ကိုယ်ဘယ်လိုရောင်းမလဲအရေးကြီးတယ်။
ငယ်ငယ်က လူတွေကိုယ့်ကုန်ပစ္စည်း ကြွေအောင်ပြောနိုင်ရင် ကုန်ပစ္စည်းရောင်းရတယ်။ လူတွေကိုယ့်ကိုကြွေရင် ကိုယ်ရောင်းတဲ့ပစ္စည်းတော်တော်များများရောင်းရနိုင်တယ်။ လူတွေအရမ်းလိုအပ်နေတဲ့ပစ္စည်းကို ရှာဖွေရောင်းချနိုင်ရင်လဲရောင်းရတယ်။ လူတွေ မလိုအပ်တဲ့ပစ္စည်းကို လိုချင်အောင်လုပ်ဆောင်နိုင်ရင်လဲရောင်းရတယ်။ ကိုယ်က ဘယ်လိုရောင်းမှာလဲ အရေးကြီးတယ်။ ကိုယ်တိုင် တစ်ယောက်ချင်းရောင်းမှာလား။ ကိုယ်တိုင် တစ်ယောက်ကနေ လူတစ်စုကို ရောင်းမှာလား။ ကိုယ့်ကိုကိုယ်စား တခြားသူတွေကို ကော်မရှင်ပေးပြီး ရောင်းခိုင်းမှာလား။ ကိုယ့်ဖောက်သည်တွေက ကိုယ့်ကိုယ်စားရောင်းပေးမှာလား။ ကိုယ့်ရိုက်ထားတဲ့ ဗီဒီယိုက ကိုယ့်ကိုကိုယ်စားရောင်းပေးမှာလား။ ကိုယ်ရေးထားတဲ့ စာက ကိုယ့်ကိုကိုယ်စားရောင်းပေးမှာလား။ နည်းပညာ၊ website နဲ့ app က ကိုယ့်ကိုယ်စားရောင်းပေးမှာလား။ ကိုယ်ဘယ်လိုရောင်းမလဲအရေးကြီးတယ်။ Phyo Paing @ Derek
