ဘာလို့ နေ့တိုင်းစာဖတ်သင့်သလဲ။
ခေါင်းထဲအတွေးအခေါ်အသစ်ဝင်လာတာနဲ့စဥ်းစားတာ မတူတော့ဘူး။ စဥ်းစားတာမတူရင် အမြင်မတူတော့ဘူး။အမြင်မတူရင် လုပ်ရပ်မတူတော့ဘူး။လုပ်ရပ်မတူရင် ရလဒ်မတူတော့ဘူး။ Thinking -> Perception -> Action -> Result Phyo Paing @ Derek
ခေါင်းထဲအတွေးအခေါ်အသစ်ဝင်လာတာနဲ့စဥ်းစားတာ မတူတော့ဘူး။ စဥ်းစားတာမတူရင် အမြင်မတူတော့ဘူး။အမြင်မတူရင် လုပ်ရပ်မတူတော့ဘူး။လုပ်ရပ်မတူရင် ရလဒ်မတူတော့ဘူး။ Thinking -> Perception -> Action -> Result Phyo Paing @ Derek
ဖန်တီးမှု အသစ်မရှိတဲ့လုပ်ငန်းရေရှည်ရပ်တည်နိုင်ဖို့ မလွယ်တဲ့ ခေတ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
အသက် 42-62 လို့ဆိုတယ်။အဲ့ဒီအချိန် ငွေကြေး၊ ပါဝါနဲ့ဘဝမှာ လူရိုသေရှင်ရိုသေအချိန်တစ်ခုရောက်ပြီ။ ဒီမတိုင်ခင် 21-41 ကဘာအလုပ်ဖြစ်တယ်။ဘာအလုပ်မဖြစ်ဘူး ရှာဖွေစမ်းသပ်တဲ့Discovery 💡 လုပ်တဲ့ကာလပေါ့။ဒီကာလမှာ ကြောက်ပြီးPlay safe မလုပ်မိဖို့ တော်တော်အရေးကြီးတယ်။ အလုပ်ထွက်စရာရှိ ထွက်လိုက်။စဖို့ရှိတဲ့ idea တွေ စလိုက်။အဲ့လို ကိုယ့်ကိုကိုယ် အားပေးပြီးလုပ်လာခဲ့တာ။ Phyo Paing @ Derek
ခင်ဗျားရဲ့ အနီးစပ်ဆုံးသမီးရည်းစား၊ လင်မယား၊မိဘတွေကကိုယ့်ကို judge မလုပ်ပဲကိုယ့်ရဲ့အရှိကို အရှိအတိုင်းလက်ခံပြီးကိုယ့်ရဲ့ဖြစ်တည်မှုအတွက်ထပ်တူဂုဏ်ယူတဲ့အခါခင်ဗျားဘဝ ပြောင်းလဲပြီ။ ဘေးမှာနေပြီး ဝေဖန်တာဟာအစွမ်းအစတွေကို ဆိတ်သုန်းစေတယ်။ Parenting မှာလဲ အဲ့လိုပဲစဉ်းစားတယ်။ဘာဖြစ်ရမယ်ဆိုတဲ့ expectation မရှိဘူး။ဘဝမှာ ပျော်ပျော်ရွင်ရွင်နဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ပဲလေ့ကျင့်ပေးထားဖို့ စဉ်းစားထားတယ်။ Phyo Paing @ Derek
ဘေးမှာနေပြီး ဝေဖန်တာဟာ
အစွမ်းအစတွေကို ဆိတ်သုန်းစေတယ်။ Read More »
ငါပိုကောင်းတာရလာလိမ့်မယ်လို့အကြွင်းမဲ့ယုံကြည်တယ်။အဲ့လိုလဲ အမြဲဖြစ်ဖြစ်လာတတ်တယ်။ Phyo Paing @ Derek
ကိုယ့်ဘဝကို အကြီးအကျယ်အပြောင်းအလဲဖြစ်သွားစေတယ်။ Phyo Paing @ Derek
လူတိုင်းမှာ bad day ရှိတတ်ကြတယ်။ဒီ bad day ကြောင့် အကြည်ဓာတ်positive vibes လဲ ပျောက်ကောင်းပျောက်မယ်။ အဲ့ဒီအချိန် ဘာလုပ်သင့်လဲဆိုရင်တုန့်ပြန်ဖို့ react လုပ်တာကို လျော့ကြည့်ကြည့်။ အဲ့ဒီတစ်ရက်တာကို ပြန် သုံးသပ်ကြည့်။ပုံမှန်အားဖြင့် bad day ဆိုတာတစ်စုံတစ်ယောက်အပြုအမူကြောင့်ကိုယ့်စိတ်ခံစားမှုကို လွမ်းမိုးတာများတယ်။ ဒိီတော့ bad day ဖြစ်တဲ့ အခြေအနေကိုပြန်မေးကြည့်ကြည့်။ငါ ဒီက ဘာသင်ခန်းစာရသလဲ။နောက်တစ်ခါ ဒီလိုမဖြစ်အောင်ဘယ်လို ဥပဒေတွေ၊ အထာလေးတွေထားမလဲ။ ပုံမှန်တော့ mental toughness training တွေသေချာလုပ်ထားရင် ပြဿနာဘယ်လောက်ကြုံကြုံ သွေးမပျက်အေးဆေးလေး ဖြတ်သန်းနိုင်တယ်။ ဘယ်သူနဲ့ တွေ့ပြီးရင် ပြဿနာတွေဖြစ်တတ်လဲ။ဘယ်လို အလုပ်တွေလုပ်မိရင်ပြဿနာတွေ ပိုတက်တတ်လဲ ပြန်မေးကြည့်ပြီးကိုယ့်ရဲ့ ဘဝနေထိုင်မှုစနစ်ကိုပြင်သွားလို့ရတယ်။ Phyo Paing @ Derek
အသက်ရှင်နေတုန်း ကိုယ့်ရဲ့အကောင်းဆုံး version တည်ဆောက်ဖို့က ကိုယ့်ရဲ့တာဝန်ပဲ။ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ဖို့လိုတယ်။ ကိုယ့်နဲ့ အကောင်းဆုံးတွေပဲထိုက်တန်တယ်ဆိုတာ သိဖို့လိုတယ်။ဒီအသိနဲ့ အလုပ်ကို သေချာလုပ်ဖို့လိုတယ်။ Phyo Paing @ Derek
အကောင်းဆုံး version
တည်ဆောက်ဖို့က ကိုယ့်ရဲ့တာဝန်ပဲ။ Read More »
အလုပ်တစ်ခုကို နေ့စဥ်နေ့တိုင်းမပျက်မကွက်လုပ်တဲ့အခါ တစ်နှစ်လောက်နေရင်အသီးအပွင့်ကို စခံစားလာရပြီ။ဒီအသီးအပွင့်အရသာကို သိသွားခဲ့ရင် အရင်နေနေကျပုံစံကိုပြန်သွားချင်မှာ မဟုတ်ဘူး။ ဒါကြောင့် တစ်ရက်ကိုမဖြစ်မနေဖြစ်အောင်လုပ်မည့်must-do list ငါးခုလောက်ထားထားခြင်းကကိုယ့်ရဲ့ productivity ကို တက်စေတယ်။ Phyo Paing @ Derek
Fitness အရင်တုံးက အပေါ်ယံကြည့်ပြီးဒီကောင်တွေ တော်တော်အားတယ်ကွာအလေးတုန်းကြီးတွေကို အချိန်ကုန်ခံပြီးမနေရတယ်လို့။ six packs တို့ဘာတို့ ဘာလုပ်မလဲ။ အချိန်ကုန်လို့ဆိုတဲ့ အတွေးရှိခဲ့ဖူးတယ်။ တကယ်လေ့လာလေလေ သိလာလေလေကfitness ဆိုတာ လှဖို့ aesthetics နဲ့ physique အတွက်ပဲ လုပ်တာမဟုတ်ဘူး။ ရွေ့လျားနိုင်မှု၊ ပျော့ပြောင်းမှု၊ ခွန်အား၊ဗလ၊ ကြံံ့ခိုင်မှု၊ သွက်လက်မှု ဒါတွေပါတယ်။ တစ်နေ့ YouTube ကြည့်နေရင်းChris Heria ရဲ့ video တစ်ခုတွေ့တယ်။လွန်ခဲ့တဲ့ ကိုးလလောက်က။ဒါနဲ့ fitness ကို စိတ်ဝင်စားပြီးလေ့လာကြည့်တယ်။ Cross-fit တို့ functional fitness တို့၊ HIT တို့၊ traditional resistance training တို့၊Calisthenics တို့ မျိုးစုံတွေ့တယ်။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်။ ဒါနဲ့ Diet