Dr. Phyo Paing

https://yec.company

ဂရုမစိုက်ဖို့ မလွယ်ဘူး။

ကိုယ်ဂရုမစိုက်တဲ့သူတွေကကိုယ့်ကို ဒုက္ခပေးဖို့မလွယ်သလိုကိုယ့်ကိုဒုက္ခပေးတဲ့သူတွေကိုလဲဂရုမစိုက်ဖို့ မလွယ်ဘူး။ 😆 Phyo Paing @ Derek

ဂရုမစိုက်ဖို့ မလွယ်ဘူး။ Read More »

ကိုယ်တိုင်စီးပွားရေးလုပ်တဲ့အခါ
ဒီမေးခွန်းတွေနဲ့ အမှတ်ပြန်ပေးကြည့်။

ကိုယ်တိုင်စီးပွားရေးလုပ်တဲ့အခါဒီမေးခွန်းတွေနဲ့ အမှတ်ပြန်ပေးကြည့်။ ၁။ စီးပွားရေးလည်ပတ်မှုပုံစံ သေချာသိပြီလား။ဒါကို စာရွက်ပေါ်မှာချရေးတာကိုBusiness model generation လို့ခေါ်တယ်။ ၂။ ကိုယ့်လုပ်ငန်းရဲ့ အမှတ်တံဆိပ်အတွက်စီမံကိန်းရေးဆွဲပြီးပြီလား။ဒါကို brand plan လို့ခေါ်တယ်။ ၃။ ကိုယ့်လုပ်ငန်းဖောက်သည်အသစ်တွေဘယ်လိုရှာမလဲ မားကတ်တင်းပလန်ဖန်တီးတတ်ပြီလား။ဒါကို marketing plan လို့ခေါ်တယ်။ ၄။ ကိုယ့်လုပ်ငန်းရဲ့စုံစမ်းမေးမြန်းမှုတွေကိုဖြေဆိုပြီး ရောင်းဝယ်တတ်ပြီလား။ ဒါကို sales plan လို့ခေါ်တယ်။ ဒီလိုလုပ်ဖို့ လုပ်ဆောင်ရမည့်အရာတွေ အများကြီးရှိတယ်။ FAQ လုပ်ပြီးပြီလား။ Sales script တွေရေးပြီးပြီလား။Sales sequences တွေဖန်တီးပြီးပြီလား။ ၅။ ကိုယ့်လုပ်ငန်းလည်ပတ်မှုအတွက်လည်ငန်းစီးဆင်းမှု workflow တွေလိုတယ်။ဒါတွေ စနစ်တကျသတ်မှတ်ရေးချပြီးပြီလား။ ၆။ ကိုယ့်လုပ်ငန်းရဲ့ ဝန်ထမ်းရေးရာအတွက်လူတော်တွေ၊ လူကောင်းတွေ ကိုယ့်ဆီအလုပ်လာလုပ်ချင်အောင်စီမံထားတဲ့ HR planning မှာrecruitment strategy သေချာရှိပြီလား။နောက် ရောက်လာရင်သင်ပေးမိတ်ဆက်ပေးဖို့orientation and

ကိုယ်တိုင်စီးပွားရေးလုပ်တဲ့အခါ
ဒီမေးခွန်းတွေနဲ့ အမှတ်ပြန်ပေးကြည့်။
Read More »

“မ” ခြောက်လုံး

ကိုယ့်လုပ်ငန်းမှာ ဘာလို့မတိုးတက်သလဲ?“မ” ခြောက်လုံး ၁။ မသိ၂။ မလေ့လာ၃။ မာန်မာနခံ၄။ မကျင့်သုံး၅။ မသုံးသပ်၆။ မပြင် ၁။ မသိ ကိုယ့်လုပ်ငန်းကို တိုးတက်အောင်လုပ်ဖို့နည်လမ်းတွေ မသိဘူး။ ၂။ မလေ့လာ သိိဖို့အတွက်လဲ သေချာလေ့လာမှုမပြုဘူး။ ၃။ မာန်မာနခံ ဒါက ငါတို့လုပ်နေကျပဲ။အာပလာတွေပါ။ငါ့လုပ်ငန်း ငါအသိဆုံးပဲ။ ၄။ မကျင့်သုံး ဒါကိစ္စဒီလောက်လွယ်တာလူတိုင်းသိတယ်။လူတိုင်းလုပ်နေတဲ့ အလုပ်ကြီးမလုပ်ချင်ပါဘူးလေ။ လုပ်ရမလား၊ မလုပ်ရဘူးလားစဥ်းစားလိုက်အုံးမယ်။ ၅။ မသုံးသပ် လုပ်တာပဲ အဆင်မှမပြေတာ။တစ်ခါလုပ်ကြည့်တယ်။အဆင်မပြေဘူး။ ဒါကြောင့် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ၆။ မပြင် လုပ်နေကျအတိုင်းပဲ ပိုကောင်းပါတယ်လေ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

“မ” ခြောက်လုံး Read More »

SME လုပ်ငန်းရှင်တွေအဆင့်

SME လုပ်ငန်းရှင်တွေအဆင့် ၁။ သင်တန်းဆရာ လုပ်ငန်းစတင်တဲ့အခါ သင်တန်းဆရာနဲ့ တူတယ်။ကိုယ့်လုပ်ငန်းရဲ့ လုပ်ပုံကိုင်ပုံသိအောင်မားကတ်တင်း၊ အရောင်း၊ ဝန်ဆောင်မှုပေးပုံ၊စာရင်းဇယားမှတ်ပုံ၊ လည်ပတ်ပုံဝန်ထမ်းတွေကို သင်ပေးရတယ်။ ကိုယ်က စာရင်းဇယားတွေအကုန်ဘွဲ့ရမထားရင်တောင်ကိုယ့်လုပ်ငန်းလည်ပတ်တဲ့ စာရင်းဇယားပုံစံကိုထဲထဲဝင်ဝင် သေချာသိမှရမယ်။ လုပ်ငန်းတစ်ခုဟာ လုပ်ငန်းရှင်ကြီးသလောက်ပဲကြီးတယ်။သူဥာဏ်ရှိသလောက်ပဲကြီးတယ်။ ကိုယ့်လုပ်ငန်းအကြောင်းကို ထဲထဲဝင်ဝင် ကိုယ်တိုင်သိရမယ်။ ၂။ တစ်ခုချင်းလွဲ သင်ကြားပေးပြီးရင် လက်လွဲတဲ့အဆင့်။စိတ်လောလို့မရဘူး။ တစ်ခုချင်းစီကို လူမှန်၊ နေရာမှန်တဖြည်းဖြည်းချင်းလွဲရမယ်။ လုပ်ငန်းစီးဆင်းပုံတွေ သေချာချရေးထားဖို့လိုတယ်။ဘယ်သူက ဘယ်အလုပ်ကို ဘယ်အချိန်အတွင်း ဘယ်လိုဘာအတွက်ပြီးအောင်လုပ်ရမယ်သေချာတိတိကျကျ သတ်မှတ်ရေးချထားဖို့လိုတယ်။ တစ်ခုချင်းကို တစ်ယောက်ချင်းလွဲပြောင်းပေးသွားဖို့လိုတယ်။လူမမှန်၊ နေရာမမှန်ရင်ဒီအဆင့်မှာ တိုင်ပတ်နေမယ်။ ၃။ ခေါင်းဆောင်မွေး လုပ်ငန်းဆောင်တာတစ်ခုချင်းစီဖြစ်တဲ့မားကတ်တင်း၊ အရောင်း၊ စာရင်းဇယား၊အစရှိတဲ့ အပိုင်းတွေလွဲပြီးရင်ကိုယ့်ကိုယ်စား စီမံခန့်ခွဲပေးမည့်ခေါင်းဆောင်ကို ရွေးပြီးလက်ဆင့်ကမ်းတဲ့အဆင့်။ ဒီအတွက် အချိန်ပေးရတယ်။ကိုယ်နေ့စဥ်လုပ်နေတဲ့ အလုပ်တွေကိုမှတ်ထားတဲ့ မှတ်စုရှိရတယ်။ဆုံးဖြတ်ချက်ဘယ်လိုချလဲဥပဒေသတွေ သင်ပေးရတယ်။ ဘယ်လိုပုံစံဦးဆောင်ရတယ်။အချိန်တစ်ခုပေးပြီး ကိုယ့်လုပ်ငန်းတန်ဖိုးထားမှုတွေသွားမည့်လမ်းကြောင်းတွေ သင်ပေးရတယ်။ ၄။

SME လုပ်ငန်းရှင်တွေအဆင့် Read More »

မေးခွန်းပြန်မေးပါ။
အမြင်ချဲ့ပေးပါ။
အတွေးပြောင်းလာလိမ့်မယ်။

သူများရေးထားတဲ့စာအုပ်အကြောင်းပြန်ပြောပြရင် copyright နဲ့ မငြိဘူးလား။ သူများအိုင်ဒီယာကို ခိုးသလိုမဖြစ်ဘူးလား? ဟုတ်။ Copyright ဆိုတာ ဘယ်လောက်လေ့လားဖူးလဲ သိပါရစေ။ Copyright နဲ့ Patent နဲ့ Trademark နဲ့ကွာခြားချက်တော့သိမှာပေါ့။ Copyright မှာ fair use ဆိုတာလေးကြားဖူးလား။ ပြောထားတဲ့စာသားကို သူပြောတိုင်းအတိုင်းမဟုတ်ပဲ ကိုယ်နားလည်တဲ့အတိုင်းပြန်ပြောရင်fair use ဖြစ်တယ်လို့ထင်သလား? ဒါမှ မဟုတ် ကိုယ့်အထင်အမြင်နဲ့ သူရေးထားတာနဲ့ ပေါင်းပြီးတခြားသူတွေအတွက် ပိုကောင်းအောင်ဖန်တီးရင် fair use ဖြစ်တယ်ထင်သလား။ Youtube ပေါ်က စာအုပ်တွေအကြောင်းပြန်ပြောပြတာ၊ review လုပ်တာကfair use ဖြစ်သလား။ အမှန်တော့ လူတွေအကဲဖြတ်တယ်ဆိုတာသူ့ရဲ့လောကအမြင်က ကျဥ်းနေတတ်ပြီးသူ့အမြင်နဲ့ အကဲဖြတ်လိုက်လို့ဖြစ်ပါတယ်။ အဲ့အချိန်မှာ ကိုယ်ကစိတ်နည်းနည်းရှည်ပြီးမေးခွန်းပြန်မေး၊ အမြင်ဖွင့်ပေးတဲ့အခါ သင်ယူမှုကို လက်ခံသူဆို သူ့အမြင်ကျယ်လာနိုင်မယ်။ Phyo Paing

မေးခွန်းပြန်မေးပါ။
အမြင်ချဲ့ပေးပါ။
အတွေးပြောင်းလာလိမ့်မယ်။
Read More »

၃၁ ဘုံဂိမ်းကို မကစားချင်တော့ဘူး

freedom နဲ့ ထီးနန်းမှာဗုဒ္ဓကတော့ freedom ကိုပဲရွေးခဲ့တယ်။ တကယ့် freedom ကဂိမ်းတစ်ခုလိုဆို အဆင့် ၃၁ ရှိတဲ့၃၁ ဘုံ အပြင်ဖက်မှာလို့ဗုဒ္ဓကဟောကြားခဲ့တယ်။ ၃၁ ဘုံဂိမ်းကို မကစားချင်တော့ဘူး၊တကယ့်လွတ်လပ်မှုကိုရချင်ရင်သတိပဋ္ဌာန် တရားရှိပြီးတဏှာနဲ့ တပ်မက်မှုကို အမြစ်ဖျောက်ရမယ်တဲ့။ ဗုဒ္ဓက စွန့်စရာထီးနန်းရှိတယ်။ကိုယ့်မှာလဲ အဲ့လိုစွန့်စရာရှိအောင်လောကီကို အနိုင်နဲ့ပိုင်းပြီး၃၁ ဘုံဂိမ်းထဲကထွက်ဖို့ ကြိုပြင်ထားဖို့လိုနိုင်တယ်။ Phyo Paing @ Derek

၃၁ ဘုံဂိမ်းကို မကစားချင်တော့ဘူး Read More »

အရေးကြီးတာ စွန့်လွတ်ရဲတဲ့စိတ်လိုတယ်

ဆင်းရဲမှ မဟုတ်ဘူး။ချမ်းသာရင်လဲ လောကဓံခံရတာပဲ။ကျဆုံးမှ မဟုတ်ဘူး။အောင်မြင်ရင်လဲ လောကဓံက ခံရတာပဲ။ ချမ်းသာရင် ဥစ္စာတွေ မပျောက်ပျက်သွားအောင်။အောင်မြင်ရင် ပြန်မကျဆုံးသွားအောင်။ဒီလောကဓံခံရပြန်တယ်။ ဒါပေမယ့် ချမ်းသာတဲ့လောကဓံကဆင်းရဲတဲ့ လောကဓံထက်ပိုခံသာတတ်တယ်။အောင်မြင်တဲ့ လောကဓံကကျဆုံးသာထက် နည်းနည်းလေးဖြစ်ဖြစ်ပိုခံသာအုံးမယ်။ အရေးကြီးတာ စွန့်လွတ်ရဲတဲ့စိတ်လိုတယ်။ဥစ္စာစောင့်မဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

အရေးကြီးတာ စွန့်လွတ်ရဲတဲ့စိတ်လိုတယ် Read More »

သမာဓိနဲ့ သတိပဋ္ဌာန် မတူဘူး

သမာတမတ်ကျတယ်ဆိုတာအပြောနဲ့အလုပ်နဲ့ ညီတာ။ သမာဓိဆိုတာ အလုပ်တစ်ခုတည်းကိုအာရုံစိုက်နိုင်တာ။အင်္ဂလိပ်လိုဆို Single-mindedness လို့ခေါ်တယ်။ သတိပဋ္ဌာန် ဆိုတာကိုယ့်အတွေး၊ အမြင်၊ စိတ်ခံစားချက်၊ပတ်ဝန်းကျင်တွေကိုဆိုးတယ်၊ ကောင်းတယ်ဝေဖန်မှုမလုပ်ပဲ သတိလေးနဲ့နေနေတာ။ဒါကို Mindfulness လို့ခေါ်တယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့တရားတွေထိုင်ပြီးဝေဖန်မှုတွေပြုလုပ်တတ်တဲ့ သူတွေကိုမကြာမကြာတွေ့တဲ့အခါ၊တရားအကြောင်းတွေ ပြိုင်ငြင်းဖို့အငြင်းသန်ကြီးတွေကို တွေ့တဲ့အခါသူထိုင်တာ တရားရော ဟုတ်ရဲ့လားလို့တခါတခါ စဥ်းစားမိကြတဲ့သူတွေရှိကြမယ်လို့ထင်တယ်။ သမာဓိမရှိ၊ အာရုံစူးစိုက်မှုမရှိပဲစာတော်တဲ့ ကလေးဖြစ်ဖို့မလွယ်ဘူး။လုပ်ငန်းအပေါ် သမာဓိမရှိ၊ အာရုံစူးစိုက်မှုမရှိပဲအောင်မြင်တဲ့လုပ်ငန်းတည်ဆောက်ဖို့မလွယ်ဘူး။သမာဓိမရှိ၊ အာရုံစူးစိုက်မှုမရှိပဲကြီးကျယ်တဲ့ ဖန်တီးမှုတွေ၊တွေ့ရှိမှုတွေ ရဖို့ မလွယ်ကူနိုင်ဘူး။ ဒီသမာဓိရှိဖို့ သီလလိုတယ်။သီလဆိုတာ ethical conduct ဖြစ်တယ်။ အခြေခံသီလကတော့ကိုယ့်ကိုလုပ်ရင် မကြိုက်တာသူများကိုလဲ မလုပ်နဲ့။ Phyo Paing @ Derek

သမာဓိနဲ့ သတိပဋ္ဌာန် မတူဘူး Read More »