လောကမှာ အရာရာက အပေးအယူပဲ
လောကမှာ အရာရာက အပေးအယူပဲ။ ဘာပေးမလဲ၊ ဘာပြန်ယူမလဲ။ဒီနှစ်ခုပဲ။ ပေးတိုင်းပြန်မရတာပေးတဲ့သူဆီ မရောက်လို့။အထူးသဖြင့်ရင်ထဲ။ Phyo Paing @ Derek
လောကမှာ အရာရာက အပေးအယူပဲ။ ဘာပေးမလဲ၊ ဘာပြန်ယူမလဲ။ဒီနှစ်ခုပဲ။ ပေးတိုင်းပြန်မရတာပေးတဲ့သူဆီ မရောက်လို့။အထူးသဖြင့်ရင်ထဲ။ Phyo Paing @ Derek
အလုပ်ဖြစ်တာကိုပိုးစိုးပက်စက်လုပ်။ ကြိုးစားတိုင်း မအောင်မြင်ဘူး။ အလုပ်ဖြစ်တာမဖြစ်တာခွဲခြားသိပြီး၊အလုပ်ဖြစ်တာကိုပိုစိုးပက်စက် ကြိုးစားလုပ်မှအောင်မြင်တာမျိုး။ အလုပ်ဖြစ်တာ၊ မဖြစ်တာကိုခွဲခြားသိဖို့သင်ယူလေ့လာ၊ စမ်းသပ်လုပ်ဆောင်၊ပြန်လည်ဆန်းစစ် ဒီလိုလုပ်ရတာပဲ။ Phyo Paing @ Derek
လောကီ လွတ်မြောက်မှုကပိုက်ဆံပဲ။ပူနေတာကို အေးအောင်လုပ်လို့ရတယ်။နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားဖြစ်အောင်ဝယ်လို့ရတဲ့ ခေတ်။ သွားချင်တဲ့နေရာရောက်ချင်တဲ့နေရာရောက်ဖို့ပိုက်ဆံပဲ။ ချမ်းသာတဲ့ နိုင်ငံရောက်ပြီးမွဲနေရင်လဲ မဟုတ်ပြန်ဘူး။ 😀 ပိုက်ဆံက အရေးမကြီးဘူး။လွတ်မြောက်မှုက အရေးကြီးတယ်။ ဒါကြောင့် ပိုက်ဆံရှာ။သမာအာဇီဝကျ။အချိန်မဖြုန်းနဲ့။အင်အားတွေကို မဖြုန်းနဲ့။ ငယ်ကတည်းက ကိုယ့်ကိုယ်ကိုအမြဲဆုံးမဖြစ်တယ်။ Phyo Paing @ Derek
လိုချင်တာကို အပြင်မှာမရှာနဲ့။ခန္ဓာကိုယ်တွင်းမှာရှိတယ်။တိုးတက်မှုရှာ ခန္ဓာတွေ့လိမ့်မယ်။ကိုယ့်အတွေး၊ အကြံအစည်၊ အလုပ်အကုန်လုံးက ကိုယ်ကစတယ်။ Phyo Paing @ Derek
ဆွဲဆန့်ပါ။ ကိုယ်ကျွမ်းကျင်တာထက်နည်းနည်းပို ခက်တဲ့အလုပ်လုပ်ရရင်ကိုယ့်ရဲ့ အရည်အချင်းလုပ်ဆောင်နိုင်စွမ်းကို ဆွဲဆန့်ရပြီ။ဒီနေရာမှာ ဖိစီးမှု အနည်းငယ်ဖြစ်တယ်။ဒီဖိစီးမှုက ကိုယ့်ကို တိုးတက်စေတယ်။ဒီတိုးတက်မှုက ပျော်စေတယ်။ ဒါကြောင့် လွယ်တဲ့အလုပ်တွေပဲထိုင်လုပ်မနေပါနဲ့။ကိုယ့်ကို စိန်ခေါ်တဲ့ အလုပ်တွေလဲလုပ်ကြည့်ပါ။ ရေမကူးတတ်ပဲ ရေထဲခုန်ချတာမျိုးမဟုတ်ဘူး။ရေနက်တဲ့နေရာလေး တစ်လှမ်းချင်းသွားပြီးသွားလိုက် ပြန်ကူးလာလိုက်လေ့ကျင့်တာမျိုး။ Phyo Paing @ Derek
အသက်ကို ပြင်းပြင်းရှူသွင်းကြည့်။အာရုံလေးစိုက်ပြီး ပြန်ရှူထုတ်ကြည့်။ဝင်သက်ထွက်သက်တိုင်းမှာသတိလေးထားပြီး ပစ္စုပ္ပန်ကို အာရုံစိုက်နိုင်ရင်ငြိမ်းချမ်းမှုဆိုတာရှိတယ်။ တရုတ်အတွေးအခေါ်မှာ “သဟဇာတ” ကျဖို့Taoism ဆိုတာရှိတယ်။လောကမှာ အရာရာကို အဖိုနဲ့ အမYin and Yang ခွဲနှစ်ခုမျှဖို့လိုတယ်။ အသက်ရှူသွင်းတာရှိသလို၊အသက်ရှူထုတ်တာ ရှိတယ်။ဘဝမှာ အဆိုးတွေရှိသလိုအကောင်းတွေလဲ ရှိတယ်။ ဘဝကို အထာကျကျနဲ့ သဟဇာတရှိရှိဖြစ်သန်းဖို့ အတွေးအခေါ်တစ်ခုနဲ့ဘဝကို နေထိုင်ကြည့်တယ်။ ဒါကို Master Your Flow လို့နာမည်ပေးလိုက်တယ်။ သားရည်ကွင်းက ဆွဲလွန်းရင်လဲပြတ်တယ်။အလားတူပဲ စွမ်းဆောင်ရည်အမြင့်ဆုံးPeak Productivity သွားတဲ့အခါဇွတ်အတင်းလုပ်တဲ့အခါအရုပ်ကြိုးပြတ်သွားနိုင်တယ်။ အချစ်ရေးမှာလဲ အလားတူပဲ။ရူးသွပ်မှုကို အခြေခံရင်ကြေကွဲမှု နောက်ကလိုက်လာမယ်။ အရာရာကို ငြင်ငြင်သာသာFlow ရေစီးကြောင်းထဲ ဝင်အောင်လုပ်ဖို့လိုတယ်။ ဘဝရဲ့ ရေစီးကြောင်းကိုတွေ့တဲ့အခါရေဆန်ပြီး ရုန်းကန်နေရတာပျောက်သွားလိမ့်မယ်။အထာကျကျ ဆရာကျကျဘဝကို ထိန်းကျောင်းလာနိုင်မယ်။ သဟဇာတဖြစ်ဖြစ် ဘဝကိုတည်ဆောက်ပြီးPeak Productivity ကို ဖန်တီးဖို့၊လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့ရုန်းကန်နေစရာမလိုဘူး။ ကိုယ့်ရဲ့ Flow
ပစ္စုပ္ပန်ကို အာရုံစိုက်နိုင်ရင်ငြိမ်းချမ်းမှုဆိုတာရှိတယ် Read More »
ထွက်ပေါက်တွေလိုတတ်တယ်။ဘဝမှာ နေရာတစ်ခုတည်းမှာပိတ်မိမှာ စိုးတဲ့အတွက်အလုပ်လုပ်တဲ့အခါဒုတိယ အလုပ်ကိုထားဖို့လိုတယ်။စီးပွားရေးမှာလဲဒုတိယ ဝင်ငွေကိုထားဖို့လိုတတ်တယ်။ဘဝမှာ အရာရာကိုပြန်ထွက်လို့ရတဲ့ ထွက်ပေါက်ကိုမထားထားရင်ချောင်ပိတ်မိတဲ့အခါရွေးချယ်စရာမဲ့တတ်တယ်။ Phyo Paing @ Derek
လိုချင်တာရအောင် ယူနိုင်တာပါဝါပဲ။ရချင်တာရဖို့ မလုပ်ချင်တာလဲသမာအာဇီဝကျကျ လုပ်သင့်လုပ်ရမှာပဲ။ Phyo Paing @ Derek
ရည်မှန်းချက်ပန်းတိုင်းတွေမြန်မြန်ရောက်ဖို့ နည်းပညာကကူညီပေးတယ်။ နည်းပညာသစ်တွေ စမ်းသပ်ပြီးချက်ချင်းသုံးနိုင်ခြင်းကဘဝကို အပြောင်းအလဲဖြစ်စေနိုင်တယ်။ လူမှုကွန်ယက်ကလဲ နည်းပညာပဲ။အလားတူပဲ ဘဝမှာနည်းပညာကို ကောင်းကောင်းအသုံးပြုနိုင်လေလေစွမ်းဆောင်ရည် ပိုမြင့်လေလေပဲ။ Phyo Paing @ Derek
စာအုပ်ဆိုင်တစ်ဆိုင်ဖွင့်ရင်ဝင်ငွေ ဘယ်လောက်ရမလဲ? စာအုပ်ဆိုင်တစ်ဆိုင်ဖွင့်ရင်ဆိုင်ခန်းငှားရမယ်။ဝန်ထမ်းလိုမယ်။မီတာခပေးရမယ်။နောက် ဘောင်ချာတွေ၊တခြားလိုအပ်တဲ့ပစ္စည်းတွေဝယ်ရမယ်။စာအုပ်တွေ ဝယ်ရမယ်။ ဒါနဲ့ Online ပေါ်မှာ စာအုပ်ငှားတဲ့ဆိုင်ဖွင့်မယ်ဆို ဘာလိုမလဲ?Website တစ်ခုလိုမယ်။ ဒါနဲ့ Covid-19 စဖြစ်တဲ့အချိန်ညအိပ်မပျော်တာ မနက် ၃ နာရီ30 May 2020 မှာwww.dreamlab.news ကိုစစမ်းကြည့်တယ်။ ကိုယ်အိပ်နေလဲ မနားမနေဝင်ငွေ ရှာပေးတယ်။နောက် တစ်ခါ ဖန်တီးပြီးအမြဲ ရောင်းလို့ရနေတယ်။ဒါကို MRR လို့ခေါ်တယ်။Monthly Recurring Revenueလစဥ် ဝင်ငွေ။ ကိုယ်က တခြားနိုင်ငံရွေ့သွားချင်လဲကိုယ်နဲ့ အတူသယ်သွားလို့ရတယ်။ ဘဝမှာ လွတ်လပ်မှုရချင်ရင်ဒီဂျစ်တယ် ကုန်ပစ္စည်းတွေတည်ဆောက်ပါအားတီ၊ အားမေတို့။ Phyo Paing @ Derek