Dr. Phyo Paing

https://yec.company

ကျွန်တော်တို့ရဲ့ Vision က Memory ထက်
ပို Strong ဖြစ်ရမယ်။

ငယ်ငယ်က တရုတ်နှစ်သစ်ကူးဆို ပိုက်ဆံရှာတဲ့အချိန်ပဲ။သုံးတန်းပြီးကတည်းက အိမ်ကအဖေမရှိတော့တဲ့အခါ ဘဝရဲ့ အချိန်အများစုဟာ စျေးထဲမှာ ကုန်တယ်။ဒီတော့ ရောင်းချခြင်းအတတ်ပညာဆိုတာ လေးတန်းကတည်းကစျေးထဲမှာ ကျင်လည်ကျက်စားလာတဲ့ လူလေးတစ်ယောက်အတွက်ထမင်းစားရေသောက်ပဲ။ ကြိုက်တဲ့ပစ္စည်းကို ကြိုက်တဲ့သူရောင်းခိုင်းပြဿနာတစ်ခု မဟုတ်ခဲ့ဘူး။ အရောင်းတတ်တော့ငွေရှာတတ်တယ်။ တရုတ်နှစ်သစ်ကူးရတဲ့ငွေနဲ့ ချိုချဉ်ကံစမ်းမဲ ကဒ်တွေရောင်းတယ်။မြန်မာကျောင်းမှာ ကျောင်းသားတွေကြိုက်သလောက်ဝယ်လို့ရတဲ့Textbook တွေဝယ်ပြီး စျေးထဲမှာ ပြန်သွင်းတယ်။ ဘဝက ပျော်စရာတော်တော်ကောင်းတယ်။ ဆောင်းဦးလှိုင်တို့ 19:18 (ဆယ့်ကိုးနာရီ ဆယ့်ရှစ်မိနစ်တို့)မာရဇ္ဇရဲ့နန်းတော်ရှေ့က သီချင်းတွေခေတ်စားတဲ့အချိန်ပေါ့။ ပိုက်ဆံတွေစု ကတ်ဆက်တွေဝယ် ထွန်းအိန္ဒြာဗိုလ်ရဲ့ နှစ်ယောက်မရှိဘူးတွေ၊ Acid ရဲ့စတင်ခြင်း၊ Too Big တို့NZ တို့Zero တို့သီချင်းတွေ၊ ရသရဲ့သီချင်းတွေပြန်ရောင်းတဲ့အချိန်ပေါ့။ တချိန်တည်းမှာ တရုတ်ပြည်ကစကိတ်တွေမှာ ပြန်ရောင်းတဲ့အချိန်။ ရှစ်တန်းပြီး ကျောင်းမတတ်ချင်တော့ဘူးလုပ်တော့ အိမ်ကမန္တလေးမှာ အဆိုးဆုံး အဆောင်ကြီးထဲပို့လိုက်တယ်။ နောက်ဘယ်လိုနေပြီး ဆေးကျောင်းရောက်သွားလဲမသိဘူး။ ကိုးတန်းဆရာက စီးပွားရေးလုပ်ရင် MBA […]

ကျွန်တော်တို့ရဲ့ Vision က Memory ထက်
ပို Strong ဖြစ်ရမယ်။
Read More »

relationship ဆိုတာ
team building တစ်ခုပဲ

Relationship တစ်ခု လတ်ဆတ်နေဖို့ နှစ်ဦးစလုံး နေ့စဥ်ပိုကောင်းတဲ့ version ဖြစ်နေဖို့လိုတယ်။ ဒီလိုဖြစ်ဖို့ နှစ်ဦးနှစ်ဖက်စလုံး ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။နောက် ကိုယ့် partner ကို နားလည်ဖို့အရေးကြီးတယ်။ သေချာနားလည်ပြီဆိုရင် သူ့ကို အရှိကို အရှိအတိုင်း လက်ခံနိုင်ဖို့လိုတယ်။ Relationship တစ်ခုမှာ တစ်ယောက်ယောက်က အရင်ကလို အရမ်းကောင်းတဲ့ version မဟုတ်တော့တဲ့အခါကိုယ့်ဖက်က လက်ခံနိုင်မလား အရေးကြီးတယ်။ ယောကျာ်းဆိုလဲ အရင်လို ငွေရှာဖို့ အင်အားတွေမရှိတော့တဲ့အခါ၊ အမျိုးသမီးဆိုလဲ အရင်လိုမလှတော့တဲ့အခါ လက်ခံနိုင်မလား။ အမှန်တော့ relationship ဆိုတာ team building တစ်ခုပဲ။ တန်ဖိုးထားမှုတွေ တူဖို့၊ တူညီတဲ့အနာဂတ်တစ်ခုကို အတူတည်ဆောက်ဖို့တစ်ယောက်နဲ့ တစ်ယောက်နားလည်ဖို့ကလိုတယ်။ ဒါပေမယ့် အလုပ်ခွင်မတူတဲ့အခါ၊ခေါင်းထဲကိုထည့်တဲ့ သတင်းအချက်အလက်တွေမတူတဲ့အခါမြင်တဲ့အမြင်တွေ မတူတဲ့အချိန်တစ်ခု ရောက်လာလိမ့်မယ်။ ဒီလိုမဖြစ်အောင် ပုံမှန်ဆက်သွယ်မှုပြုဖို့လိုသလိုအလုပ်အကြောင်းပြောဖို့လိုတယ်လို့ထင်တယ်။ Phyo

relationship ဆိုတာ
team building တစ်ခုပဲ
Read More »

ဘဝမှာ နေ့စဉ်အကြည်ဓာတ်အပြည့်နဲ့
ဖြတ်သန်းနိုင်ဖို့

၁။ အကြွေးမထားနဲ့ (personal debt)၂။ ဘူကောင်တွေရှောင် (association) ၃။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ပြီး အစားအသောက်ဂရုစိုက် (health) ၄။ နေ့စဉ်ငွေဝင်တဲ့ စနစ်သို့ လုပ်ငန်းဖန်တီးထား (income)၅။ နေ့စဉ်တစ်ခုခု ဖန်တီးနေ (impact)၆။ အပေါင်းအသင်း သို့ ချစ်သူရည်းစား၊ လင်မယား နဲ့ ပုံမှန်စကားပြော (social needs)၇။ နေ့စဉ်တိုးတက်နေအောင် အချိန်တစ်ခုထားပြီး ကိုယ့်ကိုကိုယ် လေ့ကျင့်နေ (progress) Phyo Paing @ Derek

ဘဝမှာ နေ့စဉ်အကြည်ဓာတ်အပြည့်နဲ့
ဖြတ်သန်းနိုင်ဖို့
Read More »

အလုပ်လုပ်တာနဲ့ အလုပ်ပြီးတာမတူဘူး

Activity နဲ့ Work done နဲ့ မရောမိဖို့လိုတယ်။ လူအများစုက အလုပ်တော့လုပ်နေကြတယ်။အလုပ်က မပြီးဘူး။ ဒီထက်ပိုအရေးကြီးတာ ကိုယ်လုပ်နေတဲ့အလုပ်က တကယ်လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ဟုတ်မဟုတ်သိဖို့ပဲ။ မယောင်ရာဆီလူးနေရင်ပင်ပန်းတာပဲ အဖတ်တင်တယ်။ ဒါကြောင့် busyness နဲ့ business ကိုသိရမယ်။ ကုန်ပစ္စည်းပို့ဆောင်ပေးတဲ့ FedExကိုစတုန်းက Frederick W. Smith ဖဒရစ် စမစ်ကဒီနေ့ပို့ မနက်ဖြန်ရောက်တဲ့ စနစ်Overnight delivery ကိုလုပ်ချင်တယ်။ဝန်ထမ်းတွေက ကုန်ပစ္စည်းတွေကုန်တင်ကုန်ချလုပ်ဖို့ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အလုပ်လုပ်တာအရမ်းနှေးတာကို တွေ့ရတယ်။ ဒါနဲ့ ဘယ်အချိန်လာပြီးဘယ်အချိန်ပြန်ရမယ်ဆိုတဲ့ အချိန်သတ်မှတ်မှုအစား၊ဒီအလုပ်တွေစောစောပြီးစောစောပြန်လုပ်လိုက်တော့ ညတွင်းချင်းပို့ပေးတဲ့ overnight delivery စနစ်က အောင်မြင်သွားတယ်။ တစ်ရက်တစ်ရက် ကိုယ်လုပ်နေတဲ့အလုပ်က လုပ်ဖို့လိုလားပြန်မေးဖို့လိုတယ်။ လုပ်ဖို့လိုရင် ကိုယ်လုပ်နေတဲ့အလုပ်ကိုဒီထွက်ပိုလွယ်အောင်၊ မြန်အောင်၊ထိရောက်အောင်၊ နောက်ပိုင်း ကိုယ်တိုင်လုပ်စရာမလိုတော့အောင်ဘယ်လို လုပ်ရမလဲ အမြဲပြန်မေးကြည့်ဖို့လိုတယ်။ Phyo Paing @

အလုပ်လုပ်တာနဲ့ အလုပ်ပြီးတာမတူဘူး Read More »

ကိုယ့်ရဲ့ လက်ရှိပုံကိုမကြိုက်ရင်
အသစ်တဖန် ပြန်ဖန်တီးလို့ရပါတယ်

လှေတစ်စင်းရှိတယ်ဗျာ။ဒီလှေက အစိတ်အပိုင်းတွေအကုန်လဲပြီးအစိတ်အပိုင်းအသစ်တွေနဲ့အစားထိုးပြီးသွားတဲ့အခါအရင်လှေပဲလား။လှေအသစ်ဖြစ်သွားသလား။ ဖြစ်နိုင်တဲ့အဖြေတစ်ခုကလှေဟာ သူ့ရဲ့မူလပုံပန်းသဏ္ဌန်ကိုထိန်းသိမ်းထားနိုင်သ၍အသစ်တွေနဲ့ အစားထိုးသွားပေမယ့်အရင်လှေပဲ။ဒါပေမယ့် ပုံပြောင်းပြီး သဲထိုးလိုက်ရင်အရင်လှေ မဟုတ်တော့ဘူး။ ဒါကို ship of Theseus လို့ခေါ်တယ်။ လူတွေမှာ apoptosis အပိုတိုးစစ် လို့ခေါ်တဲ့ဆဲလ်တွေ အလိုအလျောက်သေတဲ့ဖြစ်စဉ်ရှိတယ်။သွေးနီဥဆို ရက်ပေါင်း ၁၂၀။သွေးဖြူဥဆို ၁၃ ကနေ ရက် ၂၀။ပြီးရင်အသစ်အသစ်ပြန်ဖြစ်နေတယ်။ ၇ နှစ်နေတိုင်းမှာကိုယ့်ခန္ဓာကိုယ်ကြီးဟာ အသစ်အသစ်ပြန်ဖြစ်နေတယ်။ အဲ့တော့ ၇ နှစ်နေရင် သင်ဟာ အရင်သင်ပဲလား?ဒါမှမဟုတ် လူသစ်လား? လူတွေမှာလဲ အလားတူပဲ။ကိုယ်ဖြစ်နေတဲ့ပုံစံကို မကြိုက်ရင်အချိန် ၇ နှစ်စောင့်နေစရာမလိုဘူး။စောင့်နေလဲ ပိုနေမြဲကျားနေမြဲဆိုပြောင်းမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ လက်ရှိပုံကိုမကြိုက်ရင်အသစ်တဖန် ပြန်ဖန်တီးလို့ရပါတယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ လက်ရှိပုံကိုမကြိုက်ရင်
အသစ်တဖန် ပြန်ဖန်တီးလို့ရပါတယ်
Read More »

ကိုယ့်ကိုကိုယ် ချစ်တတ်အောင်
အရင်ကြိုးစားဖို့လိုတယ်

ကိုယ့်ကိုကိုယ် ချစ်တတ်အောင်အရင်ကြိုးစားဖို့လိုတယ်။ဘယ်သူပဲဖြစ်ဖြစ် ဂရုဖိုတိုရိုက်ပြီးရင်တောင်ကိုယ့်ပုံကိုယ် အရင်ကြည့်ကြတာမဟုတ်လား။ကိုယ့်ကိုကိုယ်ချစ်တတ်ရင်ကိုယ်ဒုက္ခရောက်တဲ့အရာတွေမလုပ်တော့ဘူး။ကိုယ့်ကိုကိုယ်ချစ်တတ်ရင်ကိုယ့်ကို ရေရှည်မှာစိတ်ညစ်စေတဲ့အရာမလုပ်ဘူး။ ကိုယ့်ကိုကိုယ် တန်ဖိုးထားမယ်။တွေ့ကရာလူနဲ့ မပေါင်းတော့ဘူး။စားချင်တာ တဖြဲနှစ်ဖြဲရှောက်မစားတော့ဘူး။လေ့ကျင့်ခန်းပုံမှန်လုပ်လာမယ်။ကိုယ့်ကိုကိုယ် တိုးတက်အောင်အားထုတ်လာမယ်။ဘူကောင်တွေကိုရှောင်လာမယ်။ရှောင်လို့မရတဲ့ အမျိုးတွေဆိုလူပေါင်းစိတ်ခွါ လုပ်တတ်လာမယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ချစ်တတ်အောင်
အရင်ကြိုးစားဖို့လိုတယ်
Read More »

ဒီနေ့ဆို Jan 2023 ကုန်ပြီ

ဒီနေ့ဆို Jan 2023 ကုန်ပြီ။တစ်လ၊ တစ်လဆိုတာ ကုန်တာအရမ်းမြန်တယ်။ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊အလုပ်အကိုင်၊ အချစ်ရေးဘာတွေများ တိုးတက်လာလဲ? တချို့တွေ အသက် ၆၀ ဆိုအိုနာကျိုးကန်းဖြစ်နေပြီးတချို့တွေ အသက် ၆၀၊ ၇၀ ဆိုမိုက်နေတုန်း။ တကယ်လို့ အက်စီးဒန့်ကြောင့်မဟုတ်ရင်အသက် ၁၀၀ ကျော်ထိနေချင်တယ်။ကမ္ဘာပေါ်မှာ လူတွေကိုအများဆုံးသေစေတာနှလုံးရောဂါ၊ အဆုပ်ရောဂါ၊ကင်ဆာ၊ လေဖြတ်တာ၊ ဦးနှောက်သွေးကြောပေါက်တာ၊အူမကြီးရောဂါ၊ ဆီးချို၊ သူငယ်ပြန်တာ၊တုတ်ကွေး၊ ကျောက်ကပ်နဲ့စိတ်ကျရောဂါ။ အများစုက ဘဝနေထိုင်မှုပုံစံပြောင်းရင်ကာကွယ်လို့ရတယ်။​ဆေးလိပ်မသောက်နဲ့။အရက်မသောက်နဲ့။ဝိုင်အနီကို တစ်ရက် ၅ အောင်စ၊​နှစ်ခွက်ထက်ပိုမသောက်နဲ့ (အမျိုးသား)အမျိုးသမီးဆို တစ်ခွက်။​အသားမှာ endotoxin ပါလို့ယောင်ရမ်းစေတဲ့အတွက် လျော့စား။ပိုးသတ်ဆေးတွေရှောင်။​Salmon စားတာ ကျန်းမာတယ်ဆိုပြီးမွေးထားတဲ့ farmed salmon လား၊​Wild salmon လားမသိစားကြတယ်။မွေးထားတဲ့ farmed Salmon မှာပိုးသတ်ဆေး ဆယ်ဆပိုများတဲ့အတွက်ကင်ဆာဖြစ်စေနိုင်တယ်တဲ့။အသီးအရွက်များများစား။လေ့ကျင့်ခန်းလုပ်။စိတ်ထားတတ်အောင်နေ။ ဘဝအဓိပ္ပာယ်ကိုရှေ့တန်းမှာထား။ဒါက ငွေရေး၊ ကြေးရေးတစ်ခုတည်းအတွက်အများကြီးအရေးကြီးတယ်။အသက်ရှည်ချင်ရင်စိတ်ရှည်ဖို့လိုတယ်။သည်းခံဖို့လိုတယ်။​လူကြောနပ်ဖို့လိုတယ်။စောက်ပြဿနာတွေကို ငြီးဖို့ထက်ဖြေရှင်းတတ်ဖို့လိုတယ်။ Phyo

ဒီနေ့ဆို Jan 2023 ကုန်ပြီ Read More »

အရင်းအနှီးအများကြီးမလိုပဲ ဘယ်လို လုပ်ငန်းစတင်မလဲ?

အရင်းအနှီးအများကြီးမလိုပဲ ဘယ်လို လုပ်ငန်းစတင်မလဲ? အရင်းအနှီးမလိုသလောက်နဲ့ စတင်လို့ရတဲ့လုပ်ငန်းတွေကို customer-funded business လို့ခေါ်တယ်။ ပုံမှန် ပြည်တွင်းမှာဆို ကိုယ့်အိတ်ကိုယ်စိုက်ပြီးရင်းနှီးမြုပ်နှံတာ၊ ရှယ်ယာရှင်တွေခေါ်တာ၊ နိုင်ငံခြားမှာဆို angel investing တို့၊ VC တို့နဲ့ သွားကြတယ်။ ဒီနေ့လဲ John Mullins ရေးတဲ့ Customer-funded Business ဖတ်ရင်း 2015 ကိုတောင်ပြန်သတိရတယ်။ သင်တန်းကျောင်းစဖို့ တစ်လအတွက် ၂ သိန်းခွဲနဲ့ အခန်းငှား၊ projector ပါပြီးသားဆိုတော့ နောက် ငါးသောင်းကို မားကတ်တင်းစရိတ်အဖြစ်အသုံးပြုပြီး သင်တန်းကျောင်းစခဲ့တာ ရင်ခုန်စရာစမ်းသပ်မှုတစ်ခုပဲ။ 1. Matchmaker model နှစ်ဖက်ချိပ်ပေးတဲ့ မော်ဒယ်တစ်ခုပဲ။ Expedia တို့လို ခရီးသွားချိပ်ဆက်တဲ့ လုပ်ငန်းတွေမှာ ဖောက်သည်ဆီက ငွေကြိုယူပြီး၊ ၆ ပတ်နေမှ ဟော်တယ်တွေကို ငွေပြန်ပေးတဲ့

အရင်းအနှီးအများကြီးမလိုပဲ ဘယ်လို လုပ်ငန်းစတင်မလဲ? Read More »

သင်္ချာဆိုတာ ပြဿနာဖြေရှင်းတတ်အောင်
သင်ပေးတဲ့ ပညာရပ်

သင်္ချာပုစ္ဆာကို အလွတ်ကျက်ဖြေပြီးunseen ဆိုရင် ဖင်တုန်အောင်ကြောက်ပြီးပညာရေးစနစ်နဲ့ကြီးလာတဲ့ကျွန်တော်တို့ ဂျင်နရေးရှင်းကကိုယ်နဲ့မတူတဲ့အရာတွေနဲ့ အသားမကျတာ၊အိုင်ဒီယာအသစ်တွေကို အကြောက်အကန်ငြင်းတာဒါက သဘာဝပဲ။ သင်္ချာဆိုတာ ပြဿနာဖြေရှင်းတတ်အောင်သင်ပေးတဲ့ ပညာရပ်။သူ့မှာ conditional တွေရှိတယ်။အကယ်လို့ If တွေကြားမှာမသိသေးတဲ့ တန်ဖိုးတွေဖြစ်တဲ့x တို့ y တို့ကို အဖြေရှာတယ်။ ပေးထားချက်ကို မသိပဲ၊ပုစ္ဆာကို နားမလည်သ၍ဘယ်လောက်ကြိုးစားတွက်တွက်ခေါင်းခြောက်တာပဲ အဖတ်တင်မယ်။ ခေါင်းသုံးရမည့်နေရာမှာလက်အား၊ ခြေထောက်အားသုံးရုံနဲ့အဖြေရဖို့ လွယ်ချင်မှ လွယ်လိမ့်မယ်။ Phyo Paing @ Derek

သင်္ချာဆိုတာ ပြဿနာဖြေရှင်းတတ်အောင်
သင်ပေးတဲ့ ပညာရပ်
Read More »

Stress ဖြစ်တဲ့ ဒီနေ့လို ပတ်ဝန်းကျင်မှာ
ရှင်သန်ဖို့ အကောင်းဆုံးထဲက တစ်ခုကတော့
Stoic အတွေးအခေါ်ပဲဖြစ်တယ်။

ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေကိုခဏမေ့ထားလိုက်။ဘဝမှာ ထိန်းချုပ်လို့ရတာ၊ မရတာခွဲခြားသိ။ထိန်းချုပ်နိုင်တာကိုလုပ်။ဒါက စတိုးဝတ်အတွေးအခေါ်ပဲ။ ဥာဏ်ပညာ၊ စောင့်စည်းထိန်းချုပ်မှု၊ကျင့်ဝတ်၊ တရားမျှတမှုတွေကိုတန်ဖိုးထားတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၅၀ ကဂရိရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အေသင်မှာ လူတစ်ယောက်ပေါ်ထွန်းလာတယ်။Zeno လို့ခေါ်ပြီး Stoic Philosophy ကိုစတင်ပြီး သင်ကြားပေးခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အတွေးအခေါ်ပညာ philosophy ရဲ့အင်အားဟာ အင်မတန်ကြီးပါတယ်။အေသင်မြို့ဆိုတာ ဒီနေ့ခေတ်ကျွန်တော်တို့တန်ဖိုးထားတဲ့ ဒီမိုကရေစီစတင်ပေါ်ထွန်းရာနေရာဆိုလဲ မမှားပါဘူး။ ဒီ Stoic philosophy ကိုမိတ်ဆက်လာရာကဘုရင် (အင်ဘာယာ)ဖြစ်တဲ့ Marcus Aurelius ကစလို့ ကျေးကျွန်ဖြစ်တဲ့ Epictetus အပြင်ဘုရင့်အကြံပေးဖြစ်တဲ့ Seneca အစရှိတဲ့ Stoic အတွေးအခေါ်ပညာရှင်တွေက ဒီအတွေးအခေါ်ကို ဖန်တီးလာခဲ့တယ်။ ဝမ်းနည်းစရာကောင်းတာက ဒီနေ့ခေတ်မှာ ကျန်ရှိတဲ့ Stoic philosophy ကိုရေးထားတဲ့ စာတွေက နှစ်ရာခိုင်နှုန်းအောက်မှာပဲ ရှိတော့တယ်။ ဒီမိုကရေစီရဲ့ အင်အားလိုပဲဒီ

Stress ဖြစ်တဲ့ ဒီနေ့လို ပတ်ဝန်းကျင်မှာ
ရှင်သန်ဖို့ အကောင်းဆုံးထဲက တစ်ခုကတော့
Stoic အတွေးအခေါ်ပဲဖြစ်တယ်။
Read More »