Dr. Phyo Paing

https://yec.company

ဒါကြောင့် ခဏတာ ပြဿနာဖြစ်တာနဲ့
စိတ်မညစ်လိုက်နဲ့။

Entrepreneurship လို့ပြောလိုက်ရင် ပြိုင်ပွဲတွေဝင် ဆုတွေရ။ လူတွေက အထင်ကြီး။ တော်တော်မိုက်တယ်ပေါ့။ Superstar ကြီးဖြစ်နေရော။ ကိုယ့် idea ကိုခိုးမှာကြောက်၊ ကိုယ့် plan ကို ခိုးမှာကြောက်၊secret လို keep လုပ်ထားချင်ကြတယ်။ တကယ့် Entrepreneur ဘဝဆိုတာ အဲ့လို မဟုတ်ဘူး။ Entrepreneur တွေမှာ အဆိုးဆုံးကို ကြိုတွေးထားပြီးအကောင်းမြင်စိတ် အင်မတန်များဖို့အရမ်းအရေးကြီးတယ်။ Idea ဆိုတာ တကယ်အကောင်အထည်မဖော်ရင် တန်ဖိုးမရှိဘူး။ ကျွန်တော်လဲ အရင်က အဲ့လို စာဖတ်တဲ့ app လုပ်ဖို့ရည်ရွယ်ထားတာပဲ။အဲ့ဒါကျွန်တော်စဥ်းစားမိတဲ့ idea ပဲ။ အဲ့ဒါတွေက အလကားပဲ။ Idea က အိုင်ဒီယာပဲ drama တွေမများနဲ့။ ဒါကို အကောင်ထည်ဖော်တဲ့ Implementation က အဓိကပဲ။ ဘဝ အပြောင်းအလဲဖြစ်ဖို့က

ဒါကြောင့် ခဏတာ ပြဿနာဖြစ်တာနဲ့
စိတ်မညစ်လိုက်နဲ့။
Read More »

ပိုက်ဆံဆိုတာ လောင်စာပဲ

စီးပွားရေးလုပ်တာကိုစမ်းသပ်မှုတစ်ခုလုပ်တာလို့ပဲယူဆထားတယ်။​ဒီစမ်းသပ်မှုက တွေ့ရှိချက်တွေကိုကိုယ့်အသိမိတ်ဆွေ၊clients တွေကို ပြန်မျှဝေတယ်။လျှို့ဝှက်ထားတာ မရှိဘူး။ဘာကြောင့်လဲဆိုတော့နေ့စဥ် အသစ်တွေ တွေ့ရှိနေလို့ပဲ။ နေ့စဥ်နေ့တိုင်းက ကိုယ့်ရဲ့ဦးနှောက်ပါဝါကို ပိုတိုးတက်စေနိုင်ရမယ်။ငွေရှာနိုင်စွမ်းကို ပိုတိုးတက်စေနိုင်ရမယ်။personal, professional နဲ့ businessတိုးတက်မှုကို အထက်အကူပြုရမယ်။ ပိုက်ဆံဆိုတာ လောင်စာပဲ။စီးပွားရေးဆိုတာ ကားတစ်စီးပဲ။ကိုယ်က driver ပဲ။ကိုယ်မောလာရင် မောင်းဖို့လူလဲကြိုရှာထားရတယ်။ Phyo Paing @ Derek

ပိုက်ဆံဆိုတာ လောင်စာပဲ Read More »

အဆင်မပြေ၊ အပေါက်အလမ်းမတည်တဲ့
နေ့တွေက သင်ခန်းစာယူ

ဘဝမှာ ဘာလုပ်လုပ် တင့်တယ်တဲ့အချိန်တွေရှိသလိုဘာလုပ်လုပ် အပေါက်အလမ်းမတည့်တဲ့အချိန်တွေရှိတတ်တယ်။အခါပေးကြည့်ပြီးမှာအလုပ်လုပ်လို့မရဘူး။အဆင်မပြေ၊ အပေါက်အလမ်းမတည်တဲ့နေ့တွေက သင်ခန်းစာယူရှေ့ဆက်ရမှာပဲ။ရက်ရာဇာ၊ ပြဿဒါးကြည့်ပြီးမှာအလုပ်လုပ်နေရင် ရှေ့မြန်မြန်ရောက်ဖို့ထင်သလောက် မလွယ်ဘူး။ Phyo Paing @ Derek

အဆင်မပြေ၊ အပေါက်အလမ်းမတည်တဲ့
နေ့တွေက သင်ခန်းစာယူ
Read More »

စီးပွားရေးလုပ်တယ်ဆိုတာ

စီးပွားရေးလုပ်တယ်ဆိုတာ တခြားသူရဲ့ ပြဿနာကို ဖြေရှင်းပေးတာ။ ဖောက်သည်တွေရဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်ရင်လုပ်ငန်းအောင်မြင်မယ်။ ဒါကြောင့် ဖောက်သည်တွေဘာလိုချင်လဲ၊ ဘာမလိုချင်ဘူးလဲသေချာသိရသလို စဥ်းစားပုံစဥ်းစားနည်း၊ ယဥ်ကျေးမှုဒါတွေကို လဲ သိရတယ်။ စီးပွားရေးလုပ်တယ်ဆိုတာ How to start a business တို့ How to make money online တို့How to get rich တို့ online က ရှာနေရုံနဲ့ မပြီးသွားဘူး။ ပိုက်ဆံရှာချင်ရင် ဖောက်သည်တွေကြုံနေတဲ့ပြဿနာကိုအရင်ရှာ။ ဖောက်သည်တွေရဲ့ ပြဿနာတွေကိုတခြားသူတွေ၊ ပြိုင်ဖက်တွေထက်အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းပေး။ ဒါက အောင်မြင်မှုရဲ့ formula လို့ပဲထင်တယ်။နောက်ပြီး လူတိုင်း ကိုယ့်ဖောက်သည်မဖြစ်နိုင်ဘူးဆိုတာလဲ သတိပြုဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စီးပွားရေးလုပ်တယ်ဆိုတာ Read More »

အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းက
တွက်ကပ်မနေဘူး။

အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းက တွက်ကပ်မနေဘူး။ ခပ်ကြီးကြီး စဥ်းစားပြီး တချို့အသေးလေးတွေကို စတေးတယ်။ဘယ်သူ့ကို ဘယ်လိုခိုင်းရမလဲဆိုတာသိတယ်။ ဂါဝရ တရားရှိပြီး ကိုယ့်ဖက်က အရင်ပေးလိုက်ရမှာရင်းလိုက်ရမှာ တွန့်တိုလေ့မရှိဘူး။ သိထားတဲ့ သတင်းအချက်အလက်ကိုအကောင်အထည်ဖော်တာ အရမ်းမြန်တယ်။ အရာရာကို သိမှ စမယ်ဆိုတာထက်စရင်းနဲ့ ပိုသိသွားတဲ့လူတွေများတယ်။ ပြဿနာတစ်ခုကြုံရင် ဘယ်သူ့အပြစ်တင်ရမလဲ စဥ်းစားတာထက်နောက်တစ်ခါ ဒါမကြုံအောင်ဘယ်လိုလုပ်မလဲ စဥ်းစားတယ်။ ကြောက်စိတ်တွေကြောင့် စိတ်ညစ်နေတာထက် အဖြေရှာပြီး မဖြစ်ဖြစ်အောင် လုပ်တဲ့သူတွေ။ ဘူပိတ်တဲ့ လုပ်ငန်းရှင်တွေကျတော့ကိုယ့်ဖက် ရဖို့အရင်စဥ်းစားတယ်။ကိုယ့်ဖက်က အရင်မပေးချင်ဘူး။ အလကား လိုချင်တာများတယ်။ တစ်ခုခုဆို ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့်၊ သူ့ကြောင့်ဒီလိုဖြစ်သွားတာ ဆိုတာမျိုးလုပ်တတ်တယ်။ အောင်မြင်ရင် သူ့ကြောင့်။မအောင်မြင်ရင် သူများကြောင့်ဆိုတဲ့သူမျိုး။ အသေးစိတ် တွက်ကပ်ပြီးအမြင်ကျယ်ကျယ် မထားနိုင်ဘူး။ မသိတာ တစ်ခုအတွက် မာန်မချဘူး။ ငါသိ၊ ငါတတ်။ အောင်မြင်တဲ့လုပ်ငန်းရှင်အများစုအစချီတာက ကျွန်တော်၊ ကျွန်မက“ဘားမှ မသိဘူးနော်”

အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းက
တွက်ကပ်မနေဘူး။
Read More »

လူတွေကို မွဲစေတဲ့အရာ သုံးခုရှိတယ်။

လူတွေကို မွဲစေတဲ့အရာ သုံးခုရှိတယ်လို့ဝါရင်းဘူဖက်က ပြောတယ်။ Ladies, Liquor နဲ့ Leverage တဲ့။ မိန်းမ၊ အရက်နဲ့ အကြွေးဆိုပါတော့။Robert T. Kiyosaki တို့က ချမ်းသာချင်ရင် သူအများအချိန်ကိုသုံး၊သူများအတွေ့အကြုံကို ငှား၊သူများငွေကို သုံးလို့ပြောခဲ့တယ်။သူပြောတာ မှန်သင့်သလောက်မှန်တယ်။ သူများငွေကို သုံးဆိုတဲ့ Other people’s money (OPM) နဲ့အလုပ်လုပ်တဲ့အခါ ကမ္ဘာ့ချမ်းသာတဲ့သူအများစုကို ကြည့်ကြည့်Personal debt နဲ့ လုပ်တဲ့သူမများဘူး။ အကုန်လုံးက အကြွေးယူရင်တောင်business နဲ့သွားတယ်။စာရင်းတွေကို ခွဲထားတယ်။ နောက်ပြီး ဒီလူတွေက Equity financing လုပ်ငန်းတစ်ခုရဲ့ share တစ်ခုကိုရောင်းပြီးFund-raising လုပ်နိုင်စွမ်းရှိတယ်။ ဘဝမှာ စဥ်းစားမိတာ…လုပ်ငန်းစလုပ်မယ်ဆို အကြွေးယူပြီးမလုပ်နဲ့။ တိုင်ပတ်ဖို့ ရာခိုင်နှုန်းများတယ်။စီးပွားရေးကောင်းနေရင် သတိထား။ သုံးဖြုန်း ပျော်ပါးတာမျိုးလုပ်တာထက်အနာဂတ်မှာ အမြတ်ပြန်ရနိုင်မည့်အရာမျိုးမှာရင်းနှီးမြုပ်နှံမှုပြန်လုပ်။ ပေးရန်ရှိ ရရန်ရှိကို

လူတွေကို မွဲစေတဲ့အရာ သုံးခုရှိတယ်။ Read More »

အရာရာ သုညဖြစ်သွားရင်တောင်
တန်တယ်

ကိုယ့်ကိုကိုယ်နားလည်အောင်လုပ်ရတာအခက်ဆုံးပဲ။ကိုယ့်ကိုကိုယ် နားလည်သတိပြုမိတာကိုself-awareness လို့ခေါ်တယ်။ ကိုယ့်ကိုကိုယ်နားမလည်ရင်ကိုယ့်ကို ဘယ်အရာက ပျော်စေလဲ။ဘယ်အရာက စိတ်ညစ်စေလဲ။ကိုယ်ဘယ်လို စဥ်းစားတတ်လဲ။ဘာကို ယုံကြည်သလဲ။ဘယ်အချိန်မှာ ဘယ်လိုခံစားချက်ဖြစ်တတ်ပြီးဘယ်လို ပြုမူတတ်သလဲ မသိနိုင်ဘူး။ ကိုယ့်ရဲ့ အားသာချက်၊အားနည်းချက် မသိရင်ကောင်းမွန်တဲ့ ကိုယ့်ကိုကိုယ်တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ လူတိုင်းက မတူညီတဲ့ မျက်မှန်တွေနဲ့ကမ္ဘာကြီးကို ကြည့်ကြတယ်။​အရောင်အသွေးကလဲ မတူကြဘူး။မတူညီတဲ့ ပေတံတွေနဲ့တိုင်းတာကြတယ်။​စိတ်တိုင်းကျမှုတွေကလဲ​ မတူကြဘူး။ ကိုယ့်ကိုကိုယ် ပုံပြင်တစ်ပုဒ်ပြောထားတယ်။ငါက စမ်းသပ်မှုတစ်ခုပဲ။မွေးကတည်းက ဘာမှ မရှိဘူး။ဘဝမှာ ရှိလာတဲ့အရာတိုင်းကအမြတ်ပဲ။ကိုယ့်အသက်အရွယ်နဲ့ကိုယ်လုပ်ချင်တာတွေလဲ လုပ်ခဲ့ပြီးပြီ။ဆက်လုပ်ချင်တာ စမ်းသပ်ချင်တာစမ်းသပ်နေမယ်။အရာရာ သုညဖြစ်သွားရင်တောင်တန်တယ်။ လူတိုင်းကို မကူညီနိုင်ပေမယ့်ကိုယ်ကူညီတဲ့သူတွေ၊ကိုယ် service ပေးတဲ့သူတွေတကယ်အပြောင်းအလဲဖြစ်ရမယ်။ Phyo Paing @ Derek

အရာရာ သုညဖြစ်သွားရင်တောင်
တန်တယ်
Read More »

သောက်တလွဲတွေ မျှော်လင့်ထားပါ

ဘဝမှာ မေးခွန်းတွေ အများကြီးမေးဖူးတယ်။Life-after-death ဆိုတာ တကယ်ရှိသလား။ အရင်ဘဝကို မှတ်မိတယ်ဆိုတာ စိတ်ပညာအရ Extrasensory Perception (ESP) နဲ့များဆိုင်မလား။ Telepathy ဆိုတာ တကယ်ရှိသလား။ Chakras တွေပွင့် third eye ပွင့်ရင်Intuition မြင့်ရင် အလိုလိုသိစိတ်မြင့်သလား။ ငယ်ငယ်ကဆိုလဲ တစ်ခုခုဆို အမေဆူမှာဆိုးလို့ လိမ်မိတာရှိတတ်တယ်။ငါးတွေမြှားတုန်းက သူများအသက်သတ်မိတာရှိတယ်။ အရက်ဘီယာလဲ သောက်ဖူးတယ်။(အခုတော့ ဝိုင်ပြောင်းသောက်တယ် lol)Pirated software တွေလဲ အသုံးပြုဖြစ်တော့ငါလဲ ငါးပါးသီလ မလုံဖူးတော့ သေရင် ငရဲကျနိုင်တာပဲ။ အဲ့လိုအတွေးတွေနဲ့ ခေါင်းထဲ clarity မရှိခဲ့တဲ့အချိန်တွေမှ မနည်းဘူး။ လူတွေက DNA ကို အပြောင်းအလဲလုပ်လို့ရတယ်။ဒါကို Epigenetics လို့ခေါ်တယ်ဆိုတော့စမ်းသပ်ဖူးတယ်။အတွေးနဲ့ ပတ်ဝန်းကျင်ပြောင်း၊အနောက်အပြုအမူပြောင်းရင် ကိုယ့် gene ကိုပြောင်းလို့ရတယ်ဆိုတာ အမှန်ပဲ။ မိရိုးဖလာ

သောက်တလွဲတွေ မျှော်လင့်ထားပါ Read More »

ဘဝမှာ ဒုက္ခမရှိရင် သုခဆိုတာကို
သိဖို့ မလွယ်ဘူး။

ဘဝမှာ ခံစားချက်ဆိုတာ နှိုင်းယှဉ်ဖို့ကနေလာတဲ့အတွက်အနာဂတ်အတွက် မျှော်မှန်းချက်ကို အနိမ့်ဆုံးထားထားပြီး ကိုယ်လုပ်နိုင်တာကိုပဲ အားထည့်လုပ်လိုက်တယ်။ ကိုယ့်ဘဝ ကိုယ့် control အောက်မရှိရင်တိုင်ပတ်ပြီသာမှတ်။ အနည်းဆုံးတော့ ကိုယ့်အချိန်ကို ဘယ်လိုအသုံးချရမယ်ဆိုတဲ့ control လေးတော့ရှိဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ ဒုက္ခမရှိရင် သုခဆိုတာကို
သိဖို့ မလွယ်ဘူး။
Read More »

မြန်မာပြည်မှာ SME လုပ်တယ်ဆိုတာ

မြန်မာပြည်မှာ SME လုပ်တယ်ဆိုတာ မြက်စားနေရသလိုပဲ။တကယ်တမ်း တစ်လ သိန်း ၁၀၀ အထက်အသားတင်ကျန်တယ်ဆိုတာ ရာခိုင်နှုန်းအရ တော်တော်နည်းတယ်။ သိန်း ၁၀၀ အထက်ကို မရောက်တဲ့ လုပ်ငန်းအသေးအများစုက ၁။ အချိန်ကောင်းကို မမှီခဲ့ဘူး။ လုပ်ငန်းတိုင်းမှာ အချိန်ကောင်းဆိုတာရှိတယ်။ဒီ timing ဟာ လုပ်ငန်းတစ်ခုရဲ့ ကံကြမ္မာကို အကြီးအကျယ်အပြောင်းအလဲဖြစ်စေတဲ့ အချိန်ပဲ။အဲ့ဒီ timing ဟာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနဲ့နည်းပညာ အကြီးအကျယ်ပြောင်းတိုင်းပြောင်းပြောင်းနေတယ်။ ဖုန်းလောကဆို 2014 July လောက်မှာပေါ့။ မန်းလေးဆိုလဲ ဝင်းဝင်းအကင်ခေတ်ကနေအရသာတစ်ခေတ်ပြောင်း Dad တို့၊ Hot La La တို့ခေတ်ပေါ့။ ၂။ Buyers with Power မရှိဘူး။ ဘာရောင်းလဲဆိုတာထက် ဘယ်သူ့ကို ရောင်းလဲဆိုတာ အရမ်းအရေးကြီးတယ်။ ၃။ အပြောင်းအလဲ

မြန်မာပြည်မှာ SME လုပ်တယ်ဆိုတာ Read More »