Dr. Phyo Paing

https://yec.company

အကြည်ဓာတ်အရေးကြီးတယ်။

Positive vibes တွေရှိမှအလုပ်အများကြီးပြီးမှာ။ ဘဝကို ဂိမ်းတစ်ခုလိုစွဲစွဲလမ်းလမ်းကစားနေရင်နေ့တိုင်းက လတ်ဆတ်နေမှာပဲ။Society က သတ်မှတ်ထားတဲ့တချို့ အဓိပ္ပာယ်မရှိတဲ့စည်းမျဉ်းတွေကိုမလိုက်နာဖို့တော့လိုတာပေါ့။ Phyo Paing @ Derek

အကြည်ဓာတ်အရေးကြီးတယ်။ Read More »

ကိုယ့်ဘဝ နောက်ဆုံး
အသက်ငင်တဲ့အခါ
ငါအကောင်းဆုံးနေခဲ့တယ်။

One Piece ထဲကပင်လယ်ဓားမြ လူဖီလိုပဲလူတစ်ယောက်က ဘဝမှာ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အိမ်မက်တစ်ခုရှိနေပြီးဒါကို ဆွဲဆွဲမြဲမြဲလုပ်နေသလို ကိုယ့်အိမ်မက်တွေကို အတူတကွ ကိုယ်နဲ့လိုက်အကောင်အထည်ဖော်ပေးမည့်Team တစ်ခုရှိတဲ့အခါဘဝက ဂိမ်းတစ်ခု ကစားရသလိုပဲအရသာရှိလာမယ်။တချို့အချိန်မှာ နာမယ်။တချို့အချိန်မှာ သာမယ်။တချို့အချိန်မှာ ကိုယ်လိုတာမရ။တချို့အချိန်မှာ ကိုယ်လိုတာရမယ်။ ကိုယ့်ဘဝ နောက်ဆုံးအသက်ငင်တဲ့အခါ ငါအကောင်းဆုံးနေခဲ့တယ်။ငါအကောင်းဆုံး လုပ်နိုင်တာတွေလုပ်ပေးခဲ့တယ်။ ဘဝရဲ့ပေးထားချက်ကိုပေါ်မူတည်ပြီးဘဝရဲ့ ပုစ္ဆာတွေကို အကောင်းဆုံးအဖြေရှာခဲ့တယ်။ ဒီလို စိတ်ချချနဲ့ လောကကြီးကထွက်ခွာသွားချင်တယ်။ Phyo Paing @ Derek

ကိုယ့်ဘဝ နောက်ဆုံး
အသက်ငင်တဲ့အခါ
ငါအကောင်းဆုံးနေခဲ့တယ်။
Read More »

မနေ့က စားသောက်ဆိုင်တစ်ဆိုင်သွားတယ်။

ကျွန်တော်စဥ်းစားကြည့်တယ်။ဒီဆိုင်ကို ပြိုင်ဖက်အနေနဲ့သူ့ဆိုင်လုံးဝမသွားချင်တော့ပဲဘေးဆိုင်ပဲလာစေချင်အောင်အသရေဖျက်တဲ့အခါ ဘယ်လို အကွက်ပြန်ရွေ့မလဲ။ Ming Fa ဆိုတဲ့ တရုတ်တန်းကခေါက်ဆွဲဆိုင်လေး။ The time to wait is longer than the time to eat. That’s why, the customers at Ming Fa are called “Waiter”, the losers. စားတဲ့အချိန်ထက် Q လုပ်တန်းစီရတဲ့အချိန်ကပိုကြာတယ်။ဒါကြောင့် သူ့ဆိုင်စားတဲ့သူတွေက အားယားပြီး စောင့်သူတွေ။ ဒီလို ကိုယ့်ပြိုင်ဖက်က တစ်ကွက်ရွေ့လိုက်ပြီဆိုပါတော့။ကိုယ်ဘယ်လိုပြန်လုပ်မလဲ။ Yes, you are right.The time to wait is longer than the time to eat.And, you

မနေ့က စားသောက်ဆိုင်တစ်ဆိုင်သွားတယ်။ Read More »

လုပ်ငန်းငယ်လေးဟာ
သူ့လက်ရှိအရွယ်အစားထက်
အဆ ၁၀၀၀၀ ကြီးနိုင်တယ်။

လုပ်ငန်းငယ်လေးဟာသူ့လက်ရှိအရွယ်အစားထက်အဆ ၁၀၀၀၀ ကြီးနိုင်တယ်။ ကိုယ့်ရဲ့ ကြက်ကြော်ဆိုင်လေးကိုဆိုင်ပေါင်း ၁၀၀၀၀ ကျော်ဖွင့်နိုင်တဲ့အထိစဥ်းစားကြည့်ကြည့်ပါ။ဥပမာ ဖိလစ်ပိုင်မှာစပြီးအနောက်တိုင်းနဲ့တစ်ကမ္ဘာလုံးမှာပါအစွမ်းပြခဲ့တဲ့ အင်္ဂျင်နီယာတည်ဆောက်တဲ့ရေခဲမုန့်ကစခဲ့ပြီး ကြက်ကြော်ပါရောင်းနေတဲ့Jollybee. ဒီလို အစ ၁၀၀၀၀ ကြီးဖို့ ကိုယ့်လုပ်ငန်းဘာကြောင့်စခဲ့လဲအဲ့ အိုင်ဒီယာ အကြံဥာဏ်ကို မပျောက်စေနဲ့။ဒါက အုတ်မြစ်တစ်ခုပဲ။ ကိုယ့်လုပ်ငန်းက ဖောက်သည်တွေရဲ့ဘယ်ပြဿနာကိုဖြေရှင်းဖို့စတင်ခဲ့သလဲ။ စီးပွားရေးတစ်ခုကို စီမံတဲ့စဥ်းစားတဲ့ပုံစံဟာအပြင်မှ အတွင်းလာတယ်။ဖောက်သည်၊ ပြိုင်ဖက်၊ သတင်းနဲ့ကုန်ပစ္စည်းပို့ဆောင်ရေးစနစ်၊ ဒီကမှ ကုမ္ပဏီအတွင်းပိုင်းဖြစ်တဲ့ဝန်ထမ်း၊ လုပ်ငန်းဆောင်တာဆောင်ရွက်ပုံလာတယ်။လုပ်ငန်းတစ်ခုဆိုတာ မတူညီတဲ့အစိတ်အပိုင်းပေါင်းများစွာစုစည်းထားတဲ့စနစ်ကြီးတစ်ခုဖြစ်တယ်။ လုပ်ငန်းတစ်ခုဟာ စီးပွားရေးကောင်းကောင်းမကောင်းကောင်းလည်ပတ်အမြတ်ငွေရဖို့လိုတယ်။ဒါကြောင့် ရွေးချယ်တဲ့အခါဒူပေဒါပေခံပြီး စီးပွားရေးမကောင်း၊နိုင်ငံရေးမကောင်းလို့ ပြုတ်သွားတဲ့လုပ်ငန်းမဟုတ်အောင် စနစ်တကျရွေးချယ်ဖို့လိုတယ်။အစားအသောက်၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဘယ်အပိုင်းတွေ ကူညီနေသလဲ။ ဒီလိုရပ်တည်နိုင်ဖို့ ၁။ သေချာရွေးချယ်၂။ အမြဲတမ်းတိုးတက်အောင်နည်းလမ်းရှာဖွေ၃။ ဖောက်သည်တွေအသံနားထောင်၄။ ကိုယ်မြင်၊ ကြား၊ ခံစားရတဲ့စျေးကွက်ကိုတုန့်ပြန်၅။ အမြင့်ဆုံးစံနှုန်းတစ်ခုထား၆။ ကိုယ့်လုပ်ငန်းရဲ့ရင်ခုန်စရာကောင်းတဲ့ပုံပြင်ကိုရေးထား၇။ ဒီပုံပြင်အတိုင်းနေဖို့အရေးကြီးတယ်။ လုပ်ငန်းသေးလေးတွေဟာ ဝန်ထမ်းတွေ အတွက်သင်တန်းကျောင်းပဲ။သူတို့ကို

လုပ်ငန်းငယ်လေးဟာ
သူ့လက်ရှိအရွယ်အစားထက်
အဆ ၁၀၀၀၀ ကြီးနိုင်တယ်။
Read More »

အိမ်မက်တွေကို အာရုံစိုက်ဖို့
အရေးကြီးတယ်

နှလုံးသားထဲက voice ကအပြင်ဆူညံသံ noise တွေထက်ပိုကျယ်မှရမယ်။စိတ်ရှည်ရမယ်။နေ့တိုင်းဘဝအတွက်ကျန်းမာရေး၊ အလုပ်အကိုင်၊ငွေရေးကြေးရေး၊ ပေါင်းသင်းဆက်ဆံရေးတိုးတက်နေရမယ်။လွယ်ကူတဲ့ အလုပ်တွေပဲလုပ်နေရင်ဘဝက ခက်ခဲလိမ့်မယ်။ခက်ခဲတဲ့အလုပ်တွေကို လုပ်ဆောင်အောင်မြင်ရင်ဘဝက လွယ်ကူသွားလိမ့်မယ်။ Phyo Paing @ Derek

အိမ်မက်တွေကို အာရုံစိုက်ဖို့
အရေးကြီးတယ်
Read More »

ကိုယ့်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့အလုပ်

Laptop Lifestyleကွန်ပြူတာ တစ်လုံး၊အိတ်တစ်လုံးနဲ့တစ်ကိုယ်တော်လေလွင့်လို့ရတဲ့ဘဝနေထိုင်မှု ပုံစံ။ လူတွေက ပိုက်ဆံတွေပဲ ကုန်းရှာပြီးသေတော့လဲ အိမ်ထောင်ဇာတ်ကားထဲကလိုအငယ်လေးအတွက်ဖြစ်သွားတာပဲမဟုတ်လား။ ဒါကြောင့် ဘဝမှာနေ့တိုင်းပျော်ရွင်လွတ်လပ်နေဖို့ကိုယ့်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့အလုပ်ကိုအသက်မွေးဝမ်းကြောင်းအလုပ်အဖြစ်ပြောင်းဖို့လိုတယ်။ဒီလို vocation (အသက်မွေးဝမ်းကြောင်းအလုပ်)ကvacation (အနားယူသလိုခံစားရရင်)ဘဝမှာနေရတာ တန်သွားပြီ။ မဟုတ်လဲ ကိုယ်ဘယ်နေ့သေမလဲမှမသိတာ။ Phyo Paing @ Derek

ကိုယ့်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့အလုပ် Read More »

လူတွေကို စီမံခန့်ခွဲမှုမှာ

လူတွေကို စီမံခန့်ခွဲမှုမှာ“မိသားစု” ဆိုတဲ့ စိတ်ကိုဖျောက်ဖို့လိုတယ်။ဒါကတော့ Netflix မှာ ကျင့်သုံးတဲ့အတွေးအခေါ်ပဲ။ ကျွန်တော်တို့က စက်မှုတော်လှန်ရေးခေတ်အတွေးအခေါ်တွေနဲ့ ရှေ့ဆက်နေကြတယ်တဲ့။ “ဝန်ထမ်း” တွေ လုပ်ငန်းအပေါ်လုပ်ပေးတာကျေးဇူးတင်တယ်ဆိုတဲ့ စိတ်နဲ့နေကြတယ်။ဒါက တစ်ယောက်တည်းလုပ်နေတဲ့လုပ်ငန်းအတွက်ဆို ဟုတ်ကောင်းဟုတ်မယ်။ တကယ်လို့ ဒီလုပ်ငန်းဟာ shareholder တွေနဲ့ သွားနေတဲ့လုပ်ငန်းဆိုရင်စီမံခန့်ခွဲသူတွေရဲ့ တာဝန်ကရေတိုနဲ့ ရေရှည် ပိုင်ရှင်တွေရဲ့အကျိုးစီးပွားကို တိုးတက်အောင်လုပ်ပေးရမည့်တာဝန်ဖြစ်သွားပြီ။ ဒီတော့ ဝန်ထမ်းနဲ့ စနစ်ဆိုတာ ပိုင်ရှင်တွေရဲ့အကျိုးစီးပွားကိုရေရှည်အောင်မြင်တိုးတက်အောင်လုပ်ပေးရမှာဖြစ်သွားပြီ။ ဒီလိုဖြစ်ဖို့ “မိသားစု” ဆိုတဲ့ အစား“အဖွဲ့” team ဆိုတဲ့ စိတ်နဲ့သွားဖို့လိုတယ်။ လုပ်ငန်းရဲ့ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်သူဆို ဆက်နေ။လုပ်ငန်းရဲ့ ပြဿနာတွေကိုအကောင်းဆုံးဖြေရှင်းနိုင်တဲ့သူမဟုတ်ရင်အစားထိုး။ ဒါကို Netflix မှာ Keeper Test ဆိုတာလုပ်တယ်။ကိုယ့်ဝန်ထမ်းကို နောက်တစ်နှစ်ဆက်ရှိိနေဖို့အတွက် မန်နေဂျာက အတိုက်အခံလုပ်မလားတဲ့။ ဒီလို အတိုက်အခံလုပ်ပြီးထိန်းထားမယ်ဆိုရင်ဒါက Keeper Test အောင်တယ်။ လုပ်ငန်းရှင်အများစုကလဲ

လူတွေကို စီမံခန့်ခွဲမှုမှာ Read More »

ထိန်းချုပ်မှု

ကိုယ့်ထိန်းချုပ်မှုအောက်မရှိတဲ့အရာတွေကိုကံတရားကို တာဝန်ပေးထားတယ်။ကိုယ်ထိန်းချုပ်နိုင်တာတွေကိုပဲအာရုံစိုက်မယ်လို့ သံဓိဌာန်ချထားတယ်။ Phyo Paing @ Derek

ထိန်းချုပ်မှု Read More »

အနာဂတ်အတွက် ကြိုပြင်

၁။ စမ်းသပ်မှုလုပ်ရမှာမကြောက်နဲ့။၂။ နေ့စဥ် ကိုယ့်ကိုကိုယ် train၃။ နေ့စဥ် ကိုယ့်ကိုကိုယ် ပြန်လေ့လာ။၄။ အနာဂတ်အတွက် ကြိုပြင် Phyo Paing @ Derek

အနာဂတ်အတွက် ကြိုပြင် Read More »