Dr. Phyo Paing

https://yec.company

ငွေကြေးဖောင်းပွမှုကို
ကိုယ်မထိန်းနိုင်ဘူး။

ဒေါ်လာစျေးကို ကိုယ်မထိန်းနိုင်ဘူး။ စီးပွားရေး ပျက်ကပ်ဖြစ်တာကိုယ်မထိန်းနိုင်ဘူး။ ပိုက်ဆံဘယ်လိုရှာမလဲ ကိုယ်ထိန်းနိုင်တယ်။ နောက် ပိုက်ဆံကိုဘယ်မှာရင်းနှီးမြုပ်နှံမလဲထိန်းနိုင်တယ်။ ဘယ်လိုပွားမလဲ ထိန်းနိုင်တယ်။ မထိန်းနိုင်တာကို ဘေးလူတွေပြောတာတွေးပူနေရင် ဖေးကူနိုင်မည့်သူမရှိဘူး။ ထိန်းနိုင်တာနဲ့ gain နိုင်တာပဲ စဥ်းစားတာ စိတ်သက်သာရာရတယ်။ Phyo Paing @ Derek

ငွေကြေးဖောင်းပွမှုကို
ကိုယ်မထိန်းနိုင်ဘူး။
Read More »

လူတွေရဲ့ ဦးနှောက်မှာ
focus mode နဲ့ diffuse mode ရှိတယ်။

ပြဿနာတစ်ခုကို အာရုံစိုက်ပြီး အဖြေရှာတာကဦးနှောက်ရဲ့ focus mode ကိုသုံးတာ။ တစ်ခုတည်းကိုအာရုံစိုက်နိုင်တာသမာဓိကောင်းတာဆို စဥ်းစားမှုဥာဏ်ရည်ကတိုးတက်တယ်။ ရေချိုးတဲ့အချိန် အိုင်ဒီယာပေါ်တာ။နောက် ညနေပိုင်းအနားယူတဲ့အချိန်၊ဝိုင်သောက်တဲ့အချိန်၊ သူငယ်ချင်းတွေနဲ့ စကားပြောအာလာဘ သလာဘ ပြောတဲ့အချိန်ဦးနှောက်ရဲ့ ရောက်တတ်ရာရာတွေးတဲ့diffuse mode က အလုပ်လုပ်တယ်။ ဒီနှစ်ခုကို သေချာအသုံးပြုနိုင်ရင်ဦးနှောက်စဥ်းစားနိုင်စွမ်းကတော်တော်လေးကြီးသွားတယ်။ နောက်တစ်ခုက ဘာမှမစဥ်းစားတာ။ ဒါကကျတော့ မသိစိတ်ရဲ့intuition ရဲ့စွမ်းအားကိုယူတာ။ သူကလဲ တော်တော်လေး ပါဝါကြီးတယ်။ Phyo Paing @ Derek

လူတွေရဲ့ ဦးနှောက်မှာ
focus mode နဲ့ diffuse mode ရှိတယ်။
Read More »

တစ်ကိုယ်ရည် ငွေကြေးစီမံခန့်ခွဲမှု
Personal Finance မှာ
ကိုယ့်သီအိုရီနဲ့ ကိုယ်ပဲ။

ငယ်ငယ်က ရောဘတ်ကီရိုစာကီစာအုပ်ဖတ်ပြီး လစဥ်ဝင်ငွေဆိုတဲ့cash flow ပဲ အဓိကတည်ဆောက်လာတာ။ ရသမျှငွေကို အနာဂတ်လစဥ်ဝင်ငွေအဖြစ်ပဲပြောင်းလဲလာရာက ပြောင်းပြန်လုပ်ကြည့်မယ်ဆိုပြီးcapital gain ကိုအဓိကထားပြီးလစဥ်ဝင်ငွေမရချင်နေ ဝယ်ထားလိုက်ဆိုပြီးစမ်းကြည့်တယ်။ အဲ့မှ နားလည်သွားတယ်။ နိုင်ငံရေး၊ စီးပွားရေး အခြေအနေကောင်းရင်လစဥ်ဝင်ငွေရှာပေးတဲ့ စီးပွားရေးတွေကောင်းတယ်။မကောင်းရင် capital gainအရင်းအနှီးအမြတ် သွားတာတွေကပိုကောင်းတတ်တယ်။ နှစ်ခုစလုံးက အရေးကြီးတယ်လို့ထင်တယ်။ တစ်ကိုယ်ရည် ငွေကြေးစီမံခန့်ခွဲမှုPersonal Finance မှာ ကိုယ့်သီအိုရီနဲ့ ကိုယ်ပဲ။ အလုပ်ဖြစ်ဖို့တော့လိုတယ်။ Phyo Paing @ Derek

တစ်ကိုယ်ရည် ငွေကြေးစီမံခန့်ခွဲမှု
Personal Finance မှာ
ကိုယ့်သီအိုရီနဲ့ ကိုယ်ပဲ။
Read More »

လိုက်နာရမည့် ဥပဒေသတွေ
ထုတ်ထားတယ်။

ထပ်ခါထပ်ခါ ဆုံးဖြတ်ချက်ချရမည့်အလုပ်တွေကို စနစ်ချတဲ့အနေနဲ့ လိုက်နာရမည့် ဥပဒေသတွေထုတ်ထားတယ်။ ၁။ ဘူကောင်တွေကိုရှောင် ၂။ ငွေရှာပေးမည့်အရာမှာ ငွေသုံးရမှာ မနှေမြောနဲ့ ၃။ အရိုးများ၊ ချီးခါးနေရင် ပလစ် (လိုချင်တာ ပွင့်ပွင့်လင်းလင်းပြောအိညောင် အိညောင်မလုပ်နဲ့။ဒရာမာတွေခင်းပြီး trauma ထရာမာတွေဖြစ်တာ စိတ်မဝင်စား။) ၄။ ဘူစမာတွေရှောင် ၅။ နေ့စဥ် လုပ်တဲ့အလုပ်တိုင်းက လွတ်လပ်မှု၊ ရင်ခုန်မှု၊ တိုးတက်မှုရှိဖို့လုပ်။ ၆။ ကျန်းမာရေးအတွက် လက်မနှေးနဲ့။ဒါက အရေးအကြီးဆုံးပဲ။ ၇။ အဟောင်းကြီးတွေပဲ မလုပ်နဲ့ ၈။ ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ် ၉။ ကိုယ့်ကို ယုံကြည်တဲ့သူကို အကောင်းဆုံးပေး ၁၀။ အလုပ်လုပ်တိုင်း ဆပွားနိုင်အောင် စဥ်းစား ၁၁။ နေ့စဥ် ဒီနေ့ဝင်ငွေ၊ အနာဂတ်ဝင်ငွေနှစ်ခုတိုးပွားနေဖို့ အလုပ်လုပ် ၁၂။ အရေးကြီးတာ ကိုယ်စိတ်ချမ်းသာဖို့

လိုက်နာရမည့် ဥပဒေသတွေ
ထုတ်ထားတယ်။
Read More »

ဒီခံယူချက် အမြဲထားတယ်။

ကိုယ်အသက်မွေးဝမ်းကြောင်းပြုတဲ့နယ်ပယ်မှာကိုယ်ကတော့ ဆရာအကျဆုံးဖြစ်ရမယ်။ ဒီခံယူချက် အမြဲထားတယ်။ Raphael က အသက် ၃၀ လောက်မှာနန်းတော်ကြီးတွေပိုင်ပြီ။သူ့ပန်းချီကားတွေ အောင်မြင်တယ်။ကျွန်တော်သူ့ကို အားမကျဘူး။သူက သူများထွင်ထားတဲ့ဖော်မြူလာနဲ့သွားတယ်။ အဲ့အချိန်Leonardo Da Vinci က အခန်းကျဉ်းလေးမှာမိုနာလီဇာ ပန်းချီကားကိုဆွဲနေတယ်။သူ့အလင်းသီအိုရီတွေ၊ ခန္ဓာဗေဒတွေသေချာလေ့လာပြီး ဖန်တီးနေတယ်။သူ့ဖော်မြူလာသူသေချာတီထွင်ဖန်တီးတယ်။ ကျွန်တော့်ရဲ့ inspiration က Raphael မဟုတ်ဘူး။ကျွန်တော့်ရဲ့ inspiration က Leonardo Da Vinci. အဿပြာက အရေးကြီးတယ်။သူ့ထက်အရေးကြီးတာ ကိုယ့်ရဲ့ဖန်တီးမှု၊ ပညာ။ Phyo Paing @ Derek

ဒီခံယူချက် အမြဲထားတယ်။ Read More »

ကိုယ့်ဘဝရဲ့ မဟာဗျူဟာကတော့

ကိုယ့်ဘဝရဲ့ မဟာဗျူဟာကတော့”ကိုယ်စိတ်ချမ်းသာရေး” ပဲ။ဒါထက် ဘာမှ အရေးမကြီးဘူး။ ကိုယ်ဘယ်မချိန် စိတ်ချမ်းသာလဲစဉ်းစားကြည့်ရင် “တိုးတက်”နေရင်စိတ်ချမ်းသာတယ်။ကျန်းမာရေး၊ အလုပ်အကိုင်၊ ဝင်ငွေ၊စိတ်ငြိမ်းချမ်းမှု၊ ဥာဏ်ပညာ၊အသစ်တွေ စွန့်စားမှု ဒီအပိုင်းတွေတိုးတက်နေရင် စိတ်ချမ်းသာတယ်။ ဒီတော့ တိုးတက်နေဖို့ ဘာလိုလဲ။ဥာဏ်ရှိရှိနဲ့ အလုပ်လုပ်နေဖို့လိုတယ်။အလုပ်လုပ်လေလေ အင်အားပိုကြီးလေ။ဘဝရဲ့ ပြဿနာလေးတွေသေးသွားလေ။ ဥာဏ်မပါရင် ကံကြမ္မာက ရန်ရှာတဲ့အခါဒဏ်ရာတွေပဲ ကျန်နေမယ်။ ဥာဏ်ပါတဲ့ အလုပ်တွေလုပ်ရမယ်။ဒါမှ တိုးတက်မယ်။ဒါမှ စိတ်ချမ်းသာမယ်။ Phyo Paing @ Derek

ကိုယ့်ဘဝရဲ့ မဟာဗျူဟာကတော့ Read More »

ကိုယ့်ကိုကိုယ် နားလည်ချင်တော့

ကိုယ့်ကိုကိုယ် နားလည်ချင်တော့အတိတ်ကို ပြန်ကြည့်တယ်။ တရားရှာတော့ ပစ္စုပ္ပာန်ကိုကြည့်တယ်။တိုးတက်မှုကိုရှာတော့ အနာဂတ်ကို ကြည့်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နားလည်ချင်တော့ Read More »

လောကမှာ ငွေလဲပြန်ရှာလို့ရတယ်။
ကျန်းမာရေးနဲ့ အချိန်က ပြန်ရှာလို့မရဘူး။

လူတိုင်းမှာ ၂၄ နာရီတူတူရှိပေမယ့်လူတိုင်းရဲ့ ဥာဏ်နှုန်းမြင့်တဲ့Prime time က မတူကြဘူး။ အဲ့ဒီ ဥာဏ်နှုန်းမြင့်အချိန်က ကိုယ့်ဘဝ၊ အသက်မွေးဝမ်းကြောင်းအလုပ်၊စီးပွားရေးအတွက် စနစ်ကောင်းချရမည့်အချိန်ပဲ။ဒါအချိန်ကို Mechanical Prime Time (MPT) လို့ခေါ်တယ်။ စနစ်ဆိုရင် အလုပ်ရှုပ်တယ်လို့ထင်တတ်ကြတယ်။အလုပ်ရှုပ်သက်သာအောင် စနစ်ချတာ။ စနစ်က အချိန်အလေအလွင့်ကို ကာကွယ်ပေးတယ်။စနစ်က စွမ်းဆောင်ရည်ကိုပိုမြင့်စေတယ်။စနစ်က တီထွင်ဆန်းသစ်မှုကိုပိုကောင်းစေတယ်။ စံနှုန်းရောက်ဖို့ စနစ်ကောင်းလိုတယ်။ ကိုယ့်ရဲ့ တစ်ရက်တစ်ရက် “ဥာဏ်နှုန်းမြင့်” အချိန်တွေကို ဖြုန်းတီးတာ နှမြောဖို့ကောင်းတယ်။ လောကမှာ ငွေလဲပြန်ရှာလို့ရတယ်။ကျန်းမာရေးနဲ့ အချိန်က ပြန်ရှာလို့မရဘူး။ Phyo Paing @ Derek

လောကမှာ ငွေလဲပြန်ရှာလို့ရတယ်။
ကျန်းမာရေးနဲ့ အချိန်က ပြန်ရှာလို့မရဘူး။
Read More »

ငယ်ငယ်ကဆို ကိုယ်သဘောမကျတဲ့စာအုပ် မဖတ်ဘူး။

ငယ်ငယ်ကဆို ကိုယ်သဘောမကျတဲ့စာအုပ်မဖတ်ဘူး။ အခုတော့ ကိုယ်သဘောမကျဘူး၊အတွေးအခေါ် မတူဘူး။ ဖတ်ကြည့်တယ်။ ကိုယ့်အတ္တကို ဘယ်လောက်ထိလျော့ပြီးသူ့အမြင်ကို နားလည်ပေးနိုင်လဲပေါ့။ အတ္တဆိုတာ အနတ္တကို မသိခင်ဖြစ်တဲ့မာန်မာနလေးပေါ့။ Phyo Paing @ Derek

ငယ်ငယ်ကဆို ကိုယ်သဘောမကျတဲ့စာအုပ် မဖတ်ဘူး။ Read More »

လုပ်ငန်းတစ်ခုမှာ အဆင့်ငါးဆင့်ရှိတယ်

လုပ်ငန်းတစ်ခုမှာ အဆင့်ငါးဆင့်ရှိတယ်။ ၁။ Start စတင်ခြင်း၂။ Speed Up ကြီးထွားခြင်း၃။ Systemize စနစ်ချခြင်း၄။ Scale ချဲ့ထွင်ခြင်း၅။ Sell လုပ်ငန်းကို စတော့စျေးကွက်ပေါ်တင်ခြင်း (သို့) လုပ်ငန်းကို ရောင်းချခြင်း ကိုယ့်လုပ်ငန်းဘယ်အဆင့်မှာဘာလုပ်ရမလဲသိဖို့လိုတယ်။ Phyo Paing @ Derek

လုပ်ငန်းတစ်ခုမှာ အဆင့်ငါးဆင့်ရှိတယ် Read More »