Dr. Phyo Paing

https://yec.company

ကိုယ့်အတွက် ကျည်ဆံက
အချိန်ပဲ

ယောကျာ်းတစ်ယောက်မှာဆာလောက်မှု လိုတယ်။ဘဝဖြတ်သန်းမှုမှာ ထမ်းရတဲ့ဝန်နဲ့လူ့ဘောင်ထဲ လူရိုသေရှင်ရိုသေဖြစ်ဖို့ကမ္ဘာ့ဘိတ်ချီးနိုင်ငံမှာလို့ပိုလို့တောင် အလုပ်လုပ်ရအုံးမယ်။ အသက်ကြီးရင် တက်ကြွမှုကလျော့လာမယ်။တုံးတိုက်တိုက် ကျားကိုက်ကိုက်လုပ်တဲ့စိတ်နည်းလာတတ်ကြတယ်။ ဒါကြောင့်အိမ်မက်တွေအတွက်ဒူပေဒါပေခံပြီး ခပ်ကြမ်းကြမ်းအလုပ်လုပ်ဖို့က 20, 30, 40 ကအကောင်းဆုံးအချိန်ပဲ။50 ကျော်ရင်တောင် နည်းနည်းအိုလာပြီ။အားနည်းနည်း လျော့လာတတ်တယ်။ဒီလိုမဖြစ်ဖို့ကလည်း ငယ်ကတည်းကကြိုပြင်ထားမှ။ စိတ်ဓာတ်ပြင်းထန်မှုက 20, 30 နဲ့မတူတော့ဘူး။ဒါကြောင့် ဘူပိတ်ပြီး စိတ်ညစ်မနေနဲ့။ကိုယ့်အတွက် ကျည်ဆံကအချိန်ပဲ။ မဟုတ်လို့ အသက်အရွယ်တစ်ခုရောက်လို့အဖြစ်မရှိတဲ့အခါ သူငယ်ချင်းတွေကြားသွားရင်တောင် မျက်နှာငယ်နေရလိမ့်မယ်။ Phyo Paing @ Derek

ကိုယ့်အတွက် ကျည်ဆံက
အချိန်ပဲ
Read More »

အရေးကြီးတာ တစ်ရက်တာအတွက်

မနက်ထထလာချင်းမှာစိတ်ညစ်စရာတွေ၊ သောကရစရာတွေမတွေးခြင်းဖြင့် ကိုယ့်ကိုကိုယ်ကူညီလို့ရပါတယ်။​ ဒီကာလမှာ ပြည်တွင်းလုပ်ငန်းရှင်သေး၊ လတ်၊ ကြီး မပြောတာပဲရှိမယ်အားလုံး အနည်းနဲ့အများစဥ်းစားစရာလေးတွေ ရှိတယ်။ အရေးကြီးတာ တစ်ရက်တာအတွက်မနက်အခါက အရေးကြီးတဲ့အတွက်စိုးရိမ်စရာတွေဖြစ်တွေဖြစ်တဲ့ငွေလှဲနှုန်းတွေ၊ လုပ်ငန်းမှာပူပန်မှုတွေ၊ကိုယ့်သားသမီးနဲ့ ကိုယ့်အနာဂတ်အတွက်ပူပန်မှုတွေ စဥ်းစားမည့်အစားမနက်အချိန်က ကိုယ့်ကိုကိုယ်program လုပ်ရမည့်အချိန်ဖြစ်တယ်လို့ယူဆပါတယ်။ တရားထိုင်တာ၊ စာဖတ်တာ၊priming လို့ခေါ်တဲ့ ငါ့ဘဝအတွက်၁။ ပျော်ရွင်စရာ၂။ ရင်ခုန်စရာ၃။ ဂုဏ်ယူစရာ၄။ ကျေးဇူးတင်စရာ၅။ ရည်မှန်းချက်ပန်းတိုင်၆။ နှစ်သက်ပျော်ရွင်ခံစားတဲ့အရာ၇။ ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ်ကချစ်တဲ့သူတွေအကြောင်းစဥ်းစားပုံဖော်ကြည့်ပါ။​ Phyo Paing @ Derek

အရေးကြီးတာ တစ်ရက်တာအတွက် Read More »

ကျေးဇူးတင်စိတ်

အခုအသက်ကို ဝဝရှူနေလို့ရတာဒါက ကိုယ့်ခန္ဓာကိုကျေးဇူးတင်စရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။မဟုတ်လို့ အရင်နှစ်ကလို တတိယလှိုင်းမှာအဆုပ်မကောင်း အသက်ငင်နေရတာဆို တိုင်ပတ်နေမှာ။ အခုချိန် ကိုယ်ချစ်ရတဲ့သူတွေအသက်ရှင်နေသေးတာလဲ ကျေးဇူးတင်စရာဖြစ်နိုင်တယ်။ အခုချိန် ကိုယ့်အနေနဲ့ ကိုယ်လက်အင်္ဂါအစုံနဲ့ကျန်းကျန်းမာမာ အလုပ်လုပ်နိုင်နေသေးတာကျေးဇူးတင်စရာဖြစ်နိုင်တယ်။ အခုချိန်လကုန် ဝန်ထမ်းတွေကိုလစာပေးနိုင်နေသေးတာ ကျေးဇူးတင်စရာဖြစ်နိုင်တယ်။ အခုချိန် မနက်နိုးထ သူငယ်ချင်းတွေနဲ့ ဆက်သွယ်လို့ရနေတာကျေးဇူးတင်စရာဖြစ်ကောင်းဖြစ်လိမ့်မယ်။ အရာရာနောက်ကျ ကမ္ဘာ့ဘိတ်ချေးနိုင်ငံမှာ ကျေးဇူးတင်စရာတွေများများစားစားမရှိပေမယ့်တချို့အသေးအမွှားတွေအတွက်gratitude စိတ်ထားတာဟာ စိတ်ကျန်းမာရေးအတွက် အရေးကြီးတယ်။ Phyo Paing @ Derek

ကျေးဇူးတင်စိတ် Read More »

ဘဝဆိုတာ လှိုင်းပေါ်ရောက်လိုက်
လှိုင်းအောက်ရောက်လိုက်

တချို့အချိန်တွေကျရင်အလုပ်လုပ်နေပြီး ရှေ့သိပ်ရောက်သလိုမဖြစ်plateau phase မှာဖြစ်နေတတ်တယ်။ တချို့အချိန်တွေကျတော့လဲ သေတော့မလိုလောကကြီးကနေ ထွက်ပြေးချင်သလိုရှောင်ပြေးချင်တဲ့ အချိန်တွေလဲကြုံနိုင်တယ်။ ဘဝဆိုတာ အမြဲဒုက္ခရောက်မနေသလိုအမြဲလို သုခဖြစ်မနေဘူး။တစ်လှည့်စီပဲ။ အရေးကြီးတာ လှိုင်းအောက်ရောက်နေချိန်သွေးမပျက်ဖို့ပဲ။ တခါတလေ ဘဝအပြောင်းအလဲဆိုတာတစ်ရက်တည်းမှာလဲ ဖြစ်နိုင်တယ်။ အဲ့ဒီအခွင့်အရေးလာတဲ့အခါ ကိုယ့်ဖက်က ready ဖြစ်နေဖို့ပဲ။ ဒါကြောင့် စိတ်ညစ်စရာတွေကြုံလို့သွေးပျက်မသွားနဲ့။ ကိုယ့်ကိုကိုယ် training ဆင်းနေတယ်လို့စဥ်းစားကြည့်ကြည့်။ ကွန်ဖြူးရှုပ်ပြောသလို Our greatest glory is not in never falling, but in rising every time we fall. — Confucius Phyo Paing @ Derek

ဘဝဆိုတာ လှိုင်းပေါ်ရောက်လိုက်
လှိုင်းအောက်ရောက်လိုက်
Read More »

လဲပြို မသွားဖို့ Structure လိုတယ်

အခုချိန် ပြည်တွင်းမှာရှိနေတဲ့သူတွေအများစုဟာ Stress ဒဏ်ကို အနည်းနဲ့ အများခံကြရတယ်လို့ယူဆတယ်။ တိုးမြင့်လာတဲ့ ဒေါ်လာ၊ ဘတ်၊ ယွမ်နဲ့ကျဆင်းလာတဲ့ ငွေစျေးနှုန်း။ ရောင်းရမလား၊ ရပ်ထားရမလားအပြင်ခိုးဆိုးလုယှက်မှုတွေနဲ့ လုပ်ငန်းအရေး၊ သားသမီးရေးအရဒီမှာပဲ ဆက်နေရမလား၊ ပြောင်းရမလား စဥ်းစားရင်းဒီမှာက အခြေကျနေပြီးနေရာတစ်ခုမှာ ဘဝအသစ်စတယ်ဆိုတာအချိန်တစ်ခု ပေးရတာဖြစ်တဲ့အတွက်တွန့်ဆုတ်နေရတာမျိုးတွေလဲဖြစ်နိုင်တယ်။ ဒီလို ပြဿနာတွေကြားမှာ စိတ်ခံစားမှုတွေနောက်ပဲလိုက်နေ့စဥ် ဘူနေတာကို ကျော်လွှားနိုင်ဖို့နေ့စဥ် reset လုပ်တာ ထိရောက်မှုတစ်ခုတော့ ရှိတယ်လို့ မြင်တယ်။ အများစုက ညနေမှာ ဝိုင်လေးသောက်၊သူငယ်ချင်းတွေနဲ့ တွေ့ပြီးreset လုပ်ကြတယ်။ နောက်ပြီးမနက်ထတိုင်း တရားထိုင်တာဒါက reset လုပ်တာပဲ။ စာအုပ်ဖတ်၊ လေ့ကျင့်ခန်းလုပ်တာreset လုပ်တာပဲ။ ဒီနေ့ တစ်နေ့တော့ပြီးသွားပြီjournaling လုပ် ပြန်သုံးသပ်တာ reset လုပ်တာပဲ။ ဒီလို reset လုပ်ဖို့ structure လိုတယ်။ဘဝမှာ structure

လဲပြို မသွားဖို့ Structure လိုတယ် Read More »

မသေခင် လုပ်ချင်တာတွေ
လုပ်နိုင်သမျှ လုပ်ခဲ့နိုင်ဖို့က
ကိုယ့် တာဝန်ပဲ

လူဖြစ်နေသမျှ ပြဿနာကရှိနေမှာပဲ။ ကျွန်တော်တို့ တာဝန်ကပြဿနာမရှိတဲ့ ဘဝကို နေထိုင်ဖို့မဟုတ်ဘူး။ ပြဿနာတွေထက် သန်မာတဲ့လူတစ်ယောက်ဖြစ်ဖို့လို့မြင်တယ်။ ပြဿနာဆိုတာ စိတ်နဲ့ ခန္ဓာကဖြစ်တယ်။ စိတ်မထားတတ်ရင် ပြဿနာက ဒုက္ခဖြစ်သွားမယ်။ခန္ဓာကလဲ သေချာမထိန်းသိမ်းနိုင်ရင်ဒုက္ခဖြစ်သွားနိုင်တယ်။ အဲ့ဒီ စိတ်နဲ့ ခန္ဓာကို သေချာတိုးတက်ကောင်းမွန်အောင် အချိန်ပေးထိန်းသိမ်းဖို့လိုတယ်။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက်အလုပ်စီးပွား ရှာတာအပြင် စိတ်အတွက်စာဖတ်၊ တရားထိုင်၊ခန္ဓာအတွက် လေ့ကျင့်ခန်းလုပ်၊အစားအသောက်ဆင်ခြင်။ ဘဝမှာ တစ်နေ့သေမှာပဲ။ မသေခင် လုပ်ချင်တာတွေလုပ်နိုင်သမျှ လုပ်ခဲ့နိုင်ဖို့က ကိုယ့် တာဝန်ပဲ ဘဝဆိုတာ အိမ်ထောင်ကျသားမွေး၊ အို၊ နာ၊ သေထက်အများကြီးပိုတယ်လို့ယူဆထားတယ်။ Phyo Paing @ Derek

မသေခင် လုပ်ချင်တာတွေ
လုပ်နိုင်သမျှ လုပ်ခဲ့နိုင်ဖို့က
ကိုယ့် တာဝန်ပဲ
Read More »

ဦးနှောက်မုန်တိုင်း ဆင်ရတာ အားမရတော့ဘူး။

ဘဝမှာ စီးပွါးရေးအတွက် အဖြေရှာတိုင်းစာရွက်တွေ သုံးပြီး planning လုပ်ရတာ၊ဦးနှောက်မုန်တိုင်း ဆင်ရတာ အားမရတော့ဘူး။ အကြံပေး .com ကို သုံးတယ်။ကိုယ်လဲ သုံးတယ်။ကိုယ့်လိုလူတွေ သုံးလို့ရအောင် စီစဉ်ထားတယ်။ ကိုယ်ပျော်တဲ့ အလုပ် ကိုယ်လုပ်နေတာ အရသာရှိတာပဲ။ Akyanpay.com #Akyanpay

ဦးနှောက်မုန်တိုင်း ဆင်ရတာ အားမရတော့ဘူး။ Read More »

Discipline is Destiny ဆိုတာ

စိတ်ပါပါ မပါပါ လုပ်သင့်တာကိုနေ့စဉ် လုပ်နေတာ စည်းကမ်းပဲ။အလုပ်စည်းကမ်း ကျင့်ဝတ်လိုတယ်။​အချောင်ရတိုင်း အချောင်ခိုရင်ကိုယ်ပါ ငပျင်းဖြစ်သွားမယ်။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ ​တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့strong work ethic ရှိဖို့လိုတယ်။ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ရမယ်။စိတ်မပါလို့၊ အသည်းကွဲလို့၊စိတ်ညစ်လို့၊ အာရုံမလာလို့ဆိုပြီးမလုပ်လို့ မရဘူး။Discipline အရေးကြီးတယ်။Discipline is Destiny ဆိုတာဒါကို ဆိုတာ။ Phyo Paing @ Derek

Discipline is Destiny ဆိုတာ Read More »

ဘဝမှာ လူအများနဲ့ မတူချင်ရင်
လျှို့ဝှက်ချက်တွေရှာရမယ်လို့မြင်တယ်

ဥပမာ လူအများစုမသိတဲ့ကိုယ့်ရဲ့ စိတ်ကို စီမံခန့်ခွဲတဲ့နည်းသိတဲ့အခါ။လူအများစု မသိတဲ့ စီးပွားရေးလမ်းကြောင်းသိတဲ့အခါ။လူအများစု မသိတဲ့ မားကတ်တင်းနည်းစနစ်ကို သိရှိအသုံးချမိတဲ့အခါ။ လောကမှာ လျှို့ဝှက်ချက်တွေရှိတယ်။တချို့က open secretsကျင့်သုံးရုံပဲ။​ တချို့က လူသိနည်းတဲ့ လျှို့ဝှက်ချက်။​ကိုယ့်မှာလူသိနည်းပြီး ကိုယ့်ကိုအပြောင်းအလဲ​လုပ်ပေးမည့်လျှို့ဝှက်ချက်တွေ ရှိပြီလား? ဒီလျှို့ဝှက်ချက်က အချိန်ကုန်တာတွေကိုခြွေတာပေးနိုင်တယ်။​ဒီလျှို့ဝှက်ချက်က ကိုယ့်ရဲ့အစွမ်းအစငွေကြေး၊​ ရည်မှန်ချက်ပန်းတိုင်ရောက်အောင်မြန်မြန် ဆောင်ရွက်ပေးစေနိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ လူအများနဲ့ မတူချင်ရင်
လျှို့ဝှက်ချက်တွေရှာရမယ်လို့မြင်တယ်
Read More »