Dr. Phyo Paing

https://yec.company

The Future of The Professions

ဒီတစ်နှစ်လုံးမှာ ကိုယ့်ကိုအကြီးအကျယ် အလင်းပွင့်စေတဲ့စာအုပ်ကောင်းတွေအများကြီးရှိတယ်။ဒီတစ်ပတ်ထဲမှာဆိုရင်တော့The Future of The Professions ပဲ။Oxford တက္ကသိုလ်ကထုတ်ဝေပြီးစာရေးဆရာကတော့သားအဖနှစ်ယောက်ဖြစ်တဲ့Daniel Susskind နဲ့Richard Susskind ပဲ။ Note ထုတ်ထားတာလဲဒီ Page မှာ တင်ထားပေးဖူးတယ်။ Phyo Paing @ Derek

The Future of The Professions Read More »

လူတွေက ကိုယ့်ပြဿနာ
ကိုယ်ဖြေရှင်းဖို့ ကြိုးစားကြတယ်

လူတွေက ကိုယ့်ပြဿနာကိုယ်ဖြေရှင်းဖို့ ကြိုးစားကြတယ်။စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကြောင့်သမီးရည်းစား၊ လင်မယားထားကြတယ်။ခန္ဓာကိုယ်လိုအပ်ချက်၊စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်၊လူမှုရေးလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ကြိုးစားကြတယ်။ လိုချင်တာ မရရင် ဒုက္ခပဲ။လိုအပ်တာ မရရင်လဲဒုက္ခပဲ။ဒါကြောင့် ဗုဒ္ဓက ဘဝဆိုတာ ဒုက္ခလို့ဆိုမိန့်ပြီး သစ္စာလေးပါးကိုဟောကြားတယ်။ဘဝဆိုတာ ဒုက်ခ၊ဒုက္ခဆိုတာ တပ်မက်မှုတဏှာကလာတယ်။ဒုက္ခတွေ ချုပ်ငြိမ်းရာရှိတယ်။ဒါကို နိဗ္ဗာန်လို့ခေါ်တယ်။ဒါကိုသွားဖို့ လမ်းရှိတယ်။ဒါကို မဂ္ဂင်ရှစ်ပါးလို့ခေါ်တယ်။ ဗုဒ္ဓရဲ့ ဘဝရဲ့ ပြဿနာတွေကိုဖြေရှင်းနည်းက တစ်မျိုးဖြစ်တယ်။လူတွေယုံကြည်ထားတဲ့ ဒုက္ခတွေကိုဒသင်္ဂသွားဖြေရှင်းတဲ့နည်းမဟုတ်ဘူး။ ကျွန်တော်တို့က ဗိုက်ဆာရင်စားတယ်။လိုချင်ရင် ဝယ်နိုင်အောင်ကြိုးစားတယ်။ရချင်ရင် ရအောင်နည်းလမ်းရှာပြီးကိုယ့် “ချင်တယ်” ဆိုတဲ့ စိတ်ထဲကပြဿနာကိုဖြေရှင်းတယ်။ ဗုဒ္ဓအနေနဲ့ကျတော့ လူတွေရဲ့ခဏတာ ပြဿနာတွေဖြေရှင်းဖို့ထက်ဒီပြဿာကြီးက ဘယ်ကစလဲဆိုတဲ့ဇစ်မြစ်ကို ရှာတယ်။ဒါဇစ်မြစ်ကို တစ်ခါတည်းဖယ်နိုင်အောင်လုပ်တယ်။ ကျွန်တော်တို့ဘဝမှာ အမြင်မမှန်တဲ့အတွက်အမှန်မမြင်တဲ့ အချိန်တွေအများကြီးပဲ။ဒါကြောင့် ဒုက္ခကအမြင်မမှန်တာကို ဒိဋ္ဌိ လို့ခေါ်တယ်။အယူမှား။အယူမှားဆိုတာ ဘာလဲဆိုရင်ကိုယ်ဖြေရှင်းချင်တဲ့ပြဿနာကိုပိုဝေးသွားစေတဲ့ အယူအဆ။ ဒါကတော့ တရုတ်ကြီးနားလည်တဲ့ဗုဒ်ဓဘာသာ။ Phyo Paing @ Derek

လူတွေက ကိုယ့်ပြဿနာ
ကိုယ်ဖြေရှင်းဖို့ ကြိုးစားကြတယ်
Read More »

Content Marketing ဆိုတာဘာလဲ။

လူတွေက ကြွယ်ရမယ်တို့။လူတွေ ဝယ်ရမယ်တို့။ ကိုယ့်ကို ဘာလာစမ်းစမ်း ဘယ်ရမလဲဆိုတာမျိုးထင်အောင် လုပ်ကြတယ်ထင်တာ။ Content marketing ဆိုတာ ပြဿနာဖြေရှင်းခြင်းပဲ။ ဘယ်သူ့ပြဿနာလဲ။ ကိုယ့်စာဖတ်သူပြဿနာ။ ဒီတော့ကိုယ့်ဖောက်သည် ကြုံတွေ့နေတဲ့ပြဿနာတွေကဘာတွေလဲ။ ပြဿနာက level သုံးခုကြောင့်ကြုံရတတ်တယ်။ 1. Conceptual Problemsအယူအဆအပိုင်း။ဥပမာ Social Media ကို အထင်ကြီးအောင််လုပ်တဲ့ platform လို့မြင်နေရာကနေSocial Media ဆိုတာ စကားပြော platform “conversation platform” လို့မြင်အောင် ပြောပြပေးလိုက်တဲ့အခါသူတို့ ကြုံတွေ့နေရတဲ့ ပြဿနာအများစုပျောက်သွားမယ်။ 2. Human Problemsပြဿနာအများစုက ကိုယ့် အယူအဆကို လူတွေနားလည်လက်ခံအောင် မပြောနိုင်၊မသိမ်းသွင်းနိုင်တဲ့အတွက်ဖြစ်တဲ့ပြဿနာ။ 3. Technical Problemsဒါကတော့ လုပ်ရင်းကိုင်ရင်းဖြစ်တဲ့ပြဿနာလေးတွေ။ဥပမာ Facebook policy လေးနဲ့ငြိနေလို့ဘယ်လို လုပ်ရမလဲ။ Content Marketing လုပ်တဲ့အခါ

Content Marketing ဆိုတာဘာလဲ။ Read More »

လူသားတွေက သူတို့ပြဿနာကို
အကောင်းဆုံးဖြေရှင်းနိုင်ဖို့ကြိုးစားကြတယ်။

သွားရေးလာရေးပြဿနာကိုဖြေရှင်းဖို့တိရစ္ဆာန်တွေကို သုံးခဲ့ကြတယ်။နောက်ပိုင်း ကားတွေနဲ့ အစားထိုးတယ်။ လူတွေက အဆင့်မြင့်လာကြတယ်။ထပ်ခါထပ်ခါလုပ်ဆောင်ရတဲ့အလုပ်တွေကိုစနစ်ချပြီး အလိုအလျောက်စနစ်automation ကိုစက်တွေနဲ့လုပ်လာတယ်။ နောက်သူတို့ အစားထိုးဖို့ပြန်ကြိုးစားတယ်။အဲ့ဒီ အစားထိုးဖို့ကြိုးစားတဲ့သူက “လူ” ပဲ။ လူကဘာတွေလုပ်လဲ။လူတွေက ပြဿနာဖြေရှင်းတာတခြားသတ္တဝါတွေထက်တော်တယ်။ သွားရေးလာရေး သယ်ယူပို့ဆောင်ရေးအတွက်တိရစ္ဆာန်တွေကို အစားထိုးတယ်။ နောက် ယာဉ်ရထား၊ ကားတွေနဲ့ အစားထိုးတယ်။ဒီ ယာဉ်ရထား၊ ကားတွေကို မောင်းနှင်ဖို့အသိဥာဏ် ပညာလိုတယ်။ လူတွေက စွမ်းဆောင်ရည်ပိုင်းမှာစက်တွေလောက် မတိကျဘူး။စွမ်းဆောင်ရည်ပိုင်းမှာ စက်တွေလောက် မရပ်မနားမလည်ပတ်နိုင်ဘူး။ဒါကြောင့် ဒီလူတွေကို အစားထိုးဖို့မှတ်ဥာဏ်တု AI ကို ထွင်ကြတယ်။ ဒီတော့ လူတွေရဲ့ ပြဿနာတွေကိုမှတ်ဥာဏ်တု AI က ဖြေရှင်းတဲ့အခါကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ပါရင်ပါ၊ပေါင်းရင်ပေါင်း၊မဟုတ်ရင်ပြောင်းခံရမယ်။ ပါတယ်ဆိုတာ မှတ်ဥာဏ်တုတည်ဆောက်ရေးဖြစ်စဉ်ကနှစ်အတော်ကြာနိုင်တယ်။ဒီ အေအိုင်ကို တည်ဆောက်ဖို့Knowledge engineer တွေလိုမယ်။ နောက်သူနဲ့ပေါင်းစပ်တဲ့ဘဝ။Yuval Noah Harari ပြောသလိုHomo Deus

လူသားတွေက သူတို့ပြဿနာကို
အကောင်းဆုံးဖြေရှင်းနိုင်ဖို့ကြိုးစားကြတယ်။
Read More »

Law of Attraction & Law of Action

ဒီကားလေးဝယ်ချင်တယ်ဆိုတဲ့စိတ်ကတကယ်ဝယ်နိုင်တဲ့အခါ၊ ဒီလို အလုပ်လုပ်ချင်တယ်ဆိုတဲ့ စိတ်ကဒီအလုပ်လုပ်နိုင်သွားတဲ့အခါ၊ဒါတွေကို manifestations လို့ ခေါ်ကြတယ်။Law of attraction စိတ်ကူးလိုက်တဲ့အရာ ဖြစ်လာမယ်လို့ တချို့က ဆိုကြတယ်။ ကျွန်တော်ကတော့ လိုချင်တာဖြစ်ဖို့ ဥပဒေသ နှစ်ခုလိုတယ်လို့ထင်တယ်။၁။ Law of attraction မြင်ကြည့်၊ ခံစားကြည့်၊ ယုံကြည်ကြည့်အပြင်၂။ Law of action တကယ်လုပ်ကြည့် Phyo Paing @ Derek

Law of Attraction & Law of Action Read More »

တစ်ခုခုဆိုသိပ်ကြောက်မနေနဲ့

အရာရာရှုံးသွားလဲ အရင်းပဲဖြစ်နိုင်တယ်လို့စဉ်းစားလို့ရနိုင်တယ်။အတွေ့အကြုံကတော့ အမြတ်ပေါ့။ဒါကြောင့် တစ်ခုခုဆို သိပ်ကြောက်မနေနဲ့။ Phyo Paing @ Derek

တစ်ခုခုဆိုသိပ်ကြောက်မနေနဲ့ Read More »

This is my life work ပဲ။

ကျွန်တော်က မြန်မာပြည်ဖွားတရုတ်လူမျိုး တတိယမျိုးဆက်ပဲ။ ဒါပေမယ့် ကိုယ်မွေးခဲ့တဲ့မြေကကိုယ့်အိမ်လို့ပဲ ခံယူသလိုကိုယ်ရှိနေတဲ့အတွက် ဒီနေရာကို တစ်ခုခုပြန်အကျိုးပြုရမယ်လို့ခံယူထားတယ်။ ထမင်းစားဖို့အတွက် ပိုက်ဆံရှာရတယ်။ဒါပေမယ့် ကိုယ့်ကြောင့်လူတွေအပြောင်းအလဲ တစ်ခုဖြစ်ရမယ်လို့ခံယူထားတယ်။ ကိုယ်ကူညီနိုင်တာ ကိုယ်လေ့လာထားတာကိုယ့်ဘဝဖြတ်သန်းမှုတွေကို တချိန် ကိုယ်သေသွားရင်လဲ တခြားသူတွေကို အကျိုးဆက်ပြုနေအောင်နေ့စဥ် content တွေဖန်တီးတာပါ။ ဆယ်စုနှစ်တစ်ခု ရေးခဲ့တဲ့ဘဝဖြတ်သန်းမှု မှတ်စုကြမ်းကို www.drphyopaing.com မှာအကုန်တင်ထားတယ်။ နေ့စဥ် တစ်ရက်တစ်အုပ်ဖတ်ပြီးvideo note ထုတ်ထားတာကိုတော့ Insider note https://toetet.com/insidernote/ မှာတင်ထားတယ်။ This is my life work ပဲ။ ကိုယ်ကတော့ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် ဂုဏ်ယူတယ်။ မနက်ထတိုင်း ကိုယ့်ကိုကိုယ် ပြန်မေးတယ်။ငါဒီနေ့သေသွားရင် ကိုယ်နေထိုင်ခဲ့တဲ့ နေရာကို အမြတ်ပိုထုတ်ခဲ့သလား၊ အကျိုးပိုပြုခဲ့သလား။ Phyo Paing @ Derek

This is my life work ပဲ။ Read More »

အရေးမပါတာတွေကို အရာမပေးတတ်ဘူး။

လုပ်ငန်းရှင်ကြီးတော်တော်များများမှာ တွေ့ရတာတစ်ချက်ကအရေးမပါတာတွေကို အရာမပေးတတ်ဘူး။အရေးမပါတဲ့ ကိစ္စတွေအတွက်အချိန်ကုန် ခံမနေဘူး။ဒီတော့ တခါတလေ power buyer တွေကိုရောင်းရတာ စိတ်ချမ်းသာတယ်။ Phyo Paing @ Derek

အရေးမပါတာတွေကို အရာမပေးတတ်ဘူး။ Read More »

လူတိုင်းက နေ့စဥ်ရောင်းချခြင်းကို
လုပ်နေရတယ်။

ဘာအလုပ် လုပ်နေနေ ရောင်းနေရပါတယ်။ ဒါကြောင်း သမာအာဇီဝနဲ့ စျေးရောင်းတာ ရှက်စရာမဟုတ်ဘူးလို့ အမြဲ ယူဆပါတယ်။

လူတိုင်းက နေ့စဥ်ရောင်းချခြင်းကို
လုပ်နေရတယ်။
Read More »

နောက်ဆယ်နှစ်နေရင်
ကျွန်တော်လုပ်နေမယ့်အလုပ်က
knowledge engineer ဖြစ်နေလိမ့်မယ်။

အဲ့အချိန် Life and Business Coach တွေပျောက်သွားလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ AI က ပိုကောင်းတဲ့ မေးခွန်းတွေမေးတတ်လာမယ်။ဘာပြီးဘာမေးမယ်ဆိုတာလူထက် ပိုကောင်းလာလိမ့်မယ်။Affective AI ကလဲ နောက်ဆယ်နှစ်ဆို ဒီထက်အများကြီးပိုကောင်းလာမှာဖြစ်တဲ့အတွက်လူတွေရဲ့ စိတ်ခံစားမှုကို လူတွေထက် ပိုနားလည်လာနိုင်မယ်။ နှစ်သိမ့်ဆွေးနွေးတဲ့သူတွေ counseling ကတော့ ကျန်နေအုံးမယ်။ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ခံစားချက်ကို ခံစားပေးတတ်တဲ့အတွက်အနာဂတ် အလုပ်အကိုင်နာမည်က Empathizers ဆိုပြီးဖြစ်လာမယ်တဲ့။ အဲ့တော့ Coach တွေက ဘာတွေလုပ်လို့ရမလဲ။Knowledge Engineer တွေဖြစ်လာမယ်။ကိုယ်လုပ်နေတဲ့ coaching နဲ့ ပတ်သက်တဲ့အသိပညာ၊ အတတ်ပညာ၊ ဒေတာ၊အတွေ့အကြုံတွေကိုmodel တည်ဆောက်ပြီး စနစ်ကျ structure ကျအောင် AI ကို သင်ကြားပြသ train ပေးရမယ်။ အဲ့အခါ ကိုယ့် clients ရဲ့ ပြဿနာကို ကိုယ်မလိုပဲ ကိုယ့်

နောက်ဆယ်နှစ်နေရင်
ကျွန်တော်လုပ်နေမယ့်အလုပ်က
knowledge engineer ဖြစ်နေလိမ့်မယ်။
Read More »