ငါ့လုပ်ငန်း၊ ငါ၊ ငါ၊ ငါ စွဲတွေ
အရှင်ပြန်ထွက်လို့မရတဲ့ ဘဝထဲမှအစွဲတွေအရမ်းထားရင်အသည်းတွေအကြိမ်ကြိမ်ကွဲရလိမ့်မယ်။လုပ်သင့်တာလုပ်ပြီးငါ့လုပ်ငန်း၊ ငါ၊ ငါ၊ ငါ စွဲတွေကတစ်ချိန်ကိုယ့်ကို စိတ်ဒဏ်ရာပေးလိမ့်မယ်။ Phyo Paing @ Derek
အရှင်ပြန်ထွက်လို့မရတဲ့ ဘဝထဲမှအစွဲတွေအရမ်းထားရင်အသည်းတွေအကြိမ်ကြိမ်ကွဲရလိမ့်မယ်။လုပ်သင့်တာလုပ်ပြီးငါ့လုပ်ငန်း၊ ငါ၊ ငါ၊ ငါ စွဲတွေကတစ်ချိန်ကိုယ့်ကို စိတ်ဒဏ်ရာပေးလိမ့်မယ်။ Phyo Paing @ Derek
ကိုယ်ကလုပ်ငန်းကို ပိုင်တာလားလုပ်ငန်းက ကိုယ့်ကို ပိုင်နေတာလား?ဘဝက တိုတိုလေး။ Phyo Paing @ Derek
ဘဝမှာ အကောင်းမမြင်တတ်တာကြာပြီ။ငယ်ငယ်ကတော့ အကောင်းမြင်၊ကိုယ့်ကိုကိုယ် ယုံကြည်။ချသာချ။ယုံကြည်ရင် ဘာမဆိုဖြစ်တယ်။ အသက်ကြီးလာတော့ အခြေနေတစ်ခုကိုဓမ္မဓိဋ္ဌာန် ကျကျကြည့်တတ်ရမယ်ဆိုတာနားလည်လာတယ်။ကိုယ့်ကိုကိုယ် အယုံကြည်မလွယ်အောင်ငါယုံကြည်တာ တကယ်မှန်လားဆိုတဲ့မေးခွန်းအမြဲပြန်မေးကြည့်တယ်။Trust, but verify ဆိုသလိုပေါ့။ ဘဝမှာ အစွဲတွေရှိတတ်တယ်။အစွဲတွေ ချွတ်ဖို့ အမှန်မြင်ဖို့လိုတယ်။အမှန်မြင်မှ အမှန်မြင်မယ်။အမှန်မြင်ဖို့ ကိုယ်လောကကြီးကိုကြည့်တဲ့မျက်လုံးရှေ့က မှန်ဖြစ်တဲ့ယုံကြည်မှု၊ တန်ဖိုးထားမှု၊ စဥ်းစားမှုပုံစံ၊ခေါင်းထဲထည့်ထားတဲ့အရာတွေဟုတ်မဟုတ် ပြန်လည်ဆန်းစစ်ရတယ်။ Phyo Paing @ Derek
ကိုယ်မသိတဲ့အလုပ်အတွက်မရှိတဲ့ ပိုက်ဆံကိုချေးငှားလုပ်ဆောင်တဲ့အတွက်မွဲတတ်ကြတယ်။စားလို့မကုန် မှားလို့ကုန်တဲ့။မွဲဆေးမဖော်မိဖို့လိုတယ်။ Phyo Paing @ Derek
စိတ်နဲ့ ခန္ဓာရဲ့ စေ့ဆော်မှုတွေရဲ့အလွန်ကို သွားနိုင်ဖို့အကောင်းဆုံးလေ့ကျင့်မှုကသတိနဲ့ ရှုတာဖြစ်နိုင်တယ်။ Awareness, Analysis, Actionအေသုံးလုံးလိုတယ်လို့ထင်တယ်။ ကိုယ့်စိတ်နဲ့ ခန္ဓာရဲ့ စေ့ဆော်မှုတွေကိုသတိ (Awareness) ရှိမှသုံးသပ်မှု (Analysis) လုပ်လို့ရမယ်။ဒါမှ ကျိုးကြောင်းဆင်ခြေလုပ်ဆောင်နိုင်တဲ့Action ကောင်းဖြစ်လာမယ်။ Sတလွဲကတော့ ပုထုဇဥ်ဆိုတော့လုပ်ဖြစ်နေမှာပဲ။နည်းသွားဖို့က ဒီ A သုံးလုံးလိုတယ်လို့ထင်တယ်။ Phyo Paing @ Derek
မားကတ်တင်းသမားဆိုတာ ဘိတ်သိတ်ဆရာပဲ။ကိုယ်ယုံကြည်တာလူတွေယုံကြည်လာအောင်သိမ်းသွင်းရတာပဲ။ကိုယ်ကိုးကွယ်တာကိုတခြားသူတွေကိုးကွယ်အောင်လုပ်ရတာမျိုး။ ကျွန်တော်ယုံကြည်တာမွေးတဲ့အတိုင်းသေလို့မဖြစ်ဘူး။လူတွေမမှတ်မိအောင်တိုးတက်ပြောင်းလဲဖို့လိုတယ်။ စီးပွါးရေးလုပ်တဲ့အခါလုပ်ငန်းက ကိုယ့်ကိုခိုင်းတာမဟုတ်ပဲကိုယ်ကလုပ်ငန်းကိုခိုင်းနိုင်ဖို့ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေတည်ဆောက်နိုင်ဖို့လိုတယ်။ ဒီနေ့လို အိုင်တီနည်းပညာခေတ်မှာနည်းပညာစွမ်းပကားအသုံးပြုအိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်ထားဖို့လိုတယ်။ Phyo Paing @ Derek
အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်ထားဖို့လိုတယ်။ Read More »
ကုန်ပစ္စည်းတစ်ခု စထုတ်တုန်းကလိုအပ်ချက်တွေ အများကြီးရှိမယ်။ဘယ်လိုစလဲ ဆိုတာထက်တဖြည်းဖြည်းတိုးတက်လာဖို့ပဲ။အတိတ်ကို ပြန်ကြည့်ရင် ဂုဏ်ယူနေဖို့လိုတယ်။ Phyo Paing @ Derek
လောကကြီးမှာ ပူပူလောင်လောင်ပိုက်ဆံတွေရှာပြီးနောက်ဆုံးလောကထဲက အသေပဲထွက်သွားရတာပဲ။ဘဝကို ပေါ့ပေါ့ပါးပါးကိုယ်ဖြစ်ချင်တဲ့ပုံစံနေထိုင်ပြီးစိတ်ကောင်းထားပြီးလူတွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကကူညီပေးသွားပြီး ဖြတ်သန်းတာအထာပိုကျပါတယ်။ ℙ𝕙𝕪𝕠 Paing @ Derek