Dr. Phyo Paing

https://yec.company

ဘာလုပ်လုပ် စဥ်းစား၊
စွန့်လွှတ််၊ စွန့်စား

ကြုံဖူးလားတော့ မသိဘူးတချို့လူတွေထွက်ပြေးလို့ မလွယ်တဲ့ အရာက ကိုယ့်အနီးနားဆုံးက toxic ဖြစ်တဲ့ သူတွေပဲဖြစ်တယ်။ ဒါက အဖေလဲဖြစ်နိုင်သလို၊ အမေလဲဖြစ်နိုင်တယ်ဆို အံ့သြသလို ဖြစ်လိမ့်မယ်။ဒါမှ မဟုတ်အမျိုးလဲဖြစ်နိုင်သလို၊တခါတလေ ကိုယ်တိုင်လဲဖြစ်နေနိုင်တယ်။ ဒါကြောင့် ဘာလုပ်လုပ် စဥ်းစား၊ စွန့်လွှတ််၊ စွန့်စား။ Phyo Paing @ Derek

ဘာလုပ်လုပ် စဥ်းစား၊
စွန့်လွှတ််၊ စွန့်စား
Read More »

တဒင်္ဂစိတ်ခံစားမှုတွေက
လူတွေကို လမ်းပျောက်စေနိုင်တယ်

တခါတလေ ကိုယ့်ဘဝမှာဘာလုပ်လို့လုပ်ရမှန်းမသိတဲ့အချိန်တွေ ရှိတတ်တယ်။ ဘယ်လမ်းကို ရွေးချယ်ရမယ်ရေရေရာရာ မဖြစ်တဲ့အချိန်။ အဲ့အချိိန်မျိုးမှာ ကိုယ့်ဘဝမှာမသေခင်လုပ်ချင်တဲ့ အရေးကြီးတဲ့ dream list တွေချရေးကြည့်ကြည့်။ ဘယ်နှစ်ခုပြီးပြီလဲ၊ဘယ်နှစ်ခုကျန်နေသေးလဲ။ လမ်းကြောင်းကို အဲ့ပေါ်မူတည်ပြီးစဥ်းစားကြည့်ကြည့်။ တဒင်္ဂစိတ်ခံစားမှုတွေက လူတွေကို လမ်းပျောက်စေနိုင်တယ်။ Phyo Paing @ Derek

တဒင်္ဂစိတ်ခံစားမှုတွေက
လူတွေကို လမ်းပျောက်စေနိုင်တယ်
Read More »

ကိုယ့်ကိုကိုယ် နောက်တရမည့်
အလုပ်တွေ ဘယ်တော့မလုပ်နဲ့

2013 စာစသင်တော့ အမေက ဘယ်လောက်ရသလဲတဲ့။အခမဲ့သင်ပေးတာ။ ဒါဆို နင်က အလကားဆရာလားတဲ့။ LOLမဟုတ်ဘူး။ အတွေ့အကြုံမရှိသေးလို့လို့။ 2021 Sep လောက်က www.ToeTet.com/insidernoteInsider Note စတော့Studio ဖို့၊ Camera နဲ့ စနစ်ဖိုးOriginal file တွေသိမ်းဖို့ Network-attached storage (NAS) ဖိုးVideo file တွေ အင်တာနက်မှာ သိမ်းဖို့Hosting ဖိုးနဲ့ ဆရာရှုံးမယ်နော်တဲ့။ စဥ်းစားမနေနဲ့ လုပ်ချင်တာရှိရင်လုပ်သာလုပ်လိုက်လို့။ အဲ့လို လုပ်ချင်တာတွေ လုပ်လုပ်ခဲ့တာဘဝကို ပြန်ကြည့်ရင် နောင်တရစရာတော့ မရှိပါဘူး။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နောက်တရမည့်
အလုပ်တွေ ဘယ်တော့မလုပ်နဲ့
Read More »

ငါ့ကိုဘာကြောင့် အမြဲနောက်ဆံတင်းနေစေတာလဲ။

စဥ်းစားကြည့်ကြည့် relationship တစ်ခုမှာတစ်ယောက်က တဖက်လူတစ်ယောက်ရဲ့attention ကိုပိုလိုနေတာမျိုး။needy ပိုဖြစ်နေတာမျိုး။ တချို့လူတွေက ဘာကြောင့်ကိုယ့်အားကိုယ်ကိုးဖို့မစဥ်းစားတာလဲလို့စဉ်းစားမိတဲ့အချိန်တွေရောရှိသလား။ တခါတလေ အစော်ကားခံရတယ်လို့ခံစားရတဲ့အချိန်တွေရှိသလား။​ ဒါမှ မဟုတ်ချိန်းထားပြီး last minute မှcancel လုပ်တဲ့အတွက် ဒေါသထွက်ရတာမျိုး။ တခါတလေ လူရှေ့သူရှေ့မှာကိုယ့်ကိုကိုယ်အကောင်းဆုံးပြချင်ပေမယ့်အရှက်ရသွားတဲ့အချိန်မျိုး။ တခါတလေ အိမ်မှာ အဆင်မပြေတဲ့အရာကရုံးမှာ သွားပေါက်ကွဲမိတာမျိုး။ သစ္စာဖောက်ခံရမှာ ကြောက်တာမျိုး။သဝန်အမြဲတိုရမှာကြောက်နေတာမျိုး။ ငါ့ကိုဘာကြောင့် အမြဲနောက်ဆံတင်းနေစေတာလဲ။ငါက နင်အလိုက်မသိဘူးပြောပြန်ရင်လဲငါက ပါးစိပါးစပ်များတယ်လို့နင်ကပြောပြန်အုံးမယ်ဆိုတဲ့ projections တွေလုပ်နေမိသလား။ ကိုယ့်ကို အထင်သေးမှာကြောက်တဲ့အတွက်သေလောက်အောင် ချစ်နေပါစေအုံးမဆက်သွယ်ပဲ နေတဲ့အချိန်တွေရှိဖူးလား။ အောက်မျက်ခုံးတွေလုပ်နေတယ်။ဘာများဖြစ်တော့မလဲမသိဘူးဆိုတဲ့superstitious belief တွေရှိသလား။ အရမ်းလဲချစ်တယ်၊ အရမ်းလဲမုန်းတယ်ဆိုတဲ့bittersweet ခံစားချက်တွေခံစားဖူးသလား။ ဒီတစ်ယောက်ကိုရွေးရမလား၊ဒါမှမဟုတ် ဟိုတစ်ယောက်ပဲရွေးရမလား၊ဘာပဲရွေးရွေး တစ်ခုခုလိုနေသလိုပဲခံစားမှုတွေဖြစ်နေလား။ ကိုယ့်ရဲ့ ideal အကောင်းဆုံးအခြေအနေကိုစဥ်းစားလိုက်တိုင်း လက်ရှိနဲ့ တလွဲဖြစ်နေသလား။ဒါကြောင့် တခါတလေ ခဏအတွင်းချစ်ကျွမ်းဝင်၊ခဏနဲ့ ပြန်ပြတ် ဒီ pattern ကအမြဲဖြစ်နေတာမျိုး။

ငါ့ကိုဘာကြောင့် အမြဲနောက်ဆံတင်းနေစေတာလဲ။ Read More »

Founder Influencer

ဒီနေ့ခေတ်မှာ အရေးပါလာတဲ့မားကတ်တင်း မဟာဗျူဟာကFounder Influencer ပဲ။Founder ကိုယ်တိုင်ကInfluencer ဖြစ်ရင် ကိုယ်ပေးချင်တဲ့အမှတ်တံဆိပ်ကိုယ်ရည်ကိုယ်သွေးကိုတိုက်ရိုက်ချပြလို့ရသလိုမားကတ်တင်းကုန်ကျစရိတ်လဲအများကြီးခြွေတာပေးတယ်။ Phyo Paing @ Derek

Founder Influencer Read More »

ခေါင်းထဲထည့်တာတွေကို
ဂရုစိုက်ဖို့လိုတယ်။

အတွေးအခေါ်ပြောင်းရင်အမြင်ပြောင်းတယ်။အမြင်ပြောင်းရင် ခံစားချက်ပြောင်းတယ်။ခံစားချက်ပြောင်းရင် မော်တီဗေးရှင်းပြောင်းတယ်။မော်တီပြောင်းရင် လုပ်ရပ်ပြောင်းတယ်။လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။ရလဒ်ပြောင်းရင် ဘဝကွာသွားတယ်။ အတွေးအခေါ်ကို သတင်းအချက်၊အဖြစ်အပျက်တွေက လွမ်းမိုးထားတယ်။ခေါင်းထဲထည့်တာတွေကိုဂရုစိုက်ဖို့လိုတယ်။ Phyo Paing @ Derek

ခေါင်းထဲထည့်တာတွေကို
ဂရုစိုက်ဖို့လိုတယ်။
Read More »

အာရုံအရေးကြီးတယ်။

တစ်ရက်တစ်ရက် လုပ်စရာအလုပ်တွေရှိတယ်။အာရုံလာစားနေရင် ban လိုက်ဒီ အတွေးအခေါ်ကို ထည့်ထားတယ်။ ကိုယ့်ဧည့်ခန်းမှာ မစင်လာစွန့်တာလက်ခံနေရင် လာစွန့်တဲ့သူများလာမယ်။ Business Page မှာတင်တာက အလုပ်လုပ်နေတာ ပျော်တော်ဆက်နေတာမဟုတ်ဘူး။ ဒါကြောင့် အာရုံလာနောက်နေရင်အနာဂတ်မှာ ကိုယ် service ပေးချင်တဲ့သူမဟုတ်ရင်အချိန်ကုန်ခံမနေနဲ့။ Ban သာ ban လိုက်။ ကိုယ်ကတော့ ခပ်ပြတ်ပြတ်ပဲ။ 😎 Phyo Paing @ Derek

အာရုံအရေးကြီးတယ်။ Read More »

ငွေဆိုတာ အဓိပ္ပာယ်ရှိတဲ့
အလုပ်တွေ လုပ်ဖို့အတွက်
လောင်စာတစ်ခုပဲ။

သတ်မှတ်တဲ့ငွေကြေးပမာဏတစ်ခုနေစရာ၊ စီးစရာ တစ်ခုရှိရင်ကိုယ်ဖန်တီးချင်တဲ့အဓိပ္ပာယ်ရှိတဲ့ အလုပ်ကဘဝကို ပို တန်ဖိုးရှိစေတယ်။ငွေဆိုတာ အဓိပ္ပာယ်ရှိတဲ့အလုပ်တွေ လုပ်ဖို့အတွက်လောင်စာတစ်ခုပဲ။ Phyo Paing @ Derek

ငွေဆိုတာ အဓိပ္ပာယ်ရှိတဲ့
အလုပ်တွေ လုပ်ဖို့အတွက်
လောင်စာတစ်ခုပဲ။
Read More »

ဒီလိုလုပ်ဖို့ စွန့်စား၊ စွန့်လွတ်၊ စဥ်းစားရတဲ့
အချိန်တွေ လူတိုင်းမှာရှိတာပဲ။

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ကိုယ့်ဘဝမှာ စွန့်စားမှုတွေမလုပ်တာ ဘယ်လောက်ကြာပြီလဲ။ ဥာဏ်နည်းတုန်းကတော့စွန့်စားမှုတွေလုပ်တိုင်း ပေးဆပ်မှုတွေအများကြီးပေးရတယ်။ ဒီက သင်ခန်းစားယူတာများလေ့လာသင်ယူတာများလာတော့စွန့်စားမှုတွေမှာ ရှုံးနိမ့်တဲ့ရာခိုင်နှုန်းအရင်ကထက်နည်းလာတယ်။ လူတွေက ကိုယ်ဘဝပေးထားတဲ့အခြေအနေပေါ်မူတည်ပြီးစွန့်စားမှုလုပ်ရင် လုပ်သလောက်အပြောင်းအလဲ အကြီးကြီးဖြစ်တာပဲ။ ဘယ်နေရာမှာပဲ ကြည့်ကြည့်သူ့လုပ်ငန်း၊ သူ့နယ်ပယ်မှာစင်ပေါ်ရောက်နေတဲ့ သူတိုင်းကသူ့ဘဝမှာ စွန့်စားမှုတွေ၊စွန့်လွတ်မှုတွေ လုပ်ခဲ့တဲ့သူကြီးပဲ။ Investigative journalist မဟုတ်ပဲဘေးထိုင်ဘုပြောနေရင်တော့ဘူကောင်ကြီးထဲက ဘူကြီးပဲဖြစ်နေမယ်။ 😀 လုပ်ချင်တာကို ဖြစ်အောင်လုပ်ရမှာပဲ။ဒီလိုလုပ်ဖို့ စွန့်စား၊ စွန့်လွတ်၊ စဥ်းစားရတဲ့အချိန်တွေ လူတိုင်းမှာရှိတာပဲ။ Phyo Paing @ Derek

ဒီလိုလုပ်ဖို့ စွန့်စား၊ စွန့်လွတ်၊ စဥ်းစားရတဲ့
အချိန်တွေ လူတိုင်းမှာရှိတာပဲ။
Read More »

အရေးမပါတာတွေကို
အရာမပေးဖို့ လိုတယ်။

ဘဝမှာ အရေးကြီးတာ၊​အရေးမကြီးတာ ခွဲသိပြီးအရေးကြီးတာကိုအားစိုက်လုပ်တဲ့အခါဘဝကို ပိုသာယာလာတာတွေ့လိမ့်မယ်။ Phyo Paing @ Derek

အရေးမပါတာတွေကို
အရာမပေးဖို့ လိုတယ်။
Read More »