလွယ်ပါဘူး။ဒီအခြေအနေထိ ဒူပေဒါပေခံခဲ့ပြီဆိုစိတ်ရောဂါ မဖြစ်သေးဘူးဆိုဒါက သင်တော်တော် သန်မာတဲ့သူဖြစ်လို့ပဲ။သာမာန်လူအများစုဆိုဖြတ်သန်းလာတဲ့ အခြေအနေတွေကြောင့်သွေးပျက်သွားလောက်တယ်။ရေမလာ၊ မီးပျက်၊ ရန်သူမျိုးငါးပါးကြားမှာရှင်သန်နိုင်တယ်ဆိုတာနည်းတဲ့ ဖြတ်သန်းမှု မဟုတ်ပါဘူး။ကိုယ့်ရဲ့ ဖြစ်တည်မှုကိုဘာအကြောင်းကြောင့်ဖြစ်ဖြစ်အထင်မသေးလိုက်ပါနဲ့။ ၃။ အပေါင်းအသင်းတွေကို ဂရုစိုက်ပါ။ ဓာတ်ကူးတတ်ပါတယ်။တချို့က ဘူဓာတ်ကို ဖြန့်တတ်တယ်။တချို့က အကြည်ဓာတ်ကို ယူဆောင်လာတယ်။တချို့နဲ့ တွေ့ရင် ဥာဏ်ပွင့်တယ်။တချို့နဲ့တွေ့ရင် ရှင်းနေတာတောင် ရှုပ်နိုင်တယ်။တချို့က အားပေးတယ်။တချို့က ဘတ်ထရီထဲက အင်နာဂျီတွေစုပ်ယူသွားသလိုenergy vampireဒီတော့ ကိုယ့်ဘေးနားကလူတွေကိုဂရုစိုက် ရွေးချယ်ပေါင်းသင်းပါ။

ဘဝကို ပိတ်မိနေတယ်ခံစားရသလားဒီ ငါးချက်ကို လုပ်ကြည့်ပါ Read More »

ဘဝရဲ့ ပျော်ရွင်မှုက

ဘဝရဲ့ ပျော်ရွင်မှုကကိုယ့်ရဲ့ အစွမ်းအစ အကန့်အသတ်ကိုကျော်လွန်ပြီး လုပ်နိုင်တာကလာတတ်တယ်။ နေ့တိုင်း ကိုယ်လုပ်နိုင်တာထက်ပိုလုပ်ကြည့်ကြည့်။ Phyo Paing @ Derek

ဘဝရဲ့ ပျော်ရွင်မှုက Read More »

ကြိုတင်မစီမံ မကြံဆထားတဲ့အရာတိုင်းကအန္တရာယ် risk ပဲ

စိတ်နဲ့ ခန္ဓာကို နေ့စဥ်ကြို မ train နေရင် လောကဓံစစ်ပွဲမှာကျရှုံးဖို့များတယ်။ ကြိုတင်မစီမံ မကြံဆထားတဲ့အရာတိုင်းကအန္တရာယ် risk ပဲ။ကြိုတင်ပြင်ဆင်၊ ကြံဆ၊ လေ့ကျင့်ထားမှအန္တရာယ်နဲ့ နဖူးတွေ့၊ ဒူးတွေ့လာတဲ့အခါပြန်လည်ခုခံရင်ခံ၊ ထွက်ပေါက်ရှိရင်ရှိမှာ။ Phyo Paing @ Derek

ကြိုတင်မစီမံ မကြံဆထားတဲ့အရာတိုင်းကအန္တရာယ် risk ပဲ Read More »