“အတွေး”
ကျွန်တော်တို့အများဆုံးနေတဲ့အိမ်က “အတွေး” ပဲ။အိမ်ရှုပ်ပွနေရင်နေပျော်စရာမကောင်းသလိုအတွေးမရှင်းရင် ဘဝက နေပျော်စရာ မကောင်းနိုင်ဘူး။ Phyo Paing @ Derek
ကျွန်တော်တို့အများဆုံးနေတဲ့အိမ်က “အတွေး” ပဲ။အိမ်ရှုပ်ပွနေရင်နေပျော်စရာမကောင်းသလိုအတွေးမရှင်းရင် ဘဝက နေပျော်စရာ မကောင်းနိုင်ဘူး။ Phyo Paing @ Derek
နေ့ရက်တိုင်းက ကိုယ့်အတွက်စုဗူးပဲ။ ပညာစုတယ်။ ငွေစုတယ်။ Asset စုတယ်။ ကုသိုလ်စုတယ်။ Relationship အတွက်စုတယ်။ ကျန်းမာရေးစုတယ်။ နေ့ရက်တိုင်းက အဓိပ္ပာယ်ရှိဖို့နေ့ရက်တိုင်းကို စုဗူးတစ်ခုလိုစဥ်းစားကြည့်ပါ။ Phyo Paing @ Derek
နေ့ရက်တိုင်း အဓိပ္ပာယ်ရှိဖို့
နေ့ရက်တိုင်းကို စုဗူးတစ်ခုလို
စဥ်းစားကြည့်ပါ။ Read More »
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာတွေပြောင်းတိုင်း လုပ်ငန်းလုပ်ပုံကိုင်ပုံတွေပြောင်းပြောင်းသွားတတ်တယ်။ ဒီလို ပြောင်းလဲသွားတဲ့ လုပ်ပုံကိုင်ကိုင်ပုံတွေကိုလိုက်မပြောင်းပဲ ရှေးရိုးစွဲအတိုင်း လုပ်ကိုင်တဲ့အခါ လုပ်ငန်းနောက်ကျကျန်ခဲ့တတ်တယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းရဲ့ ပတ်ဝန်းကျင်စျေးကွက်နဲ့အတူပြောင်းလဲပြီး စျေးကွက်လိုအပ်ချက်အမြဲဖြည့်ဆည်းနိုင်ဖို့ လုပ်ငန်းရှင်အနေနဲ့မျက်စိကိုဖွင့် နားကိုစွင့်ထားဖို့လိုတယ်။ #Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေတည်ဆောက်ပါ။
၀င်ငွေရဲ့ 10% အနည်းဆုံးစုပါ။ ၀င်ငွေကိုပြန်ပွားပါ။ ကိုယ်နားမလည်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ပါနဲ့။
ငွေရေးကြေးရေးနဲ့ပတ်သတ်လို့ အရေးကြီးတဲ့ အချက် (၃) ချက် Read More »
ခန္ဓာကိုယ်မှာ apotosisဆိုတဲ့ ဖြစ်စဥ်တစ်ခုရှိတယ်။အဟောင်းအနွမ်း၊ မလိုအပ်၊ပုံမမှန်တဲ့ ဆဲလ်တွေကိုအလိုအလျောက်သေအောင်စနစ်ချထားတဲ့ ဖြစ်စဥ်တစ်ခုဖြစ်တယ်။ ဒီဖြစ်စဥ် ပျက်တဲ့အခါပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကြီးလာပြီးကင်ဆာတို့လို ရောဂါတွေပေါ်လာတတ်တယ်။ ဘဝမှာလဲ အလားတူပဲ။လိုအပ်တဲ့အရာတွေပဲ မှတ်ပြီးမလိုအပ်တဲ့အရာတွေ မေ့လို့ရအောင်ဦးနှောက်က ဖန်တီးထားပေးတယ်။ ဒါကိုလွန်ဆန်ပြီး မပျော်တဲ့အရာတွေစိတ်ညစ်စေတဲ့ အဖြစ်အပျက်ကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီးဖျက်မပစ်နိုင်တဲ့အခါစိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။ Phyo Paing @ Derek
တောင်ပေါ်မြို့လေးမှာအပင်လေးစိုက်ပြီး အေးဆေးနေမယ်စဥ်းစားပြီး ပြဿနာ မရှိတော့ဘူးမထင်လိုက်နဲ့။သူ့မှာလဲ သူ့ပြဿနာနဲ့သူရှိတာပဲ။ တရားအားထုတ်ရင်ပြဿနာမရှိတော့ဘူးလို့ မထင်လိုက်နဲ့။တရားအားထုတ်တဲ့အချိန်ခန္ဓာကိုယ်အဖြစ်အပျက်ရှုရင်းဝေဒနာတွေကိုတွေ့ရမှာပဲ။ အဲ့တော့ ဘဝနဲ့ ပြဿနာနဲ့ဒွန်တွဲနေတဲ့အတွက်ပြဿနာတွေရှိနေတယ်ဆိုတာသာမာန်ပဲဆိုတဲ့ စိတ်ထားပြီးကိုယ်က ပြဿနာထက်ပိုကြီးနေဖို့လိုတယ်။ Phyo Paing @ Derek
ဘဝမှာ သေချာတဲ့အရာတစ်ခုက
ဘယ်မှာပဲနေနေ၊
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်
ပြဿနာ ဆိုတာရှိနေမှာပဲ။ Read More »
ကိုယ်ပျော်တာ ကိုယ်လုပ်တယ်။စိတ်ချမ်းသာတာ ကိုယ်လုပ်တယ်။ ဝါသနာပါ ရူးသွပ်တာလုပ်တယ်။ကိုယ်ဖြေရှင်းချင်တဲ့ အရေးကြီးတဲ့ထင်တဲ့ပြဿနာ ကိုယ်ဖြေရှင်းတယ်။ကိုယ်ယုံကြည်တာ ကိုယ်လုပ်တယ်။ Phyo Paing @ Derek
စိတ်ညစ်တတ်ဖို့ Train လုပ်စရာမလိုဘူး။အမြဲတတ်ကြွပြီးဘဝကို လတ်လတ်ဆတ်ဆတ်နေ့စဉ်ဖြတ်သန်းဖို့တော့ကိုယ့်ကိုကိုယ် train လုပ်ဖို့လိုတယ်။ Phyo Paing @ Derek
စိတ်ဖိစီးမှုများရင်ကိုယ်ခံအားကျတယ်။ကိုယ်ခံအားကျရင်ရောဂါဝင်နိုင်တယ်။စိတ်ညစ်မခံပါနဲ့။စိတ်ညစ်တယ်ဆိုတာရွေးချယ်မှုတစ်ခုပါ။ Phyo Paing @ Derek
စိတ်ညစ်မခံပါနဲ့။ စိတ်ညစ်တယ်ဆိုတာ ရွေးချယ်မှုတစ်ခုပါ။ Read More »
လူတစ်ယောက် အစိုးရတာ အာရုံပဲ။ကိုယ့်ရဲ့ အိမ်မက်၊ သမိုင်းပေးတာဝန်၊နေ့စဥ် တိုးတက်မှု၊ ကျန်းမာရေးဒီအချက်တွေက အဓိကအာရုံစိုက်ရမည့်အပိုင်းတွေပဲ။ Phyo Paing @ Derek
အကြည်ဓာတ်ထိန်းဖို့
အရေးမပါတာတွေကို
အာရုံမစိုက်ဖို့ အရေးကြီးတယ်။ Read More »