Dr. Phyo Paing

https://yec.company

တိုးတက်မှုဆိုတာ နေ့စဥ် တကူးတကလုပ်နေရတဲ့အရာမျိုး။

ဘဝဆိုတာ တိုက်ပွဲဆိုပြီးမိုက်ဆွဲပြီး ခေါင်းထဲက ဒသနတွေကို တူးဆွအိုင်ဒီယာတချို့က ကိုယ့်ကိုမြူးကြွစေတဲ့အချိန်တွေ မနည်းဘူး။ တိုးတက်မှုဆိုတာ နေ့စဥ် တကူးတကလုပ်နေရတဲ့အရာမျိုး။ Phyo Paing @ Derek

တိုးတက်မှုဆိုတာ နေ့စဥ် တကူးတကလုပ်နေရတဲ့အရာမျိုး။ Read More »

ဘဝမှာ အရေးအကြီးဆုံးက

မွေးကတည်းက တစ်ယောက်နဲ့တစ်ယောက်ဘဝပေးထားချက် မတူကြဘူး။ဘဝမှာ အရေးအကြီးဆုံးက”ကိုယ့်ရဲ့အကောင်းဆုံးပုံစံBest Version ဖြစ်အောင် တည်ဆောက်ဖို့ပဲ။” Phyo Paing @ Derek

ဘဝမှာ အရေးအကြီးဆုံးက Read More »

ကွာသွားမှာပဲ။

ဝန်ထမ်းတွေတိုးတက်အောင် ပံ့ပိုးတဲ့ လုပ်ငန်းနဲ့ ဝန်ထမ်းတွေဆီက ကျွမ်းကျင်မှုပဲယူပြီးတိုးတက်အောင် မပံ့ပိုးတဲ့လုပ်ငန်းကွာသွားမှာပဲ။ Phyo Paing @ Derek

ကွာသွားမှာပဲ။ Read More »

နေသလိုဖြစ်တဲ့ ဘဝမှာ
ဖြစ်သလို မနေပါနဲ့။

နေသလိုဖြစ်တဲ့ ဘဝမှာဖြစ်သလို မနေပါနဲ့။ ဘဝကို ဘယ်လိုဖြတ်သန်းနေလဲအားတီ၊ အားမေတို့? Phyo Paing @ Derek

နေသလိုဖြစ်တဲ့ ဘဝမှာ
ဖြစ်သလို မနေပါနဲ့။
Read More »

AI သေချာနားမလည်သေးတဲ့
မြန်မာစကားတတ်နေလို့။

ဟော့ကောင် AI “Action is the highest form of learning” ကိုအဆိုအမိန့်အနေနဲ့ ထုတ်ပေးစမ်း။ ဟုတ်။“Action is the catalyst that transforms knowledge into wisdom, for it is through active engagement that we truly learn and grow.” တရုတ်လိုပြောကွာ“行动是将知识转化为智慧的催化剂,因为正是通过积极参与,我们才能真正学习和成长。” ဟ မိုက်လှချည်လား။ မြန်မာလိုဆို?“လက်ရှိမှုသည် အပြည့်အစုံအနေနဲ့ အများအား အလွန်တစ်သန်းအများကို သက်ဝင်စေသည်။ ကျွန်မတို့သည် အရှေ့အကြုံလေးနဲ့ ပညာရေးသို့ သင်ယူရန် ကျွန်မတို့ အလွန်သင်ယူတာလဲဖြစ်ပါသည်။” ဟုတ်ပြီ၊ ဟုတ်ပြီ။ ဟူးးးးးးတော်သေးတာပေါ့။AI သေချာနားမလည်သေးတဲ့ မြန်မာစကားတတ်နေလို့။ 😎 Phyo Paing @

AI သေချာနားမလည်သေးတဲ့
မြန်မာစကားတတ်နေလို့။
Read More »

ဒီလို စဥ်းစားကြည့်။

လူတွေက စကြဝဠာထဲမှာနေတယ်။ဒီစကြဝဠာနဲ့ လူနဲ့ချိပ်ဆက်မှုရှိတယ်။ စကြဝဠာက ကိုယ့်ကို စကားတွေပြောပြီး ဆက်သွယ်မှုလုပ်တယ်။ဒီ အသံကို မကြားအောင်လုပ်တာဆူညံသံတွေပဲ။ အတင်းတွေ၊ အဖျင်းတွေ၊တခြားသူတွေ မကောင်းကြောင်းတွေ၊ မနာလို၊ ဝန်တိုစိတ်တွေ။ ဒါတွေက ဆူညံသံတွေပဲ။ ဒီ noise တွေက voice တွေကိုမကြားအောင် အတားအဆီးလုပ်တယ်။ ဒီ noise တွေကိုလျော့ဖို့ တချို့တွေက တရားထိုင်တယ်။ တချို့တွေက ကိုယ့်အတွေးတွေကိုပြန်ဆန်းစစ်တယ်။ မိတ်ဆွေအနေနဲ့ဆိုရင်voice တွေကိုကြားလား။noise တွေများလား။ Noise တွေကြောင့် Voice အပျောက်မခံနဲ့။ ကိုယ့်ရဲ့ မသိစိတ်နဲ့ စကြဝဠာကကိုယ့်ကို ဘာလုပ်လိုက်လို့ပြောနေလဲ? Phyo Paing @ Derek

ဒီလို စဥ်းစားကြည့်။ Read More »

တစ်ရက်တာကို မနက်အခါက
စတာ ကောင်းတဲ့အချက် သုံးချက်

(နံပတ်နှစ်အချက်က ကိုယ့်ကို အံ့အားသင့်သွားစေနိုင်တယ်။အားတီ၊ အားမေတို့။) ၁။ ပိုပျော်စေတယ်။ မနက်ထလို့ အလင်းနဲ့ထိတွေ့တဲ့အခါSerotonin လို့ခေါ်တဲ့ စိတ်ပျော်စေတဲ့neurotransmitterအာရုံကြောဓာတ်တွေထွက်တယ်။မနက်ထရင် စိတ်ကြည်စေတယ်။ ၂။ အလုပ်ပိုပြီးတယ်။စောစောထတော့ အချိန်များများရတယ်။အချိန်များများရတော့ ကိုယ်လုပ်ချင်တာများများ လုပ်လို့ရတယ်။ ပုံမှန် ၇ နာရီထနေရာက ၅ နာရီထပြီးအလုပ်လုပ်ရင် တစ်ရက် ၂ နာရီ အချိန်ပိုထွက်တယ်။တစ်နှစ်ကို နာရီပေါင်း ၇၃၀။ ဒါကို ရက်အနေနဲ့ပြောင်းရင် ရက်ပေါင်း ၃၀။ (အတိအကျဆို 30.4167 days)တစ်လ ပြန်ထွက်လာတယ်။ ဒါကို နေ့စဥ်အလုပ်လုပ်တဲ့ ၈ နာရီနဲ့တွက်ရင်အလုပ်လုပ်ဖို့ တစ်နှစ်မှာ သုံးလ ပိုထွက်လာသလိုပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ၃ လ ဆိုတဲ့အချိန်ကွာသွားရင်ဆယ်နှစ်ဆိုရင် ဘယ်လောက်ကွာသွားမလဲစဥ်းစားကြည့်ကြည့်။(လူတိုင်းက ဖျားတာတွေ ဘာတွေ ရှိနိုင်သေးတယ်။ ၃။ ဆုံးဖြတ်ချက်ချတဲ့အခါ ကူညီပေးတယ်။မနက်ထရင် ခေါင်းကြည်တယ်။Cognitive

တစ်ရက်တာကို မနက်အခါက
စတာ ကောင်းတဲ့အချက် သုံးချက်
Read More »

နေ့တိုင်းက စုဗူးပဲ။

အချိန်အလဟသ ဖြုန်းတာကိုယ့်ကိုကိုယ် သတ်တာနဲ့ အတူတူပဲ။ လေ့ကျင့်ရင် လေ့ကျင့်၊အလုပ်လုပ်ရင် လုပ်၊နားရင်နား။ တရားထိုင်တယ်ဆိုတာ သေနည်းလေ့ကျင့်တာ၊ သမာဓိကောင်းအောင်လေ့ကျင့်တာ။ စာဖတ်တယ်ဆိုတာ အတွေးအခေါ် ရင့်သန်အောင်စိတ်ပိုင်းဆိုင်ရာလေ့ကျင့်တာ။လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ခန္ဓာကိုယ်ကို လေ့ကျင့်တာ။သင်တန်းတက်တယ်ဆိုတာ အတွေးအခေါင်၊ အပေါင်းအသင်း၊နည်းနာအသစ်တွေကို လေ့လာတာ။ ဓားသွေးတာနဲ့ တူတယ်။ ဓားသွေးပြီးရင်ခုတ်ဖို့လိုတယ်။ ဒီဓာတ်သွေးပြီး ခုတ်တာကအလုပ်လုပ်တာလို့ ဆိုနိုင်တယ်။နေ့စဥ် ဒီနေ့ ဝင်ငွေအတွက်လုပ်တာဖြစ်နိုင်သလို အနာဂတ် ဝင်ငွေအတွက်လုပ်တာဖြစ်နိုင်တယ်။လူတွေအကျိုးပြုတဲ့ အလုပ်လုပ်တာဖြစ်နိုင်တယ်။ လူတွေဘဝ ဒုက္ခရောက်သွားစေမည့်သူများမျက်ရည်ကြီးငယ်နဲ့လုပ်တဲ့အလုပ်က ဗုဒ္ဓဟောတဲ့ မဂ္ဂင်ရှစ်ပါးရဲ့ သမာအာဇီဝ အလုပ်မဟုတ်တဲ့အတွက် အလုပ်တာတော့ ကောင်းတယ်။ နောက်အလုပ်တစ်ခုက အနားယူပြီး နောက်နေ့အတွက် အားဖြည့်တာ။ ဒါကို TWR framework ဆိုပြီးPeak Productivity Coaching အတွက်ကျွန်တော် နာမည်ပေးထားတယ်။Train + Work + Rest နေ့တိုင်းက စုဗူးပဲ။

နေ့တိုင်းက စုဗူးပဲ။ Read More »