Dr. Phyo Paing

https://yec.company

ကိုယ့်ကို ပိုက်ဆံပေးတဲ့လူတွေကိုလေးစားတန်ဖိုးထားဖို့လိုတယ်

အချစ်က ဘဝမဟုတ်ဘူး။အလုပ်က ဘဝ။ အချစ်ကို မကိုးကွယ်ဘူး။​အလုပ်ကို ကိုးကွယ်တယ်။ ကိုယ်နဲ့ တစ်သက်လုံးအတူရှိနေတဲ့အရာက“အဓိပ္ပာယ်ရှိတဲ့ အလုပ်”။ဒါကြောင့်Work is life ပဲ။ တချို့တွေက အလုပ်လုပ်ရင်ပင်ပန်းနွယ်နယ်တယ်။တချို့က အလုပ်မလုပ်ရင်ပင်ပန်းနွယ်နယ် ဟာတာတာဖြစ်တယ်။ ဘဝမှာ တိုးတက်ချင်ရင်အလုပ်ကို ကိုးကွယ်ဖို့လိုတယ်။ လူတိုင်းအတွက်တော့ မှန်မှာမဟုတ်ဘူး။ တချို့လူတွေအတွက်ကတော့အလုပ်ဆိုတာ လွတ်မြောက်မှုပဲ။ ဒီနေ့စီးနေတဲ့ ကား၊နေနေတဲ့ အိမ်၊ဘဝနေထိုင်မှုအတွက် ဝင်ငွေ၊လူတွေထားတဲ့ လေးစားမှုဒါတွေအကုန်လုံးက အလုပ်ကြောင့်ဖြစ်လာတာ။ ဒါကြောင့် ကိုယ်လုပ်နေတဲ့အလုပ်ကိုအသက်လို တန်ဖိုးထားဖို့လိုတယ်။ကိုယ့်ကို ပိုက်ဆံပေးတဲ့လူတွေကိုလေးစားတန်ဖိုးထားဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကို ပိုက်ဆံပေးတဲ့လူတွေကိုလေးစားတန်ဖိုးထားဖို့လိုတယ် Read More »

ကိုယ့်အဖြေအကြီးကြီးကပြဿနာကြီးပြန်ဖြစ်သွားတတ်တယ်

သွားကြားထိုးသံလေးရဖို့သစ်တစ်ပင်လုံး ခုတ်စရာမလိုဘူး။ဘဝမှာ ပြဿနာသေးသေးလေးကိုဖြေရှင်းဖို့ အဖြေအကြီးကြီးစဥ်းစားလေ့ရှိတတ်တယ်။ဒီလို စဥ်းစားရင်းကိုယ့်အဖြေအကြီးကြီးကပြဿနာကြီးပြန်ဖြစ်သွားတတ်တယ်။ တခါတလေ ကိုယ်ကြုံတွေ့နေတဲ့ပြဿနာကိုဖြေရှင်းဖို့ မတူညီကွဲပြားတဲ့ ဖြေရှင်းနည်းCreative Problem-solving skills လိုတယ်။ဒီ ပြဿနာဖြေရှင်းနည်းကပဲဘဝကို တိုးတက်အောင် လုပ်ပေးနိုင်တာ။ အပ်နဲ့ထွင်းရမယ့်ဟာကိုပုဆိန်နဲ့ ထွင်းရသလိုမဖြစ်ဖို့လိုတတ်တယ်။ Phyo Paing @ Derek

ကိုယ့်အဖြေအကြီးကြီးကပြဿနာကြီးပြန်ဖြစ်သွားတတ်တယ် Read More »

မမြင်ဖူးတဲ့ ကမ္ဘာကို မြင်ပြီးအရင်အတိုင်း ပြန်မဖြစ်တော့ဘူး

ကြည့်တိုင်း မြင်ဖို့၊မြင်တိုင်း သိဖို့၊သိတိုင်း နားလည်ဖို့။ နားလည်မှု အဆင့်မြင်လေလေလောက အမြင်မတူလေလေ၊လောကကို ကြည့်တဲ့အကြည့် မတူလေလေ။ ကြက်ဥတစ်လုံးပြုတ်ပြီးအစိမ်းပြန်မဖြစ်တော့တာကိုဓာတုဇီဝ ပညာရပ် biochemistry မှာsecondary denaturation လို့ခေါ်တယ်။ နားလည်မှု တစ်ဆင့်မြင့်သွားတာနဲ့မမြင်ဖူးတဲ့ ကမ္ဘာကို မြင်ပြီးအရင်အတိုင်း ပြန်မဖြစ်တော့ဘူး။ Phyo Paing @ Derek

မမြင်ဖူးတဲ့ ကမ္ဘာကို မြင်ပြီးအရင်အတိုင်း ပြန်မဖြစ်တော့ဘူး Read More »

Go Big or Go Home

ဘဝမှာ ယုံကြည်လက်ခံထားတာတစ်ခုက Go Big or Go Home ပဲ။ ဘဝရဲ့ ပေးထားချက်ကိုလက်ခံ စရာမလိုဘူး။လိုချင်ရင် ပြောင်းယူလို့ရတယ်။ ကိုယ်လိုချင်တဲ့ ကျွမ်းကျင်မှု၊အလုပ်အကိုင်၊​ ကျန်းမာကြံ့ခိုင်မှု၊အချစ်ရေး၊ ငွေရေးကြေးရေး၊စီးပွားရေးလုပ်ငန်း၊လိုချင်တာ ရအောင်လုပ်လို့ရတယ်လို့အကြွင်းမဲ့ ယုံကြည်ထားတယ်။ သေချာတာ တစ်ခုကတော့ဆုတောင်း ရုံတစ်ခုထဲနဲ့ မရဘူး။စိတ်ဆန္ဒပြင်းပြမှု၊စူးစမ်းလေ့လာ အဖြေရှာမှု၊လက်တွေ့ လုပ်ဆောင်မှု၊အမှားတွေကပြန်လည်သင်ခန်းစာယူမှု၊အမြဲ မပြတ်လေ့ကျင့်မှု၊အာရုံစူးစိုက်မှု၊ဇွဲနဲ့ ဒူပေဒါပေခံမှုလိုတယ်။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို နေလို့ရပေမယ့်ဖြစ်သလိုနေတာကကိုယ်ရင်ခုန်တဲ့ဘဝမဟုတ်ရင်ဘဝကြီးကို ဖြစ်သလိုရေဆုန်မြော ဖြတ်သန်းတာကအဖြေမဟုတ်ဘူး။ Phyo Paing @ Derek

Go Big or Go Home Read More »

ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့အလုပ်

အလုပ်ကို တာဝန်ကျေလုပ်တာနဲ့၊မြတ်နိုးတန်ဖိုးထားလို့လုပ်တာအတော်ကွာတယ်။ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့အလုပ်ရွေးချယ်နိုင်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek drphyopaing

ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့အလုပ် Read More »

အပြစ်မတင်နဲ့ အဖြေရှာ

Master Your Flow အပြစ်မတင်နဲ့ အဖြေရှာ။ပေးထားချက်နဲ့ အရေးထားချက်ကို တွဲ။ သင်၊ မြင်၊ ပြင်။အတွေး၊ အကြံ၊ အလုပ်။ Noise များရင် Voice မကြားပဲ Choice မှားမယ်။အရေးမပါတာတွေကို အရာမပေးနဲ့။နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေနဲ့။ မပြိုင်ပဲ နိုင်အောင်လုပ်။အဟဇာတက ဘဝရဲ့ အလှပဲ။တစ်သားတည်းဖြစ်နေဖို့ လိုတယ်။ တံတားလေး တစ်စင်းပဲလိုတယ်။ (သတင်းအချက်အလက်)စာဖတ်တိုင်း ဓားသွေးတာပဲ။ပြဿနာတွေကို ခုတ်ထစ်မှအောင်မြင်တယ်။နားထောင်မှ နားလည်မယ်။ နားလည်မှ နားချ (nurture) လို့ရမယ်။ အတွေးအခေါ် ဘေးချော်ရင် အရေးပေါ်ပြင်ဖို့လိုတယ်။အမြင်မမှန်ရင် အမှန်မမြင်ဘူး။See မှ ပွားမယ်။ စီးပွား။ တစ်ရက်တာအတွက် မနက်အခါက အရေးကြီးတယ်။အမြင့်မတူရင် အမြင်မတူပြန်ဘူး။လာရာမတူလဲ လားရာတူရင် တူတူသွားလို့ရတယ်။ မရှာနဲ့ လာအောင်လုပ်။ Phyo Paing @ Derek

အပြစ်မတင်နဲ့ အဖြေရှာ Read More »

သင်ယူရုံတစ်ခုနဲ့ မရဘူးကျင့်ဖို့လိုတယ်

နိဗ္ဗာန်ရောက်ဖို့လဲ ကျင့်ရတာပဲ။ပညာရပ်တစ်ခု ထူးချွန်ဖို့လဲ ကျင့်ရတာပဲ။ဘဝမှာ စိတ်ထားတတ်အောင်လဲ ကျင့်ရတာပဲ။ဘဝမှာ ကောင်းတာအကုန်လုံးကကျင့်ယူမှ ရတတ်တယ်။ သင်ယူရုံတစ်ခုနဲ့ မရဘူးကျင့်ဖို့လိုတယ်။ ကိုယ်လိုချင်တဲ့ လောကီပိုင်ဆိုင်မှု၊လောကုတ္တရာ ရည်ရွယ်ချက်အားလုံးကကျင့်မှ အကောင်အထည်ပေါ်မှာ။ Phyo Paing @ Derek

သင်ယူရုံတစ်ခုနဲ့ မရဘူးကျင့်ဖို့လိုတယ် Read More »

လူတွေကို ပြန်လည်ရှင်သန်စေတဲ့အရာမှာ“အချစ်” ပါတယ်

လူတွေကို ပြန်လည်ရှင်သန်စေတဲ့အရာမှာ“အချစ်” ပါတယ်။ အချစ်လို့ပြောလိုက်ရင်လိင်ပိုင်းဆိုင်ရာ အဓိက မဟုတ်ဘူး။အဓိက စိတ်ခံစားမှု။ ဒီစိတ်ခံစားမှုက ခလုတ်သံစဉ်တွေလိုပဲ။သူ့မှာ သံစဉ်လေးတွေရှိိတယ်။ လူတွေက အဲ့ဒီသံစဉ်တွေရှိနေရင်ပြီးပြည့်စုံတယ်လို့ခံစားကြရတယ်။ အဲ့ဒီသံစဉ်တွေက ကိုယ်ငယ်ငယ်ကလိုချင်ခဲ့တဲ့ အဖေ၊ ဒါမှမဟုတ် အမေရဲ့ပုံစံစိတ်ကူးထဲက ပုံမျိုးဖြစ်နိုင်တယ်။ ဥပမာ ကိုယ်ဘာလုပ်လုပ်အပြစ်မမြင်ပဲ မေတ္တာနဲ့ချစ်ပေးတဲ့အဖေကို လိုချင်ခဲ့တဲ့အခါအဲ့လိုလူတွေ့ရင် အရမ်းချစ်မိတာမျိုး။ ဒါမှမဟုတ် ကိုယ့်အဖေ၊ အမေကကိုယ့်ကို အားကိုးတဲ့အခါကိုယ်က တစ်ခုခုဆို ကယ်တင်ချင်စိတ်ဖြစ်ပြီးBroken ဖြစ် ပျက်နေတဲ့အရာကိုပြင်ပေးချင်တဲ့ သူကြီးဖြစ်နေတတ်တာမျိုး။ အချစ်ရေးမှာ တိုင်ပတ်သူကအမြဲ တိုင်ပြန်ပတ်တတ်တယ်။ ဘာကြောင့်လဲဆိုတော့ခေါင်းထဲက သံစဉ်တွေကြောင့်။သေချာမသိနားမလည်ရင်ဒါကို ချိန်ငြိဖို့ ခက်တတ်တယ်။ Phyo Paing @ Derek

လူတွေကို ပြန်လည်ရှင်သန်စေတဲ့အရာမှာ“အချစ်” ပါတယ် Read More »

ကိုယ်လိုချင်တာ ရတာ အောင်မြင်မှုပဲ

ကိုယ်လိုချင်တာ ရတာ အောင်မြင်မှုပဲ။ကိုယ်လိုချင်တာ ရထားတဲ့သူကိုအောင်မြင်သူလို့ လူတွေက သတ်မှတ်ကြတယ်။ ကျွန်တော်ကတော့ အောင်မြင်တယ်ဆိုတာအရမ်းပါဆန်နယ် ဖြစ်တယ်လို့ထင်တယ်။ တခါတလေ ကိုယ်က တကယ်လိုချင်တာလား။မီဒီယာနဲ့ ပတ်ဝန်းကျင်ကဇွတ်အတင်းသတ်မှတ်လို့ လိုချင်တာလားကွဲ ပြားဖို့လိုတယ်။ ပတ်ဝန်းကျင် ဆူညံသံ noise တွေကြားမှာကိုယ့်နှလုံးသားအသံ voice တွေမပျောက်ဖို့လိုတယ်။ ဒီ voice အသံတွေ ကျယ်လေလေကိုယ့်ရဲ့ choice တွေ မှန်ကန်လေလေပဲ။ ဆူညံသံတွေကြားကကိုယ့်နှလုံးသား အသံပြန်နားထောင်ကြည့်ပါ။ Phyo Paing @ Derek

ကိုယ်လိုချင်တာ ရတာ အောင်မြင်မှုပဲ Read More »