ဘယ်အလုပ်မဆို
အပေါ်ယံကြည့်ရင်
လွယ်လွယ်လေး။
သူတပါးအလုပ်ကိုသေချာမသိပဲအထင်သွား မသေးလိုက်ပါနဲ့။ Phyo Paing @ Derek
သူတပါးအလုပ်ကိုသေချာမသိပဲအထင်သွား မသေးလိုက်ပါနဲ့။ Phyo Paing @ Derek
Core Values ဆိုတာ လုပ်ငန်းရဲ့ဝိညာဉ်ပဲ။မှန်တယ်မှားတယ်ကိုဒီ core values က ဆုံးဖြတ်ပေးတယ်။ ဘယ်လို စိတ်နေစိတ်ထားနဲ့အလုပ်လုပ်မယ်ကို ဒီ core values ကလမ်းပြပေးတယ်။ Core Values ဆိုတာ လုပ်ငန်းကို ဦးဆောင်၊ တည်ထောင်သူရဲ့ personal values တွေကို reflect လုပ်တယ်။ ကျွန်တော်တို့ Team ထဲလာမယ်ဆိုရင်Customer first ဖြစ်ရမယ်။ကတိတည်ရမယ်။ Move fast ဖြစ်ရမယ်။ မြန်ရမယ်။အလုပ်ကို ဇိမ်ခံပြီး လုပ်နေလို့မရဘူး။ Work hard ဖြစ်ရမယ်။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ရမယ်။work-life balance ဆိုတာ မရှိဘူး။Work is life ပဲ။ တကယ်လို့ work-life balance ဆိုရင်ရွေးချယ်စရာအလုပ်တွေအများကြီး။ကိုယ်လဲ အဲ့လိုပဲနေတယ်။Work-life balance ပေးနိုင်တဲ့MNC လဲ
အလုပ်လုပ်တဲ့အခါ
ကိုယ့် orgnanization ရဲ့
core values ကို
လေ့လာပါ။ Read More »
ဆယ်တန်းမှာ ဂုဏ်ထူးမထွက်တာမတော်လို့မဟုတ်ဘူး။ Formula မတွေ့သေးလို့။ ဘာ့ကြောင့် Top Ten ဝင်နေကျနေရာဂုဏ်ထူးထွက်များတဲ့နေရာတွေကပုံမှန်ဂုဏ်ထူးတွေထွက်နေရတာလဲဆိုရင်Formula ရှိလို့ပဲ။ ဆယ်တန်းတုန်းက သင်္ချာ ရှစ်ခန်း circle ထိကြည့်တယ်။ ကျန်တဲ့အခန်း ဥပမာ အခန်း ၁၂Differentiation လိုအခန်း ၁ မှတ်တန်ပဲကြည့်တယ်။တခြားဘာသာတွေလဲ အလားတူပဲ။ ဘဝမှာ အောင်မြင်တဲ့သူတွေကသဲလွန်စတွေချန်ခဲ့တယ်။ Success leaves clues ပါ။ ဒါ့ကြောင့် ဘာလုပ်လုပ် Formula ကိုတွေ့အောင်ရှာရမယ်။ Phyo Paing @ Derek
လီကွမ်းယူတစ်ခါကပြောသလိုတရုတ်မှာ လူတစ်ထောင်မှာတစ်ယောက် လူတော်ထွက်ရင်ကို1.4 Million ရှိတယ်။ ဒါကို စလုံးအနေနဲ့ဘယ်လိုယှဉ်မလဲ။ လူတိုင်း ပညာတတ်မှရမယ်တဲ့။ ကိုယ်အလုပ်လုပ်ချင်စိတ်မရှိတော့ရင်ကိုယ့်ကိုကိုယ် တရုတ်ရောက်နေတယ်လို့စိတ်သွင်းလိုက်တယ်။ သူတို့ဆီမှာ နေရာတစ်ခုရဖို့ 996 လုပ်တာတောင် မသေချာဘူး။မနက် ၉ ည ၉ နဲ့ တစ်ပတ် ၆ ရက်။ ဒါကတချို့လုပ်ငန်းတွေအတွက်ရှင်သန်ဖို့တောင် အာမမခံနိုင်ဘူး။ အဲ့လိုစိတ်စဉ်းစားလိုက်ရင်ငါလုပ်တာ ဘားမှမဟုတ်သေးဘူးခံစားလာရတတ်တယ်။ ဒီမှာသာ 996 နဲ့ အလုပ်ကိုပိုးစိုးပက်စက်လုပ်ကြည့်ပါလား။ရလဒ်က ချက်ချင်းရတယ်။နိုင်ငံရေးကောင်းရင် ပိုကောင်းတာပေါ့။အခုလို အစစအရာရာဆုပ်ယုတ်နေတဲ့အချိန်မှာပိုလို့တောင် လုပ်ရအုံးမယ်။ Phyo Paing @ Derek
အလုပ်လုပ်ဖို့ ပျင်းတော့မယ်ဆို ဒီလိုစဉ်းစားကြည့်တယ်။ Read More »
စနစ်ဘယ်လောက်ကောင်းကောင်းလူမကောင်းရင် တိုင်ပတ်မှာပဲလုပ်ငန်းရှင်အမျိုးတို့။ ဒါကြောင့် စနစ်ကောင်းကိုတည်ဆောက်ချိန်မှာ ဝန်ထမ်းကောင်းသေချာရွေးချယ်ပါ။ စနစ်ကျဖို့ hiring ဝန်ထမ်းရွေးချယ်မှုကစတင်ပါတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
လူအများစု မေးကြည့်ခင်ဗျာဘာကြောင့်အသက်ရှင်နေတာလဲသာမာန်လူအများစုမှာအဖြေမရှိကြဘူး။ Financial freedom ရချင်လို့။ဒါရရင် ဘာလုပ်မှာလဲမေးကြည့်။အဖြေမရှိပြန်ဘူး။ Simon Sineak ပြောတဲ့Start with Why ဆိုတာ အဲ့ဒါပဲ။ လူအများစုက ကိုယ့်ကိုကိုယ်ဘာဖြစ်ချင်မှန်းသေချာမသိကြဘူး။ အဲ့တော့ အပြင်မှာ မြင်မြင်သမျှစိတ်တိုင်းမကျကြဘူး။ ခင်ဗျာ ဘဝကို စကားလုံးတစ်လုံးနဲ့ဖော်ပြကြည့်ဆို တော်တော်ခေါင်းစားနေလိမ့်မယ်။ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကဘာလဲ။ကိုယ့်ရဲ့ winning strategy ကဘာလဲ။သေသေချာချာမသိတဲ့အခါNorth Star ဓူဝံကြယ်ပျောက်နေတတ်တယ်။ Phyo Paing @ Derek
Self-awareness ရှိဖို့
self-discovery လုပ်ဖို့လိုတယ်။ Read More »
Marketing က leverage လုပ်လို့ရတာပဲ။ ဘာတွေကို marketing လုပ်လို့ရလဲ?သာမာန်လူအများစုကတော့Product နဲ့ service ကို လုပ်တယ်။ နောက်တစ်ဆင့်တက်သွားရင်Philosophy, Personalities ကိုလုပ်တယ်။ Elon Musk ဘာကို Marketing လုပ်သလဲ။ Xiaomi ရဲ့ Li Jun ဘာကို Marketing လုပ်သလဲ။ Philosophy နဲ့ Peronality ကိုMarketing လုပ်ဖို့က lighthouse identity ဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek
ခင်ဗျား ၂၇ နှစ်လုံးလုံးထောင်ထဲမှာ ဘယ်လိုစိတ်နဲ့များ ရှင်သန်ခဲ့လဲNelson Mandela ကိုမေးတဲ့အခါ“ငါရှင်သန်ခဲ့တာမဟုတ်ဘူး။ပြင်ဆင်ခဲ့တာကွ” လို့ဖြေခဲ့တယ်။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ်လေးစားဖို့ ကိုယ်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချထားတဲ့အရာတွေကို ဘယ်လိုစိတ်အခြေအနေဖြစ်နေပါစေမဖြစ်ဖြစ်အောင် လုပ်တာကိုself-discipline လို့ခေါ်တယ်။ Phyo Paing @ Derek
ဝါးဖြစ်ဖို့ ၅ နှစ်လောက်က မြေအောက်မှာနေရတယ်။ အဲ့ဒီ ငါးနှစ်စောင့်နိုင်ဖို့လိုတာပဲ။