Dr. Phyo Paing

https://yec.company

ဘဝမှာ ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်တိုင်ပတ်ဘူပိတ်တဲ့
အချိန်တွေရှိတတ်တယ်။

တခါတလေကျရင်လဲ ဘားမှသိပ်မလုပ်ပဲထိုင်နေရင်းနဲ့ကို ကံက ကောင်းနေတာမျိုးအဲ့လို အခိုက်အတန့်တွေ လူတိုင်းကြုံဖူးလိမ့်မယ်။ ကိုယ်က ဖုန်းခေါ်ပြီးဆို ခေါ်လိုက်တဲ့သူတိုင်းက ဖုန်းမကိုင်တာမျိုးကြုံဖူးလိမ့်မယ်။တခါတလေလဲ ကိုယ့်ကို တစ်ယောက်ပြီးတစ်ယောက် ဖုန်းခေါ်နေတာမျိုး။ တခါတလေ ငွေဝင်ပြီဆို မထင်ထားတဲ့နေရာတွေက ဝင်တာမျိုး၊တခါတလေကျရင်လဲ ထွက်ပြီဟေ့ဆိုမထင်ထားတဲ့အပေါက်က ထွက်တာမျိုး။ အရေးကြီးတာကတော့ ကံကောင်းတဲ့အချိန်ပဲထိုင်စောင့်နေလို့မရဘူး။ ကံဆိုးတဲ့အချိန်မှာ ဒူပေဒါပေခံဖို့လိုတယ်။ ငယ်ငယ်ကဆို numerology နဲ့ အခါတော်ပေးအချိန်တွေလုပ်ပြီးသတ်မှတ်တဲ့အချိန်မှာ သတ်မှတ်တဲ့အရောင်ဝတ်တာပြီး ကံကောင်းအောင်လုပ်တာတို့။လောင်းကစားလုပ်တာ၊ Russian roulette ဆော့တာမျိုးစုံစမ်းသပ်ခဲ့ဖူးတယ်။မင်းသိင်္ခခြံလဲ မော်ဘီထိ bus ကားစီးသွားခဲ့ဖူးတယ်။ ဘုရားရဲ့တောင်ပိုင်းသွားပြီးဘယ်ပန်းကပ်၊ ဘာဖယောင်းတိုင်ထွန်းတာလုပ်ခဲ့ဖူးတယ်။တစ်လအတွင်း ထောင်ကျမယ်ဆိုပြီးယတြာချေ ခိုင်းတယ်။ပြောတဲ့ ၃၄ လမ်းက ပုဏ္ဏားကို မကျခဲ့ရင်ခင်ဗျာ ဘာပြန်လျော်မလဲဆိုမှသူအတွက်မှားတာတွေ ဘာတွေဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်း အဲ့ဒါတွေ မလုပ်တော့ဘူး။တချို့အရာတွေက probability ကြောင့်လားလူတွေရဲ့ superstitious ဖြစ်တဲ့ Daniel Kahneman ပြောတဲ့

ဘဝမှာ ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်တိုင်ပတ်ဘူပိတ်တဲ့
အချိန်တွေရှိတတ်တယ်။
Read More »

လူတွေရဲ့ ဦးနှောက်က
အဓိပ္ပာယ်ဖွင့်ဆိုတဲ့ စက်တစ်ခုပဲ။

meaning-making machine ဆိုပါတော့။ ဥပမာ လူတစ်ယောက် ကိုယ့် message ကိုseen ဖြစ်ပြီး reply ပြန်မလာတဲ့အခါ သူက ကြီးကျယ်တာလား၊ငါဘာအမှားများလုပ်မိလို့လဲ၊ငါ့ကို ကြည့်မရတာလား၊သူမအားတာလား အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုတတ်ကြတယ်။ ဒီလို အဓိပ္ပာယ်ဖွင့်တဲ့အခါ ပုံပြင်တွေဖန်တီးပြီးဖွင့်ကြတယ်။ဒီပုံပြင်တွေက လူတွေရဲ့ စိတ်ခံစားမှုကို လွမ်းမိုးမှုရှိတယ်။ တချို့ ငနဲတွေတွေ့ဖူးလိမ့်မယ်။သူဘယ်လောက် မှားနေပါစေ၊ မမှားဘူးပဲ။ သူ့ story နဲ့ သူ ဟုတ်နေတာမျိုး။ တချို့ကျတော့လဲ ကိုယ့်ကိုကိုယ်ပြောတဲ့ ပုံပြင်တွေကို မပျော်ပဲတိုင်အမြဲပတ်နေတာမျိုး။ ကိုယ့်ကိုကိုယ် ပြောနေတဲ့ပုံပြင်တွေ အရေးကြီးတယ်။ Phyo Paing @ Derek

လူတွေရဲ့ ဦးနှောက်က
အဓိပ္ပာယ်ဖွင့်ဆိုတဲ့ စက်တစ်ခုပဲ။
Read More »

ဒီလောက်အပြောင်းအလဲမြန်တဲ့
ခေတ်မှာ ပြောင်းလဲတာ သဘာဝပဲ။

တခါတလေ လုပ်ငန်းရှင်တွေကိုအပြောင်းအလဲအများလွန်းလို့ဆိုပြီးဝန်ထမ်းတွေ ဝေဖန်အကြံပေးတာတခါမဟုတ် တခါ ကြုံဖူးလိမ့်မယ်။ အဲ့ဒီအချိန်ပြန်ပြောတာကတော့ ဒါက သဘာဝပဲ။ ဒီလောက်အပြောင်းအလဲမြန်တဲ့ခေတ်မှာ ပြောင်းလဲတာ သဘာဝပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ဒီလောက်အပြောင်းအလဲမြန်တဲ့
ခေတ်မှာ ပြောင်းလဲတာ သဘာဝပဲ။
Read More »

ကိုယ့်ကိုကိုယ်အရမ်းမုန်းခဲ့တယ်။

လူတွေနဲ့ စကားပြောရင်ယုံကြည်မှုမရှိဘူး။ လူကြောက်တတ်တယ်။အားနာတတ်တယ်။ကိုယ်ဖြစ်ချင်တာကို မပြောရဲဘူး။ တစ်ခုခုလုပ်ရင် ခဏနဲ့ လက်လျော့ဖို့ကြိုးစားတယ်။ မှတ်ဥာဏ်မကောင်းဘူး။ စိတ်ဓာတ်ခဏခဏကျတတ်တယ်။ ငြိမ်းချမ်းမှုကို ရှာမရဘူး။ ကိုယ့်ကိုကိုယ် ပြောင်းလဲချင်တဲ့အတွက်Breaking the habits of being yourself တို့၊ကိုယ့်ကိုကိုယ် reprogram ပြန်လုပ်တဲ့နည်း၊နည်းလမ်းပေါင်းစုံလေ့လာတယ်။စမ်းသပ်တယ်။ ကိုယ်ဖြစ်ချင်ခဲ့တာ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲချင်တယ်။ လုပ်ငန်းလုပ်တော့ လဲထသွားမှ ကျိုးမှန်းသိဆိုသလိုလွတ်လပ်မှုရချင်လို့မှ လုပ်ငန်းစတယ်။လုပ်ငန်းစမှ ဥစ္စာစောင့်ဖြစ်သွားတယ်။ လကုန်မှာတောင် ကြောက်နေတတ်တယ်။ စိတ်ညစ်စရာပေါင်း တစ်သောင်းခြောက်ထောင်နဲ့ကိုယ်မပါပဲ လည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ချင်တယ်။ ဒါနဲ့ Built to sell တို့၊Automatic customer ကစလို့ Business Coaching, Consulting နဲ့ MBA တွေတက် စမ်းသပ်ကြည့်ခဲ့တယ်။ စာအုပ်ဖတ်တဲ့အချိန်တိုင်း ဖတ်လိုက်မေ့လိုက်တော်တော် တိုင်ပတ်တယ်။ စာဖတ်ရင်ကြာတယ်။ အိပ်ပျော်သွားတာက

ကိုယ့်ကိုကိုယ်အရမ်းမုန်းခဲ့တယ်။ Read More »

ကိုယ်ဖြစ်ချင်တယ်လို့ ထင်တာနဲ့
တကယ်ဖြစ်ချင်တာနဲ့ကြား
ကွာဟမှုတွေ ရှိနိုင်တယ်။

တောင်ပေါ်မြို့လေးမှာ ဘဝကိုအေးဆေးဖြတ်သန်းဖို့ စဉ်းစားဖူးတယ်။တကယ်သွားနေတော့တစ်ပတ်တောင် မနေနိုင်တာတွေ့ရတယ်။ဘဝမှာ ကိုယ်ဖြစ်ချင်တယ်လို့ ထင်တာနဲ့တကယ်ဖြစ်ချင်တာနဲ့ကြားကွာဟမှုတွေ ရှိနိုင်တယ်။ အကောင်းဆုံးနည်းလမ်းကtrial period တစ်ခုပေးပြီး စမ်းတာပဲ။တစ်ဘဝစာအတွက် ဆုံးဖြတ်ချက်ကိုခဏတာပဲရှိတဲ့ data ပေါ်မှာမူတည်ပြီးချလိုက်ရင်ရေရှည်မှာ ဝေဒနာပေါ်မယ်။ Phyo Paing @ Derek

ကိုယ်ဖြစ်ချင်တယ်လို့ ထင်တာနဲ့
တကယ်ဖြစ်ချင်တာနဲ့ကြား
ကွာဟမှုတွေ ရှိနိုင်တယ်။
Read More »

ပညာဆိုတာ ဘူဖေးလိုပဲ

တက်ကျမ်းတွေရဲ့ လမ်းညွန်ချက်တိုင်းကကိုယ်နဲ့ မကိုက်ဘူး။ တချို့က ကိုယ့် goal ကို သူများကိုမပြောရဘူးတဲ့။ တချို့က public announcement လုပ်တဲ့။ တချို့က ရည်မှန်းချက်ပန်းတိုင်ချတဲ့။ တချို့က ရည်မှန်းချက်ပန်းတိုင်ထက်ဘာတွေ ကြောက်သလဲဆိုတာအဓိကစဥ်းစားတဲ့။ ရည်မှန်းချက်တွေက ကိုယ့်ရဲ့ အနာဂတ် အလားအလာကို limit လုပ်နိုင်တယ်တဲ့။ တချို့က multi-tasking မလုပ်နဲ့တဲ့။တချို့က ပြေးရင်းနဲ့ သီးချင်းနားထောင်တာတချို့က လွယ်ကူ ဦးနှောက်သိပ်သုံးစရာမလိုတဲ့ ကိစ္စတွေမှာ multi-task လုပ်လို့ရတယ်တဲ့။ တချို့က ကော်ဖီမသောက်နဲ့တဲ့။ တချို့က Coffee က သွေးထဲမှာ၄ နာရီလောက် ကြာတဲ့အတွက် ညနေပိုင်းမှာ သောက်ပြီး ညပိုင်းenergy ကို သွားခိုးလို့ရတယ်တဲ့။ တချို့က follow your passion တဲ့။တချို့က don’t follow your passion

ပညာဆိုတာ ဘူဖေးလိုပဲ Read More »

မှန်ကန်တဲ့ ရွေးချယ်မှု

ဘဝမှာ အရေးကြီးတာ မှန်ကန်တဲ့ ရွေးချယ်မှုလုပ်နိုင်ဖို့ပဲ။ကျွန်တော့်ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုရဲ့definition က ကိုယ့်ကို ရေရှည်မှာ“ဒုက္ခမရောက်စေတဲ့” ရွေးချယ်မှု။ကိုယ့်ကို “ရေရှည်ပျော်ရွင်စေမည့်” ရွေးချယ်မှု။ Phyo Paing @ Derek

မှန်ကန်တဲ့ ရွေးချယ်မှု Read More »

“ပါဝါ”

အသက်ကြီးလာတော့ တဖြည်းဖြည်းနားလည်တာက လောကကိုလွမ်းမိုးထားတာ “ပါဝါ” ပဲ။ လူတွေက ဒီ “ပါဝါ” ရဖို့ပညာသင်တယ်၊ ရာထူးအာဏာရယူတယ်၊ပိုက်ဆံရှာတယ်။ တချို့ကျတော့ မေတ္တာနဲ့ ပါဝါတည်ဆောက်တယ်။တချို့က ကျွမ်းကျင်မှုနဲ့ ပါဝါတည်ဆောက်တယ်။တချို့က ဘွဲ့တွေနဲ့ ပါဝါတည်ဆောက်တယ်။တချို့ကငွေနဲ့။တချို့က ရာထူးဂုဏ်ရှိန်နဲ့။တချို့က အလှအပနဲ့။တချို့က ခွန်အားဗလနဲ့။တချို့က ဥာဏ်ပညာနဲ့။ တချို့က အပေါင်းအသင်းနဲ့။တချို့က နာမည်ကြော်ကြားမှုနဲ့။ ပါဝါပိုရှိတဲ့သူက ရွေးချယ်မှုပိုရှိတယ်။ဆုံးဖြတ်ပိုင်ခွင့်ပိုရှိတယ်။ သက္က လောကမှာတော့ ဥာဏ်ပိုရှိတဲ့ လူတွေက တိရစ္ဆာန်တွေကို အုံလိုက်ကျင်းလိုက်သတ်ဖြတ်ပြီး မြိန်ရည်ရှက်ရည်စားသုံးကြတယ်။ပြီးတော့ ကိုယ်ချင်းစာတရားရှိသလိုလိုHypocrite တွေ လုပ်ကြတယ်။ လောကမှာ ယုံကြည်တာတွေထဲကတစ်ခုက လောကမှာ ကောင်းကောင်းရှင်သန်ရပ်တည်ဖို့၊ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ကိုယ့်မှာ “ပါဝါ” တစ်ခုတော့လိုတယ်။ Phyo Paing @ Derek

“ပါဝါ” Read More »

ဘဝကို သေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်

ရိုးရိုးလေး စဉ်းစားကြည့်တယ်။ ဘယ်နိုင်ငံမှာပဲနေနေ ၁။ စာဖတ်ရမယ်၂။ လေ့ကျင့်ခန်းလုပ်ရမယ်၃။ တရုတ်နဲ့ အင်္ဂလိပ် skill မကျအောင် လေ့ကျင့်ရမယ်၄။ ဝန်ထမ်းတွေနဲ့ meeting လုပ်ရမယ်၅။ content တွေဖန်တီးရမယ်၆။ coaching/ consultation လုပ်ရမယ် ဒီလို စနစ်ချထားပြီးပြီ။ဒါအကုန်လုံးအတွက်တစ်ရက်ကို ၁၀ နာရီနဲ့ ၁၄ နာရီကြားနားတဲ့ရက်ဆို ၅ နာရီအချိန်ပေးရတယ်။ အင်တာနက်ရှိရင်ဘယ်နေရာမှာ နေနေ အတူတူပဲ။အရင်က location independent Lifestyle design လုပ်ပြီးခရီးတွေထွက်ပြီး အလုပ်လုပ်မလို့ခု ဒေါ်လာစျေးနဲ့က အသစ်တွေပြန်စဉ်းစားနေရတယ်။ Phyo Paing @ Derek

ဘဝကို သေချာ ဒီဇိုင်းလုပ်ဖို့လိုတယ် Read More »

ဘာလုပ်လုပ် စဥ်းစား၊
စွန့်လွှတ််၊ စွန့်စား

ကြုံဖူးလားတော့ မသိဘူးတချို့လူတွေထွက်ပြေးလို့ မလွယ်တဲ့ အရာက ကိုယ့်အနီးနားဆုံးက toxic ဖြစ်တဲ့ သူတွေပဲဖြစ်တယ်။ ဒါက အဖေလဲဖြစ်နိုင်သလို၊ အမေလဲဖြစ်နိုင်တယ်ဆို အံ့သြသလို ဖြစ်လိမ့်မယ်။ဒါမှ မဟုတ်အမျိုးလဲဖြစ်နိုင်သလို၊တခါတလေ ကိုယ်တိုင်လဲဖြစ်နေနိုင်တယ်။ ဒါကြောင့် ဘာလုပ်လုပ် စဥ်းစား၊ စွန့်လွှတ််၊ စွန့်စား။ Phyo Paing @ Derek

ဘာလုပ်လုပ် စဥ်းစား၊
စွန့်လွှတ််၊ စွန့်စား
Read More »