လိုချင်တာ ဖြစ်မလာခင်ရုန်းကန်တာ ထုံးစံပါပဲ
ပျော်နေတာပဲ မြင်တယ်။ရုန်းကန်ခဲ့ရတဲ့အချိန်တွေလူတွေ မမြင်ဘူး။ဘယ်မြင်မလဲအများစုရုန်းကန်တဲ့အချိန်လူမှုကွန်ယက်တင်ဖို့အားမှ မအားခဲ့ကြတာ။လိုချင်တာ ဖြစ်မလာခင်ရုန်းကန်တာ ထုံးစံပါပဲ။ Phyo Paing @ Derek
ပျော်နေတာပဲ မြင်တယ်။ရုန်းကန်ခဲ့ရတဲ့အချိန်တွေလူတွေ မမြင်ဘူး။ဘယ်မြင်မလဲအများစုရုန်းကန်တဲ့အချိန်လူမှုကွန်ယက်တင်ဖို့အားမှ မအားခဲ့ကြတာ။လိုချင်တာ ဖြစ်မလာခင်ရုန်းကန်တာ ထုံးစံပါပဲ။ Phyo Paing @ Derek
အပြောင်းအလဲတစ်ခု လုပ်ဖို့ခြေတုံချတုံ ဖြစ်တိုင်းဒီလိုပုံစံနဲ့မင်းတစ်သက်လုံး နေရင်ကျေနပ်ပျော်ရွင်မလားပြန်ပေးကြည့်မိတယ်။ပြီးရင် ဖြေးဖြေးပြင်။ Phyo Paing @ Derek
ဒီလိုပုံစံနဲ့မင်းတစ်သက်လုံး နေရင်ကျေနပ်ပျော်ရွင်မလား Read More »
ကျွမ်းကျင်မှုတစ်ခုတည်းနဲ့ကြီးပွါးတဲ့ခေတ် မဟုတ်တော့ဘူး။လူတိုင်းက ကျွမ်းကျင်မှုသေးသေးလေးတွေလိုတယ်။လူရှေ့စကားပြောနည်း၊စာရေးနည်း၊အိုင်ဒီနည်းပညာအသုံးချခြင်း၊Micro-skills တွေလိုတယ်။ကျွမ်းကျင်မှုတစ်ခုတည်းနဲ့သွားတဲ့ခေတ် ကုန်ပြီ။T-shaped ခေတ်။ Phyo Paing @ Derek
အလုပ်ဆိုတာ ဘဝပဲ။အလုပ်ဆိုတာ ပိုက်ဆံတစ်ခုထက်ပိုတယ်။အဲ့လိုပဲခံယူတယ်။ ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာဖော်ပြတာ အလုပ်ပဲ။လူတစ်ယောက် အလုပ်ပေါ်ထားတဲ့စိတ်နေသဘောထားကြည့်ရင်အဲ့လူအကြောင်း အကြမ်းဖျင်းသိနိုင်တယ်။ အလုပ်လုပ်တဲ့အခါဒီထက်ပိုကောင်းတဲ့ရွေးချယ်စရာအလုပ်မရှိရင်ဒီအလုပ်ကို အကောင်းဆုံးလုပ်။ပိုကောင်းတဲ့ ရွေးချယ်စရာရှိရင် ရွေး။ အလုပ်ဆိုတာ money အပြင်ဘဝရဲ့ အဓိပ္ပာယ် meaning နဲ့လဲဆိုင်တယ်။ ကိုယ့်မှာ တခြားအကန့်တွေရှိသေးတာမှန်တယ်။အဲ့ထဲမှာ အလုပ်ကို ဘဝလိုတန်ဖိုးထားဖို့လိုတယ်။ အလှူအတန်းလုပ်တာ၊ စိတ်ကောင်းရှိကူညီတတ်တာ ကောင်းတယ်။ကိုယ့်အလုပ်ကိုယ် သိတတ်တာဝန်ယူအကောင်းဆုံးလုပ်နိုင်တာ ပိုကောင်းတယ်။ ဘဝမှာ reason နဲ့ result တစ်ခုပဲရတယ်။ အလုပ်မရှိရင် မေမေ့အိမ်ကတင်ကျွေးထားလိမ့်မယ်စိတ်ဖျောက်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek
အမှိုက်တွေ နေ့တိုင်းရှင်းပါ။နေ့တိုင်း အကြည်ဓာတ်အပြည့်နဲ့အလုပ်လုပ်ဖို့ဆိုတာအမှိုက်တွေ နေ့တိုင်းရှင်းနိုင်ဖို့လိုတယ်။ လူတွေက သိလိုက်သည်ဖြစ်စေ၊မသိလိုက်သည်ဖြစ်စေသူတို့ အမှိုက်ကို ဘေးနားလူတွေကိုသွားပစ်တတ်ကြတယ်။ လူမှုကွန်ယက်မှာပဲဖြစ်ဖြစ်၊အပြင်မှာပဲ ဖြစ်ဖြစ်ဒီအမှိုက်တွေကို သိသိသာသာတစ်ကြောင်း၊မသိမသာ တစ်ကြောင်း ပစ်တဲ့အခါကိုယ်က အမှုမဲ့၊ အမှတ်မဲ့နေရင်အမှိုက်တွေက ကိုယ့်ဆီပါလာမယ်။အနံ့နံလာမယ်။လေးလံထိုင်းမှိုင်းလာမယ်။ ဒီနေ့ နေ့တိုင်း အဲ့အမှိုက်တွေကိုပြန်လည်ခြေဖျက်စွန့်ပစ်ဖို့လိုနိုင်တယ်။ ဒါကြောင့် နေ့တိုင်းကိုယ့်အတွေးတွေကို ချရေးခြင်းအားဖြင့်သတိနဲ့ ဘယ်အရာက အမှိုက်၊ဘယ်အရာက အမိုက်၊ဘယ်အရာက အကြိုက်ဆိုတာ သိနိုင်တယ်။နေ့တိုင်း မေတ္တာပွားများခြင်းဖြင့်လူတွေကို ခွင့်လွတ်ပြီးအမှိုက်ခြေဖျက်လို့ရနိုင်တယ်။နေ့တိုင်း တရားထိုင်ခြင်းဖြင့်အမှိုက်တွေကို ခြေဖျက်လို့ရတယ်။ Phyo Paing @ Derek
ပိုက်ဆံအရမ်းရပြီးကိုယ့်ရည်မှန်းချက်နဲ့သွေဖယ်မည့် အလုပ်မလုပ်ဘူး။မတိုးတက်စေမည့် အလုပ်သင်ယူမှု မရှိမည့်အလုပ် မလုပ်ဘူး။မလုပ်ချင်တဲ့ အလုပ်မလုပ်ဘူး။ ဒီလို မလုပ်ချင်တဲ့အရာကို မလုပ်ဖို့၊ကိုယ့်ဖန်တီးမှုတွေကို မရောင်းချင်တဲ့သူတွေကိုမရောင်းဖို့ အတွက်စား၊ ဝတ်၊ နေရေးအတွက် ကြိုစီစဥ်ရတယ်။ ဘဝမှာ ရွေးချယ်မှုလုပ်နိုင်ဖို့လိုတယ်။ကိုယ်ကြိုက်တဲ့အလုပ် လုပ်နိုင်ဖို့ဘွဲ့တွေ အများကြီးယူတယ်။ပညာတွေ အများကြီးလေ့လာတယ်။ဘူဖေးလိုပဲ ဒီထဲကမှ ကြိုက်တဲ့အလုပ်လုပ်တယ်။ကိုယ်လုပ်ချင်တဲ့အလုပ်က စျေးကွက်မှာမရှိရင်ကိုယ့်ကျွမ်းကျင်မှုနဲ့ ကိုယ်တိုင်ဖန်တီးလို့ရတယ်။ ပိုက်ဆံလဲ အလားတူပဲ။ဘာကြောင့်ပိုက်ဆံရှာသလဲ။ရွေးချယ်မှုတွေ များများလုပ်နိုင်ဖို့။ ပိုက်ဆံများများရှိလေလေရွေးချယ်လို့ရတဲ့ အရာတွေများသွားလေလေပဲ။ ဘဝမှာ စိတ်ကြိုက် ရွေးချယ်မှုတွေလုပ်နိုင်ဖို့ပိုက်ဆံလိုတဲ့အတွက်ဝင်ငွေကို တစ်ခုတည်းက မထားမိဖို့လိုတယ်။ရှိသမျှ မဖြုန်းလိုက်ဖို့လိုတယ်။Multiple Income Streams (MIS) လိုနိုင်တယ်။ Phyo Paing @ Derek
လုပ်နေတဲ့အရာတွေကိုပျော်အောင်အရင်လေ့ကျင့်၊ဒါမှနောက်ပိုင်းပျော်တဲ့အရာတွေကိုနေ့တိုင်း လုပ်နိုင်လာမယ်။ Gym စသွားတဲ့အချိန်တိုင်းပင်ပန်းလို့ မပျော်ဘူး။စာစဖတ်တိုင်း ခေါင်းပူလို့မပျော်ဘူး။ ဘဝက အဲ့လိုပဲ။ပျော်တဲ့အရာတွေ လုပ်ခွင့်မရခင်၊လုပ်တဲ့အရာတွေကို အရင်ပျော်အောင်လုပ်။ Phyo Paing @ Derek
စားလို့မကုန် မှားလို့ကုန်တယ်။ကိုယ်မကျွမ်းကျင်တဲ့ဂိမ်း (နယ်ပယ်) မှာမရှိတဲ့ ပိုက်ဆံ (ချေးငှား) ထည့်ခြင်းကမွဲဆေးဖော်တာပဲ။ Phyo Paing @ Derek
တစ်နှစ်၊ နှစ်နှစ်ဆိုတာလူတစ်ယောက်ကိုအကြီးအကျယ်ပြောင်းလဲစေနိုင်တယ်။ဆယ်နှစ်ဆိုရင် စဥ်းစားကြည့်လိုက်။ လမ်းကြောင်းပေါ်မရောက်ခင်လမ်းတွေ ပျောက်မယ်။ရှာလိုက် ပျောက်လိုက်နဲ့။ ဆံပင်ညပ်ခေါင်းလျှော်တာတောင်၆၀၀၀ ဆို တော်တော်စဥ်းစားရတယ်။ငါ ဖုန်းတစ်လုံးရောင်းမှ အဲ့လောက်ရမှာပါဆိုပြီး။ အရေးကြီးတာ ကိုယ်သွားချင်တဲ့ရည်မှန်းချက်ပန်းတိုင်ကို မမှိက်မသုန်သွားနေဖို့ပဲ။နောက်ပြဿနာတိုင်းကို အဖြေရှာပြီးနောက်တစ်ဆင့် တက်သွားဖို့ပဲ။ Phyo Paing @ Derek
ပျော်ရွင်ချင်ရင်သာယာမှုနောက်မလိုက်နဲ့။ဥာဏ်ပညာနောက်လိုက်။ သာယာမှုကလာတဲ့ပျော်ရွင်မှုက ရည်ရှည်မခံဘူး။ဥာဏ်ပညာက လာတဲ့ပျော်ရွင်မှုက ရေရှည်ခံတယ်။ သာယာမှုကြောင့်ဖြစ်တဲ့ပျော်ရွင်မှုက ဖြစ်ပြီးပျက်တယ်။ဥာဏ်ပညာက နားလည်သဘောပေါက်ပြီးရင်လောကကို မြင်တဲ့အမြင်လုံးဝပြောင်းသွားတယ်။ ပျော်ရွင်မှုဖြစ်ဖို့သာယာမှုတွေကလိုက်ရှာတတ်တယ်။အသိအမှတ်ပြုခံရမှုတွေက လိုက်ရှာတတ်တယ်။ပျော်ရွင်မှုကိုဥာဏ်ပညာကဖြစ်ဖို့သတိနဲ့ သမာဓိလိုတယ်။ သမာဓိဆိုတာကောင်းစွာ-ငြိမ်သက်-တည်ကြည်-သော စေတသိက်။အင်္ဂလိပ်ဆို အနီးစပ်ဆုံးဆိုSingle-mindedness ဖြစ်တာ၊ဒီလိုလုပ်ဖို့ စူးစိုက်စိတ် centration လိုတယ်။ သမာဓိမရှိပဲ စာဖတ်လို့မရဘူး။တရားကြာကြာထိုင်လို့မရဘူး။လေ့ကျင့်ခန်းကြာကြာ အာရုံစိုက်လုပ်လို့မလွယ်ဘူး။စိတ်တွေ လေလွင့် သတိမကပ်ရင်မရဘူး။သမာဓိဖြစ်ဖို့ သတိလိုတယ်။ ဒါကြောင့် ပျော်ရွင်ချင်ရင်သာယာမှုက ပေးတဲ့ပျော်ရွင်မှုထက်သတိ၊ သမာဓိ၊ ပညာနောက်လိုက်။ ဒီနေ့ ရေးထားတဲ့ Journal ထဲက။ Phyo Paing @ Derek