Dr. Phyo Paing

https://yec.company

ငွေရှာဖို့ Marketing နဲ့ Management
အရေးကြီးတယ်

သိန်းတစ်ထောင်ကို နှစ်ထောင်တစ်သောင်းကို နှစ်သောင်းပွားနိုင်ပြီးမြန်မြန်ပွားနိုင်တဲ့ ကျွမ်းကျင်မှုရှိလေလေပိုကောင်းလေလေပဲ။ ဒီလိုလုပ်ဖို့ တခြားသူတွေရဲ့အချိန်နဲ့ ကျွမ်းကျင်မှုကို အသုံးချနိုင်ဖို့လိုတယ်။ ဒီအဆင့်ကျွမ်းကျင်သွားရင်တခြားသူတွေရဲ့ ငွေကိုပါပွားပေးပြီးရာခိုင်နှုန်းယူလို့ရပြီ။ ဒါကြောင့် Other People’s Time, Other People’s Experience,Other People’s Money ကို အသုံးချနိုင်ဖို့ စီမံခန့်ခွဲမှုတို့၊မားကတ်တင်းတို့၊ မဟာဗျူဟာတို့လေ့လာခဲ့တာပဲ။ ခုထိသင်ယူနေတုန်း။ စီမံခန့်ခွဲမှုဆိုတာ ဒိုရေမီဖာလိုပဲ။ အခြေခံကျတဲ့ သင်ခန်းစာသင်ပြီးစီမံခန့်ခွဲတဲ့ စွမ်းရည်ကတော့ ကိုယ်နဲ့ပဲ ဆိုင်တယ်။ တရုတ်နယ်မြို့လေးက supermarket လည်ပတ်ပုံကြည့်လိမ့်ရင်ဒီကောင်တွေရဲ့ စွမ်းဆောင်ရည်ဘယ်လောက်တိုးတက်လာလဲတွေ့လိမ့်မယ်။ အလောင်းအစားလုပ်တာတောင်ဒိုင်ပဲနောက်ဆုံးနိုင်တာဒါကလဲ စီမံခန့်ခွဲမှုနဲ့ statistics ပဲ။ ငွေရှာဖို့ Marketing နဲ့ Management အရေးကြီးတယ် အားတီ၊ အားမေတို့။ Phyo Paing @ Derek

ငွေရှာဖို့ Marketing နဲ့ Management
အရေးကြီးတယ်
Read More »

ကိုယ့်ကိုကိုယ် လူကောင်းလို့
ဘယ်တုန်းကမှ မထင်ဘူး။

ကိုယ်နဲ့သိတဲ့လူတွေကတော့ကိုယ့်ကြောင့် အကျိုးမယုတ်စေရဘူးဆိုတဲ့ ယုံကြည်မှုကတော့ ငယ်ငယ်ကတည်းက ရှိတယ်။ ကိုယ်ဖန်တီးထားတဲ့အရာတွေကကိုယ်သေသွားလဲ ဆက်ရှိနေရမယ်။ ပီမိုးနင်းတို့၊ ဆရာကြီးရွှေဥဒေါင်းတို့၊ Jim Rohn တို့တွေကြည့်ကြည့်ဘယ်လောက်မိုက်လဲ။ သေသွားလဲ သူတို့အတွေးအခေါ်တွေရှင်ကျန်နေတယ်။ ကိုယ်တိုင်ကလဲ စက်ရုပ်တစ်ခုပဲ။ ကိုယ့်ကိုကိုယ် program လုပ်နေရတယ်။ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်၊ အမူအကျင့်တွေက ခေါင်းထဲထည့်တဲ့ အတွေးတွေကဖြစ်လာတာဖြစ်တဲ့အတွက် အတွေးတွေက ရေရေလည်လည် အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် လူကောင်းလို့
ဘယ်တုန်းကမှ မထင်ဘူး။
Read More »

လူတွေကို စာနာတတ်ဖို့ အရေးကြီးတယ်။

လူတွေအကြောင်းပိုသိလာလေလေလူတွေကို ပိုစာနာတတ်လာလေလေ။ လူတိုင်းက ငယ်ဘဝနာကြင်မှုတွေနဲ့ကြီးပျင်းလာကြတာ။ဒါကို သတိမထားမိတော့ အသက်ကြီးလာတော့လဲ တိုင်ပတ်ကြတယ်။ ဒါကြောင့် NLP မှာ timeline therapy ဆိုတာရှိတယ်။ငယ်ဘဝ သို့ ပထမမှတ်ဥာဏ် SEE လို့ခေါ်တဲ့ Significant emotional event ကို သွားပြင်တာ။ လူတွေကို စာနာတတ်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

လူတွေကို စာနာတတ်ဖို့ အရေးကြီးတယ်။ Read More »

Marketing ပြီးရင်
ဆရာကျရမည့်အရာက Management

ကိုယ်ပေးချင်တဲ့ message ကို လူသန်းချီတွေ့အောင်လုပ်နိုင်တာ၊ကိုယ်လိုချင်တဲ့ရလဒ်ရအောင်လူထောင်၊ သောင်းချီကို အုပ်ချုပ်နိုင်တာဒါက ပါဝါတစ်ခုပဲ။ ဒါကို leverage လို့ခေါ်တယ်။ ဘယ်လောက်တော်တဲ့သူတစ်ယောက်ဖြစ်ဖြစ်တစ်ယောက်အားနဲ့ ပိရမစ်ကို မတည်ဆောက်နိုင်ဘူး။ ကြီးမားတဲ့ project တစ်ခုလုပ်ဖို့ လူတွေကို စီမံခန့်ခွဲနိုင်ဖို့လိုတယ်။ ဒါကြောင့် marketing ပြီးရင်ဆရာကျရမည့်အရာက management လို့ထင်တယ်။ Phyo Paing @ Derek

Marketing ပြီးရင်
ဆရာကျရမည့်အရာက Management
Read More »

စိတ်ထားတတ်ဖို့က ဖြေဆေးပဲ။

တချို့လူတွေကိုငယ်ငယ်တုန်းက အမေ၊ အဖေက ကိုယ့်ကို ကောင်းစေချင်တော့အမြဲ ဝေဖန်ခံရတတ်တယ်။ ကောင်းတဲ့အချက်၊ တော်တဲ့အချက်ကိုချီးကျူးလိုက်ရင် စမာန်တက်သွားမယ်ဆိုပြီးကောင်းတဲ့အချက်ကို အသိအမှတ်ပြုတာရှားတယ်။ အသက်ကြီးလာတဲ့အခါ တစ်ခုခုဆို ငါလုပ်လိုက်တာမှားသွားပြီကွာဆိုတဲ့ guilty အပြစ်တင်စိတ်နဲ့ ကြီးပြင်းလာတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ဂုဏ်ယူတတ်တဲ့စိတ်နည်းသွားတယ်။ တစ်ခုခုလုပ်လိုက်ရင် ငါမှားသွားပြီလားမသိဘူး။ငါလုပ်တာပြောတာ မှားသွားပြီလားမသိဘူးဆိုတဲ့အတွေးက အထပ်ထပ် ဒုက္ခပေးတယ်။ ဘဝပျက်တယ်ဆိုတာ အဲ့မှာ စတင်တာပဲ။ ဒီအချက်ကိုပြောင်းလဲနိုင်တဲ့အခါအဲ့အချိန်မှာ၊ အဲ့အသိဥာဏ်နဲ့ အကောင်းဆုံးလုပ်လိုက်တာပဲဆိုတဲ့စိတ်ထားတတ်ဖို့က ဖြေဆေးပဲ။ Phyo Paing @ Derek

စိတ်ထားတတ်ဖို့က ဖြေဆေးပဲ။ Read More »

လူဆိုတာ သစ်ပင်တစ်ပင်လိုပဲ

လူဆိုတာ သစ်ပင်တစ်ပင်လိုပဲရှင်သန်တဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအရေးကြီးတယ်။ ကိုယ့်က ဘယ်လို ပတ်ဝန်းကျင်မှုရှင်သန်နေသလဲ။အတင်းပြောပြီး သူများအကြောင်းပဲစိတ်ဝင်စားတဲ့ပတ်ဝန်းကျင်လား။ကိုယ့်အိမ်မက်တွေအတွက်ဇွဲရှိရှိနဲ့ အကောင်အထည်ဖော်နေတဲ့ပတ်ဝန်းကျင်လား။ နောက်မြေသြဇာအရေးကြီးသလိုသိသင့်သိထိုက်တဲ့ ပညာရှိဖို့လိုတယ်။ နောက်ရှင်သန်ကြီးထွားနေဖို့ရေလိုသလို ကိုယ့်ကိုကိုယ်အမြဲတိုးတက်အောင်အားဖြည့်နေရတယ်။ အပင်တစ်ပင်မှာသက်တမ်းရှိသလိုလူမှာလဲ သက်တမ်းရှိတယ်။အသက်ရှည် ကျန်းမာဖို့ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်။ လူဆိုတာ တခါတလေ သစ်ပင်နဲ့တူတယ်။ Phyo Paing @ Derek

လူဆိုတာ သစ်ပင်တစ်ပင်လိုပဲ Read More »

တိုးတက်မှုဆိုတာ

တိုးတက်မှုဆိုတာအလိုအလျောက်ဖြစ်လာတယ်ဆိုတာမရှိဘူး။အမူအကျင့်သေချာတည်ဆောက်ဖို့လိုသလိုတခါတလေ အတားအဆီးတွေကိုကျော်လွှားဖို့လိုတယ်။ Phyo Paing @ Derek

တိုးတက်မှုဆိုတာ Read More »

လူတိုင်းက စမှတ်ချင်းမတူကြဘူး။

ကိုယ့်ကိုကိုယ် အမြဲသတိပေးတာThink like a strategist လို့။မဟာဗျူဟာချတဲ့သူတစ်ယောက်လိုအမြဲစဥ်းစားဖို့လိုတယ်။ တိုင်ပတ်မှုအပေါင်းရဲ့ အဖေက မဟာဗျူဟာအလွဲပဲ။ မဟာဗျူဟာတစ်ခုချမှတ်ဖို့ အခြေခံကျတဲ့အရာတွေကို အမှန်အတိုင်းမြင်နိုင်ဖို့လိုတယ်။ နောက်ဘယ်အချိန်မှာ ဘယ်အကွက်ကို ရွေ့ရမလဲသိဖို့လိုတယ်။ ဗျူဟာဆိုတာ သစ်တစ်ပင်လဲအောင်ပုဆိန်နဲ့ခုတ်တာထက် ဖြတ်စက်နဲ့ခုတ်တာပိုမြန်တယ်ဆိုပြီး သုံးသပ်ဆုံးဖြတ်တာ။ မဟာဗျူဟာဆိုတာက သစ်ပင်ကို ခုတ်မလား၊ မခုတ်ဘူးလားစဥ်းစားတာ။ ဆွန်ဇူးပြောသလို မတိုက်လိုက်ရပဲနိုင်တဲ့စစ်ပွဲလောက် ကောင်းတာမရှိဘူးတဲ့။ ကံကောင်းလို့အောင်မြင်ရင်တစ်ခါပဲဖြစ်ရင်ဖြစ်မယ်။ အမြဲတမ်းအောင်မြင်ဖို့အတွက်ကမဟာဗျူဟာတွေလိုတယ်။ HTC ဖုန်းတွေ ဘာကြောင့်စျေးကွက်ထဲကပျောက်သွားပြီး Xiaomi တွေ ကျတော့ တိုးတက်လာသလဲ။ဒေဝါလီခံဖို့ နှစ်လပဲလိုတဲ့ Apple က ဘာ့ကြောင့် ကမ္ဘာ့အချမ်းသာဆုံးကုမ္ပဏီတစ်ခုဖြစ်လာလဲ။နောက်ဆုံး မဟာဗျူဟာပဲ။ ဘဝဖြတ်သန်းတဲ့အခါလဲ မဟာဗျူဟာလိုတယ်လို့ စဥ်းစားကြည့်မိတယ်။ လူတိုင်းက စမှတ်ချင်းမတူကြဘူး။ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ချင်းမတူကြဘူး။ သွားမည့် မဟာဗျူဟာတွေလဲတူကြမှာ မဟုတ်ဘူး။ Phyo Paing @ Derek

လူတိုင်းက စမှတ်ချင်းမတူကြဘူး။ Read More »