Dr. Phyo Paing

https://yec.company

ပညာရေးဆိုတာ ဖြတ်လမ်းပဲ။

တိရိစ္ဆာန်တွေမှာ ကိုယ့်အတွေ့အကြုံကိုပညာရေးအနေနဲ့ လက်ဆင့်ကမ်းဖို့အခက်အခဲရှိကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1910 ကျော်မှာ အရာရှိ Cai Lun က စက္ကူတီထွင်ပြီးနောက်ပညာရပ်တွေကို လွယ်လွယ်ကူကူလက်ဆင့်ကမ်းသင်ပေးလို့ရသွားတယ်။ အခုလို အင်တာနက်နဲ့ ဒီဂျစ်တယ်ခေတ်မှာပိုကြမ်းသွားတာပေါ့။ ပညာသင်တယ်၊ စာအုပ်ဖတ်တယ်ဆိုတာ ကိုယ့်ရှေ့ကလူတွေရဲ့ အတွေ့အကြုံတွေတွေ့ရှိချက်တွေ၊ လေ့လာမှုတွေ၊သီအိုရီတွေ၊ စည်းမျဥ်းတွေ၊လုပ်ပုံကိုင်ပုံတွေကို လေ့လာတာ။ ဖြတ်လမ်းတွေရှိတာကို ဘာကြောင့် ဥာဏ်တုံးပြီး အရေးမပါတာတွေအတွက် အချိန်ကုန်ခံနေမလဲ။ Phyo Paing @ Derek

ပညာရေးဆိုတာ ဖြတ်လမ်းပဲ။ Read More »

အလုပ်မရှိတဲ့ လူ့အဖွဲ့အစည်းက
ပြဿနာတော်တော်များတယ်။

အင်္ဂလိပ်စကားပုံမှာ “An idle brain is the devil’s workshop” ဆိုတာရှိတယ်။ လူတွေက အလုပ်မလုပ်၊အလုပ်မပြီး၊ အားယားနေတဲ့အခါ ဘူကောင်ဖြစ်ဖို့ အလားအလာပိုများတယ်။ အဲ့အချိန်မှာ လူအများစုပွဲရှာနေတဲ့ကော်မန့်တွေက ကိုယ့်အတွက် “အိမ်” ဖြစ်နေတတ်တယ်။ မကျေနပ်ချက်တွေများ၊ မဖြစ်ချင်တာတွေ၊ မကျေနပ်ချက်တွေနဲ့မစင်မှာ ယင်နားသလိုဖြစ်နေတတ်တယ်။ တခါတလေ လူတိုင်းဟာသအနေနဲ့ပျော်ကြတာသဘာဝပါပဲ။ ဒါပေမယ့် တော်တော်လေးသတိထားရတယ်။ ကိုယ့်ကိုကိုယ် ပြန်သတိပေးတာ။ Phyo Paing @ Derek

အလုပ်မရှိတဲ့ လူ့အဖွဲ့အစည်းက
ပြဿနာတော်တော်များတယ်။
Read More »

မြန်မာစကားတချို့က
လူမှုဘဝဖြတ်သန်းမှုမှာ
တော်တော်ဒုက္ခပေးတယ်။

လူတွေရဲ့ သဘောတရားအရတခြားသူတွေထက် သာနေမှပျော်တတ်တဲ့ ခံစားချက်superiority ရှိကြတယ်။ဒါက အော်စတိယျ စိတ်ပညာရှင်Individual Psychology ကိုဖန်တီးခဲ့တဲ့ဒေါက်တာ အဲလ်ဖက်အဒလာ Dr. Alfred Adler က ဆိုတယ်။ ကိုယ့်အဆောက်အဦးကို အမြင့်ဆုံးဖြစ်အောင်ဘေးကတိုက်တွေကို ဖြိုချဖို့ကြိုးစားတတ်တဲ့ သဘောတွေရှိတတ်ကြတယ်။ ဒီကောင်ကြည့်နေ။ဘယ်တော့ ပြုတ်ကျမလဲမသိဘူး။ ဒီကောင်အလကားပါကွာ။ ဘာများဖြစ်မှာမို့လို့လဲ။ သီအိုရီပဲသိတာတို့။ ဒီအဖျက်တွေ negativity တွေ၊ ဘူကောင်တွေရန်က အရင်ကျော်ရတယ်။ လီကာရှင်းပြောခဲ့သလိုလူတွေက သူတို့ထက်နည်းနည်းကျော်ရင်ကိုယ့်ကို မနာလိုဖြစ်ကြမယ်။အပုံကြီးသာသွားရင် အားကျကြလိမ့်မယ်တဲ့။ Phyo Paing @ Derek

မြန်မာစကားတချို့က
လူမှုဘဝဖြတ်သန်းမှုမှာ
တော်တော်ဒုက္ခပေးတယ်။
Read More »

တန်ရာတန်ကြေးပေးဖို့လိုတယ်။

လိုချင်တာတွေ ရဖို့ တန်ရာတန်ကြေးပေးဖို့လိုတယ်။ ကျန်းမာကြံ့ခိုင်ဖို့ အစားအသောက်နဲ့ လေ့ကျင့်ခန်းတန်ရာတန်ကြေးပေးဖို့လိုတယ်။ ဘဝတိုးတက် ဥာဏ်ထက်ဖို့တန်ရာတန်ကြေးပေးဖို့လိုတယ်။ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အသက်မွေးဝမ်းကျောင်း အတတ်ပညာရှိဖို့ တန်ရာတန်ကြေးပေးဖို့လိုတယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့ တန်ရာတန်ကြေးပေးဖို့လိုတယ်။ အချောင်စိတ်နဲ့ မရဘူး။ တန်ရာတန်ကြေးပေးမယ်ဆိုတဲ့ခံယူချက်နဲ့ လုပ်ရပ်လိုတယ်။ Phyo Paing @ Derek

တန်ရာတန်ကြေးပေးဖို့လိုတယ်။ Read More »

စီးပွားရေးဆန်တယ်ဆိုတာ…

စီးပွားရေး လုပ်တဲ့အခါစီးပွားရေး ဆန်မှရမယ်။ အလှူအတန်းလုပ်တဲ့အခါသဒ္ဒါစိတ်နဲ့ အလှူအတန်းဆန်မှရမယ်။ စီးပွားရေးဆန်တယ်ဆိုတာ ကိုယ့်ဦးစားပေးဖောက်သည်ရဲ့ လိုချင်တာ၊ လိုအပ်တာကိုဖြည့်ဆည်းပေးရင်းနှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိအောင်လုပ်တာ။ စီးပွားရေးလုပ်ပြီး စေတနာမပါတာလို့ပြောတဲ့အခါစျေးသက်သာတဲ့ Budget airline စီးတဲ့အခါ စျေးသက်သာတဲ့အရည်အသွေးပဲရမှာပဲ။ ဇိမ်ခံအရည်အသွေးမြင့်လေကြောင်းစီးရင်သူနဲ့တူတဲ့ အရည်အသွေးရမှာပဲ။ ယူတာနဲ့ တန်းတူပြန်မပေးနိုင်ရင်၊တန်ဖိုးပိုပြန်မပေးနိုင်ရင် ဘယ်လုပ်ငန်းမှ တာရှည်မခံဘူး။ စီးပွားရေးလုပ်တဲ့အခါ စီးပွားရေး ဆန်မှရမယ်လို့ထင်တယ်။ မှန်ကန်တဲ့ မျှော်မှန်းချက်ထားဖို့လိုတယ်လို့ထင်တယ်။ Phyo Paing @ Derek

စီးပွားရေးဆန်တယ်ဆိုတာ… Read More »

ဒါကတော့ InsiderNote ကို
ဖန်တီးစမ်းသပ်နေတဲ့ ရည်ရွယ်ချက်ပဲ

တစ်နေ့ကျရင် ကိုယ်လေ့လာချင်တဲ့အိမ်ခြံမြေအကြောင်း၊ငွေကြေးစီမံခန့်ခွဲမှု၊မားကတ်တင်း၊စိတ်ပညာ၊ စီမံခန့်ခွဲမှု၊ဒစ်ဂျစ်တယ် ကုန်ပစ္စည်းတွေအကြောင်း၊အလှအပရေးရာ၊​Influencer တစ်ယောက်ဖြစ်အောင်၊အမှတ်တံဆိပ်ကြီးတွေနဲ့ အလုပ်လုပ်နည်း၊ဗီဒီယိုတွေ ဖန်တီးနည်း၊စာရေးနည်း၊ထမင်းချက်၊ ဟင်းချက်နည်းအစအစ ရှိတာတွေကိုဒါတွေကို တကယ်ကျွမ်းကျင်သူတွေဆီကနေ့စဥ် တိုက်ရိုက်လေ့လာလို့ရမယ်ဆိုဘယ်လောက် ကောင်းလိုက်မလဲ။ ပညာသင်တဲ့အခါ ဒီအသိပညာ၊အတတ်ပညာကိုကျွမ်းကျင်တဲ့သူနေ့စဥ် ဘာတွေလုပ်နေလဲ၊ဘာတွေ လေ့လာလဲ၊​ မျှဝေလဲထဲထဲဝင်ဝင်လေ့လာနိုင်မယ်ဆိုရင်လေ့လာရတာ ပိုမြန်မယ်။စဥ်းစားတဲ့အပိုင်းကို ပိုလေ့လာနိုင်မယ်။ ဒါကတော့ InsiderNote ကိုဖန်တီးစမ်းသပ်နေတဲ့ ရည်ရွယ်ချက်ပဲ။ Phyo Paing @ Derek

ဒါကတော့ InsiderNote ကို
ဖန်တီးစမ်းသပ်နေတဲ့ ရည်ရွယ်ချက်ပဲ
Read More »

ကိုယ်နဲ့ကိုယ်က အကောင်းဆုံး
သူငယ်ချင်းဖြစ်ဖို့လိုတယ်။

ကိုယ့်ကိုယ်ကို ဘယ်တော့မှ အပြစ်မတင်နဲ့။အကျင့်ပါသွားတတ်တယ်။ကိုယ့်ကိုယ်ကို ဂုဏ်ယူစိတ်ပျောက်သွားတတ်တယ်။ကိုယ်နဲ့ကိုယ်က အကောင်းဆုံးသူငယ်ချင်းဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်နဲ့ကိုယ်က အကောင်းဆုံး
သူငယ်ချင်းဖြစ်ဖို့လိုတယ်။
Read More »

ပိုက်ဆံက ပျော်ရွင်မှုကိုဝယ်လို့မရဘူးလွတ်လပ်မှုကိုတော့ ဝယ်လို့ရတယ်တဲ့..

စာသားလေးတစ်ခု သဘောကျတယ်။ပိုက်ဆံက ပျော်ရွင်မှုကိုဝယ်လို့မရဘူး။လွတ်လပ်မှုကိုတော့ ဝယ်လို့ရတယ်တဲ့။Naval ပြောတာထင်တယ်။ Phyo Paing @ Derek

ပိုက်ဆံက ပျော်ရွင်မှုကိုဝယ်လို့မရဘူးလွတ်လပ်မှုကိုတော့ ဝယ်လို့ရတယ်တဲ့.. Read More »

အလုပ်ဖြစ်တာနဲ့ မဖြစ်တာခွဲ
အလုပ်ဖြစ်တာလုပ်။

အမှားများများလုပ်။အမှားမြန်မြန်လုပ်။အမှားထဲက သင်ခန်းစာယူ။ အဲ့လိုပဲ Pivot လုပ်ရတာပဲ။အလုပ်ဖြစ်တာနဲ့ မဖြစ်တာခွဲအလုပ်ဖြစ်တာလုပ်။ Phyo Paing @ Derek

အလုပ်ဖြစ်တာနဲ့ မဖြစ်တာခွဲ
အလုပ်ဖြစ်တာလုပ်။
Read More »