Dr. Phyo Paing

https://yec.company

ဒဲရစ်မားကတ်တင်း

၁။ မယူခင်အရင်ပေးပါ။ (reciprocity)၂။ တစ်ကွက်ကောင်းရှိပါစေ။ (preposition USP)၃။ အတွေးအခေါ်ရှိပါစေ။ (a brand with an opinion)၄။ လူတိုင်းကို ရောင်းဖို့မကြိုးစားပါနဲ့။ (choose your customers)၅။ နေ့တိုင်းစမ်းသပ်မှုလုပ်ပါ။ (always be testing)၆။ နည်း+ပညာ = နည်းပညာကို အသုံးပြုပါ။ (technology-driven)၇။ ကိုယ့်ဖော်မြူလာကိုယ်သိ။ (winning formula & CSF)၈။ စိတ်ခံစားမှုကူးစက်အောင်လုပ်ပါ။ (emotional contagion)၉။ အဟောင်းကြီးတွေကို ထားခဲ့လိုက်။ (innovation)၁၀။ ကိုယ့်ကိုကိုယ်မပြင်ရင် သူများပြင်တာခံလိုက်ရမယ်။ (carnivalization)၁၁။ အရင်လိုဆိုတဲ့စကားလုံးကိုမေ့လိုက်။ (rejuvenation)၁၂။ အရေးကြီးတာအရင်လုပ်။ (priority)၁၃။ စိတ်ကြီးဝင်အောင်လုပ်။ (pride)၁၄။ ဘုံရန်သူသတ်မှတ်ပါ။ (pick a fight)၁၅။ ဆရာကျပါစေ။ (expert power)၁၆။ ပြန့်အောင်လုပ်။ (those […]

ဒဲရစ်မားကတ်တင်း Read More »

ဘဝမှာ ဒီအပေါင်းနဲ့အနှုတ်
နှစ်ခုကို သေချာသိိဖို့လိုတယ်လို့ထင်တယ်။

ဘဝမှာ သာယာမှုကိုခံစားဖို့အနှုတ်နဲ့ အပေါင်းနှစ်ခုရှိတယ်။ သာမာန်အခြေအနေမှာနေရင်းထိုင်ရင်း သာယာနေဖို့ အနှုတ်အမူအကျင့်တွေလုပ်လို့ရတယ်။ဥပမာ လေ့ကျင့်ခန်းလုပ်တာ၊ဥပုဒ်စောင့်သလို အစာကို ၁၆ နာရီအထက်မစားပဲနေတဲ့ fasting လုပ်တာ။ ဒီလို အနှုတ်တဲ့ပတ်သက်တဲ့ အလုပ်တွေလုပ်ပြီးတဲ့အခါသာမာန်နေရင်းထိုင်ရင်း နေလို့ကောင်းနေတယ်။ သာမာန်အခြေအနေကိုနေလို့ထိုင်လို့ကောင်း သာယာအောင်ပေါင်းထည့်လို့ရတာတွေရှိတယ်။အရက်သေစာ၊ ဆေးဝါးတွေသုံးတာ။လက်ရှိအခြေအနေသာယာဖို့ အပြင်ကပေါင်းထည့်တဲ့အရာတွေ။ သူကတော့ အာနိသင်ကုန်ရင်မသာယာတော့ဘူး။ ဒဏ်ခံရတာမျိုးဖြစ်နိုင်တယ်။ ဘဝမှာ ဒီအပေါင်းနဲ့အနှုတ်နှစ်ခုကို သေချာသိိဖို့လိုတယ်လို့ထင်တယ်။ Phyo Paing @ Derek

ဘဝမှာ ဒီအပေါင်းနဲ့အနှုတ်
နှစ်ခုကို သေချာသိိဖို့လိုတယ်လို့ထင်တယ်။
Read More »

ဘဝမှာဦးနှောက်ကို နှိုးဆွဖို့

ဘဝမှာဦးနှောက်ကို နှိုးဆွဖို့intellectual stimulation ရှိတဲ့အလုပ်တွေ လုပ်နေဖို့လိုတယ်။ဦးနှောက်ကလဲ တခြားကြွက်သားတွေလိုပဲလေ့ကျင့်မှ လုပ်ဆောင်နိုင်စွမ်းတိုးတက်မြန်ဆန်လာမှာ။ဦးနှောက်ကိတ်အောင်လုပ်ပါအားတီ၊ အားမေတို့။ Phyo Paing @ Derek

ဘဝမှာဦးနှောက်ကို နှိုးဆွဖို့ Read More »

ဘဝကို ဒုတိယတစ်ကြိမ်ပြန်နေမယ်ဆို

လွန်ခဲ့တဲ့ဆယ့်နှစ်နှစ်လောက်ကလဲကြိုက်တယ်။ဒီနေ့လဲ ပြန်တွေ့တဲ့ အကြိုက်ဆုံးစကားတစ်ခွန်းကDr. Viktor Frankl ရဲ့“သင့်ဘဝမှာ ပထမတစ်ကြိမ်တလွဲပေါင်းများစွာ လုပ်ပြီးပြီလို့စဥ်းစားကြည့်။ဘဝကို ဒုတိယတစ်ကြိမ်ပြန်နေမယ်ဆိုဘယ်လိုပုံစံမျိုးနဲ့ နေမလဲ” တဲ့။ “So live as if you were living already for the second time and as if you had acted the first time as wrongly as you are about to act now!” Phyo Paing @ Derek

ဘဝကို ဒုတိယတစ်ကြိမ်ပြန်နေမယ်ဆို Read More »

ဘဝအပြောင်းအလဲလုပ်ချင်ရင်
အရောင်းပညာသာ သင်

ဘဝအပြောင်းအလဲလုပ်ချင်ရင်အရောင်းပညာသာ သင်။ကျောင်းပြီးတော့ အရောင်းလောကထဲပြန်ရောက်လာတယ်။အရောင်းလောကထဲရောက်လာတဲ့အခါမာန်မာနလေးတွေ ဘေးနားမှာချno လို့ပြောတာတွေကိုnext opportunity လို့ယူဆပြီးABC ဖြစ်အောင်လုပ်ရတယ်။ABC ဆိုတာ always be closingအဓိပ္ပာယ်က ကိုယ်နဲ့တွေ့လို့မှမရောင်းလိုက်ရင်ဒါရာဇဝတ်မှု ကျူးလွန်တာပဲ။ အရောင်းသမားလုပ်ပြီးသကာလလူတွေကိုယ့်ကို အထင်သေးမှာတွေဘာတွေပျောက်သွားတယ်။ငြင်းပယ်မှုတွေကို ခံနိုင်သွားတယ်။​ နောက်ပိုင်း တစ်ရောက်ချင်းရောင်းနေရတာအချိန် ကုန်တယ်။​လူအများရှေ့မှာ ရောင်းဖို့presentation စင်မြင့်ပေါ်က စျေးရောင်းနည်းလေ့ကျင့်မှရမယ်ဆိုပြီးStage-selling လေ့ကျင့်တယ်။​ နောက်ပိုင်း ကုန်ပစ္စည်းရောင်းရတာဝယ်ရမှာ၊ ပြန်ရောင်းရတာ၊ ကုန်ပစ္စည်းကျန်တာနဲ့အလုပရှုပ်တယ်။​ဒါဆို ဘာရောင်းမလဲဆိုတော့knowledge product ရောင်းလို့မရဘူးလားစဥ်းစားကြည့်တယ်​။ ဒါနဲ့ knowledge product တွေရောင်းဖို့marketing ဆိုတာကို လေ့ကျင့်ရတယ်။​ Sales တစ်ကြိမ်မှာ လူရာဂဏန်းလောက်ကိုပဲလွမ်းမိုး နိုင်ရင်၊Marketing က သန်းဂဏန်းကိုကိုယ့်ပေးချင်တဲ့ သတင်းရောက်အောင်လုပ်လို့ရတယ်။ ကိုယ်ပေးချင်တဲ့ message ကိုတစ်လတစ်လ လူသန်းပေါင်းများစွာကိုတွေ့ပြီး ယုံကြည်မှုတည်ဆောက်နိုင်တာမားကတ်တင်း။ယုံကြည်မှုတွေကို အရောင်းအနေနဲ့ပြောင်းလဲနိုင်တာ အရောင်း။ထပ်ခါထပ်ခါ ပြန်လာအောင်လုပ်နိုင်တာဖောက်သည်ဝန်ဆောင်မှု။ Phyo Paing @

ဘဝအပြောင်းအလဲလုပ်ချင်ရင်
အရောင်းပညာသာ သင်
Read More »

ငါ့ ဘဝသနားစရာလို့ စဥ်းစားမိတာနဲ့
တိုင်ပတ်ပြီသာမှတ်

တကယ်တမ်း ဘဝမှာဖမ်းပြီး အတင်းအဓမ္မစေခိုင်းခံနေရတဲ့သူတွေ၊အနာရောဂါဖြစ်ပြီး သေဖို့အတွက်စောင့်နေတဲ့သူတွေ အများကြီးရှိတာအားလုံးအသိပဲ။ ဘဝမှာ ထာဝရလဲ နေလို့ရတာမဟုတ်ဘူး။​ကိုယ့်ဘဝကိုယ် တာဝန်ယူပြီးနေ့စဥ် အသက်ရှင်ပြီး ကိုယ်လက်အင်္ဂါအစုံနဲ့ရောဂါဘယ ကင်းကင်းဖြတ်သန်းပြီးအသက်ဝဝရှူနေနိုင်တာ ကျေးဇူးတင်စရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။ Phyo Paing @ Derek

ငါ့ ဘဝသနားစရာလို့ စဥ်းစားမိတာနဲ့
တိုင်ပတ်ပြီသာမှတ်
Read More »

ဘယ်လို အသက်ရှင်သလဲ အရေးကြီးတယ်

မဟုတ်လဲ သေမှာပဲ။အသက်ရှင်တုန်း ဘဝကိုလတ်လတ်ဆတ်ဆတ်ဖြတ်သန်းဖို့ဘယ်လို အသက်ရှင်သလဲ အရေးကြီးတယ်။ ၁။ လူတွေကို နေ့တိုင်းကူညီပေးပါ။​၂။ ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်။၃။ အနာဂတ်ပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ထား။၄။ အတွေးကို ရှင်းနေအောင်ထား။၅။ ရည််မှန်းချက်ကို မြင့်မြင့်ထား။၆။ ကိုယ့်မှာရှိတာနဲ့ ကျေနပ်အောင်နေ။၇။ ဆင်းရဲဒုက္ခခံနိုင်အောင် လေ့ကျင့်ထား။၈။ ကိုယ့်ကိုကိုယ် အမြဲပြန်ဆန်းစစ်။​၉။ အတွေးအခေါ်အသစ်တွေနဲ့ ထိတွေ့ဖို့ ဝန်မလေးနဲ့။ Phyo Paing @ Derek

ဘယ်လို အသက်ရှင်သလဲ အရေးကြီးတယ် Read More »

လူတစ်ယောက်နဲ့တွေ့ရင့် သူ့ဆီက သင်ယူချင်ရင်မေးလို့ရတဲ့မေးခွန်းတွေ
John C Maxwell ထဲက မေးခွန်း ၇ ခု အားတီ၊ အားမေတို့

၁။ ဘဝမှာ အကောင်းဆုံးရခဲ့တဲ့ သင်ခန်းစာ “What is the greatest lesson you have learned? By asking this question I seek their wisdom. ၂။ အခု ဘာတွေလေ့လာနေလဲ။ What are you learning now? This question allows me to benefit from their passion. ၃။ ဘယ်ရှုံးနိမ့်မှုတွေက ဘဝကို ပုံဖော်ပေးခဲ့လဲ။ How has failure shaped your life? This question gives insight into their attitude. ၄။

လူတစ်ယောက်နဲ့တွေ့ရင့် သူ့ဆီက သင်ယူချင်ရင်မေးလို့ရတဲ့မေးခွန်းတွေ
John C Maxwell ထဲက မေးခွန်း ၇ ခု အားတီ၊ အားမေတို့
Read More »

ကိုယ့်ကိုကိုယ် ဘယ်လိုမြင်တယ်။ ကိုယ်ဘယ်သူ၊ ဘာလုပ်၊
ကိုယ့်ကို ဘယ်လိုဆက်ဆံရမယ်
ဒါက စံနှုန်းပဲ။

ဘဝမှာ ကိုယ်သတ်မှတ်ထားတဲ့စံနှုန်းတွေကို အများကြီးနိမ့်ချပြီးကိုယ်ချစ်တဲ့လူတစ်ယောက်အတွက်စတေးခဲ့ရတဲ့ အချိန်တွေ လူတိုင်းမှာ ရှိတတ်ကြတယ်။ နောက်ပြီး အချိန်တစ်ခုရောက်တဲ့အခါမထူးဇာတ်ခင်းတာ ပြဿနာဖြေရှင်းတာမဟုတ်ဘူးဆိုတာ သိလာတဲ့အချိန်တစ်ခုရှိတယ်။ ဘဝမှာ တန်ဖိုးအရှိဆုံးက အချိန်တွေပဲ။ ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေကို ရိုက်ချိုးလိုက်ဖို့ ဘယ်တော့မှ မစဥ်းစားနဲ့။ လူတစ်ယောက်ရဲ့ တန်ဖိုးက သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ စံနှုန်းပဲ။ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်တယ်။ ကိုယ်ဘယ်သူ၊ ဘာလုပ်၊ ကိုယ့်ကို ဘယ်လိုဆက်ဆံရမယ်ဒါက စံနှုန်းပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဘယ်လိုမြင်တယ်။ ကိုယ်ဘယ်သူ၊ ဘာလုပ်၊
ကိုယ့်ကို ဘယ်လိုဆက်ဆံရမယ်
ဒါက စံနှုန်းပဲ။
Read More »

Coaching ဆိုတာ မေးခွန်းမေးနည်းအတတ်ပညာပဲ အားတီ၊ အားမေတို့။

အနာဂတ်ရဲ့ အရေးကြီးတဲ့အတတ်ပညာကမေးခွန်းမေးတဲ့ အတတ်ပညာဖြစ်လာလိမ့်မယ်။ကမ္ဘာကြီးနည်းပညာတွေကြောင့်အဖြေတွေရှိလာပြီးကိုယ်လိုချင်တဲ့အဖြေရဖို့ မေးခွန်းမေးနည်းအတတ်ပညာကအနာဂတ်အတွက် အရေးကြီးတဲ့ ကျွမ်းကျင်မှုဖြစ်လာမယ်။ Phyo Paing @ Derek

Coaching ဆိုတာ မေးခွန်းမေးနည်းအတတ်ပညာပဲ အားတီ၊ အားမေတို့။ Read More »