Dr. Phyo Paing

https://yec.company

Tribe Marketing

လူတစ်ယောက်က သင့်ကိုတစ်လ 10000 MMK ပေးတဲ့Subscription service သုံးနေရင်အယောက် 1000 ရှိရင်တစ်လ သိန်း ၁၀၀ revenue ရနေပြီ။ဒါကို Automatic customer တဲ့။ အမှန်တော့သင့်မှာ ဖောက်သည်အများကြီးမလိုဘူး။1000 True fans ပဲလိုတယ်။True fans ဟာ value တူ၊ belief တူ၊Inspiration တူတဲ့ tribe တစ်ခုဖြစ်ရမယ်။ (Don’t make average stuffs for average people.) ========= Scale လုပ်ငန်းတစ်ခုကို scale လုပ်ဖို့ကုန်ကျစရိတ်အနည်းဆုံးနဲ့အထိရောက်ဆုံးက နည်းပညာပဲ။ ဒါပေမယ့် မြန်မာပြည်မှာအောင်မြင်တဲ့ နည်းပညာတစ်ခုကိုregional မှာ scale လုပ်ဖို့မလွယ်ဘူး။အကြောင်းက ဒီပြဿနာတွေကိုတခြားနိုင်ငံတွေမှာ solve လုပ်ထားပြီးလို့ပဲ။ ဒါကြောင့် Total Addressable

Tribe Marketing Read More »

နေ့စဉ်မဖြစ်မနေ လုပ်တဲ့
Routine ၃ ခုက ၁၀ ခုရှိရမယ်။

ဒီနေ့စဉ်မဖြစ်မနေလုပ်တဲ့အရာတွေကဘဝကို စနစ်တစ်ခုဖန်တီးပေးတယ်။ပြဿနာတွေရှိရင်တောင် လဲပြိုမသွားအောင်ပုံစံခွက်တစ်ခုတည်ဆောက်ပေးထားတယ်။တစ်နှစ်လောက်ပုံမှန်လုပ်သွားရင်ဘဝတွေ ကွာသွားတယ်။ မနက်မှာ တရားထိုင်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ် စာရေးတာဖြစ်ရင်ဖြစ်မယ်။နေ့စဉ် ဘာသာစကားတစ်ခု၊ နှစ်ခုလေ့လာတာဖြစ်ရင်ဖြစ်မယ်။နေ့စဉ်စာတစ်အုပ်ဖတ်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ်လေ့ကျင့်ခန်းတွေလုပ်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ် fasting လုပ်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ်အလုပ်အတွက်အချိန်ပေးစဉ်းစားတာ ဖြစ်ရင်ဖြစ်မယ်။ Phyo Paing @ Derek

နေ့စဉ်မဖြစ်မနေ လုပ်တဲ့
Routine ၃ ခုက ၁၀ ခုရှိရမယ်။
Read More »

ထင်ထားတာနဲ့ တကယ်ဖြစ်နိုင်တာနဲ့
plan နဲ့ actual ကြားကွာခြားချက်ကို
ဆွဲငြိပေးနိုင်တာ အတွေ့အကြုံပဲ။

လူအယောက် ၅၀၀ – ၁၀၀၀ ရှေ့မှာစကားပြောမယ် ဘာတွေဖြစ်ပြီးဘယ်လိုပြီးမလဲဆိုတာ ကြိုသိနေတယ်။ဘာကြောင့်လဲဆိုတော့ အတွေ့အကြုံရှိလို့။ Digital product တစ်ခုကိုစတယ်။ ဘယ်အချိန်ကို ဘယ်လောက်ပုံမှန် income ရှိနေမလဲကြိုသိတယ်။ဘာကြောင့်လဲဆို ရှေ့ကလုပ်ခဲ့ဖူးတဲ့experience ကြောင့်။ ဘာကုန်ပစ္စည်းကို ဘယ်လောက်အသုံးပြုပြီးဘယ်လို campaign လုပ်ရင် ဘယ် audience ဆို ဘယ်လောက် targetထိတယ်ဆိုတာ အကြံပေးနိုင်တယ်ဆိုတာအရှေ့မှာ အလုပ်မဖြစ်မှုပေါင်းများစွာကလေ့လာထားခဲ့တဲ့ အတွေ့အကြုံကြောင့်။ ဘယ်အစားအသောက်ကို ဘယ်လောက်စားပြီးဘယ်လို လေ့ကျင့်ခန်းကို ဘယ်လိုလုပ်ရင်တစ်ရက် ဘယ်လောက်ဝိတ်အပြောင်းအလဲရှိနိုင်တယ်ဆိုတာ သိတယ်။ ဘာကြောင့်လဲဆိုရင် အတွေ့အကြုံရှိလို့။ တစ်ရက်ကို Daily saving goal ဘယ်လိုထားပြီး ငွေကြေးဘယ်လိုစီမံရင်လိုချင်တဲ့ Yearly income goal ကိုဘယ်လိုရောက်နိုင်မလဲဆိုတာ သိတယ်။ဘာကြောင့်လဲဆို အတွေ့အကြုံရှိလို့။ စကားသုံးလေးခွန်းပြောလိုက်ရင်ဒီလူကဘယ်လိုလူမျိုးဆိုတာ တန်းသိတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ်ရည်ကိုယ်သွေး၊စိတ်ပညာ၊ မျက်နှာဖတ်နည်းလေ့လာပြီးအလုပ်မဖြစ်တဲ့၊ အလုပ်ဖြစ်တဲ့ အတွေ့အကြုံတွေရှိထားခဲ့လို့။

ထင်ထားတာနဲ့ တကယ်ဖြစ်နိုင်တာနဲ့
plan နဲ့ actual ကြားကွာခြားချက်ကို
ဆွဲငြိပေးနိုင်တာ အတွေ့အကြုံပဲ။
Read More »

ဘဝကိုနေ့စဉ် အဓိပ္ပာယ်ရှိစေတဲ့အရာ
တစ်ခုတည်းကိုပြောပါဆို
“စမ်းသပ်မှု” ပဲ ဖြစ်တယ်။

စမ်းသပ်မှုတွေက “တွေ့ရှိမှု” အသစ်တွေဖြစ်တယ်။ တွေ့ရှိမှုက “နားလည်မှု” တွေဖြစ်လာတယ်။ ဒီ Experiment 🧪 ဒီ Discovery 💡 နဲ့ဒီ Insight တွေ ဟာ ဘဝကို နောက်တစ်ဆင့်တွန်းပို့ပေးတယ်။ လူကြောက်လေးတစ်ယောက်ကလူပေါင်းသင်းတတ်ဖို့ လေ့လာပြီးနည်းစနစ်တွေကို စမ်းကြည့်တယ်။ဒီကမှတစ်ဆင့် ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်လာခဲ့တယ်။ လူရှေ့သူရှေ့မှာ နာရီပေါင်းများစွာပြောတတ်ဖို့ စမ်းသပ်မှုတွေလုပ်ခဲ့တယ်။နောက်ပိုင်း လူရှေ့သူရှေ့ဟောပြောကျွမ်းကျင်တဲ့သူဖြစ်လာတယ်။ မြန်မာစကားကောင်းကောင်းမပြောတတ်တာကိုဥပစာနဲ့ ပုံပြင်တွေနဲ့ စာတိုတိုအတွင်းပေးချင်တဲ့ message ရောက်အောင်ပေးဖို့ စာရေးနည်းသစ် စမ်းသပ်ခဲ့တယ်။Content Marketing ကို ကွဲထွက်တဲ့ပုံစံနဲ့ မျှဝေလို့ရလာတယ်။ Website ကနေ ဝင်ငွေဖန်တီးဖို့စမ်းသပ်တယ်။တခြားသူတွေကို ပြန်ကူညီပေးနိုင်တယ်။ Coaching/Consulting ကို စွယ်စုံသိထားတဲ့ အသိပညာနဲ့ပေါင်းစပ်ပြီးတစ်ရက် client သုံးယောက်ကို 100% Online ကနေ ပေးနိုင်ဖို့ Derek’s Brain on Demand

ဘဝကိုနေ့စဉ် အဓိပ္ပာယ်ရှိစေတဲ့အရာ
တစ်ခုတည်းကိုပြောပါဆို
“စမ်းသပ်မှု” ပဲ ဖြစ်တယ်။
Read More »

သိပ်ပြောင်းလဲသွားတယ်။

ကျွန်တော့်သူငယ်ချင်းတွေပြောတယ်ဖြိုးပိုင်မင်းသိပ်ကိုပြောင်းလဲသွားတယ်။မှန်ပါတယ်။ ကျွန်တော် Dr Joe Dispenza ရေးတဲ့Breaking the habit of being yourselfစာအုပ်ကို ၂၀၁၃ မှာ ဖတ်ရတယ်။ဒါနဲ့ပတ်သက်လို့ status တစ်ခုတင်ဖူးတယ်။အဲ့အချိန်မှာ အသိတစ်ယောက်ကမဖြစ်နိုင်ဘူးပြောတယ်။ အဲ့ဒီနောက်ပိုင်း အသုံးချစိတ်ပညာ၊ Personalityသေချာလေ့လာဖြစ်တယ်။CBT, NLP, EFT, Reiki, Hypnosis, NAC,Quantum Healing, performance coaching,MBTI, DISC, Disc plus, WD, etc…အစရှိတာတွေပါတယ်။ သက်ဆိုင်ရာစာအုပ်တော်တော်များများလည်းဖတ်ဖြစ်တယ်။ ကိုယ်တိုင်အသုံးချတယ်။ အောင်မြင်တယ်။မားကတ်တင်းကလည်းဒါတွေနဲ့ဆက်စပ်နေတယ်။Marketing & Business Coaching အပြင်Instructional design နဲ့ လူတွေကိုအပြောင်းလဲလုပ်ပေးဖို့ elearning methodology တွေလေ့လာဖြစ်တယ်။ ကိုယ့်ကိုကိုယ်အပြောင်းအလဲ လုပ်လိုသူတွေကိုLife Coaching လုပ်ပေးတယ်။ခုနောက်ပိုင်း sustainable ပိုဖြစ်အောင်One-to-One နဲ့ Group Coachingတွေပဲစဖြစ်တော့တယ်။ဒီခေတ်မှာ

သိပ်ပြောင်းလဲသွားတယ်။ Read More »

ရောင်းချင်တာပဲ ထိုးရောင်းမနေပါနဲ့။

စီးပွားရေးဆိုတာ ဖောက်သည် ပြဿနာဖြေရှင်းပြီးအကျိုးအမြတ်ရှာဖွေတာ။ မားကတ်တင်းဆိုတာ ကိုယ်ဖြေရှင်းတဲ့ပြဿနာကို ကိုယ်ရည်ရွယ်တဲ့သူတွေသိရှိစိတ်ဝင်စားပြီး ဝယ်ယူအားပေးချင်အောင်လုပ်တာ။ ကိုယ်ရောင်းတဲ့ပစ္စည်းကို စိတ်ဝင်စားအောင်လုပ်တာကြော်ငြာကို စိတ်ဝင်စားအောင်လုပ်တာဒါတွေက အပေါ်ယံဆန်တယ်။ မားကတ်တင်းဆိုတာ ဒီထက်အများကြီးပိုနက်နဲတယ်။ စိတ်ပညာဆန်တယ်။ နည်းပညာဆန်တယ်။ အတွေးအခေါ်ဆန်တယ်။Identity politics တို့၊ Identity marketing တို့၊ ကုန်ပစ္စည်းမထွက်သေးဘူးငွေကြိုလွဲထားတာမျိုးတို့။ ဒီတွေဟာ နေ့စဥ်မျက်စိရှေ့ဖြစ်ပျက်နေတာတွေ။ကမ္ဘာ့အအောင်မြင်ဆုံး brand တိုင်းကဝယ်ပါဝယ်ပါ ထိုးရောင်းမနေဘူး။ ကိုယ့်အထာနဲ့ကိုယ် ဆက်သွယ်မှုလုပ်တယ်။တကယ်ဖြစ်သင့်တာ ကိုယ်ရောင်းတဲ့ကုန်ပစ္စည်းဖြေရှင်းပေးတဲ့ပြဿနာက ဝယ်ယူသူတွေတကယ်ကြုံတွေ့နေတဲ့ပြဿနာဟုတ်ရဲ့လား ရှာဖွေဖော်ထုတ်ဖို့လိုတယ်။ အဲ့ဒါကို ကြီးကြီးကျယ်ကျယ်ဆို Research သုတေသနလုပ်တယ်လို့ခေါ်တယ်။တချို့တွေက ပြောကြတယ်ဆယ်တန်းအောင်စရာမလိုဘူးအလိုက်သိဖို့လိုတယ်တဲ့။ အလိုက်သိတယ်ဆိုတာ marketing ရဲ့စကားလုံးပဲ။ ဒီလိုအလိုက်သိဖို့ ကိုယ်ချင်းစာတရားလိုတယ်။Empathy ဆိုပါတော့။ ရောင်းချင်တာပဲ ထိုးရောင်းမနေပါနဲ့။ဝယ်သူလိုချင်တဲ့၊ လိုအပ်တဲ့ပစ္စည်းဟုတ်ရဲ့လားနည်းနည်း ခံစားသုံးသပ်ကြည့်ပါအုံး။ Phyo Paing @ Derek

ရောင်းချင်တာပဲ ထိုးရောင်းမနေပါနဲ့။ Read More »

Mental Model

Mental model တစ်ခုအနေနဲ့ပြရရင်မြန်မာပြည်မှာ လူဖြစ်တာကိုကကံအရမ်းကောင်းနေတာဖြစ်နိုင်တယ်။ အလုပ်ကို ရေရေလည်လည်ကြိုးစားရင်လမ်းကြောင်းတွေ အများကြီးရှိသလိုကိုယ်အောင်မြင်ရင် ကိုယ့်ကို copy ကူးမှာသိပ်ကြောက်စရာမလိုဘူး။Copy ကူးဖို့ထက် အပြစ်ပြောတဲ့သူကပိုများနိုင်တဲ့အတွက် ဒါကမဟာအခွင့်အရေးတစ်ခုဖြစ်နိုင်တယ်။ တရုတ်မှာလို သန်း ၁၃၀၀ ကြားပြိုင်ရတာမဟုတ်ဘူး။လူဦးရေ သန်း ၅၀ မှာ ကိုယ်ကခုလိုအချိန် Facebook သုံးပြီးရှင်သန်နေနိုင်သေးရင်Social hierarchy ရဲ့ အပေါ်နားကဖြစ်နိုင်တယ်။ ကံကောင်းတာတစ်ခုက လူဦးရေသန်း ၅၀ ပြောတဲ့ ဘာသာစကားနဲ့ယဉ်ကျေးမှုထဲမှာ ကြီးလာတော့ဒါဟာ တန်ဖိုးဖြတ်မရတဲ့ safety net ပဲ။ အရာရာနောက်ကျတဲ့ တတိယနိုင်ငံဖြစ်နေတဲ့အတွက် ပြဿနာပေါင်းဗလပွနဲ့ solution အသစ်ထွင်စရာမလိုသလို ထိုင်းနဲ့အနီးနားက model ကူးချရင်ကိုတော်တော်ခရီးရောက်နေပြီ။ English နဲ့ တရုတ်စာက သင်လို့ရတယ်။လူတွေ Billion နဲ့ချီသင်နေတတ်နေတာ။မြန်မာ့ culture နဲ့ တွေးပုံ၊ ဘာသာစကားကသင်လို့မလွယ်ဘူး။ တရုတ်ပြည်မမှာက

Mental Model Read More »

သာမာန် ၈၀% သောအချိန်က ပြင်ဆင်မှုပဲ။

အခွင့်အရေးလာရင် ready ဖြစ်အောင်ဘာသာစကား၊ ကျွမ်းကျင်အသက်မွေးမှုပညာ၊လူကြောနပ်ဖို့၊ network တည်ဆောက်ရေးစီးပွါးရေးပညာတွေ ပြင်ဆင်ရတယ်။၂၀%က အခွင့်အရေးလာတဲ့အခါအမိအရဖမ်းဆုပ်ကြတယ်။မေးခွန်းက ခင်ဗျာက စိတ်ရှည်တဲ့သူလား။ဆယ်နှစ်၊ နှစ် နှစ်ဆယ်time frame စောင့်နိုင်သူလား။ခဏတာကိစ္စတွေနဲ့ ယောင်နေတတ်တဲ့သူလား။ Phyo Paing @ Derek

သာမာန် ၈၀% သောအချိန်က ပြင်ဆင်မှုပဲ။ Read More »

ကျွန်တော်သာ အသက် ၁၆ နဲ့ ၂၅ ကြားဆို

ကျွန်တော်သာအသက် ၁၆ နဲ့ ၂၅ ကြားဆိုEnglish, Coding, Product Management,လေ့လာရင်း ဘွဲ့တစ်ခုရအောင် လေ့လာမယ်။လူတွေရဲ့ ပြဿနာဖြေရှင်းဖို့အတွက်ကိုယ်တိုင်လဲ Product ထုတ်လို့ရသလို၊နိုင်ငံခြားအလုပ်သွားလုပ်လဲအလုပ်ပေါတယ်။ဘွဲ့လွန်ကို နိုင်ငံခြားပြောင်းမယ်ဆိုCanada မှာ ဘွဲ့လွန်နှစ်နှစ်တက်အလုပ်လုပ် PR ယူမယ်။Option B အနေနဲ့လဲ သွားလို့ရတဲ့နေရာတွေ အများကြီး။

ကျွန်တော်သာ အသက် ၁၆ နဲ့ ၂၅ ကြားဆို Read More »