Dr. Phyo Paing

https://yec.company

လိုချင်တာမှန်သမျှ အလကားမရဘူး။

တချို့ဘဝတွေက ဇာတ်တိုက်ထားသလိုပဲ။အဖေချမ်းသာ၊ အမေချမ်းသာ။ကျောင်းအကောင်းတက်၊ကုမ္ပဏီကောင်းကောင်းအလုပ်ချက်ချင်းရ၊အိမ်ထောင်ကျသားမွေး။ကလေးတွေ အသက်ကြီး။Very scripted ဇာတ်တိုက်ထားသလိုမျိုး။ ကံကောင်းတာတခုကတချို့တွေက မွေးကတည်းကမချမ်းသာလာဘူး။လိုချင်တာမှန်သမျှ အလကားမရဘူး။ကြိုးစားကြံဆမှ ရတယ်။အဲ့တော့ ဘဝအရသာပိုသိတယ်။ ဟင်းကောင်းနဲ့စားတိုင်း ခံတွင်းပျက်နေရင်အရသာမြိန်တာမှ မဟုတ်တာ။ Phyo Paing @ Derek

လိုချင်တာမှန်သမျှ အလကားမရဘူး။ Read More »

ဘဝဆိုတာ အရေးပေါ်မဟုတ်ဘူး။

သေချာခေါင်းအေးအေးထားမဟာဗျူဟာချပြီးစိတ်ရှည်ရှည်နဲ့ ဆုံးဖြတ်ချက်ချလို့ရတယ်။ဘာအလုပ်လုပ်မယ်။ဘယ်မှာနေမယ် အေးဆေးဆုံးဖြတ်လို့ရတယ်။အရေးပေါ် အရေးပေါ်ဆိုပြီးလုပ်လိုက်ကာမှ အလျော်ပေးပေးနေရတာ များနေတတ်တယ်။ဘဝဆိုတာ အရေးပေါ်မဟုတ်ဘူး။စိတ်ရှည်ရှည်ထားဖို့လိုတယ်။ Phyo Paing @ Derek

ဘဝဆိုတာ အရေးပေါ်မဟုတ်ဘူး။ Read More »

ဥာဏ်အလင်းပွင့်တယ်ဆိုတာ

လောကရဲ့ ဖြစ်တည်မှုကို ရှင်းသထက်ရှင်းရှင်း ပိုမြင်လာတာ။ Spiritual awakening ဆိုတာလဲ အဲ့လိုပဲလို့မြင်တယ်။ အရာရာရဲ့ ဆက်စက်မှုကိုရှင်းသထက်ရှင်း မြင်လာတာ။ Perceptual awakening ဆိုတာကတော့ဥာဏ်အလင်းပွင့်သွားတဲ့အတွက်လောကကိုမြင်တဲ့ အမြင်ပြောင်းသွားတာ။ Conceptual awakening ဆိုတာကတော့လောကရဲ့ဖြစ်တည်မှုကို သဘောတရားအရ နားလည်သဘောပေါက်သွားတာ။ Subjective awakening ဆိုတာကတော့ ကိုယ့်ကိုကိုယ်နဲ့ သဘာဝတရားရဲ့ဆက်စက်မှုကိုနားလည်သဘောပေါက်သွားတာ။သတိတရားက ကျယ်ပြန့်လာတာ။expanded awareness ဖြစ်လာတာ။ Spiritual teacher တွေမှာ ဒီအချက်တွေကိုတွေ့မြင်ရတတ်တယ်။ Phyo Paing @ Derek

ဥာဏ်အလင်းပွင့်တယ်ဆိုတာ Read More »

ကျေးဇူးတင်တတ်တဲ့ စိတ်ပျောက်ရင်

တခါတလေ ကိုယ့်ဘဝမှာအသက်ဝဝ လင်လင်ရှူနေနိုင်တာ ကျေးဇူးတင်စရာတစ်ခုဖြစ်နိုင်တယ်။ ကိုယ့်မိဘတွေ အသက်ရှင်နေသေးတာကျေးဇူးတင်စရာတစ်ခုဖြစ်နိုင်တယ်။ ကျန်းကျန်းမာမာနဲ့ ရောဂါဘယကင်းဝေးနေတာကျေးဇူးတင်စရာတစ်ခုဖြစ်နေနိုင်တယ်။ ကောင်းမွန်စွာအိပ်ဆက်နိုးထနိုင်တာကျေးဇူးတင်စရာတစ်ခုဖြစ်နိုင်တယ်။ မနက်စာ စားစရာတစ်ခုရှိနေတာကျေးဇူးတင်စရာတစ်ခုဖြစ်နေနိုင်တယ်။ ကျေးဇူးတင်တတ်တဲ့ စိတ်ပျောက်ရင်လောကမှာ စိတ်တိုင်းမကျတဲ့စိတ်ဝင်လာတတ်တယ်။ Phyo Paing @ Derek

ကျေးဇူးတင်တတ်တဲ့ စိတ်ပျောက်ရင် Read More »

Mobile first to AI first.

အရင် email ရေးရင်ငါးမိနစ်၊ ဆယ်မိနစ် အကြာကြီးကြာတယ်။ အခုတော့ တစ်မိနစ်လောက်နဲ့အပြီးသတ်နေပြီ။ အရင် စာတစ်ကြောင်းရေးပြီးGrammarly ထဲ မှန်မမှန်ပြန်ကြည့်ရတယ်။အခု correct the grammar တို့၊ Write it better တို့ဖြစ်လာပြီ။ Google CEO ပြောသလို Mobile first ကနေ AI first ဖြစ်လာပြီ။ 2014 June လမှာ အော်ရီဒူးတွေပေါ်တော့ပျော်ပျော်ကြီး Facebook ဆိုတာဖြစ်လာတယ်။ AI first မှာဘာတွေဖြစ်လာမလဲစိတ်ဝင်စားဖို့ကောင်းတယ်။ Phyo Paing @ Derek

Mobile first to AI first. Read More »

လူတွေရဲ့ အပြုအမူတွေက
dynamic အပြောင်းအလဲဖြစ်နေတယ်။

လူတွေရဲ့ အပြုအမူက ပတ်ဝန်းကျင်၊ စိတ်ခံစားချက်၊မျိုးရိုး၊ ကိုယ်ပိုင်အတွေ့အကြုံနဲ့ဟော်မုန်းတွေပေါ်မူတည်ပြီးအပြောင်းအလဲဖြစ်နေတယ်။ ဗိုက်ဆာနေတဲ့အချိန်နဲ့ ဗိုက်ပြည့်တဲ့အချိန်၊ ဒေါသထွက်နေတဲ့အချိန်နဲ့ပျော်နေတဲ့အချိန်၊ ဖျားနေတဲ့အချိန်နဲ့ နေကောင်းနေတဲ့အချိန် အပြုအမူတွေက မတူဘူး။ လူတွေရဲ့ အပြုအမူတွေကdynamic အပြောင်းအလဲဖြစ်နေတယ်။ လူတွေကို လူတွေလို့မြင်ရာကမတူညီတဲ့ သံစဥ်တွေနဲ့ဖွဲ့စည်းထားတဲ့သက်ရှိတွေလို့ မြင်စပြုလာတယ်။ Phyo Paing @ Derek

လူတွေရဲ့ အပြုအမူတွေက
dynamic အပြောင်းအလဲဖြစ်နေတယ်။
Read More »

Mastery + Marketing + Management =
Magnificence

တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အတတ်ပညာတစ်ခုရှိရမယ်။ဒီအတတ်ပညာနဲ့ လူတွေရဲ့ပြဿနာကိုဘယ်လိုဖြေရှင်းပေးတယ်ဆိုတာလူများများသိအောင်လုပ်နိုင်ဖို့လိုတယ်။တခြားသူတွေနဲ့ စနစ်တွေအသုံးပြုကိုယ့်အတတ်ပညာကို ပြန့်နှံ့အားတိုးတက်အောင်လုပ်နိုင်ဖို့လိုတယ်။Mastery + Marketing + Management =Magnificence Phyo Paing @ Derek

Mastery + Marketing + Management =
Magnificence
Read More »

သတ်မှတ်အဖြေနဲ့ အကောင်းဆုံးဖြေရှင်းပေးတဲ့
niche market လိုတယ်။

Amazon က စာအုပ်နဲ့စတယ်။Facebook က Harvard, Stanford ထိပ်တန်းတက္ကသိုလ်တွေနဲ့စတယ်။Paypal က ebay အသုံးပြုသူတွေနဲ့စတယ်။Salesforce က salesforce automation နဲ့စတယ်။Zappos က ဖိနပ်နဲ့စတယ်။ စတဲ့အခါ niche စျေးကွက်လိုတယ်။ သတ်မှတ်လူတစ်စုရဲ့ပြဿနာကိုသတ်မှတ်အဖြေနဲ့ အကောင်းဆုံးဖြေရှင်းပေးတဲ့niche market လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

သတ်မှတ်အဖြေနဲ့ အကောင်းဆုံးဖြေရှင်းပေးတဲ့
niche market လိုတယ်။
Read More »

သိပ္ပံပညာသာမရှိရင် သက်သေပြလို့မရတဲ့
အယူအဆတွေနဲ့ မျက်ကန်းတစ္ဆေဖြစ်နေအုံးမယ်။

Neurotransmitters တွေအရေးကြီးတယ်။အထူးသဖြင့် ဖျားပြီးနလန်ပြန်ထူတဲ့အချိန်။ပျော်ရွင်မှု၊ တက်ကြွမှုတွေပျောက်နေသလိုဖြစ်တတ်တာ neurotransmitter တွေကြောင့်။ ဥပမာ Serotonin ရဖို့အတွက် ငှက်ပျော်သီးစားလိုက်လို့ရတယ်။Dopamine အတွက်ကတော့ သတ်မှတ်ပြီးတဲ့ အလုပ်ပြီးရင်လဲ ဒိုပါမင်းထွက်တယ်။ Facebook status တင်လိုက်လဲထွက်တယ်။နောက် endorphins က လေ့ကျင့်ခန်းလုပ်ပြီးထွက်တယ်။ သိပ္ပံပညာသာမရှိရင် သက်သေပြလို့မရတဲ့အယူအဆတွေနဲ့ မျက်ကန်းတစ္ဆေဖြစ်နေအုံးမယ်။ Phyo Paing @ Derek

သိပ္ပံပညာသာမရှိရင် သက်သေပြလို့မရတဲ့
အယူအဆတွေနဲ့ မျက်ကန်းတစ္ဆေဖြစ်နေအုံးမယ်။
Read More »

ကိုယ်လုပ်တဲ့အလုပ်မှာတော့
ကိုယ်ဆရာအကျဆုံးဖြစ်ရမယ်လို့ ခံယူထားတယ်။

ကျွန်တော်ကတော့ တစ်ပြိုင်တည်းသုံးခုတည်ဆောက်တယ်။ ၁။ ကိုယ့်ကုမ္ပဏီ၂။ ကိုယ်ရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီတွေ၃။ ကိုယ့်ကိုကိုယ် ကိုယ်လုပ်တဲ့အလုပ်မှာတော့ကိုယ်ဆရာအကျဆုံးဖြစ်ရမယ်လို့ခံယူထားတယ်။ Phyo Paing @ Derek

ကိုယ်လုပ်တဲ့အလုပ်မှာတော့
ကိုယ်ဆရာအကျဆုံးဖြစ်ရမယ်လို့ ခံယူထားတယ်။
Read More »