Dr. Phyo Paing

https://yec.company

ဘဝမှာ Attitude, Belief, Choice နဲ့ Discipline
အရေးကြီးတယ်လို့ မှတ်ယူထားတယ်။

စိတ်နေသဘောထား Attitude က ကိုယ်ဘယ်လောက်အမြင့်သွားမလဲlatitude ကို ဆုံးဖြတ်ပေးတယ်။ Belief ယုံကြည်မှာတွေက တွေဝေစေလား၊ Bias toward action ကိုဖြစ်စေလား ကွာသွားတယ်။ Choice ရွေးချယ်မှုမှန်ရင်လမ်းကြောင်းမြန်တယ်။ Discipline ကတော့ စည်းကမ်းပဲ။ ဘဝမှာ Attitude, Belief, Choice နဲ့ Discipline အရေးကြီးတယ်လို့ မှတ်ယူထားတယ်။ Phyo Paing @ Derek

ဘဝမှာ Attitude, Belief, Choice နဲ့ Discipline
အရေးကြီးတယ်လို့ မှတ်ယူထားတယ်။
Read More »

“စွန့်လွတ်ရမှာ မကြောက်ပါနဲ့”

ဆရာတော် သစ်နော့ဟန်ကို အင်္ဂလိပ်ဂျာနယ်လစ်တစ်ယောက်ကမေးတယ်။ဆရာတော်ဘုရား ကမ္ဘာပေါ်မှာအဓိကဖြစ်နေတဲ့ ပြဿနာက ဘာလို့ ထင်ပါသလဲ ဘုရား။ အငတ်ဘေးလား၊ ဆင်းရဲမွဲတေမှုလား၊ သဘာဝပတ်ဝန်းကျင် ပြဿနာလား။ ဆရာတော သစ်နော့ဟန်ကဒါနဲ့ အင်္ဂလိပ်ဂျာနယ်လစ်ကိုမေးတယ်။“သင်က ဘယ်သူလဲ?”ကျွန်တော်က ဂျာနယ်လစ်လေ။ ဒါက “သင့်ရဲ့ အလုပ်လေ”။ကျွန်တော်က အင်္ဂလိပ်လူမျိုး။ ဒါက “သင့်ရဲ့ လူမျိုး”။ဒါဆို ကျွန်တော်က လူပေါ့။“ဒါက သင့်ရဲ့ species မျိုးရိုး”။ ဟင် ဒါဆို ကျွန်တော်က ဘယ်သူလဲ။ အဲ့ဒါပဲလို့ ဆရာတော် သစ်နော့ဟန်ကဆိုတယ်။လောကမှာ ကြုံတွေနေရတဲ့ အကြီးမားဆုံးပြဿနာက လူတွေကကိုယ်ဘယ်သူလဲဆိုတာ မသိတဲ့ပြဿနာပဲတဲ့။ ဗုဒ္ဓကတော့ “ငါ”ဆိုတာမရှိဘူး။ “အနတ္တ”လို့ ဟောတယ်။“အနိစ်စ၊ ဒုက်ခ၊ အနတ်တ”။ အနတ်တဆိုတာ non-self. ဒီနေ့မှာ ကိုယ့်ရဲ့အချစ်ဆုံးမိသားစု၊ သမီးရည်းစား၊ လင်မယားကလဲတချိန် ခွဲခွာရမှာပဲ။ ရှင်ကွဲနဲ့ သေကွဲပဲကွာတယ်။

“စွန့်လွတ်ရမှာ မကြောက်ပါနဲ့” Read More »

ပေးထားတဲ့ ပြဿနာအဖြေရှာဖို့က ကိုယ့်တာဝန်ပဲ။

ဆယ်တန်းဆန်းတယ် သတိထားကြိုးစားဆိုတော့စာကို စိတ်မပါပေမယ့် ကိုယ့်ကိုကိုယ် ရိုသေရမယ့်အဆင့်တစ်ခုဖြစ်အောင်တော့လုပ်လိုက်တယ်။ တက္ကသိုလ်တစ်ခုတက်ရမယ်။သင်သမျှ အကုန်စိတ်ပါချင်မှပါမယ်။စပြီးတဲ့အလုပ် အဆုံးသတ်ရမယ်ဆိုတဲ့စိတ်နဲ့ပြီးအောင် မြန်မြန်လုပ်တယ်။ စိတ်ဓာတ်ခဏခဏ ကျတတ်တယ်။တွေဝေတတ်တယ်။ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်တယ်။အချိန်ဆွဲတယ်။ လူရှေ့သူရှေ့စကားမပြောရဲဘူး။ ပြင်ဖို့လိုတယ်ဆိုတော့ ပြင်တယ်။ မွေးကတည်းက ကျောင်းပြီးတဲ့အထိEnglish လိုသင်ခဲ့ရတာလဲမဟုတ်ဘူး။ ဘယ်ဆရာ၊ ဆရာမမှ English လိုမသင်ဘူး။ ကိုယ်တိုင်လေ့လာမှရမယ်ဆိုပြီးလေ့လာလာတယ်။ အဖေက သုံးတန်းပြီးကတည်းမရှိဘူး။ ပိုက်ဆံကမရှိဘူး။ သုံးချင်တော့ ပိုက်ဆံရှာဖို့လုပ်ရပြန်တယ်။ နိုင်ငံတကာ ကုမ္ပဏီအလုပ်လုပ်ချင်တယ်။အတွေ့အကြုံကမရှိပြန်ဘူး။အလုပ်လုပ်အတွေ့အကြုံရဖို့ နည်းလမ်းရှာရပြန်တယ်။ ဘဝမှာ အခွင့်အလမ်းတွေက တစ်ခုပြီးတစ်ခု ပြဿနာအယောင်ဆောင်ပြီး လာနေမှာပဲ။ ပြဿနာလာပြီဆိုရင် အခွင့်အလမ်းလို့သာ မြင်လိုက်။ သင်္ချာပုစ္ဆာတွေလိုပဲပေးထားတဲ့ ပြဿနာဖြေရှင်းပြီးတိုင်းနောက်တစ်ဆင့်တက်တယ်။ Phyo Paing @ Derek

ပေးထားတဲ့ ပြဿနာအဖြေရှာဖို့က ကိုယ့်တာဝန်ပဲ။ Read More »

“ရှာ”တာနဲ့
“လာ”အောင်လုပ်တာမတူဘူး။

“ရှာ”တာနဲ့“လာ”အောင်လုပ်တာမတူဘူး။ “ဖောက်သည်ရှာ”တဲ့အလုပ်က အရောင်းသမားအလုပ်။ “လာအောင်လုပ်”တာက မားကတ်တင်းသမားအလုပ်။ ရှာဖို့အတွက် ဖောက်သည်တွေဘယ်မှာရှိတယ်၊ ဘယ်မှာနေတယ်၊ဘာလုပ်တယ်လေ့လာပြီးချိန်းချက်ပြုလုပ် ရှင်းပြရောင်းချရတယ်။ လာအောင်လုပ်ဖို့ အမှတ်တံဆိပ်တည်ဆောက်တယ်။အမှတ်တံဆိပ်တည်ဆောက်ဖို့ မက်ဆေ့တွေ ပေးပို့ရတယ်။အဲ့ဒါကို Branding နဲ့ Marketing လိုခေါ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

“ရှာ”တာနဲ့
“လာ”အောင်လုပ်တာမတူဘူး။
Read More »

Reason or Result တစ်ခုပဲရတတ်တယ်။

၁။ ကိုယ့်လုပ်ငန်းရဲ့ နိစ္စဓူဝလုပ်နေတဲ့ထဲက ထွက်နိုင်ပြီလား။ ၂။ ကိုယ့်လုပ်ငန်းရဲ့ စီမံခန့်ခွဲမှုကိုလက်လွဲနိုင်ပြီလား။ ၃။ ကိုယ့်လုပ်ငန်းမှာ အကြံပေးနေရာမှာကိုယ်မရှိပဲ တခြားတစ်ယောက်ထားလို့ရပြီလား။ ကိုယ်မပါပဲ လည်ပတ်ဖို့ ၁။ နိစ္စဓူဝအလုပ်ကို လက်လွဲနိုင်တဲ့အဆင့်၂။ စီမံခန့်ခွဲမှုနေရာလက်လွဲနိုင်တဲ့အဆင့်၃။ အကြံပေး advisory role ကို လက်လွဲနိုင်တဲ့အဆင့် ဆင်ခြေပေးနေသလား၊ရလဒ်ပေးသလား။Reason or Result တစ်ခုပဲရတတ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

Reason or Result တစ်ခုပဲရတတ်တယ်။ Read More »

ကိုယ့်ကမ္ဘာကိုယ်တည်ဆောက်တဲ့ အရသာက
ဘာနဲ့မှ လဲလို့မရပြန်ဘူး။

အတွေ့အကြုံ experience က ဘဝမှာ အရေးအကြီးဆုံးပဲ။ ဒါကြောင့် ဘဝမှာ လုပ်ပြီးသားပျင်းစရာကြီးတွေ ထပ်ခါထပ်ခါမလုပ်ချင်တော့ဘူး။ နည်းနည်းပိုရင်ခုန်စရာကောင်းတဲ့experience တွေလိုတယ်။ Variety is the spice of life ဆိုတဲ့အီဒီယမ်ရှိတယ် မဟုတ်လား။ ဘဝမှာ တချို့သူတွေအတွက်ဘောင်ထဲမှာနေရတဲ့ဘဝက အဆိုးဆုံးပဲ။ Social structure နဲ့ Career structure တွေကြားမှာဖောက်ပြီးသားလမ်းမှာ သွားရတာထက်Jungle တောထဲမှာ အရောက်အပေါက်နည်းတဲ့နေရာမှာကိုယ့်ကမ္ဘာကိုယ်တည်ဆောက်တဲ့ အရသာကဘာနဲ့မှ လဲလို့မရပြန်ဘူး။ Phyo Paing @ Derek

ကိုယ့်ကမ္ဘာကိုယ်တည်ဆောက်တဲ့ အရသာက
ဘာနဲ့မှ လဲလို့မရပြန်ဘူး။
Read More »

ကိုယ့်အသက်မွေးဝမ်းကြောင်းပညာအတွက်
ထောက်ခံစာမလိုတဲ့အထိ
ကျွမ်းကျင်နေဖို့လိုတယ်။

ဒီနေ့လိုခေတ်ကြီးမှာ တချို့ အသက်မွေးဝမ်းကြောင်းအလုပ်တွေလုပ်ဖို့ ဘွဲ့ရစရာမလိုတော့ဘူး။ဆယ်တန်းအောင်စရာလဲမလိုဘူး။ Mastery, Marketing, Managementဒီသုံးခုပဲလိုတယ်။အတတ်ပညာတစ်ခုမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မယ်။ဖောက်သည်ပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်မယ်။နောက်မားကတ်တင်းပညာနားလည်၊စီမံခန့်ခွဲမှုပညာ နားလည်မယ်ဆိုဘဝကို သာသာယာယာဖြတ်သန်းလို့ရပြီ။ ကျောင်းတွေဆိုတာကလဲပညာရေးကို ရောင်းစားတဲ့ပညာရေးစီးပွါးရေးလုပ်ငန်းတွေပဲ။ အရင်ခေတ်ကလို ဆရာကပညာတတ်မို့ပြောတာ နားထောင်ခေတ်ကုန်ပြီ။ဆရာ့ထက် AI က ပိုသိတယ်ခေတ်တဖြည်းဖြည်းနဲ့ ပိုရောက်လာတော့မယ်။ လူတွေ သတ်မှတ်ထားတဲ့ ဘောင်တွေကနည်းပညာတိုးတက်မှုနဲ့အတူရိုက်ချိုးခံနေရပြီ။ နှလုံးသွင်းရမှာ လူတိုင်းလုပ်နေတာကိုကိုယ်လိုက်လုပ်စရာလိုချင်မှ လိုမှာ။ ကိုယ့်အသက်မွေးဝမ်းကြောင်းပညာအတွက်ထောက်ခံစာမလိုတဲ့အထိကျွမ်းကျင်နေဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်အသက်မွေးဝမ်းကြောင်းပညာအတွက်
ထောက်ခံစာမလိုတဲ့အထိ
ကျွမ်းကျင်နေဖို့လိုတယ်။
Read More »

အရေးမပါတဲ့အရာတွေကို
အရာပေးဖို့ အချိန်မရှိဘူး။

ကိုယ့်အတွက် အချိန်တိုင်းက တန်ဖိုးရှိတယ်။ဒါကြောင့် အရေးမပါတဲ့အရာတွေကိုအရာပေးဖို့ အချိန်မရှိဘူး။ Phyo Paing @ Derek

အရေးမပါတဲ့အရာတွေကို
အရာပေးဖို့ အချိန်မရှိဘူး။
Read More »

ပျော်ရွှင်မှု

တချို့သူတွေအတွက်ဘဝရဲ့ပျော်ရွင်မှုဆိုတာ သာမာန်လူတွေအတွက်မဖြစ်နိုင်လောက်တဲ့ ရည်မှန်းချက်ပန်းတိုင်ချမှတ်ပြီးရှယ်ဝုန်းတာပဲ။ Phyo Paing @ Derek#drphyopaing

ပျော်ရွှင်မှု Read More »

သိရုံနဲ့ မရဘူး။
တကယ်ထိမှ ရမှာ။

လူတွေက ခန္ဓာကိုယ်အထိအတွေ့ဒွါရခြောက်ပါးနဲ့ စိတ်ပိုင်းဆိုင်ရာ သာယာမှုလူသားတွေရဲ့ အာရုံငါးပါးသာယာမှုHuman-like experience တွေမှာယစ်မူးနေတတ်ကြတယ်။ နိရောဓသစ္စာ equanimityလောကဓံအခက်အခဲတွေကြားမှာမတုန်မလှုပ် တည်တည်ငြိမ်ငြိမ်အိန္ဒြေရရဖြတ်သန်းနိုင်စွမ်းGod-like experience တွေကအာရုံငါးပါးသာယာမှုတွေနောက်ပဲလိုက်ရုံနဲ့ မရနိုင်လောက်ဘူး။ Buddhism ဆိုတာ ချက်ချင်းအလင်းပွင့်တဲ့Sudden awakening ကိုသွားတာမဟုတ်ဘူး။သူက gradual awakening ဖြေးဖြေးမှန်မှန် ဥာဏ်အလင်းပွင့်ဖို့ငါးပါးသီလ၊ သမာဓိနဲ့ ပညာတည်ဆောက်ဖို့မဂ္ဂင်ရှစ်ပါးနဲ့သွားတယ်။ဒါမှ သစ္စာလေးပါးကို တကယ်နှလုံးသားနဲ့ခံစားသိမြင်နိုင်မှာ။ စာတွေ့အဆင့်ပဲဆိုတော့သိရှိခံစား နားလည်ကျင့်သုံးဖို့ကသိရုံနဲ့ မရဘူး။တကယ်ထိမှ ရမှာ။ Phyo Paing @ Derek

သိရုံနဲ့ မရဘူး။
တကယ်ထိမှ ရမှာ။
Read More »