Dr. Phyo Paing

https://yec.company

ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။

သံသရာက မတူညီတဲ့ကံကြမ္မာတွေနဲ့ လူတွေကို အကဲစမ်းလိမ့်မယ်။ဒါကြောင့် ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။ ကိုယ်ကို သံသရာက ပြဿနာ ပုစ္ဆာတွေ တစ်ခုပြီးတစ်ခုပေးပြီး စမ်းတယ်။ ဒီလိုစမ်းလို့ရအောင်လဲ အဝိဇ္ဇာနဲ့ တဏှာ ကို မွေးကတည်းကဘဝ Operating System မှာ တခါတည်း ကြိုတင်တပ်ဆင် preinstalledလုပ်ပေးထားတယ်။ ဒီ preinstalled လုပ်ထားတဲ့ အဝိဇ္ဇာနဲ့ တဏှာကို ဖယ်နိုင်ရင် သံသရာက ရန်ရှာတာတွေ၊အဖန်တရာပြဿနာနဲ့စမ်းသပ်တာတွေကုန်သွားနိုင်တယ်။ ကိုယ်တိုင်က preinstalled လုပ်ထားတဲ့အဝိဇ္ဇာနဲ့ တဏှာကို မဖယ်နိုင်သေးရင်သတိလေးကပ် note လေးမှတ်ပြီးတရားလဲထိုင်၊ bar လဲထိုင်ပေမယ့်ငါတို့ကို သံသရာက စမ်းနေတာဆိုတဲ့အသိနဲ့ဘဝ သင်ခန်းစာတွေ ယူရမှာပဲ။ Phyo Paing @ Derek

ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။ Read More »

ဟုတ်မဟုတ်တော့မသိဘူး။

အားတီလေးတွေက သူတို့ ငယ်ငယ်တုန်းကစိတ်ကူးထဲမှာ ရှိတဲ့ အမေပုံစံမျိုးအမျိုးသမီးတွေကို ပိုချစ်တတ်ကြတယ်။ အားမေတွေကလဲ သူတို့ ငယ်ငယ်တုန်းက စိတ်ကူးထဲမှာ ဖြစ်စေချင်တဲ့ အဖေပုံစံမျိုးအမျိုးသားတွေကို ပိုချစ်တတ်ကြတယ်။ ဥပမာ ကိုယ့်ကိုအမြဲဝေဖန်တတ်တဲ့အမေအစား ဘာပဲဖြစ်ဖြစ်ကိုယ့်ကို အမြဲယုံကြည်မှုရှိတဲ့ အမေမျိုး။ အမျိုးသမီးတွေဆိုလဲကိုယ့်ကို ဂရုသိပ်မစိုက်ဖြစ်တဲ့အဖေအစားဂရုစိုက်ပြီး ကာကွယ်ပေးမယ်ဆိုတဲ့အဖေမျိုး။ အတွေးတစ်ခုပေါ်လို့ စဥ်းစားကြည့်တာ။ Phyo Paing @ Derek

ဟုတ်မဟုတ်တော့မသိဘူး။ Read More »

ကိုယ်အားသာတာကို ဖိလုပ်။

လူတွေကို အကြမ်းအားဖြင့်အားသာချက်လေးမျိုးနဲ့ကြည့်လို့ရတယ်။ ၁။ Strategy မဟာဗျူဟာလမ်းကြောင်းတွေ၊ ဖြစ်နိုင်ခြေတွေအများကြီးကို အပေါ်စီးကမြင်နိုင်တာ ၂။ Relationship ပေါင်းသင်းဆက်ဆံရေးကိုယ်နဲ့တွေ့တဲ့လူနဲ့ အလွယ်တကူချိတ်ဆက်နိုင်စွမ်း။ လူချစ်လူခင်ပေါများတာ ၃။ Influence လွမ်းမိုးနိုင်စွမ်းကိုယ့်ကို စင်ပေါ်တင်လိုက်တာနဲ့လူတွေရဲ့ အာရုံစိုက်မှုက ကိုယ့်ဆီရောက်လာတာ ၄။ Execution အကောင်အထည်ဖော်နိုင်စွမ်းဒါလုပ်မယ်လို့ဆိုဖြတ်ပြီးရင်မရရအောင် အကောင်အထည်ဖော်နိုင်စွမ်း မဟာဗျူဟာကောင်းတဲ့သူStrategist တွေက puzzle တွေဆက်သလိုအလုပ်တွေအများကြီးလုပ်တယ်။ဒီ အကွက်တွေက တချို့ကျရင်အကုန်စုစည်းသွားမယ်ဆိုပြီးစိတ်ရှည်ရှည်နဲ့ အကွက်ချ အလုပ်နဲ့ ဘဝကို တည်ဆောက်တယ်။ Relationship ကောင်းသူက ဘယ်သူနဲ့ ပေါင်းပြီး ဘာအလုပ်ကိုလုပ်မယ်ဆိုတာ စဥ်းစားထားတယ်။ရင်းနှီးမြုပ်နှံသူတွေရဲ့ငွေနဲ့ကိုယ့်ကိုအလုပ်လုပ်ပေးမည့်သူတွေကြားမှာintegration စုစည်းမှုကိုလုပ်ဆောင်ပေးတယ်။ Influencer က သာမာန်ကုန်ပစ္စည်းတစ်ခုကိုပေါက်ကွဲမှုအားကောင်းကောင်းနဲ့ လူတွေကို သိသွားအောင် သတင်းဖြန့်နိုင်စွမ်းရှိတယ်။သူ့ရဲ့အစွမ်းက message တစ်ခုကို လော်စပီကာနဲ့ အောင်သလို amplification လုပ်ဆောင်နိုင်စွမ်းပဲ။ Execution လုပ်တဲ့သူရဲ့အားသာချက်ကအအိပ်အစားနည်းပြီး သတ်မှတ်တာဝန်ကို မဖြစ်ဖြစ်အောင်လုပ်နိုင်တာ။အလုပ်အများကြီးကို

ကိုယ်အားသာတာကို ဖိလုပ်။ Read More »

လူတွေအမြဲဆုံးဖြတ်ရတဲ့ဆုံးဖြတ်ချက်တစ်ခု

လူတွေအမြဲဆုံးဖြတ်ရတဲ့ ဆုံးဖြတ်ချက်တစ်ခုရှိတယ်။အဲ့ဒါကတော့ “အခုဘာလုပ်မှာလဲ။ What am I going to do right now?” Phyo Paing @ Derek

လူတွေအမြဲဆုံးဖြတ်ရတဲ့ဆုံးဖြတ်ချက်တစ်ခု Read More »

ဒုက္ခနဲ့ ထိတိုင်းမှာ ဘာတွေ သိမလဲ စဥ်းစားကြည့်။

လူတွေက ဥာဏ်အလင်းမတူတော့မြင်နိုင်တဲ့ အကွာအဝေးလဲမတူဘူး။ တချို့တွေက တစ်ရက်စာမြင်တယ်။တချို့က တစ်လ၊ တချို့တစ်နှစ်။တချို့ဆယ်နှစ်။တချို့က ကိုယ့်နေဝင်ချိန်ထိ။ ဗုဒ္ဓကတော့ သံသရာကိုမြင်တယ်။ မြင်တာကို သိအောင်ဟောပေမယ့်သိတာနဲ့ ထိတာ မတူပြန်ဘူး။ လူတွေက ဒုက္ခနဲ့ ထိမှတကယ်သိတာ။ ဒါကြောင့် ဒုက္ခနဲ့ ထိတိုင်းမှာဘာတွေ သိမလဲ စဥ်းစားကြည့်။ Phyo Paing @ Derek

ဒုက္ခနဲ့ ထိတိုင်းမှာ ဘာတွေ သိမလဲ စဥ်းစားကြည့်။ Read More »

အချစ်ဆိုတာ ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေခြင်းပဲ။

Love is the journey of self-discovery. လူတွေက မတူညီတဲ့သူတွေနဲ့တွေ့တိုင်းမတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထွက်လာတယ်။ ဒီနေ့ခေတ်က အဘိုး၊ အဖေခေတ်မဟုတ်တော့လူတိုင်းက နှစ်ခါ၊ သုံးခါ ချစ်ကျွမ်းဝင်ဖူးကြတယ်။ မတူညီတဲ့ သူတွေနဲ့ တွေ့တိုင်းမှာကိုယ့်ရဲ့ ကောင်းတဲ့အချက်၊ ဆိုးတဲ့အချက်နဲ့ကိုယ်မထင်ထားတဲ့ အစွမ်းအစတွေထွက်ပေါ်လာတတ်တယ်။ မတူညီတဲ့သူတွေက မတူညီတဲ့ ဓာတ်vibes တွေပေးတယ်။ လူတွေက စဥ်းစားပုံလဲ မတူကြသလိုတချို့က အပေါ်ယံခတ်ကျယ်ကျယ် စဥ်းစားတယ်။တချို့က တစ်ခုကို ထဲထဲဝင်ဝင် စဥ်းစားတယ်။တချို့က ဆက်စပ်စဥ်းစားတယ်။ တချို့က လွတ်လပ်မှုပေးသလိုတချို့က လှုံခြုံမှုပေးတယ်။တချို့က ဝေဖန်အကြံအမြဲပြုသလိုတချို့က ကိုယ်ဘာလုပ်လုပ်မှန်တယ် ရပ်တည်ပေးတယ်။ လူတွေက အချစ်နဲ့တွေ့တိုင်းမှာ ကောင်းတဲ့ကိုယ်ရည်ကိုယ်သွေးဆိုးတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထွက်လာတတ်တယ်။ ဒါကြောင့် Logotherapy ကိုထွင်တဲ့Dr. Viktor Frankl က Love is the only way

အချစ်ဆိုတာ ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေခြင်းပဲ။ Read More »

အကြံပေးတွေမှာ ကျင့်ဝတ်လိုတယ်။

အကြံပေးတွေမှာ ကျင့်ဝတ်လိုတယ်။Client လုပ်ငန်းကို သွား လောဘတက်လို့ မရဘူး။ကိုယ့်တာဝန်က client ပြဿနာဖြေရှင်းရေးကိုကူညီပေးဖို့။ အကြံပေးတစ်ယောက်က သူ့ဖက်က စတင်ပြီးClient လုပ်ငန်းမှာ share ခေါ်အုံးတို့ဘာတို့လုပ်ရင် လုပ်ငန်းရှင်တွေအနေနဲ့ နည်းနည်းစဥ်းစားဖို့လိုတယ်။ ဘာလို့လဲဆို conflict of interest ဖြစ်သွားနိုင်တယ်။ စည်းခြားထားဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

အကြံပေးတွေမှာ ကျင့်ဝတ်လိုတယ်။ Read More »

ဟိုးရှေ့ခေတ်က လူတွေ
ဘယ်လိုစဥ်းစားခဲ့ကြလဲ
ပြန်တွေးကြည့်မိတယ်။

အဘိုးခေတ်က ဒုတိယကမ္ဘာစစ်တွေ၊လက်ထဲရှိတဲ့ငွေတွေမနက်ဖြန်သုံးလို့မရတော့ဘူးဆိုတဲ့အခြေအနေတွေ၊ပြည်သူပိုင်သိမ်းတာတွေ၊အရေးအခင်းတွေရှိခဲ့တာပဲ။ ဒါကို နှစ်ပေါင်း ၆၀၊ ၇၀ ကျော်ရပ်တည်အောင် ကြိုးစားခဲ့တဲ့ပြည်တွင်း အမှတ်တံဆိပ်တွေလဲ အများကြီးပဲ။ ဒါကို ဒီနေ့ ခေတ်မကောင်းလို့ ကိုယ့်လုပ်ငန်းကြီးအဆင်မပြေဘူးလို့ကိုယ့်ကိုကိုယ် စဥ်းစားမိတော့မယ်ဆို ဟိုးရှေ့ခေတ်က လူတွေဘယ်လိုစဥ်းစားခဲ့ကြလဲ ပြန်တွေးကြည့်မိတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဟိုးရှေ့ခေတ်က လူတွေ
ဘယ်လိုစဥ်းစားခဲ့ကြလဲ
ပြန်တွေးကြည့်မိတယ်။
Read More »

စီးပွါးရေးဆိုတာ

စီးပွါးရေးဆိုတာ ဖောက်သည်ရဲ့ ပြဿနာကို အကျိုးအမြတ်ယူပြီးဖြေရှင်းပေးတာပဲ။ဖြေရှင်းပေးမယ်ပြောပြီးကတိမတည်တာ လိမ်တာနဲ့ တူတူပဲ။ Phyo Paing @ Derek

စီးပွါးရေးဆိုတာ Read More »