Dr. Phyo Paing

https://yec.company

အောင်မြင်မှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ခုကတော့DEAL ပါ

ကိုယ်လုပ်နေတဲ့ အလုပ်ကကိုယ့်ရဲ့ စူပါပါဝါနဲ့မကိုက်တဲ့အခါလိုက်လေ ဝေးလေ ဖြစ်နေတတ်ပါတယ်။​ အောင်မြင်မှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ခုကတော့DEAL ပါ။နေ့စဥ်ပျော်တဲ့ အလုပ်တွေ လုပ်နေရင်းရေရှည်ဆွတ်ခူးမှုတွေရရှိလာတာပါ။Daily Enjoyable Activities forLong-term achievement ပါ။ ဒီလို နေ့စဥ် လုပ်ဆောင်နေတဲ့အလုပ်တွေကပျော်စေရမယ်။တော်စေရမယ်။ဝင်ငွေတိုးတက်စေရမယ်။ ဒီလို နေ့စဥ် Earn + Learn + Fun ဖြစ်မှအောင်မြင်မှုဆိုတဲ့ အရာကအဓိပ္ပာယ်ရှိမှာဖြစ်တယ်လို့ခံယူထားတယ်။ နှစ်ပေါင်း များစွာ ကြိတ်မှိတ်သည်းခံပြီးမှအောင်မြင်မှုကို တစ်ရက်၊ တစ်ပတ်လောက်ခံရတာထက်နေ့စဥ် ပျော်၊ တော်၊ ဝင်ငွေ တိုးတက်စေပြီးအောင်မြင်မှုက ကိုယ့်ဆီရောက်လာတယ်ဆိုဘဝက ပို အဓိပ္ပာယ်ရှိမှာဖြစ်ပါတယ်။ 👇 Phyo Paing @ Derek

အောင်မြင်မှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ခုကတော့DEAL ပါ Read More »

ချမ်းသာချင်ရင် မရှာနဲ့လာအောင်လုပ်

ချမ်းသာချင်ရင် မရှာနဲ့လာအောင်လုပ်။ ပိုက်ဆံချမ်းသာချင်ရင်ပိုက်ဆံလာအောင်လုပ်ဖို့လိုသလို၊​စိတ်ချမ်းသာချင်ရင်စိတ်ချမ်းသာမှုလာအောင်ကိုယ်က သံလိုက်လိုဖြစ်ဖို့လိုတယ်။ တချို့အရာတွေက ရှာလေဝေးလေ။မရှာပဲ လာအောင်လုပ်ဖို့ပျားပိတုန်းလာစေချင်ရင်ကိုယ်တိုင်က ဥယျာဥ်ဖြစ်ဖို့ပြုစုပျိုးထောင်ရတတ်တယ်။ နည်းနည်းဆို ရှာ။များများဆို လာအောင်လုပ်။ Phyo Paing @ Derek

ချမ်းသာချင်ရင် မရှာနဲ့လာအောင်လုပ် Read More »

ကိုယ့်ရဲ့ မပြီးသေးတဲ့ ပန်းချီကားနဲ့တခြားသူရဲ့ ပြီးတော့မည့် ပန်းချီကားသွားနှိုင်းယှဉ်ပြီး စိတ်မညစ်နဲ့

လူမှုကွန်ယက်ကိုပဲကြည့်ပြီးတခြားသူတွေက အလုပ်ဖြစ်နေပြီးငါလုပ်နေတာ မှားနေပြီလားလို့မစဉ်းစားလိုက်နဲ့။ အပြင်ကိုပဲ ကြည့်တာကပုံရိပ်ယောင်တွေကို အစစ်ထင်နေတတ်တယ်။ကိုယ့်နှလုံးသား အသံပြန်နားထောင်ဖို့လိုတတ်တယ်။ ကိုယ့်ရဲ့ မပြီးသေးတဲ့ ပန်းချီကားနဲ့တခြားသူရဲ့ ပြီးတော့မည့် ပန်းချီကားသွားနှိုင်းယှဉ်ပြီး စိတ်မညစ်နဲ့။ Phyo Paing @ Derek

ကိုယ့်ရဲ့ မပြီးသေးတဲ့ ပန်းချီကားနဲ့တခြားသူရဲ့ ပြီးတော့မည့် ပန်းချီကားသွားနှိုင်းယှဉ်ပြီး စိတ်မညစ်နဲ့ Read More »

စတိဂျော့ပြောသလို လူတိုင်းကိုပျော်စေချင်ရင်ice-cream ရောင်းတဲ့

ဘဝကို အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းချင်ရင်လူတိုင်းကို ပြင်ပေးချင်တဲ့ စိတ်ဖျောက်။​လူတိုင်းကို စိတ်ကျေနပ်စေချင်တဲ့စိတ်ဖျောက်။ စတိဂျော့ပြောသလို လူတိုင်းကိုပျော်စေချင်ရင်ice-cream ရောင်းတဲ့။ လူတိုင်းကိုယ့်ကို သဘောကျမှာမဟုတ်ဘူး။​ကိုယ့်ဘယ်လောက် လုပ်ပေးလုပ်ပေးလူတိုင်း ကိုယ့်ကို appreciate လုပ်မှာ မဟုတ်ဘူး။ကျေးဇူးတင်တတ်မှာ မဟုတ်ဘူး။ ဒါကြောင့် ဘဝမှာလမ်းချင်းတူရင် လူချင်းတွေ့လိမ့်မယ်လို့ပဲအမြဲ ခံယူထားတယ်။ လူတွေကို ပြင်လဲ မပေးချင်ဘူး။ကိုယ့်ကိုယ်ကိုတောင်တော်တော်ပြင်ယူနေရတာ။ 😀လူတိုင်းကိုလဲ​ စိတ်ကျေနပ်အောင်အရမ်းကြိုးစားမနေတော့ဘူး။ ဘဝမှာ ကိုယ့်ကိုယ်ကို တန်ဖိုးတစ်ခုထားတဲ့အခါကိုယ့်ကို ကိုယ့်လို တန်ဖိုးထားတဲ့သူတွေနဲ့ပဲတွေ့ချင်တော့တယ်။ အမြဲခံယူထားတာ ကိုယ်နဲ့သိလို့မနစ်နာသွားစေရဘူး။ Phyo Paing @ Derek

စတိဂျော့ပြောသလို လူတိုင်းကိုပျော်စေချင်ရင်ice-cream ရောင်းတဲ့ Read More »

စာမေးပွဲ ဘယ်လောက်ခက်ခက်ထူးချွန်တဲ့ ကျောင်းသားတွေက

စာမေးပွဲ ဘယ်လောက်ခက်ခက်ထူးချွန်တဲ့ ကျောင်းသားတွေကအမှတ်ကတော့ ကောင်းတတ်တာပဲ။ မတွေ့ဖူးတဲ့ မေးခွန်းတွေကြောင့်စာမေးပွဲ ကျတဲ့သူတွေလဲ များနိုင်သလိုထူးချွန်တဲ့သူကတော့ ကျော်ဖြတ်နိုင်တာကြီးပဲ။ ကိုယ်လုပ်တဲ့အလုပ်အတွက်အထာကို ကျွမ်းကျင်သလိုစီးပွါးရေးကစားပွဲအတွက် သဘာကလဲစကားပြောတယ်။ ချာတူးလန်နေရင် စာမေးပွဲခက်ခက်၊လွယ်လွယ် ကိုယ့်အတွက်ကနာဖူးချွေးပြန်နိုင်တာကြီးပဲ။ ချာတူးလန်ဘဝက ရုန်းထွက်နိုင်မှတော်ကာကျမယ်။Unseen တွေကြောင့် စိတ်ညစ်မနေတော့ဘူး။ထူးချွန်ကျောင်းသားဖြစ်အောင်အိမ်စာပဲ လုပ်ထားတော့မယ်။ Phyo Paing @ Derek

စာမေးပွဲ ဘယ်လောက်ခက်ခက်ထူးချွန်တဲ့ ကျောင်းသားတွေက Read More »

ကျွန်တော့် page က စာတွေယူတင်တာတွေ့လို့

ကျွန်တော့် page က စာတွေယူတင်တာတွေ့လို့ လာပြောကြတယ်။ဘားမှ မဖြစ်ပါဘူး။ယူတင်လို့ရပါတယ်။Credit မပေးလဲ ဘားမှ မဖြစ်ပါဘူး။ပေးစရာလဲ မလိုပါဘူး။ကျွန်တော့်အနေနဲ့ မှတ်စုပုံစံမျိုးရေးထားတာဖြစ်ပြီးအားလုံးအတွက် အကျိုးတစ်ခုခုရရင်ကိုထင်ထားတာထက် အများကြီးပိုကောင်းနေပါပြီအားတီ၊ အားမေတို့။ Phyo Paing @ Derek

ကျွန်တော့် page က စာတွေယူတင်တာတွေ့လို့ Read More »

ကြိုးစားတိုင်း အောင်မြင်ရင်

ကြိုးစားတိုင်း အောင်မြင်ရင်လူတိုင်း ကြိုးစားနေကြမှာပေါ့။ စီးပွားရေး လုပ်တိုင်းကြီးပွားကြမယ်ဆိုလူတိုင်း စီးပွားရေး လုပ်ကြမှာပေါ့။ လမ်းလျှောက်တိုင်း ပန်းတိုင်ရောက်ကြတာမှမဟုတ်တာ။ လမ်းမသိရင် ခဏခဏ မှားမယ်။နည်းမသိရင် ကြာမယ်။ ဒါကြောင့် နည်းလမ်းဆိုတာ လိုလာတာ။ Phyo Paing @ Derek

ကြိုးစားတိုင်း အောင်မြင်ရင် Read More »

မော်တီဗေးရှင်းကို မရှာနဲ့၊ရလဒ်ရတဲ့နည်းကို ရှာ

မော်တီဗေးရှင်းကို မရှာနဲ့၊ရလဒ်ရတဲ့နည်းကို ရှာ။ပိုက်ဆံရှိတဲ့ လူတွေကပိုက်ဆံ ပိုရှာရတာကို ကြိုက်တယ်။စာတော်တဲ့ ကလေးကစာလုပ်ရတာကို ကြိုက်တယ်။တိုးတက်နေတဲ့ သူကတိုးတက်တဲ့ အရသာကို ကြိုက်တယ်။ လူတွေက လုပ်ငန်းစဉ် process တွေမှာပျော်တာ မဟုတ်တတ်ကြဘူး။“ရလဒ်ရတဲ့” လုပ်ငန်းစဥ် တွေမှာပျော်တာ။ စာလေ့လာပြီး စာမေးပွဲမအောင်ရင်စာလေ့လာရတာကိုလဲ မကြိုက်တတ်ကြဘူး။ ရလဒ်ရတဲ့နည်းတွေ တွေ့ရင်တိုးတက်တာပဲ။ ကိုယ်မတော်တာ မဟုတ်ဘူး။ရလဒ်ရတဲ့ နည်းမတွေ့သေးတာ။ Phyo Paing @ Derek

မော်တီဗေးရှင်းကို မရှာနဲ့၊ရလဒ်ရတဲ့နည်းကို ရှာ Read More »

လူတိုင်းက ကျွမ်းကျင်ရာ လိမ္မာရာ

လူတိုင်းက ကျွမ်းကျင်ရာ လိမ္မာရာအသက်မွေးကြတယ်။အလုပ်အပေါ်ထားတဲ့ ခံယူချက်တွေကခံစားချက်တွေကို လွမ်းမိုးတယ်။အကောင်းဆုံး ဖောက်သည်တွေရချင်ရင်အကောင်းဆုံးဖြစ်အောင် လုပ်နေဖို့လိုတယ်။ဓာတ်တူရာစုဖြစ်တဲ့အတွက်တူရာ တူရာပဲစုတယ်။ Phyo Paing @ Derek

လူတိုင်းက ကျွမ်းကျင်ရာ လိမ္မာရာ Read More »

ပြဿနာတိုင်းမှာ အဖြေရှိတယ်။

ပြဿနာတိုင်းမှာ အဖြေရှိတယ်။အဖြေမရှိသေးတာအဖြေမရှာနိုင်သေးလို့ဖြစ်နိုင်တယ်။ဘဝကို သင်္ချာပုစ္ဆာတွေဖြေရှင်းရတဲ့နေရာလိုပဲ မြင်ကြည့်မိတယ်။ လူမှုရေး၊ ပညာရေး၊အလုပ်အကိုင်နဲ့ စီးပွားရေး၊ငွေရေးကြေးရေး၊အချစ်နဲ့ အိမ်ထောင်ရေး၊စိတ်ငြိမ်းချမ်းရေး။ ပုစ္ဆာကိုဖြေရှင်းဖို့မေးခွန်းကို သေချာနားလည်၊ပေးထားချက်ကို ကြည့်ပြီး၊တွက်နည်းမှန်မှန်နဲ့ ဖြေရှင်းရမှာပဲ။​ လူတိုင်း ဖြေရှင်းနေတဲ့ ပုစ္ဆာအတိမ်အနက်၊ အခက်အခဲ၊ရှိထားတဲ့ အရင်းအမြစ် မတူကြဘူး။ Phyo Paing @ Derek

ပြဿနာတိုင်းမှာ အဖြေရှိတယ်။ Read More »