Dr. Phyo Paing

https://yec.company

ပိုက်ဆံရှာပေးတဲ့အရာက asset ပဲ။

ကိုယ်ကိုယ်တိုင်က asset ဖြစ်နေဖို့စကေးတွေကို ဖြည့်ထားဖို့လိုတယ်။ငှက်ကလေးရဲ့ ယုံကြည်မှုကသစ်ပင်ပေါ်ရှိရမှာ မဟုတ်ဘူး။အတောင်ပံပေါ်ရှိရမှာ။ Phyo Paing @ Derek

ပိုက်ဆံရှာပေးတဲ့အရာက asset ပဲ။ Read More »

ကိုယ်နဲ့ တစ်သက်လုံးရှိနေမယ့်သူကကိုယ်ပဲ။

မြို့တစ်မြို့မှာ မနေချင်ရင်စွန့်ခွာသွားလို့ရတယ်။နိုင်ငံတစ်နိုင်ငံမှာ မနေချင်ရင်စွန့်ခွာသွားလို့ရတယ်။ ကိုယ့်ကိုယ်ကိုနဲ့ မနေချင်ရင်တော့သေမှပဲရမယ်။ ကိုယ်နဲ့ တစ်သက်လုံးရှိနေမယ့်သူကကိုယ်ပဲ။ ဒါကြောင့် ကိုယ့်စိတ်နဲ့ ခန္ဓာကိုအမြဲ တိုးတက်အောင် လေ့ကျင့်ပေးနေရတယ်။ Phyo Paing @ Derek

ကိုယ်နဲ့ တစ်သက်လုံးရှိနေမယ့်သူကကိုယ်ပဲ။ Read More »

ကိုယ်က ဘယ်အောင်မြင်မှုကို
သွားနေတာလဲ သေချာသိိဖို့တော့လိုတယ်။

တချို့ အရမ်းနာမည်ကြီး အောင်မြင်တယ်ဆိုတဲ့အဆိုတော်တွေ၊ Kpop Star တွေဘာကြောင့် ကိုယ့်ကိုကိုယ် သတ်သေကြလဲ။ အောင်မြင်မှုလို့ပြောတဲ့အခါကိုယ်လိုချင်တာရရင် အောင်မြင်မှုလို့အလွယ်သတ်မှတ်လို့ရပါတယ်။ လူတွေလိုချင်တာ ကိုယ်ရနေရင်လဲလူအများစုက ကိုယ့်ကိုအောင်မြင်တယ်လို့သတ်မှတ်ကြပါတယ်။ ကိုယ်လိုချင်တာရတာ ကိုယ်ရေးကိုယ်တာအောင်မြင်မှုPrivate Victory ဖြစ်ပြီးလူအများစုလိုချင်တာကိုယ်ရနေတာ အသိုင်းအဝိုင်းက သတ်မှတ်တဲ့အောင်မြင်မှု Public Victory ဖြစ်ပါတယ်။ တချို့လူတွေက ကိုယ်ရေးကိုယ်တာလဲ မအောင်မြင်ဘူး၊အသိုင်းအဝိုင်းသတ်မှတ်တဲ့ အောင်မြင်မှုလဲမရှိဘူး။ တချို့လူတွေက လူတွေရဲ့အထင်အမြင်ကို အသားပေးလွန်းအားကြီးတော့ကိုယ့်ရဲ့အိမ်မက်တွေ၊ ရင်တွင်းကလာတဲ့စကားသံတွေကို လျစ်လျူရှုပြီးမိဘဖြစ်စေချင်တာ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကဖြစ်စေချင်တာတွေ လုပ်တဲ့အခါအသိုင်းအဝိုင်းရဲ့ သတ်မှတ်တဲ့အောင်မြင်မှုရပြီးကိုယ်ရေးကိုယ်တာ အောင်မြင်မှုမရှိကြဘူး။အားတီအားမေတို့။ တချို့က ကိုယ်တိုင်ဖြစ်ချင်တာဖြစ်အောင်လုပ်တယ်။လူအများစုကလဲ သူ့ကိုအားကျကြတယ်။ဒါကို ပတ်ဝန်းကျင်က တကယ့်အောင်မြင်မှုလို့သတ်မှတ်ကြတယ်။ နောက်တစ်ဆင့်အောင်မြင်မှုကတော့ ဆန္ဒတွေ မရှိတော့တဲ့ အောင်မြင်မှုပေါ့။ Desirelessness is wisdom ဆိုမျိုးပေါ့။ ဗုဒ္ဓဟောကြားချက်အရဆို တပ်မက်မှု တဏှာတွေ မရှိတော့တာပေါ့။ ကိုယ်က ဘယ်အောင်မြင်မှုကိုသွားနေတာလဲ သေချာသိိဖို့တော့လိုတယ်အားတီ၊

ကိုယ်က ဘယ်အောင်မြင်မှုကို
သွားနေတာလဲ သေချာသိိဖို့တော့လိုတယ်။
Read More »

စီးပွားရေးမှာ လိုချင်တာတွေရဖို့

စီးပွားရေးမှာ လိုချင်တာတွေရဖို့ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေကိုမညိုမငြင်လုပ်တဲ့ အချိန်တွေရှိတတ်တယ်။ ဒါကို အပိုဆိုပြီး မမြင်ပဲတချို့အရာတွေကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်ကိုယ်လိုချင်တဲ့ target ကိုအားတက်စွာ ရောက်အောင်လုပ်နိုင်လိမ့်မယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စီးပွားရေးမှာ လိုချင်တာတွေရဖို့ Read More »

ကိုယ်နဲ့ ဓာတ်ပြုတဲ့အရာတွေကို
ဂရုစိုက်ဖို့လိုတယ်။

လူကို ဓာတ်တစ်ခုလိုမြင်တယ်။မတူညီတဲ့ လူတွေနဲ့တွေ့ရင်မတူညီတဲ့ ဓာတ်တွေဖြစ်တယ်။ ဒါကို chemistry လို့ခေါ်တယ်။ မတူညီတဲ့ အိုင်ဒီယာတွေနဲ့ထိတွေ့ရင်မတူညီတဲ့ ဓာတ်တွေဖြစ်တယ်။ “ငါ” ဆိုတဲ့ အရာက အမြဲပြောင်းနေတဲ့အရာ။ အချိန်ပေါ်မူတည်ပြီး ပြောင်းတယ်။ ပတ်ဝန်းကျင်ပေါ်မူတည်ပြီးပြောင်းတယ်။ကိုယ်နဲ့တွေ့တဲ့လူတွေ အပေါ်မူတည်ပြီးပြောင်းတယ်။ခေါင်းထဲထည့်တဲ့ အိုင်ဒီယာအပေါ်မူတည်ပြီးပြောင်းတယ်။ လူဆိုတာ ရေလိုပဲသံပုရာသီးနဲ့ သကြားပေါင်းရင် သံပုရာရည်ဖြစ်တယ်။ကော်ဖီမုန့်၊ ရေနဲ့ အပူပေါင်းရင် ကော်ဖီဖြစ်တယ်။ရေခွက်ထဲထည့်ထားရင် ရေခွက်ထဲကရေရေကန်ထဲထည့်ထားရင် ရေကန်ထဲကရေ။ ကိုယ်နဲ့ ဓာတ်ပြုတဲ့အရာတွေကိုဂရုစိုက်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်နဲ့ ဓာတ်ပြုတဲ့အရာတွေကို
ဂရုစိုက်ဖို့လိုတယ်။
Read More »

တွေးခေါ်ခြင်းပညာ

လူတွေက တစ်နေ့တစ်နေ့ကိုအတွေးပေါင်း ၅၀၀၀၀ နဲ့ ၇၀၀၀၀ ကြားတွေးနေကြတယ်။ လူတိုင်းက တွေးနေကြတယ်။ ဒါပေမယ့် ဘယ်လိုတွေးရမလဲမလေ့လာဖူးကြဘူး။ အတွေးမတွေးပဲ တစ်ခုတည်းကို အာရုံစိုက်နေတာ၊ အတွေးတွေကို သတိနဲ့ကြည့်တာကိုတရားထိုင်တယ်လို့ခေါ်ပြီးအတွေးတွေးတတ်အောင်သင်ယူတာကို တွေးခေါ်ခြင်းပညာ Thinking Skills လို့ခေါ်တယ်။ Phyo Paing @ Derek

တွေးခေါ်ခြင်းပညာ Read More »

အရည်အချင်း + အလုပ် + အခြေအနေ = အောင်မြင်မှု

ပိုက်ဆံထက်ပိုက်ဆံရှာနိုင်တဲ့ အရည်အချင်းက အရေးကြီးတယ်။ အောင်မြင်မှုထက်အောင်မြင်မှုကို ဖန်တီးနိုင်တဲ့အရည်အချင်းက အရေးကြီးတယ်။ အရည်အချင်း + အလုပ် + အခြေအနေ = အောင်မြင်မှု Phyo Paing @ Derek

အရည်အချင်း + အလုပ် + အခြေအနေ = အောင်မြင်မှု Read More »

မနက်နှိုးလာလို့ မှန်ကြည့်တဲ့အခါ

ကိုယ့်ကိုကိုယ် ပိုတော်လာ၊ ကော်လာပြီးပျော်စရာတွေများတဲ့မှော်ဆရာလို လိုချင်တာတွေကိုဖန်တီးနိုင်ပြီး မာန်မဖီးတဲ့ဥာဏ်ကြီးရှင် ဖြစ်လာတယ်ဆိုဘယ်လို ခံစားရမလဲ။ လူတွေကို so sad စေတဲ့အရာတစ်ခုကတိုးတက် မနေတာဖြစ်နိုင်တယ်။ တိုးတက်နေဖို့ တချို့အရာတွေကိုOh Yes ပြောပြီး လုပ်ရတဲ့အချိန်တွေရှိတယ်။ ဒီတော့ ဖြစ်ချင်တာတွေ အကောင်အထည်ဖော်ပြီးမရှောင်ဖယ်ဖို့ ဘယ်အရာတွေကို Oh Yes လို့ပြောရမလဲ အားတီ၊ အားမေတို့။ 😁 Phyo Paing @ Derek

မနက်နှိုးလာလို့ မှန်ကြည့်တဲ့အခါ Read More »